ဗဟုသုတ အလှအပ

နှာခေါင်းပေါ်မှာရှိတဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းများ

ဆားဝက်ခြံတွေက အရေပြားပေါ်မှာ ပိတ်ဆို့နေတတ်တဲ့ အရာလေးတွေပါ။ ဒါဟာ အလွန်ကိုကြည့်ရဆိုးပြီးတော့ သင့်မျက်နှာပေါ်က ထင်ရှားပေါ်လွင်နေတဲ့ အလှတရားတွေကို ဖျက်ဆီးနေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဆားဝက်ခြံတွေကင်းပြီး Crush လေးကပြန်ကြိုက်အောင် ဘယ်လိုဖျောက်မလဲဆိုတာ တူတူလေ့လာကြမယ်။၁ ။ သွားတိုက်ဆေး

လိုအပ်တာကတော့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ သွားပွတ်တံလေးပါပဲ။ဘယ်လိုလုပ်ရမလဲဆိုတော့ ပထမဦးဆုံး သွားတိုက်တံပေါ်မှာ

သွားတိုက်ဆေးတင်လိုက်ပါ။ ပြီးရင်တော့ နှာခေါင်းနားလေးမှာ စက်ဝိုင်းပုံစံလေးဝိုင်းထားလိုက်ပြီး ၂-၃ မိနစ်လောက်ထားလိုက်ပါ။

နောက်ဆုံးအဆင့်ကတော့ အဝတ်ခြောက်လေးနဲ့ သုတ်ချလိုက်ပါနော်။၂ ။ မီးသွေး Mask

ဘယ်လိုလုပ်ရမလဲဆိုတော့ ကော်ရည် လက်ဖက်စားဇွန်း (၃) ဇွန်းနဲ့ မီးသွေးအမှုန့်တို့ကို

ခွက်တစ်ခုထဲမှာ ရောမွှေလိုက်ပါ။ပြီးရင်တော့ သင့်မျက်နှာမှာ ကပ်ထားလိုက်ပါ။

ခြောက်သွားရင်တော့ အသာလေးခွာချလိုက်ပြီး အဝတ်ခြောက်လေးနဲ့ သုတ်လိုက်ပါ။

၃ ။ Gelatin Mask

အရင်ဆုံးသင်လိုအပ်တာကတော့ gelatin လက်ဖက်စားဇွန်း (၂) ဇွန်းခန့် နဲ့ နွားနို့လက်ဖက်စားဇွန်း (၂) ဇွန်း တို့ပဲဖြစ်ပါတယ်။ဒါတွေကို

ရောပြီးတော့ Microwave ထဲ ၁၀-၁၅ စက္ကန့်လောက် ထည့်ထားလိုက်ပါ။ပြီးရင် အအေးခံလိုက်ပါ

Make-up Brush နဲ့ သင့်ရဲ့နှာခေါင်း အနီးတစ်ဝိုက်မှာ လိုက်ပြီးပွတ်သပ်လိုက်ပါ။ခြောက်သွားရင်တော့ ညင်သာစွာ ခွာချလိုက်ပါ

၄ ။ Coffee Mask

ဘာတွေလိုလဲဆိုတော့ ကော်ဖီမှုန့်အနည်းငယ်၊ ကြက်ဥတစ်လုံးနဲ့ Paper Towel တို့ပဲဖြစ်ပါတယ်။

ပထမဆုံး Coffee မှုန့်ကို ခွက်ထဲထည့်လိုက်ပါ။ပြီးရင် ကြက်ဥကိုခွဲထည့်ပြီး နှံ့စပ်အောင်မွှေလိုက်ပါ။

Make-up brush လေးနဲ့ နားခေါင်းနားမှာ လိမ်းလိုက်ပါ။နောက်ဆုံးအဆင့်

Paper Towel ကို ကပ်လိုက်ပါ။ခြောက်သွားရင်တော့ ခွာချလိုက်ပြီး

ကျန်တဲ့အကြွင်းအကျန်တွေကို အဝတ်ခြောက်နဲ့ သုတ်နိုင်ပါတယ်။၅ ။ Banana Mask

ငှက်ပျောသီး အစစ်နဲ့လုပ်မှာပါ။ ဘာတွေလိုလဲဆိုတော့ ငှက်ပျော်သီးတစ်လုံး

ဆီ လက်ဖက်စားဇွန်း (၁) ဇွန်း Blender တို့ပဲဖြစ်ပါတယ်။ပထမဆုံး ငှက်ပျော်သီးကို Blender ထဲ ထည့်လိုက်ပါ။

ပြီးရင် ဆီရယ်ကြက်ဥရယ်ကို ထည့်မွှေလိုက်ပါ။မွှေပြီးရင်တော့ မျက်နှာပေါ်မှာ (၁၅) မိနစ်လောက် ကပ်ထားလိုက်ပါ။သင့်မျက်နှာလေး အရင်ကထက် ပိုပြီးလှပလာတာကို တွေ့ရပါလိမ့်မယ်။credit