ဗဟုသုတ

လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ ၁၄ မျိုး

လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ ၁၄ မျိုး

ဆား ကို နှစ် ပေါင်း ၆၀၀၀ ကျော် လောက် ထဲ က ကောင်း စွာ အ သုံး ပြု ခဲ့ ကြ ပါ တယ်။ အ စား အ စာ တွေ ချက် ပြုတ် ဖို့ အ တွက် အ စား အ စာ အ မျိုး မျိုး ကို ထိန်း သိမ်း ဖို့ အ တွက်၊ မီး လောင် မှု ကို ထိန်း ချုပ် ဖို့ နဲ့ လျော့ချ ဖို့ အ တွက် စ တဲ့ အ ခြေ အ နေ အ မျိုး မျိုး အ တွက် ကျယ် ပြန့် စွာ အ သုံး ပြု ခဲ့ ကြပါ တယ်။ ကမ္ဘာ တစ် ဝှမ်း က အ စား အ စာ တွေ ကို ဘာ့ ကြောင့် သယ် ယူ ပို့ ဆောင် နိုင်

သလဲဆိုတဲ့အဓိကအကြောင်းရင်းများထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဆားက နေရာတိုင်းနီးပါးရနိုင်ပြီး ဈေးပေါပါတယ်။ ဆားကို ဒီထက်ပိုပြီးဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုလို့ရသေးသ လဲဆိုတာကြည့်လိုက်ရအောင်။

၁။အဝတ်ဟောင်းတွေကိုအရောင်ပြန်တင်တဲ့အခါအရောင်လွှင့်နေတဲ့ အဝတ်ဟောင်းတွေကို အသစ်လိုတောက်ပသွားအောင် ဆားနဲ့ စမ်းကြည့်နိုင်ပါတယ်။ ဆား ၄ပုံ၁ပုံထည့်ထားတဲ့ဆားရည်တစ်ခွက်ထဲမှာ သင်အဝတ်တွေကို စိမ်ပါ။ လျှော်ပြီးသွားရင် ရလဒ်တွေက အံသြစရာဖြစ်လာမှာပါ။

၂။ ပန်းတုတွေကို သန့်ရှင်းရေးလုပ်တဲ့အခါပလတ်စတစ်အလှပန်းတွေက ကြာကြာထားရင် ဖုန်တွေတတ်လာတတ်ပါတယ်။ ဒီပန်းအတုတွေကို သန့်ရှင်းဖို့အတွက် အလွယ်နည်းကတော့ ပလတ်စတစ်အိတ်ထဲကို ပန်းစွပ်ပြီးဆားရည်ထည့်ပါ။ လှုပ်ပေးပါ။ အဆိုပါဆားက ဖုန်နင့် ဖုန်မှုန့်တွေကို မကျန်အောင်ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ်။

၃။ နှုတ်ခမ်းနီရာများကို ဖယ်ရှားဖို့long- lasting လိုနှုတ်ခမ်းနီများက ရေဖြင့်ဆေးလို့ မပျက်နိုင်ပါဘူး။ ဖန်ခွက်တွေ၊ ဖန်ထည်တွေမှာ နှုတ်ခမ်းနီစွန်းပေခဲ့ရင် ဆားဖြင့်နှုတ်ခမ်းနီကို ပွတ်တိုက်ပေးပြီး ရေဖြင့်ဆေးပါ။ အစွန်းတွေ ပျက်သွားပါလိမ့်မယ်။

၄။ ဈေးပေါပြီး ထိရောက်တဲ့ skin exfoliantဆားက ခြောက်သွေ့တဲ့အသားအရေကို ဂရုစိုက်ဖို့ရွေးချယ်စရာကောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အရေပြားဆဲလ်

သေတွေကို ဖယ်ရှားပြီး သင့်သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။အထူး သဖြင့် ရေနွေးဖြင့် ရေချိုးပြီးတဲ့အချိန်မှာ လိမ်းရင် ပိုထိရောက်ပါတယ်။ သင့်အသားအရေစိုစွက်နေတဲ့အချိန်မှာ လိမ်းပြီး စက်ဝိုင်းပုံရွေ့လျားမှုဖြင့် နှိပ်ပေးရပါမယ်၊ရလဒ်ပိုကောင်းချင်ရင်တော့ ပင်လယ်ဆားကို အသုံးပြုပါ

၅။ သွားတိုက်ဆေးထဲထည့်သုံးလို့ရပါတယ်ဆားမှာ ဘက်တီးရီးယားဆန့်ကျင် ဂုဏ် သတ္တိများ ရှိတာကြောင့် သွားပိုးတွေကို

ကင်းစေပါတယ်။အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး သွားတွေကို ဖြူဝင်းစေပါတယ်နေ့ချင်း ညချင်းတော့ သင့်သွားဖြူမှာ မဟုတ်ပါဘူး။ ရေ စိုနေတဲ့ သွားတိုက်တံပေါ်မှာ ဆားထည့်ပြီး သင့်သွားတွေကို ညင်သာစွာ တိုက်ပေးလို့ရသလို သွားတိုက်ဆေးပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး တိုက်ပေးလို့လည်းရပါတယ်။

၆။ကြက်ဥကောင်းမကောင်း စမ်းသပ်ဖို့ ကြက်ဥတွေကို ရေခဲ သေတ္တာထဲ ဝယ်ထည့်ထားပြီးရင် မေ့နေတတ်ပါ

တယ်။ ကြာလာတဲ့အခါ ကြက်ဥတွေ ကောင်းမကောင်းဆိုတာ မသိနိုင်ပါဘူး။ ကြက်ဥတွေကို လတ်/မလတ် ဆားဖြင့် စမ်းသပ်ကြည့်နိုင်ပါတယ်။အိမ်သုံးဆား ၂ဇွန်းကို ရေတစ်ခွက်ထဲထည့်ပြီးကြက်ဉကိုထည့်ကြည့်ပါ။ခွက်အောက် ခြေကို ကျသွားရင် စားလို့ရပါသေးတယ်၊ ပေါ လောပေါ်နေရင် မစားပါနဲ့တော့။

၇။ ဘောက်တွေကို ဖယ်ရှားဖို့ခေါင်းမလျှော်ခင် ဆားအနည်းငယ်ကို ဦးရေပြားပေါ်သို့ ဖြူးပေးပါ။ ဦးရေပြားကို

အနည်းဆုံးငါးမိနစ်လောက်ဂရုတစိုက်နဲ့သေသေ ချာချာ နှိပ်ပေးပါ။ ပြီးမှာ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ဘောက်တွေကို သေစေပြီး ဆံပင်ကို သန်စွမ်း ရှည်လျားစေပါတယ်။

၈။သွားတိုက်တံ ကြာရှည်ခံအောင်သွားတိုက်တံအသစ်ကို ကြာရှည်ခံအောင် အသုံးမပြုခင် ဆားရည်ထဲမှာ စိမ်ပေးထားပါ။ ကြာရှည်ခံစေဖို့ ကူညီပေးပါလိမ့်မယ်။ ဘရပ်ပေါ်မှာ ဆားဖြူးပြီး ရေထဲမှာ မြှုပ်ထားပေးနိုင်ပါတယ်။

၉။ နှုတ်ခမ်းတွေကို နူးညံ့ချောမွေ့လာအောင်ဆားဖြင့် သင့်အသား

အရေနှင့် နှုတ်ခမ်းကို exfoliatingလုပ်ပေးလို့ရပါတယ်။ နှုတ်ခမ်းတွေ ခြောက်သွ့ ကြမ်း တမ်းတဲ့အခါ ဆားဖြင့် ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးမှရေဖြင့်ဆေးပါ။

၁၀။ ငါးကန်ကို သန့်ရှင်းစေပါတယ်ငါးကန်ကို သန့် ရှင်းရေးလုပ်တဲ့အခါ ဆားဖြင့် ငါးကန်အတွင်းပိုင်းကို ပွတ်ပေးပြီးမှ ရေဖြင့်ဆေးပါ။

၁၁။ ပိုက်လိုင်း ပိတ်နေတဲ့အခါသင့်အိမ်မှာ ဘေစင်ပိုက် ပိတ်နေလျှင် ဆားခွက်တစ်ဝက်ကို လောင်းထည့်ပြီး ရေနွေးပူဖြင့် လောင်းချပါ။ ပိုက်ထဲမှာပိတ်နေတဲ့အရာတွေ ကျသွားပါလိမ့်မယ်။

၁၂။ ဝိုင်အစွန်းအထင်းတွေကို ဖယ်ရှားတဲ့အခါအင်္ကျီ၊ ကော်ဇောတွေပါ်မှာဝိုင်တွေဖိတ်ကျရင်အစွန်းအထင်းတွေ မှေးမှိန်သွားအောင် ပထမဦးဆုံး ရေလောင်းချလိုက်ပါ။ အစွန်းအထင်းနေရာကို ဆားဖြင့် ဖုံးအုပ်ထားပြီး ၁၀မိနစ် ၁၅မိနစ်လောက်နေရင်ပွတ်တိုက်ပေးပါ။

၁၃။ လည် ချောင်းနာကို သက်သာစေပါတယ်ဆားရည်က လည်ချောင်းနာတာကို သက် သာစေနိုင်ပါတယ်။ ချွဲတွေကို ကျစေပြီး ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်၊ ရေတစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ပြီး ၁မိနစ်လောက်

ပလုပ်ကျင်းပေးပါ။ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများရှိတာကြောင့် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၁၄။ ပရိဘောဂတွေပေါ်က watermarks တွေကို ဖယ်ရှားဖို့သစ်သား၊ကြိတ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေပေါ်မှာ ကော်ဖီခွက်တွေတင်တာ၊ ရေကျတာတွေက အစွန်းအ ကွက်တွေကို ဖြစ်စေပါတယ်။ ဒီအစွန်းတွေကို ဖယ်ရှားဖို့ ခက်နေရင် ဆားနည်းနည်းဖြူးပြီး ရေမြုပ်စိုတစ်ခုနှင့်ညင်သာစွာ ပွတ်ကြည့်ပါ။ အစွန်းအကွက်တွေကို ဖယ်ရှားပစ်နိုင်ပါလိမ့်မယ်။crd