ကသစ်ဆူး(ကသစ်ဖု)လေးတွေဟာမျက်နှာကဝက်ခြံနဲ့ နေလောင်ကွက်တွေကိုပျောက်ကင်းစေတဲ့အပြင် အသားအရေကိုပါ နုညံ့ ချောမွတ် စေတဲ့အစွမ်းရှိတယ် ဆိုတာတစ်ချို့သိပ်မသိကြပါဘူး။
ကသစ်ဆူးလေးတွေကိုအရွက်အစိမ်းရောင်
အပွင့်ကြက်သွေးရောင်ရင့်ရင့်ပွင့်တဲ့ ကုန်းကသစ်ပင်ရဲ့ပင်စည်ကနေရရှိနိုင်ပါတယ်၊ကသစ်ပင်ဟာပျှမ်းမျှပေ၃၀လောက်မြင့်ပြီးလူကြီးတစ်ဖက်စာလုံးပါတ်ရှိတတ်ပါတယ်
လက်ပံ၊အင်ကြင်း၊ပေါက်တို့နဲ့အပြိုင် နွေရာသီမှာပင်လုံးကျွတ်ဝေဝေဆာဆာပွင့်လေ့ရှိပြီးထူးခြားချက်ကရနံ့လုံးဝမရှိပါဘူး၊ကသစ်ရွက်နုကိုဟင်းချိုချက်စားလို့လည်းရသလိုပြုတ်ပြီးသုပ် စားလို့လည်းရပါတယ်
အခေါက်၊အမြစ်။အပွင့်၊အရွက်၊ပဉ္စငါးပါးလုံးဆေးဘက်ဝင်တယ်လို့ ရှင်နာဂသိန်ဆေးကျမ်းမှာဖတ်ဘူးပါတယ်
ကသစ်ဆူးကိုသွေးမလိမ်းခင်ရေနဲ့အရင်ဆုံးပြုတ်ပြီးမှလိမ်းရပါတယ်
အခုလိုပူပြင်းတဲ့နွေရာသီမှာသနပ်ခါးနဲ့ရောပြီးသွေးလူးရင်လည်းပါးပြင်ထက်မှာအတော်ကြာအောင် အေးစိမ့်ချောမွတ်နေတဲ့ခံစားမူလေးကိုရနေတာမျိုးပါ
တန်ဖိုးမကြီးပေမဲ့အစွမ်းထက်တဲ့ဒီကသစ်ဆူးလေးတွေကို မိုးရာသီမှာလည်းလိမ်းလို့ရအောင်အခုထဲကဝယ်စုထားဖြစ်တယ်
ကျမမျက်နှာပေါ်ကအကြည့်ရဆိုးတဲ့ဝက်ခြံဖုတွေကိုပျောက်ကင်းစေပြီးနေလောင်ခြောက်သွေ့နေတဲ့အသားအရေလေးတွေကိုပါနူးညံ့ချောမွေ့စိုပြေလာစေတဲ့
ဒီကသစ်ဆူးလေးတွေကိုကျမအရမ်းလည်းချစ်တယ်ရှင့်
Zawgyi
ကသစ္ဆူး(ကသစ္ဖု)ေလးေတြဟာမ်က္ႏွာကဝက္ၿခံနဲ႕ ေနေလာင္ကြက္ေတြကိုေပ်ာက္ကင္းေစတဲ့အျပင္ အသားအေရကိုပါ ႏုညံ့ ေခ်ာမြတ္ ေစတဲ့အစြမ္းရွိတယ္ ဆိုတာတစ္ခ်ိဳ႕သိပ္မသိၾကပါဘူး။
ကသစ္ဆူးေလးေတြကိုအ႐ြက္အစိမ္းေရာင္
အပြင့္ၾကက္ေသြးေရာင္ရင့္ရင့္ပြင့္တဲ့ ကုန္းကသစ္ပင္ရဲ႕ပင္စည္ကေနရရွိနိုင္ပါတယ္၊ကသစ္ပင္ဟာပွ်မ္းမွ်ေပ၃၀ေလာက္ျမင့္ၿပီးလူႀကီးတစ္ဖက္စာလုံးပါတ္ရွိတတ္ပါတယ္
လက္ပံ၊အင္ၾကင္း၊ေပါက္တို႔နဲ႕အၿပိဳင္ ေႏြရာသီမွာပင္လုံးကြၽတ္ေဝေဝဆာဆာပြင့္ေလ့ရွိၿပီးထူးျခားခ်က္ကရနံ႕လုံးဝမရွိပါဘူး၊ကသစ္႐ြက္ႏုကိုဟင္းခ်ိဳခ်က္စားလို႔လည္းရသလိုျပဳတ္ၿပီးသုပ္ စားလို႔လည္းရပါတယ္
အေခါက္၊အျမစ္။အပြင့္၊အ႐ြက္၊ပၪၥငါးပါးလုံးေဆးဘက္ဝင္တယ္လို႔ ရွင္နာဂသိန္ေဆးက်မ္းမွာဖတ္ဘူးပါတယ္
ကသစ္ဆူးကိုေသြးမလိမ္းခင္ေရနဲ႕အရင္ဆုံးျပဳတ္ၿပီးမွလိမ္းရပါတယ္
အခုလိုပူျပင္းတဲ့ေႏြရာသီမွာသနပ္ခါးနဲ႕ေရာၿပီးေသြးလူးရင္လည္းပါးျပင္ထက္မွာအေတာ္ၾကာေအာင္ ေအးစိမ့္ေခ်ာမြတ္ေနတဲ့ခံစားမူေလးကိုရေနတာမ်ိဳးပါ
တန္ဖိုးမႀကီးေပမဲ့အစြမ္းထက္တဲ့ဒီကသစ္ဆူးေလးေတြကို မိုးရာသီမွာလည္းလိမ္းလို႔ရေအာင္အခုထဲကဝယ္စုထားျဖစ္တယ္
က်မမ်က္ႏွာေပၚကအၾကည့္ရဆိုးတဲ့ဝက္ၿခံဖုေတြကိုေပ်ာက္ကင္းေစၿပီးေနေလာင္ေျခာက္ေသြ႕ေနတဲ့အသားအေရေလးေတြကိုပါႏူးညံ့ေခ်ာေမြ႕စိုေျပလာေစတဲ့
ဒီကသစ္ဆူးေလးေတြကိုက်မအရမ္းလည္းခ်စ္တယ္ရွင့္