သင့်အတွက် တချိန်ကြရင်သေချာပေါက် အသုံးဝင်မှာဖြစ်လို့ ရှယ်ပြီးသိမ်းထားလိုက်ပါနော်
၁။ ဆားအခတ်များသွားလျှင်အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ
၂။ ပဲပြုတ်သည့်အခါစားချင်သဖွယ်အိအိဖောင်းဖောင်းစိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ
ရေအနည်ငယ်ထည့်၍ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ
၃။ ကန်စွန်းရွက်ကိုအစိမ်းရောင်လေးအတိုင်းပဲစားချင်သဖွယ်ဖြစ်လိုပါကအဖုံးမအုပ်ပဲ ကြော်ပါ
၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါကဂေါ်ဖီထုတ်မှအရွက်ကြမ်းဖြင့်ပွတ်တိုက်ပါ
၅။ လက်ဘက်ရည်အိုး၊ခွက်၊အစွန်းအထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။
၆။ အိမ်သာကြွေခွက်ကျောက်ပြားများသန့်ရှင်းလိုပါကလက်ချားမှုန့်နှင့်ရှောက်ရည်ရောစပ်ပြီး ပွတ်တိုက်ပါ
၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ
၈။ အင်္ကျီကော်လံမှဆီချေးများကိုရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ
၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ
၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ
၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်
၁၂။ ဟင်းချိုလိုသော်ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်
၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ
၁၄။ အဝတ်မှင်စွန်းသော်ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။
၁၅။ ကြမ်းပိုးရှိသော်ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။
၁၆။ ခံတွင်းနံ့မကောင်းသော်သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့်ပြီးသွားတိုက်ပါ။
၁၇။ ဟင်းများဆားငန်သော်မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ
၁၈။ ကွမ်းသွေးစွန်းသော်ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ
၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။
၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ
၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ
၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ
၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ
၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ
၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်
၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ
၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ
၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ
၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ
၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်
၃၁။ ခရီးသွားကားမူးသော်ချက်က်ပလာစတာလုံအောင်အုပ်ကပ်ပြီးခရီးသွားကားမမူးပါ
၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစားတိုင်းတို့စရာအဖြစ်စားပါ
၃၃။ ရှောက်ပင်အသီးတင်လိုသော်ပင်စည်ကိုအမဲရိုးများနဲ့ ကြပ်စည်းပေးပါ
၃၄။ ဒူးနာသော်ဘဲဥအကာလိမ်းပါ
၃၅။ အနံ့ဆိုးကင်းလိုသော်အိမ်သာ(သို့မဟုတ်)ငါးပိ,ငါးခြောက်ထားရာလူမမာရှိရာအိမ်၏မီဖိုချောင်ထဲမှာ
ကျောက်ဖရုံသီးကိုအပ်များဖြင့် အပေါက်ဖောက်၍ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့်အနံ့ဆိုးများကိုစုပ်ယူသည်။ ခရက်ဒစ်