စားလို့လဲကောင်း ထမင်းလဲမိန် အထားလဲခံတဲ့ ကင်ချီလုပ်နည်းလေး
စားချင်တယ် အရမ်းကြိုက်တယ် ကင်ချီမစိမ်တတ်ဘူးဆိုတဲ့ အိမ်ရှင်မတို့အတွက် အရသာရှိပြီး အရမ်းလွယ်ကူတဲ့ကင်ချီလုပ်နည်းလေး။ မခက်ခဲပဲ အကုန်ကျသက်သာလို့ အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်နော်ပါဝင်ပစ္စည်း
မုန်ညှင်းထုတ်၂ထုတ် မုန်လာဥနီ၁ လုံးမုန်လာဥဖြူ၁လုံးချင်း၂ ကျပ်သားပန်းသီးတခြမ်းကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၃ဇွန်းသကြားထမင်းဇွန်း၂ဇွန်းငရုပ်သီးမှုန့်ထမင်းဇွန်း၃ဇွန်းကြက်သွန်မြိတ်၅ပင်ကြက်သွန်နီ၂လုံးကြက်သွန်ဖြူ၂ဥနှမ်းအနည်းငယ်အငန်ဖေါက်ထားတဲ့ပုဇွန်အနည်းငယ် သို့ပုဇွန်ခြောက်ငါးငန်ပြာရည်ထမင်းစားဇွန်း ၃/၄ဇွန်းဆားလိုသလောက်
ပြုလုပ်ပုံ၁မုန်ညှင်းဖြူထုတ်ကို သေးရင် ထက်ခြမ်း၊ ကြီးရင် လေးစိတ်ခွဲ၊ ရေနဲ့ဆေးကြောသန့်စင်ပြီး ရေစစ်၊ အရွက်အဖပ်ကြားတိုင်းကို ဆားဖြူး သို့ ဆားများများ ကိုရေဖျော်ပြီး မုန်ညှင်းထုတ်ကို ၃/၄ နာရီ လောက်နှပ်မကြာခဏ အထက်အောက် လှန် ပေးပါ။ ဆားဖြူးရင်တော့ ရေပြန်ဆေးပြီး ရေညှစ်ပါ။ဆားရည်စိမ်ရင်တော့ ရေညှစ်ပါ။ ဇကာတခုမှာ ရေစစ်ထားပါ
၂မုန်လာဥနီနဲ့ မုန်လာဥဖြူကို အချောင်းရှည် လေးတွေ လှီး ထားပါ။ ကြက်သွန်မြိတ် အချောင်းရှည်အမျှင် လေးတွေ လှီးထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ချင်းအနည်းငယ်ကို အချောင်းရှည်လေးတွေ ပါးပါးရိတ်ရိတ် လှီးထားပါ။ ပါးပါး ၁-၂ ပြားခန့် သာ ထည့့်ပါ။ ကြက်သွန်ဖြူနဲ့ ကျန်တဲ့ချင်းကိုညက်အောင်ထောင်းထားပါ။ ပန်းသီးသို့သစ်တော်သီး တခြမ်း ကြိတ်ထားပါပါးပါးလှီး ရင် လည်းရပါတယ်။
ကောက်ညှင်းမှုန့် ကို သကြားထည့် ရေအနည်းငယ်နဲ့ ပြစ်ပြစ်လေး ကျိုထားပါ။ ပြီးရင် ငရုတ်သီးမှုန့် ပုဇွန်ခြောက် ငန်ပြာရည်နဲ့ အားလုံးကို ရောနယ်ပါ။ ငရုတ်သီးမှုန့်က ကိုရီးယား ငရုတ်သီးမှုန့်က ပိုကောင်းပါတယ်။ ပုဇွန်ဆားငါးပိကလည်း ကိုရီးယားမှ ကောင်းတာပါ။ မရှိတဲ့အတွက် သူ့အစားပုဇွန်ခြာက်ထည့်ပါတယ်
၃ ရေစစ်ထားတဲ့ မုန်ညှင်းဖြူထုပ်ရဲ့ အရွက်ဖတ်တွေကြားမှာ အနှစ်လေးတွေကို ထည့်ပေးပြီး လက်နဲ့ညှစ်ဆုတ်ဆုတ်ပေးပါ။ ဗူးသန့်သန့် ထဲမှာ ဖိသိပ်ပြီး ထည့်ပါ။
ရာသီဥတု ပူနွေးရင်အပြင်မှာ ၂ ရက်လောက်ထားပါပိုချဉ်ချင်တယ်ဆိုရင် ၃ရက်လောက်ထားပါ။ ဒါဆိုစားလို့ရပါပြီ။ ပြီးမှ ရေခဲသေတ္တာထဲထည့်ပြီး ကြာရှည်ထားပြီး လိုအပ်သလို စားသုံးနိုင်ပါတယ်။
သခွားသီးကိုလေးစိပ်ခွဲပြီး ဆားနဲ့နယ်ပြီး ခဏနှပ်ထားပြီး အဲဒိ အစာတွေကို ကြားထဲထည့်ပြီး သခွားသီးကင်ချီ အဖြစ်လည်း စားနိုင်ပါတယ်
Credit Original
Zawgyi
စားလို႔လဲေကာင္း ထမင္းလဲမိန္ အထားလဲခံတဲ့ ကင္ခ်ီလုပ္နည္းေလး
စားခ်င္တယ္ အရမ္းႀကိဳက္တယ္ ကင္ခ်ီမစိမ္တတ္ဘူးဆိုတဲ့ အိမ္ရွင္မတို႔အတြက္ အရသာရွိၿပီး အရမ္းလြယ္ကူတဲ့ကင္ခ်ီလုပ္နည္းေလး။ မခက္ခဲပဲ အကုန္က်သက္သာလို႔ အိမ္မွာ ကိုယ္တိုင္လုပ္ၾကည့္ေနာ္ ပါဝင္ပစၥည္း
မုန္ညွင္းထုတ္၂ထုတ္ မုန္လာဥနီ၁ လုံးမုန္လာဥျဖဴ၁လုံးခ်င္း၂ က်ပ္သားပန္းသီးတျခမ္းေကာက္ညွင္းမႈန႔္ ထမင္းစားဇြန္း ၃ဇြန္းသၾကားထမင္းဇြန္း၂ဇြန္းင႐ုပ္သီးမႈန႔္ထမင္းဇြန္း၃ဇြန္း
ၾကက္သြန္ၿမိတ္၅ပင္ၾကက္သြန္နီ၂လုံးၾကက္သြန္ျဖဴ၂ဥႏွမ္းအနည္းငယ္အငန္ေဖါက္ထားတဲ့ပုဇြန္အနည္းငယ္ သို႔ပုဇြန္ေျခာက္ငါးငန္ျပာရည္ထမင္းစားဇြန္း ၃/၄ဇြန္းဆားလိုသေလာက္
ျပဳလုပ္ပုံ၁မုန္ညွင္းျဖဴထုတ္ကို ေသးရင္ ထက္ျခမ္း၊ ႀကီးရင္ ေလးစိတ္ခြဲ၊ ေရနဲ႕ေဆးေၾကာသန႔္စင္ၿပီး ေရစစ္၊ အ႐ြက္အဖပ္ၾကားတိုင္းကို ဆားျဖဴး သို႔ ဆားမ်ားမ်ား ကိုေရေဖ်ာ္ၿပီး မုန္ညွင္းထုတ္ကို ၃/၄ နာရီ ေလာက္ႏွပ္မၾကာခဏ အထက္ေအာက္ လွန္ ေပးပါ။ ဆားျဖဴးရင္ေတာ့ ေရျပန္ေဆးၿပီး ေရညွစ္ပါ။ဆားရည္စိမ္ရင္ေတာ့ ေရညွစ္ပါ။ ဇကာတခုမွာ ေရစစ္ထားပါ
၂မုန္လာဥနီနဲ႕ မုန္လာဥျဖဴကို အေခ်ာင္းရွည္ ေလးေတြ လွီး ထားပါ။ ၾကက္သြန္ၿမိတ္ အေခ်ာင္းရွည္အမွ်င္ ေလးေတြ လွီးထားပါ။ ၾကက္သြန္နီ ပါးပါးလွီးထားပါ။ ခ်င္းအနည္းငယ္ကို အေခ်ာင္းရွည္ေလးေတြ ပါးပါးရိတ္ရိတ္ လွီးထားပါ။ ပါးပါး ၁-၂ ျပားခန႔္ သာ ထည့့္ပါ။ ၾကက္သြန္ျဖဴနဲ႕ က်န္တဲ့ခ်င္းကိုညက္ေအာင္ေထာင္းထားပါ။ ပန္းသီးသို႔သစ္ေတာ္သီး တျခမ္း ႀကိတ္ထားပါပါးပါးလွီး ရင္ လည္းရပါတယ္။
ေကာက္ညွင္းမႈန႔္ ကို သၾကားထည့္ ေရအနည္းငယ္နဲ႕ ျပစ္ျပစ္ေလး က်ိဳထားပါ။ ၿပီးရင္ င႐ုတ္သီးမႈန႔္ ပုဇြန္ေျခာက္ ငန္ျပာရည္နဲ႕ အားလုံးကို ေရာနယ္ပါ။ င႐ုတ္သီးမႈန႔္က ကိုရီးယား င႐ုတ္သီးမႈန႔္က ပိုေကာင္းပါတယ္။ ပုဇြန္ဆားငါးပိကလည္း ကိုရီးယားမွ ေကာင္းတာပါ။ မရွိတဲ့အတြက္ သူ႕အစားပုဇြန္ျခာက္ထည့္ပါတယ္
၃ ေရစစ္ထားတဲ့ မုန္ညွင္းျဖဴထုပ္ရဲ႕ အ႐ြက္ဖတ္ေတြၾကားမွာ အႏွစ္ေလးေတြကို ထည့္ေပးၿပီး လက္နဲ႕ညွစ္ဆုတ္ဆုတ္ေပးပါ။ ဗူးသန႔္သန႔္ ထဲမွာ ဖိသိပ္ၿပီး ထည့္ပါ။
ရာသီဥတု ပူေႏြးရင္အျပင္မွာ ၂ ရက္ေလာက္ထားပါပိုခ်ဥ္ခ်င္တယ္ဆိုရင္ ၃ရက္ေလာက္ထားပါ။ ဒါဆိုစားလို႔ရပါၿပီ။ ၿပီးမွ ေရခဲေသတၱာထဲထည့္ၿပီး ၾကာရွည္ထားၿပီး လိုအပ္သလို စားသုံးနိုင္ပါတယ္။
သခြားသီးကိုေလးစိပ္ခြဲၿပီး ဆားနဲ႕နယ္ၿပီး ခဏႏွပ္ထားၿပီး အဲဒိ အစာေတြကို ၾကားထဲထည့္ၿပီး သခြားသီးကင္ခ်ီ အျဖစ္လည္း စားနိုင္ပါတယ္
Credit Original