ဗဟုသုတ

သင် ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် ၉ ချက်

လူတိုင်းလိုလို ချမ်းသာချင် ကြပါတယ်။ချမ်းသာအောင်လည်း အချိန်တိုင်း ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေး ကုသိုလ်ဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံလိုအပ်ချက် လေးတွေကိုတောင် မပြုပြင်နိုင်လို့ပါ။

အောက်မှာပါတဲ့ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကို ဖြစ်နိုင်ချေ နည်းသွားပါပြီ။

၁ သင်ဟာ ပိုက်ဆံစုခြင်းကို အရမ်းဝါသနာပါပြီးပိုက်ဆံ ပိုမရှာနိုင်ဘူး။

ပိုက်ဆံ စုခြင်းက ချမ်းသာဖို့ ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ စုတာကိုပဲ အာရုံစိုက်နေရင် သင် လက်ရှိရနေတဲ့ ပိုက်ဆံထက်ဘယ်လို ထပ်ရှာရမလဲကို သင်စိတ်မဝင်စား နိုင်တော့ပါဘူး။

အကယ်၍ ချမ်းသာတဲ့ သူတွေလို တွေးမယ်ဆိုရင် သင်ပိုက်ဆံ ကုန်သွားမှာကို စိတ်မပူသင့်တော့ပါဘူး။ပိုက်ဆံပိုရှာနိုင်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။

၂ သင်ရင်းနှီးမြုပ်နှံခြင်း မလုပ်သေးဘူး။

ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀%ကို ပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ စောစောရင်းနှီးမြုပ်နှံနိုင်လေ ကောင်းလေလေပါပဲ။ အများကြီး မရင်းနှီးနိုင်ရင်တောင် ဖြေးဖြေးချင်းက,စလို့ ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုခုပေါ်မှာ ရင်းနှီးမမြပ်နှံနိုင်သေးရင် သင့်ကိုယ်သင် တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ တိုးတက်အောင် ပြုလုပ်တဲ့ နေရာမှာ သုံးစွဲပါ။

၃ တည်ငြိမ်တဲ့ လစာဝင်ငွေပေါ်မှာသင် သာယာနေတယ်။

သာမန်လူ တော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ ရှိပါတယ်။ဥပမာ တစ်လကို ဘယ်လောက်၊ တစ်ပတ်ကိုဘယ်လောက်၊ တစ်နာရီကိုဘယ်လောက် စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေကတော့ ဖြစ်ပေါ်လာတဲ့ ရလဒ်ပေါ်မူတည်ပြီး ပိုက်ဆံ ရှာပါတယ်။

များသောအားဖြင့် သူများဆီမှာလည်း အလုပ်လုပ်လေ့မရှိပါဘူး။ သူတို့က Self-employedလို့ခေါ်တဲ့ကိုယ့်ဘာသာကိုယ် အလုပ်ပြန်ခန့် ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ် သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကို သွားရာမှာ နှောင့်နှေးစေပါတယ်။

၄ သင်က သင်မတတ်နိုင်တဲ့ ပစ္စည်းတွေဝယ်လေ့ ရှိတယ်။

သင့်ရဲ့ လိုအပ်ချက်တိုင်းကို လိုက်လံဖြည့် ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။

အကယ်၍ ပုံမှန်ထက် ဝင်ငွေတိုးတက်လာရင် သင့်ကိုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyle တစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီး တော်တော်များများ မလုပ်နိုင်ပါဘူး။ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်တဲ့ Grant Cardoneက ”ရင်းနှီး မြုပ်နှံမှုတွေက ဝင်ငွေသေသေချာချာ မဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစား မပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။ သင်လည်း လစာတိုးတာနဲ့ iPhoneကောက်ပြီး မဝယ်ပါနဲ့အုံး။

၅ သင်ဟာ သင့်အိမ်မက်နောက်ကို လိုက်ရဲတဲ့ သတ္တိမရှိဘူး။

အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖို့ လိုပါတယ်။ ဒါ့ကြောင့် သင်ဘာကို ချစ်မြတ်နိုးတယ်ဆိုတာလည်း သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုက်ရဲတဲ့ သတ္တိလည်းရှိဖုိ့လိုပါတယ်။ ဒါပေမယ့် လူ တော်တော်များများကတော့ မိဘရဲ့ ရည်မှန်းချက်နောက်ကိုလိုက်နေ တာများပါတယ်။

၆ သင်ဟာ Comfort Zoneထဲကမထွက်ရဲဘူး။

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ် မက်တွေကို ပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝ ကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။ သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံနဲ့တော့ မချမ်းသာလာပါဘူး။

၇ သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချ မယ်ဆိုတာကြိုတင်ပြင်ဆင်ထားခြင်းမရှိဘူး။

အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံကိုဘယ်လို အကျိုးရှိရှိ အသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ ဝင်ငွေကို ဘယ်နေရာတွေမှာ သုံးမယ်။ ဘယ်လောက်ကို စုမယ်၊ ဘယ်လောက်ကို ရင်းနှီးမြုပ်နှံရာမှာ သုံးမယ် စသဖြင့်သေ သေချာချာ သိဖို့လိုပါတယ်။

၈ သင်ကသုံးလို့ ပိုတာကို စုတယ်။

သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ် ဆိုရင်တော့ သေချာပါတယ်။ သင့်မှာ ဘာမှကျန်မှာ မဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုတာကို သုံးရမှာပါ။ ဝင်ငွေ ၁၀%ကိုဖြစ်ဖြစ် စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။

၉ သင်က ချမ်းသာခြင်းဆိုတာ မဖြစ်နိုင်ပါဘူးလို့ထင်နေတယ်။

လူတော်တော်များများက ချမ်းသာခြင်းဆိုတာကံကောင်းတဲ့ သူတွေဆီကိုပဲ ရောက်ရှိလေ့ ရှိတဲ့အရာလို့ ခံယူထားပါတယ်။ ဒါ့ကြောင့်လည်း အဲ့ဒိလူ တော်တော်များများက ဘယ်တော့မှ မချမ်းသာပါဘူး။ မိမိကိုယ်ကိုမှ မယုံရင် ဘာမှလုပ်လို့ မရပါဘူး။ ကြိုးစားသူတိုင်းအတွက် နေရာရှိပါတယ်။ သင့်အတွက်လည်း နေရာရှိပါတယ်

အကယ်၍ အထက်ပါ အချက်တွေထဲက တစ်ချက်ချက် သင့်မှာရှိနေပြီ ဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။ အကယ်၍ ချမ်းသာချင်တယ် ဆိုရင်ပေါ့။

Ref မိုးရှင်း Credit