ဆံပင်တွေအရမ်း ကျွတ်လိုစိတ်ညစ်နေရင် ဒီအချက်လေးတွေလုပ်ကြည့်ပါ
လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာက ဆံပင်ပဲလို့ ပြောကြပါတယ် ဆံပင်ကျန်းမာရေးက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဆက်စပ်နေတာကြောင့် ဆံပင်ကိုလည်း မေ့မထားသင့်ပါဘူး ပုံမှန်အားဖြင့် လူတစ်ယောက်က တစ်နေ့ကို ဆံပင်အပင် ၁၀၀လောက် ကျွတ်ပါတယ်။
ဒါပေမယ့် တစ်နေ့ကို ဆံပင် အပင် ၁၀၀ ထက် ပိုပြီးကျွတ်တယ် ဆိုရင် အာဟာရချို့တဲ့တာ စိတ်ဖိစီးမှုများတာ စတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ် ဆံပင် အရမ်းကျွတ်နေရင် ဒီအချက်လေးတွေကို လုပ်ကြည့်ပါနော်။
၁- ပရိုတိန်း များများစားပါ။
ဆံပင်မွေးညင်းပေါက်တွေကို ကီရာတင်လို့ခေါ်တဲ့ ပရိုတိန်းအများစုနဲ့ ပြုလုပ်ထားပါတယ် အဲဒါကြောင့် ဆံပင်ကျန်းမာဖို့ ဆိုရင် ပရိုတိန်းဓါတ်များများလိုအပ်ပါတယ်။
မနက်စာနဲ့ နေ့လယ်စာမှာ ပရိုတိန်း ၁၂၀ ဂရမ် ပါဝင်အောင် စားပေးပါ။
ပဲနီလေး၊ ပဲပိစပ်၊ အစေ့အဆံ၊ ကြက်ဥ၊ ငါး၊ ပဲသီး၊ ကြက်သား၊ ကြက်ဆင်သားတွေကိုလည်း စားပေးလို့ ရပါတယ်။
၂- Biotin ကို စားပါ။
Biotin ကို vitamin H လို့လည်း ခေါ်ကြပါတယ်။Biotin ကြွယ်ဝတဲ့ အစားအစာတွေကတော့ တိရစ္ဆာန်ကလီစာ၊ ကြက်ဥ၊ အစေ့အဆံ၊ ပဲပိစပ်၊ ပဲတောင့်ရှည်၊ ငှက်ပျောသီး၊ ပန်းဂေါ်ဖီနဲ့ မှိုပါ Biotin အစားအစာတွေကို
အစိမ်းအတိုင်း စားတာက ပိုပြီးအာနိသင် ရှိပါတယ်။ တစ်နေ့ကို biotin 30 mcg ကနေ 100 mcg အထိ စားပေးသင့်ပါတယ်။
၃- ဆံပင်ကို ကျပ်နေအောင် မစည်းသင့်ပါဘူး။
ပိုနီတေး ဆံပင်စည်းနည်းနဲ့ ကျစ်ဆံမြီးကျစ်နည်းတို့က ဆံပင်ကို အမြစ်ကနေ ဆွဲဆောင့်သလို ဖြစ်စေပါတယ်။
နောက်တစ်မျိုးကတော့ ဆံပင်ကို မီးအပူပေးပြီး ခဏခဏဖြောင့်တာ ကောက်တာတွေ မလုပ်သင့်ပါဘူး သင်က ဆံပင်ကောက်သူ ဆိုရင်တော့ roller နဲ့သာ ဆံပင်ကောက်သင့်ပါတယ်။
ဆံပင် ရေစိုနေတုန်းမှာလည်း ခေါင်းမဖြီးသင့်ပါဘူး ဆံပင်စိုနေတုန်း ခေါင်းဖြီးတဲ့အခါ ဆံပင်ပိုကျွတ်ပါတယ် ဆံပင်ခြောက်သွားမှ ခေါင်းဖြီးရင် ဆံပင်ကျွတ်တာ ပိုသက်သာပါတယ်။
ဆံပင်စိုနေတုန်း ခေါင်းဖြီးမှဖြစ်မယ် ဆိုရင် အသွားကျဲတဲ့ ခေါင်းဖြီးကိုသာ သုံးသင့်ပါတယ်။
၄- ရနံ့အဆီကို အသုံးပြုပါ။
သစ်ကတိုးရနံ့ဆီက ဦးရေပြားက အဆီဂလင်းတွေ ထုတ်လုပ်မှုကို ညီမျှအောင်လုပ်ပေးတာကြောင့် ဆံပင်ကျွတ်တာ လျော့ပါးသွားပါတယ် မှိုနဲ့ ဘက်တီးရီးယားတွေကိုလည်း သစ်ကတိုးရနံ့ဆီက တိုက်ဖျက်ပေးနိုင်ပါတယ်။
သစ်ကတိုးရနံ့ဆီ အနည်းငယ်နဲ့ jojoba ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပန်းကန်လုံး တစ်လုံးထဲမှာ ရောမွှေပါ။
မွှေထားတာကို ဦးရေပြားထဲအထိ စိမ့်ဝင်နေအောင် လိမ်းပေးပြီး ၁၀ မိနစ် ကြာထားပါပြီးရင်တော့ ပုံမှန်အတိုင်းခေါင်းလျှော်လို့ရပါပြီ။ သစ်ကတိုးရနံ့ဆီမရှိရင် စမုန်ဖြူရနံ့ဆံ၊ rosemary ရနံ့ဆီ၊ လာဗင်ဒါ ရနံ့ဆီတို့ကို သုံးလို့ရပါတယ်။
၅- ကြက်သွန်နီနဲ့ ခေါင်းကို ပေါင်းတင်ပါ။
ကြက်သွန်နီမှာ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဖော့စဖောရပ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် ဆံပင်တွေ ပြန်ပေါက်လာအောင် ကူညီပေးပါတယ်။
ကြက်သွန်နီကို အရည်ရအောင် ညှစ်ပါချည်စလေးနဲ့ ကြက်သွန်နီရည်ကို ဦးရည်ပြားအထိ စိမ့်ဝင်အောင် လိမ်းပေးပါ။
၂၀ မိနစ်၊ ၃၀ မိနစ်လောက် ထားပြီးရင် ခေါင်းလျှော်လို့ ရပါပြီတစ်ပတ်ကို ၂ ခါလောက် ပြုလုပ်ပေးလို့ ရပါတယ်။
၆- စိတ်ဖိစီးမှု နည်းပါးအောင်နေပါ။
စိတ်ဖိစီးမှုတွေကြောင့် ဆံပင်ပေါက်တာရပ်ပြီး ဆံပင်တွေ အရမ်းကျွတ်ပါတယ် ယောဂကျင့်တာ၊ တရားထိုင်တာက စိတ်အေးချမ်းမှုရပြီး စိတ်ဖိစီးမှုတွေ လျော့ပါးသွားမှာပါ။
ဆံပင်တွေက ရုတ်တရက် အရမ်းကျွတ်လာရင်၊ ဦးရေပြားမှာ အနာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Credit
၂- Biotin ကို စားပါ။
၎- ရနံ့အဆီကို အသုံးပြုပါ။
Credit