ဗဟုသုတ
အဆိပ်ရှိမြွေအဖြစ် လူအများ သတ်နေ ကြသော သနားစရာ Blind Snake မြွေလေးအကြောင်း
သင်မသိသေးတဲ့ အဆိပ်ရှိမြွေအဖြစ် လူအများ သတ်နေ ကြသော သနားစရာ Blind Snake မြွေလေးအကြောင်း ဗဟုသုတအနေဖြင့် အချိန်ပေးပြီးလေ့လာဖတ်ရှုကြည့်ပါ ကျွန်တော်ဒီနေ့ တင်ပေးမှာကတော့ Blind Snake အကြောင်းပါ။
အစကတော့မရေးတော့ဘူးလို့နေမလိုပါပဲ။ ဒါပေမဲ့ တချို့ကိစ္စတွေကြောင့်ရေးဖြစ်ခဲ့တာပါ။ Page တစ်ခုက အကူညီတောင်တာရယ်ကြောင့်ပါ။ Ok စပြီလေ့လာကြည့်ရအောင် ကျွန်တော်တို့ပတ်ဝန်ကျင်မှာ တွေရတတ်ပေမယ့်လူတော်တော် များများသတိမထားတတ်ကျတဲ့ တီကောင်နဲ့ တူပြီ အဆိပ် အရမ်းပြင်းတယ်လ့ ိုလူတွေထင်းမှားပြီ သတင်း အမှားတွေများစွာ နဲ့ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို သိထားကြတဲ့ …Blind Snake အကြောင်းပါ
Scientific Name -Indotyphlops Braminus တချို့ကတော့ Brahminy Blind Snake လိုသိ ကြတယ် တကယ်တော့ သူတို့က အဆိပ်မရှိပါဘူး ကိုက်ဖို့နေနေသာသာရန်တောင် မမူတတ်ကြပါဘူး သူတို့ကို Africa နဲ့ Asia မှာတွေ့ ရတတ်ပါတယ် ဘယ်လိုနေရာမျိုးမှာ တွေ့ရတတ်လဲဆိုတော့မြို့ပြဒေသ နဲ့စိုက်ပျိုးမြေယာတွေမှာလဲ တွေ့ရတတ်ပါတယ် သူတို့မြေကြီအောက်ထဲမှာ
နေတတ်ကြပြီတော့ ပုရွက်ဆိတ် နဲ့ခြသိုက်တွေနားမှာနေကြပြီ ပုရွက်ဆိတ်နဲ့ခြတွေရဲ့ဥကို စားသောက်တတ်ကြပါတယ် သူတို့ပါးစပ်က ပုရွတ်ဆိပ်ဥပဲ ဆံ့ပါတယ်ဆိုမှ လူကိုကိုက်နိုင်ပါ့မလားဗျ ဟုတ်တယ်မှတ်လားသေဖို့ဆိုတာကတော့
အဝေးကြီးပဲနောက်ပြီ သူတို့ကိုသစ်တုံးတွေအောက်ရယ် စိုစွတ်နေတဲ့သစ်ရွက်ခြောက်တွေနဲ့ မိုးသစ်တောတွေမှာတွေ့ရတတ်ပါတယ် နောက်ပြီ ပန်ခြံတွေမှာတောင်တွေ့ရတတ်တယ်လွယ်လွယ်ပြောရရင် မြေကြီရှိပြီအပင် ပေါ်တဲ့နေရာပေါ့ဗျာ သူတို့အစာကို ပြန်ပြီပြောရမယ်ဆိုရင် ပိုးလောက်လန်းတွေ,ပုရွက်ဆိတ်ဥ,ခြဥလေးတွေပေါ့ အလွယ်ပြောရရင်သေးငယ်တဲ့အကောင်လေးတွေနဲ့သူတို့ရဲ့ဥတွေပေါ့တခြား အင်းစက်လေးတွေပေါ့
သူတို့ရဲ့မျိုးပွားပုံစံကတော့ ထူဆန်းတယ်ဗျ အထီးမရှိပဲ မျိုးပွားနိုင်ကြတယ် Female Gameta ကနေ့အဆင့်တိုးပြီ Fale Gameta မရှိပဲနဲ့ Fertilized ဖြစ်နိုင်တယ်အတိအကျပြောရရင်မိတ်လိုက်ချင်မရှိပဲတစ်ကောင်ထဲမှာအထီးဗီဇရောအစ်မဗီဇပါရှိတယ် ပြီရင်တော့ဥဥကြတယ် သူတို့ရဲ့ အမူအကျင့်တွေကတော့တီကောင်တွေ နဲ့တော်တော်ကိုဆင်တူပါတယ် အရွယ်ရောက်ပြီးသားကောင်တွေဟာ
သေးပြီးသွယ်ပါတယ် ပုံမှန်အားဖြင့် 6.35-16.5cm လောက်ပဲရှိပါတယ် ခေါင်းနဲ့အမှီးဟာတော်တော်လေး ဆင်တူပါတယ်သူတို့ရဲ့ဦးခေါင်းအကြေးခွံအောက်မှာ သေးငယ်တဲ့အစက်ကလေး၂စက်အနေ နဲ့သာတွေရပါတယ်
သူတို့ရဲ့အမှီးမှာတော့သေးငယ်တဲ့ အချွန်လေးပါပါတယ် ခေါင်းကအကြေးခွံတွေဟာကိုယ်လုံးကအကြေးခွံထက်သေးပါတယ် အရောင်တွေကတော့ မျိုးစုံတယ်လိုပြောရမလားပဲ ကျွန်တော်ကိုယ်တိုင်တောင်ကြွေတယ်ပြောရမယ် ငွေမျှင်ရောင်,မီးသွေးရောင်,ခဲရောင်,ခရမ်းရောင်က အစတခြားထူးထူးဆန်းဆန်းအရောင်းတွေလဲရှိတယ်ပုံမှာပြထားတယ်
Blind Snake မှာ Subspecies တွေရှိပေးမယ်ဘယ် Subspecies ကမှအဆိပ်မရှိလို လူကိုလည်းမထိခိုက်နိုင်ပါဘူး ဘယ်လောက်ထိလဲဆိုရင် ငှက်သေးသေးလေးကိုတောင်ပြန်ပြီ မခုခံနိုင်တဲ့မြွေတစ်ကောင်ပါပုံမှာကြည့်ကြည့်ပါ လူတစ်ယောက်လက်နဲ့ညစ်ရင်တောင်သေနိုင်တဲ့အလွန်ကို အားနည်းပြီးဘယ်သူကိုမှ မထိခိုက်စေတဲ့မြွေတစ်ကောင်ပါ အခု Blind Snake Family ၃မျိုးရှိပါတယ်
Subspecies ကတော့ ၃၀၀ကျော်ပါတယ် ဘယ်လိုခွဲလဲဆိုတော့ခေါင်းနဲ့ခွဲပါတယ်ပုံမှာပြထားပါတယ် Scientific Name အရတော့ Typhlopidae,Leptotyphlopidae,Anomalepidae အဲ့မျိုးစိတ်တွေပဲ
Typhlopidae,Leptotyphlopidaeကတော့အဓိကမျိုးစိန်ထဲပါဝင်ပါပြီးတော့သူတို့ကို Blind Snake လို့ခေါ်ကြပါတယ် Anomalepidae တွေကိုတော့Thread Snake လိုခေါ်ကြပါတယ် ဘာတွေကွဲပြား သာံးလဲဆိုတော့သွား ရှိတာမရှိတာရယ်ပါးစပ်ပုံစံတွေကွာခြားသွားပါတယ်
Anomalepidae ကိုတော့ New World မျိုးစိတ်လို ပြောလို့ရတယ်နောက်မှအသစ်ရှာဖွေတွေရှိတဲ့မျိူးစိတ်ပေါ့ အဲ့မျိုစိတ်မှာတင် Species ၁၅ မျိုးလောက်ထပ်ကွဲသေးတယ် Anomalepidae ဟာတခြား သူမျိုးစိတ်နှစ်နဲ့မတူပါဘူးအရေးပြားနဲ့အကြေးခွံမတူကြပါဘူး
Blind Snake ဟာကမ္ဘာအသေးဆုံးမြွေမျိုးစိတ်ပါ Blind Snake အကြီးဆုံးမျိုးစိတ်မှ 39 inches အထိပဲကြီးပါတယ်အဲ့ဒါတောင် Blind Snake မျိုးစိတ်ထဲမှာတော်တော်ကြီးတယ်လိုပြောရမယ်ဒီမြွေကကျွန်တော်လေ့လာဘူး သမျှမြွေတွေထဲမှာစိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ Subspecies အရူပ်ဆုံးမြွေပဲ သူတို့ရဲ့အပေါ်မေးရိုနဲ့အောက်မေးရိုးမှာပဲ သွားရှိပါတယ်ပါစပ်ထိပ်မှာမရှိပါဘူပြောရမယ်ဆိုရင်ကိုက်ဖို့သွာမရှိဘူးအတွင်းသွား
ပဲရှိတာပေါ့သူတို့ဟာသစ်ပင်လည်းတတ်နိုင်ကြပါတယ်သူတို့နွေးတဲ့နေရာတွေမှာလဲရှာ တွေ့တတ်ပါတယ်ေ နာက်တစ်ခုသူတို့မှာမြင်ရတဲ့မျက်လုံးသို့မဟုတ် Blind Snake Also May Not Have eye or visible iris ပြောရရင်မျက်လုံးမပါပါဘူး အဲ့အမဲစက်၂စက်ဟာ Cloacal Spurs လေးတွေပါ ပြောရရင်တော့အာရုံခံ အင်္ဂါလိုပေါ့ Reptile Magazine တစ်ခုမှာလူတစ်ယောက်ဟာသူ
Blind Snake တစ်ကောင်းထိတွေ့ရတာဘာမြွေနဲ့မတူဘူးလိုလဲပြောထားပါတယ် Blind Snake ဟာ အုပ်စုအကြီးဆုံးမြွေမျိုးတစ်ခုပါသူတို့မျိုးစိတ်အကုန်လုံးကိုတောင်ဖော်ပြနိုင်ချင်း မရှိသေးပါဘူး။
ကဲဒါဆိုရင်အဆိပ်မရှိလူကိုလည်းဘာမှမလုပ်တဲ့ကိုက်လည်းမကိုက်နိုင်တဲ့Blind Snake တွေကိုတွေရင်မသတ်ကြပါနဲ့တော့ ဝေးဝေးကိုသာမောင်းထုပ်လိုက်ကြပါ အသတ်တစ်ချောင်းကယ်ကောင်းပါတယ် ငရဲမကြီးပါဘူးမြွေလေးကသေးသေးလေး ဆိုပြီလဲအသတ်ကြပါနဲ့သူနေရာနဲ့သူတော့
Life Cycle မှာအကျိုးပြုကြတယ်ပုရွတ်စိတ်ဥတွေကိုစာသောက်ကြလို ပုရွက်စိတ်တွေ အဆမတန်ပေါက်ဖွားမူကိုလျော့ကြစေတယ်ဗျ စိုက်ပျိုးမြေမှာပိုမွှားတွေကိုစားသောက်ကြလို စိုက်ခင်းထဲပိုးမွှားကျခြင်းကိုလျော့ကြစေတယ် တကယ်တော့သူတို့လေးတွေကလူတွေကိုတောင်အကျိုးပြုကြပါသေးတယ်ပုံလေးတွေကိုကြည့်လေရုပ်လေးတွေကချစ်စရာလေးတွေ
ကဲအားလုံးပဲဘယ်သူမှမသိသေးတဲ့ Blind Snake လေးအကြောင်းသိကြပြီထင်တယ် ဘယ်သူမှသေသေချာချာတိတိကျကျ အသေစိတ်မတင်ပေးသေးလိုအပေါ်ယံလောက်ပဲ တင်ထားတာရှိတော့ကျွန်သိထားသမျှလေ့လာထားသမျှကိုတင်ပေးလိုက်တယ်ကျွန်တော် Post တွေကြဲနေတဲ့အတွက်Sorryပါ ကျွန်တော်ဘာပဲတင်တင်တိကျသေချာမှတင်တာဖြစ်တဲ့
အတွက်တောင်သေသေချာချာလေ့လာနေလို့ပါ ဖတ်တဲ့သူကိုလဲ မှန်ကန်တဲ့ဗဟုသုတပဲပေးချင်တယ်ဒါကြောင့်ပါနောက်Postတွေလဲတင်ပေးပါဦးမယ်သိချင်တာရှိရင်မေးလို့ရပါတယ်ဒီ Postလေးကိုဖတ်ပြီသဘောကြရင် Share ပေးဖို့တောင်ဆိုချင်တယ်ဒီမြွေလေးတွေ သတ်သတ်နေကြလိုမသတ်ဖို့သိစေချင်လို့ပါ
credit: myanmartechnews
Anomalepidae ကိုတော့ New World မျိုးစိတ်လို ပြောလို့ရတယ်နောက်မှအသစ်ရှာဖွေတွေရှိတဲ့မျိုးစိတ်ပေါ့ အဲ့မျိုစိတ်မှာတင် Species ၁၅ မျိုးလောက်ထပ်ကွဲသေးတယ် Anomalepidae ဟာတခြား သူမျိုးစိတ်နှစ်နဲ့မတူပါဘူးအရေးပြားနဲ့အကြေးခွံမတူကြပါဘူး