ဗဟုသုတ
1 ရက် 3000 စုယုံနဲ့သူဌေးဖြစ်ပြီလား
1 ရက် 3000 စုယုံနဲ့သူဌေးဖြစ်ပြီလား။
ဟိုနေ့က စာလေးတစ်ပိုဒ်မြင်လိုက်ရတယ်တစ်ရက် ၁၀၀၀ စုရင် ၅ နှစ် ၁၈ သိန်းတစ်ရက် သုံးထောင်စုနောက်၅နှစ် ကိုယ်ပိုင်လုပ်ငန်းစနိုင်တယ်ဆိုပြီး တွက်ပြထားတယ်။
မှန်လားဆိုတော့ မမှားပါဘူး။ ဒါပေမဲ့ သေချာတွက်ကြည့်ပါ။
၁။ ငွေ ကြေးပြောင်းလဲမှု။
ပထမဆုံး သိရမှာက သိန်း ၅၀ ဆိုတာ နောက် ၅နှစ်ဆိုရင်သိန်း ၅၀ မတန်တော့ဘူး ဆိုတာပဲ။အရာတိုင်း ဈေးတက်နေတဲ့ခေတ်မှာ နောက် ၅ နစ်ဆိုရင် သိန်း ၅၀ရဲ့တန်းဖိုးက ၂၅ သိန်းလောက်ပဲကျန်တော့မယ်ဆိုတာပဲ။
၂။ ပစ္စည်းတန်ဖိုး။
ဒီနေ့ ခေတ် ကွန်ပြူတာတစ်လုံး တောင် ၅ သိန်းအောက်ထစ် ဖုန်းတစ်လုံး၃ သိန်းလောက်မှ သေချာသုံးလို့ရတဲ့ခေတ် နောက် ၅ နှစ်ဆိုရင်ဒီထက်တက်လာဖို့ပဲရှိတယ်။
ဒီ၂ခုမရှိရင် အလုပ်လုပ်လို့မရတဲ့ခေတ်မှာ ကိုယ် ပိုင်သုံးဖို့အတွက်ပဲ ကာလတန်ဖိုး ၁၀သိန်းက ထွတ်ကသွားပြီ။
၃။ တကယ်ကောစုနိုင်ပါ့မလား။
တစ်လ ၉၀၀၀၀ စုဖို့ဆိုတာ တစ်လ ၃သိန်းရတဲ့သူဆိုရင်တောင် အိမ်ကိုပြန်မအပ်မှဖြစ်မှာဒါတောင် Entertainment အသုံးအစွဲတွေ မရှိမှဖြစ်ဦးမှာရုပ်ရှင်တောင်တစ်ခါကြည့်ရင် ၃၀၀၀ ပေးရတယ်လေ။
၄။ Consistence ဖြစ်ဖို့ဆိုတာ။
လတိုင် လခ စုဖို့မဖြစ်နိုင် ပါဘူး၊ အလုပ်အပြောင်းအလဲငွေ မဝင်တဲ့အခိုက်အတန့်တွေရှိမယ်တခုခု ကြောင့်ဥပမာ ခရီးသွာ်းတာမျိုး၊ ဖုန်းအသစ်ဝယ်တာမျိုး လုပ်တဲ့အခါငွေကုန်တဲ့လတွေ ရှိမယ်။
ဒါကြောင့် တကယ့် Reality မှာ အဲ့လို စုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဖြေရှင်းမဲ့နည်းလမ်းက တစ်ခုပဲရှိတယ်အဲ့တာ ငွေ ပိုဝင်အောင်ရှာဖို့ပဲကျွန်တော်ဆိုရင် တစ်လ ၉ သောင်းလောက်တော့စုပြီး ၅ နှစ် လောက် မနေဘူး။
တစ်လ ၉ သောင်းဖိုး ဦးနှောက်ထဲပဲ ရင်းနီးမြှုပ်နှံပြီးတစ်လ ၃ သိန်း ကနေ ၅ သိန်း၊ ၅ သိန်းက နေ ၁၀ သိန်း တိုးအောင်ရှာဖို့Skillတွေ ဖြည့်မယ်။
အတွေ့အကြုံတွေယူမယ်စဉ်းစားကြည့် တစ်လ ၁၀ သိန်းလောက်ဝင်တဲ့သူတစ်ယောက်က သိန်း ၅၀ စုဖို့ တစ်နှစ်တောင်မလိုဘူး။
အဲ့တော့ ခေတ် ပြောင်းတဲ့အချိန်မှာ အတွေး ပြောင်းဖို့လိုတယ်ဒီခေတ်က ငွေ စုတဲ့ခေတ်မဟုတ်ဘူးပညာ အတွေ့အကြုံစုတဲ့ခေတ် ဖြစ်နေပါပြီ။
မိတ်ဆွေတို့အတွေးအခေါ်လေးတွေ ဝေမျှခဲ့ပါဦး။
Credit
Zawgyi
၁။ ငွေ ကြေးပြောင်းလဲမှု။
၂။ ပစ္စည်းတန်ဖိုး။
Credit