ဗဟုသုတ အလှအပ

လက်ပြတ်အင်္ကျီဝတ်တဲ့အခါ  ချိုင်း(ဂျိုင်း)သားမည်းလို့စိတ်ညစ်နေရသူတွေအတွက် နည်းလမ်းကောင်း

လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော်။ ကိုယ့်ရဲ့လက်တကမ်းမှာပဲ အလွယ်ရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့မသေးပါနဲ့။ အချိန်နဲ့ စိတ်ရှည်မှုပဲ လိုပါတယ်။

(၁) အာလူး က သိပ်ကောင်းတဲ့ သဘာ၀ အရောင်ချွတ်ဆေးပါ။ သူ့မှာ အက်ဆစ်ပျော့တွေ ပါဝင်တာကြောင့် အရေပြားကို မယားယံစေပါဘူး။ အာလူးကို ပါးပါးလေးတွေ လွှာလှီးလိုက်ပြီး ချိုင်းနေရာကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက်ရပါမယ်။ ပြီးရင်တော့ ရေ ကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ်မလား။

(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေကလဲ သဘာဝကိုက သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်းပါ။ သူ့မှာက ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန်မှာပါတဲ့ အက်ဆစ်ဂုဏ်သတ္တိတွေက တောက်ပစေခြင်းနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါ တယ်။

ရေမချိုးခင် သံပုရာသီးကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်းကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသား အရေ မခြောက်သွားရအောင် moisturizer တမျိုးမျိုး လိမ်းထားလို့ ရပါတယ်။သံပုရာရည်သုံးတဲ့ နောက် တစ်နည်းကတော့ သံပုရာရည်+ ဆနွင်းမှုန့်+ဒိန်ချဉ်+ပျားရည် ရောပြီး အနှစ်လုပ်။ အဲဒီအနှစ်ကို ချိုင်းမှာ အနည်းဆုံး ၁၀ မိနစ်လောက် လိမ်းထားပြီး ရေဆေးချလိုက်တာပါ။ လွယ်တယ်နော် ဒီနည်းလဲ။

(၃) Baking Soda မုန့်ဖုတ်ဆော်ဒါကလဲ ချိုင်းသားဖြူဖို့ အကောင်းဆုံး scrub ပါ။ ခန္ဓာကိုယ် အနံ့ဆိုးတွေ မထွက်အောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲနဲနဲ့ ခပ်ပျစ်ပျစ်လေးဖြစ်အောင်လုပ်။ ချိုင်းမှာ လိမ်းထားပြီး အဲဒီနေရာတဝိုက်ကို scrubbing လုပ်နေပေါ့။ ပြီးရင်တော့ ဆေးချလိုက်ပြီး ခြောက် သွားအောင် ခပ်ဖွဖွလေး ပုတ် ပုတ်ပေးပေါ့။ ဒါလဲ လွယ်တာပဲ။

(၄) သခွားသီးကတော့ အသားအရေ အရောင်လင်းလက်စေပါတယ်။ သံပုရာသီးနဲ့ သခွားသီး ၂ မျိုး ရောလိုက်ရင် အသားအရေမှာ မည်းကွက်နေတာတွေကို ကောင်းကောင်း အရောင်ချွတ်ပေးနိုင်တာပေါ့။ သခွားသီးက အသားအရေ ပျော့ပျောင်းစေသလို သံပုရာသီးက အရောင်ချွတ်ပေးတာကိုး။သခွားသီးကို လှီးပြီး ချိုင်းသားကို ပွတ်တိုက်ပေးနေပေါ့။ ဒါမှမဟုတ်လဲ သခွားရည်ကို ချိုင်းက မည်းနေတဲ့နေရာ လိမ်း ထားလိုက်တာပါ။ သခွားရည်သုံးတဲ့ နောက်တစ်နည်းကတော့ သခွားရည်နဲ့သံပုရာရည် အရောထဲ ဆနွင်းမှုန့်နဲနဲ ရောမွှေပြီး လိမ်းတာပါ။

(၅) လိမ္မော်သီးအခွံမှာလဲ ချိုင်းသားတွေ မည်းတာကို ဖြူလာအောင် အရောင်ချွတ်ပေးနိုင်စွမ်း ရှိပါတယ်။ scrub လုပ်တဲ့နည်းကလဲ မခက်ပါဘူး။ အရင်ဆုံး လိမ္မော်ခွံကို အခြောက်လှမ်းရပါတယ်။ ပြီးရင်တော့ ဘလန်ဒါ ကြိတ်စက်နဲ့ အမှုန့်ဖြစ်သွားအောင် ကြိတ်လိုက်ပါ။ အဲဒီလိမ္မော်ခွံအမှုန့်ရယ်+ နို့ရည်+ နှင်းဆီရည် (စူပါမားကက်တွေ အလှကုန်ဆိုင်တွေမှာ မေးဝယ်ပါ)။ အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ထားပါ။ ချိုင်းကို လိမ်းထား၊ ၁၀ မိနစ်လောက် scrub လုပ်။ ခပ်ဖြည်းဖြည်း ပွတ်တာပေါ့။ ပြီးရင်တော့ ရေဆေးချလိုက်တော့လေ။

ကဲ လက်ပြတ်အင်္ကျီပဲ ဝတ်ဝတ်၊ ချိုင်းအနံ့ဆိုးလဲ မထွက်အောင် အလွယ်သုံး အိမ်တွင်းကုထုံးပါ။ အားလုံး အဆင်ပြေကြပါစေနော်။

credit မူရင်းရေးသားသူ