ဗဟုသုတ

အိမ်ဆောက်တဲ့အခါ အုတ်ကို ရေစိမ်ရတဲ့ အဓိကအကြောင်းရင်း

အိမ်ဆောက်တဲ့အခါ အုတ်ကို ရေစိမ်ရတဲ့ အဓိကအကြောင်းရင်း

အုတ်ကိုရေစိမ်ရတာက ပန်းရံလုပ်ငန်းမှာ အဓိကအကြောင်းရင်းကြီး နှစ်ချက်ရှိတယ်။

ပထမတစ်ချက်တော့ အုတ်ရဲ့မျက်နှာပြင်မှာ မြောက် များစွာ‌ သော ဖုန်တွေဟာ လုံးထွေးနေတတ်တယ် ။တစ်ခါတစ်ရံမှာ ညစ်ပတ်ပေကျံတာမျိုးတွေလည်း ရှိတတ်တယ်။

တကယ်လို့များ အဲ့ဒီဖုန်တွေ ညစ်ပတ်ပေကျံတာတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖယ်ရှားခြင်းမပြုဘူးဆိုရင် အုတ်နဲ့ မဆလာကြားမှာ စေးကပ်ခိုင်မြဲမှု တွဲကပ်မှုမရှိဘူး။

အကျိုးသက်ရောက် မှုကလည်းအားနည်းတယ်။ ဒါကြောင့်မို့လို့ ညစ်ပတ်ပေကျံနေတဲ့ အုတ်များကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ နံရံတွေဟာ တောင့်တင်းကြံ့ခိုင်မာမှုမရှိဘူး။ မလိုအပ်ဘဲနဲ့သူ့မှာ အချိန်ကုန်၊ ငွေကုန်၊ ပစ္စည်းကုန်ပြီးတော့ အက်ရာတွေလဲပေါ်လာတတ်တယ်။

နောက်ထပ်တစ်ချက်က အုတ်ကမြေကြီးကိုဖုတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူက ရေစုပ်ယူမှုအားကောင်းတယ်။

ခြောက်သွေ့ပြီးတော့ ပွတဲ့အပေါက်ငယ်လေးတွေပါရှိတဲ့ အုတ်ချပ်တွေက မဆလာထဲမှာပါတဲ့ရေကို အလျှင်အမြန် စုပ်ယူသွားတယ်။

ဒါကြောင့််မို့လို့ ဘိလပ်မြေအိပ်စက်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ (water cement ratio ) ကျသွားတယ်။

အဲ့ဒီအတွက်ကြောင့် ဘိလပ်မြေက သူဓာတ်ပြုရမည့်ဖြစ်စဥ် (Hydration) ဖြစ်စဥ် အနှောက်အယှက်ဖြစ်သွားပြီးတော့ သူက ကောင်းစွာဓာတ်မပြုနိုင်ဘူး။

ပြီးတော့ သရိုးက အင်အားကျဆင်းလာတယ်။

အဲ့ဒီအတွက်ကြောင့်မို့လို့ ကောင်းစွာဓာတ်ပြုနိုင်ဖို့အတွက် အစိုဓာတ် လုံလောက်စွာ သူ့မှာရှိဖို့လိုတယ်။

ဒါ့ကြောင့်မို့လို့ အုတ်ကို ရေဝအောင်စိမ်ပြီးမှ မဆလာနဲ့ စီတဲ့လုပ်ငန်းကို လုပ်ဆောင်သင့်တယ်။

အုတ်ရိုးအတွက် မဆလာဖျော်တဲ့အခါ ရေများလျှင်မဆလာကို ထိုးရကိုင်ရ လုပ်ကိုင်ရတာကောင်းတယ်။Workability ကောင်းတယ်။ဒါပေမယ်လို့ ရေကိုအများကြီးရောရလို့ ဘိလပ်မြေရဲ့ Strength ကို ကျစေတယ် ။

ပြီးတော့ သိပ်သည်းဆကိုလည်း လျှော့ကျစေတယ်။

ဒါကြောင့်မို့လို့ Plaster ချောပြီးတဲ့အခါမှာ မျက်နှာပြင်မှာ အက်ရာလေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

ပန်ရံလုပ်ငန်းအတွက် ကောင်မွန်တဲ့မဆလာ ရရှိဖို့တွက်ဆိုရင် ရေရဲ့အရည်အသွေးဟာလည်းအရေးတကြီးထည့်သွင်းစဥ်းစားရမည့်အချက်ထဲမှာ ပါရှိပါတယ်။

Construction လုပ်ငန်းတွေမှာ အသုံးပြုမည့်ရေဟာ ဘယ်လောက်တောင်မှ အရေးကြီးလဲဆိုရင် သူဟာ သန့်ရှင်းကြည်လင်တဲ့ရေ၊ အရသာသိသိသာသာ မရှိတဲ့ရေ၊ သဘာဝတိုင်းအားလုံးနည်းပါးဖြစ်တဲ့ရေကို အသုံးပြုရမယ်လို့ပြောထားပါတယ်။

တကယ်လို့များ ကိုယ်က မဆလာ‌ေဖျာ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကွန်ကရစ်ဖျော်တဲ့အခါမှာပဲဖြစ်ဖြစ် ရေကိုအသုံးပြုမှုအတွက် ဒီရေဟာ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာကို စမ်းသပ်ဖို့တွက်ဆိုရင်တော့ Drinking Water သောက်လို့ရတဲ့ရေ နဲ့ နမူနာကုဗတုံးတစ်တုံး စမ်းပြီး‌ေဖျာ်မယ်။

ပြီးတော့ ကိုယ်တကယ် လုပ်ငန်းခွင်ထဲမှာ အသုံးပြုမည့်ရေကိုယူပြီးတော့ နမူနာကုဗတုံးတစ်တုံးဖျော်မယ်။

အဲ့ဒီ ကုဗတုံးနှစ်ခုကို ( ၇ ) ရက်နဲ (၂၈ ) ရက်ကြာတဲ့အခါမှာ အင်အားစမ်းသပ်မှုတွေလုပ်မယ်။သူတို့ရဲ့ psi စမ်းမယ် ။

သောက်ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength နဲ့ ကိုယ် Site ထဲမှာသုံးမည့်ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength ၊ ဒီနှစ်ခုကို နှိုင်းယှဥ့်တဲ့အခါမှာသောက်ရေနဲ့ဖျော်ထားတဲ့ ကုဗတုံးရဲ့ Strength အတိုင်း အပြည့်မရရင်တောင်မှ သူ့ရဲ့ (၉၀ ) ရာခိုင်နှုန်းနီပါး strength ရ ရှိတဲ့ရေဆိုလို့ရှိရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုလို့ရတဲ့ရေဖြစ်ပါတယ်။

Basic Knowledge

‌မူရင်း Daw Aye Aye Win

အိမ္ေဆာက္တဲ့အခါ အုတ္ကို ေရစိမ္ရတဲ့ အဓိကအေၾကာင္းရင္း

အုတ္ကိုေရစိမ္ရတာက ပန္းရံလုပ္ငန္းမွာ အဓိကအေၾကာင္းရင္းႀကီး ႏွစ္ခ်က္ရွိတယ္။

ပထမတစ္ခ်က္ေတာ့ အုတ္ရဲ႕မ်က္ႏွာျပင္မွာ ေျမာက္ မ်ားစြာ‌ ေသာ ဖုန္ေတြဟာ လုံးေထြးေနတတ္တယ္ ။တစ္ခါတစ္ရံမွာ ညစ္ပတ္ေပက်ံတာမ်ိဳးေတြလည္း ရွိတတ္တယ္။

တကယ္လို႔မ်ား အဲ့ဒီဖုန္ေတြ ညစ္ပတ္ေပက်ံတာေတြကို တိတိက်က် မွန္မွန္ကန္ကန္ ဖယ္ရွားျခင္းမျပဳဘူးဆိုရင္ အုတ္နဲ႕ မဆလာၾကားမွာ ေစးကပ္ခိုင္ၿမဲမႈ တြဲကပ္မႈမရွိဘူး။

အက်ိဳးသက္ေရာက္ မႈကလည္းအားနည္းတယ္။ ဒါေၾကာင့္မို႔လို႔ ညစ္ပတ္ေပက်ံေနတဲ့ အုတ္မ်ားကို အသုံးျပဳၿပီး တည္ေဆာက္ထားတဲ့ နံရံေတြဟာ ေတာင့္တင္းႀကံ့ခိုင္မာမႈမရွိဘူး။ မလိုအပ္ဘဲနဲ႕သူ႕မွာ အခ်ိန္ကုန္၊ ေငြကုန္၊ ပစၥည္းကုန္ၿပီးေတာ့ အက္ရာေတြလဲေပၚလာတတ္တယ္။

ေနာက္ထပ္တစ္ခ်က္က အုတ္ကေျမႀကီးကိုဖုတ္ထားရတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူက ေရစုပ္ယူမႈအားေကာင္းတယ္။

ေျခာက္ေသြ႕ၿပီးေတာ့ ပြတဲ့အေပါက္ငယ္ေလးေတြပါရွိတဲ့ အုတ္ခ်ပ္ေတြက မဆလာထဲမွာပါတဲ့ေရကို အလွ်င္အျမန္ စုပ္ယူသြားတယ္။

ဒါေၾကာင့္္မို႔လို႔ ဘိလပ္ေျမအိပ္စက္ဖို႔အတြက္ အေရးတႀကီးလိုအပ္တဲ့ (water cement ratio ) က်သြားတယ္။

အဲ့ဒီအတြက္ေၾကာင့္ ဘိလပ္ေျမက သူဓာတ္ျပဳရမည့္ျဖစ္စဥ္ (Hydration) ျဖစ္စဥ္ အေႏွာက္အယွက္ျဖစ္သြားၿပီးေတာ့ သူက ေကာင္းစြာဓာတ္မျပဳနိုင္ဘူး။

ၿပီးေတာ့ သရိုးက အင္အားက်ဆင္းလာတယ္။

အဲ့ဒီအတြက္ေၾကာင့္မို႔လို႔ ေကာင္းစြာဓာတ္ျပဳနိုင္ဖို႔အတြက္ အစိုဓာတ္ လုံေလာက္စြာ သူ႕မွာရွိဖို႔လိုတယ္။

ဒါ့ေၾကာင့္မို႔လို႔ အုတ္ကို ေရဝေအာင္စိမ္ၿပီးမွ မဆလာနဲ႕ စီတဲ့လုပ္ငန္းကို လုပ္ေဆာင္သင့္တယ္။

အုတ္ရိုးအတြက္ မဆလာေဖ်ာ္တဲ့အခါ ေရမ်ားလွ်င္မဆလာကို ထိုးရကိုင္ရ လုပ္ကိုင္ရတာေကာင္းတယ္။Workability ေကာင္းတယ္။ဒါေပမယ္လို႔ ေရကိုအမ်ားႀကီးေရာရလို႔ ဘိလပ္ေျမရဲ႕ Strength ကို က်ေစတယ္ ။

ၿပီးေတာ့ သိပ္သည္းဆကိုလည္း ေလွ်ာ့က်ေစတယ္။

ဒါေၾကာင့္မို႔လို႔ Plaster ေခ်ာၿပီးတဲ့အခါမွာ မ်က္ႏွာျပင္မွာ အက္ရာေလးေတြကိုလည္း ျဖစ္ေပၚေစပါတယ္။

ပန္ရံလုပ္ငန္းအတြက္ ေကာင္မြန္တဲ့မဆလာ ရရွိဖို႔တြက္ဆိုရင္ ေရရဲ႕အရည္အေသြးဟာလည္းအေရးတႀကီးထည့္သြင္းစဥ္းစားရမည့္အခ်က္ထဲမွာ ပါရွိပါတယ္။

Construction လုပ္ငန္းေတြမွာ အသုံးျပဳမည့္ေရဟာ ဘယ္ေလာက္ေတာင္မွ အေရးႀကီးလဲဆိုရင္ သူဟာ သန့္ရွင္းၾကည္လင္တဲ့ေရ၊ အရသာသိသိသာသာ မရွိတဲ့ေရ၊ သဘာဝတိုင္းအားလုံးနည္းပါးျဖစ္တဲ့ေရကို အသုံးျပဳရမယ္လို႔ေျပာထားပါတယ္။

တကယ္လို႔မ်ား ကိုယ္က မဆလာ‌ေဖ်ာ္တဲ့အခါမွာပဲျဖစ္ျဖစ္၊ ကြန္ကရစ္ေဖ်ာ္တဲ့အခါမွာပဲျဖစ္ျဖစ္ ေရကိုအသုံးျပဳမႈအတြက္ ဒီေရဟာ သင့္ေတာ္လား၊ မသင့္ေတာ္ဘူးလားဆိုတာကို စမ္းသပ္ဖို႔တြက္ဆိုရင္ေတာ့ Drinking Water ေသာက္လို႔ရတဲ့ေရ နဲ႕ နမူနာကုဗတုံးတစ္တုံး စမ္းၿပီး‌ေဖ်ာ္မယ္။

ၿပီးေတာ့ ကိုယ္တကယ္ လုပ္ငန္းခြင္ထဲမွာ အသုံးျပဳမည့္ေရကိုယူၿပီးေတာ့ နမူနာကုဗတုံးတစ္တုံးေဖ်ာ္မယ္။

အဲ့ဒီ ကုဗတုံးႏွစ္ခုကို ( ၇ ) ရက္နဲ (၂၈ ) ရက္ၾကာတဲ့အခါမွာ အင္အားစမ္းသပ္မႈေတြလုပ္မယ္။သူတို႔ရဲ႕ psi စမ္းမယ္ ။

ေသာက္ေရနဲ႕ေဖ်ာ္တဲ့ ကုဗတုံးရဲ႕ Strength နဲ႕ ကိုယ္ Site ထဲမွာသုံးမည့္ေရနဲ႕ေဖ်ာ္တဲ့ ကုဗတုံးရဲ႕ Strength ၊ ဒီႏွစ္ခုကို ႏွိုင္းယွဥ့္တဲ့အခါမွာေသာက္ေရနဲ႕ေဖ်ာ္ထားတဲ့ ကုဗတုံးရဲ႕ Strength အတိုင္း အျပည့္မရရင္ေတာင္မွ သူ႕ရဲ႕ (၉၀ ) ရာခိုင္ႏႈန္းနီပါး strength ရ ရွိတဲ့ေရဆိုလို႔ရွိရင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ အသုံးျပဳလို႔ရတဲ့ေရျဖစ္ပါတယ္။

Basic Knowledge

‌မူရင္း Daw Aye Aye Win