စိုက်ပျိုးရေး ဗဟုသုတ

ခရမ်းပင် အသီးကောင်းအောင် ပြုစုစိုက်ပျိုးနည်း

ခရမ်းပင် အသီးကောင်းအောင် ပြုစုစိုက်ပျိုးနည်း

ခရမ်းပင်စိုက်ပျိုးရန် မြေကောင်းရန်လိုပါသည်။

မြေဩဇာကောင်းရမည်။ သဲနှုန်းမြေဖြစ်လျှင် ကောင်းသည်။ ခရမ်းပင်ဟာ အဟာရဓာတ်များများစားတဲ့ သီးနှံဖြစ်ပါတယ်။

မြေဩဇာတွေမှာ အထူးသဖြင့် အပင်ကြီးထွားသန်တဲ့ နိုက်ထရိုဂျင်မျာများပါတဲ့ ဓာတ်မြေဩဇာတွေကျွေးပြီး ပွင့်သီးတဲ့ ဖော့စဖိတ်နဲ့ အဓိကဖြစ်တဲ့ ပိုတက်စီယမ်တွေမကျွေးရင် အပင်ကဟုန်ပြီးကြီးမယ်။ အပွင့်အသီးနည်းမယ်။

ယူရီးယားက စိုက်ချိန်မှာ ၅၀ ကီလို တစ်အိပ်ထည့်သလို စိုက်ပြီး တစ်လ နှစ်လ ကြာရင် တစ်အိပ်ထပ်ထည့်ရမယ်။ တီစူပါနဲ့ ပိုတက်စီယမ်က မြေပြင်တုန်း နှစ်အိပ်ထည့်ရမယ်။

စိုက်ရာမှာ စိုက်ဘောင်နဲ့ (တန်းကြား ၃ ပေ ပင်ကြား ၂ ပေ )ကိုယ်စိုက်မယ့် ခရမ်းမျိုးလိုက်ပြီးစိုက်ပါ။ သိသိသာသာအေးတဲ့ရာသီ ၁၃° C ထက် နည်းရင်ဖြစ်စေ၊ ညအပူချိန် ၂၁°C အောက်ရောက်ရင်ဖြစ်စေ၊ အသီးမတင်နိုင်ပါ။

အသင့်တော်ဆုံးက ၂၁ မှ ၂၈°C ဖြစ်ပါတယ်။ကျော်ရင် အသီးဖြစ်မှုနည်းတယ်။ အပင်နဲ့ ကိုင်းတွေများပြီး အသီးမသီးရင် ကိုင်းတွေဖြတ်တောက်လုပ်ရပါတယ်။ ပေါင်းရှင်း၊ မြေဆွ၊ မြေကြီး အစိုဓာတ်ရအောင် တစ်ပတ်တစ်ကြိမ်ရေဖျန်းပေးရပါမယ်။

အပင်ရွှေ့စိုက်ချိန် အပင်ငယ်ဘဝ အပူဒဏ်ခံရရင် အပင်ကြီးမှု၊ အသီးအရှိန်ကျသွားနိုင်တယ်။ စိုက်တာကို ညနေရွှေ့စိုက်ရတာ၊ အပင်ငယ်စဉ် ပူပြင်းမှုများရင် ‌နေဒဏ်ကာပေးရတယ်။ အမြစ်စွဲ အပင်လန်းချိန်မှ အရိပ်ဖယ်ပေးရတယ်။ ‌ခေါင်ညွှန့်ထိုးပိုးနဲ့ ပင်ညှိုးရောဂါကျရင်လဲ အသီးနည်းသွားမယ်။

စိုက်ပြီး ၁၅ ရက်လောက်မှာ ပေါင်းရှင်း၊ မြေဆွ၊ အစိုဓာတ်ရှိအောင်လုပ်ပြီး ပုလဲဓာတ်မြေဩဇာ ဟက်းစားဇွန်း တစ်ဇွန်းလောက် တစ်ပင်ထည့်ပါ။

အပင်နဲ့ တစ်ထွာခွါပြီး အပင်ပတ်လည်ထည့်ပါ။ အကိုင်းတွေ ထောင်မထွက်ပဲ ခွထွက်အောင် ထိပ်ညွှန့်တွေ ချိုးဖြတ်ပေးပါ။ ပန်းပွင့်ချိန် ‌မြေဆွ မြေဩဇာထပ်ကျွေး၊ တစ်ပင်တစ်ဇွန်းပဲ။ ပဲဖတ်၊ နှမ်းဖတ်ရေ လောင်းထည့်ရတယ်။ တစ်ပင်ကို နို့ဆီဗူး တစ်ဝက်ပဲ။ အသီးကင်းတွေကိုအသီးစထွက်ချိန်မှာ ခေါင်ညွှန့်ထိုးပိုးနဲ့ သီးလုံးဖောက်ပိုးကျမယ်။ အသီးကင်းလေးတွေ အိပ်စွတ်ပေးရင်ရတယ်။

ကိုင်းတွေ အညွန့်တွေဖြတ်ပြီးရင် မြေဩဇာတော့ ကျွေးရပါမယ်။မြေဩဇာကျွေးရင် ရေလဲ နည်းနည်းစိုအောင်ပေးရမယ်။ အပင်က ကျွေးလိုက်တဲ့ မြေ‌ဩဇာကို အရည်ပျော်မှ စားနိုင်တာဖြစ်ပါတယ်။ သဘာဝမြေဆွေး နောက်ချေးရောထည့်ပါ။ မြေသန်ရင် ဖော့စဖိတ်နဲ့ ပိုတက်စီယမ်တော့ ထည့်‌ရပါမယ်။

တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ။

Credit

ခရမ္းပင္ အသီးေကာင္းေအာင္ ျပဳစုစိုက္ပ်ိဳးနည္း

ခရမ္းပင္စိုက္ပ်ိဳးရန္ ေျမေကာင္းရန္လိုပါသည္။

ေျမဩဇာေကာင္းရမည္။ သဲႏႈန္းေျမျဖစ္လွ်င္ ေကာင္းသည္။ ခရမ္းပင္ဟာ အဟာရဓာတ္မ်ားမ်ားစားတဲ့ သီးႏွံျဖစ္ပါတယ္။

ေျမဩဇာေတြမွာ အထူးသျဖင့္ အပင္ႀကီးထြားသန္တဲ့ နိုက္ထရိုဂ်င္မ်ာမ်ားပါတဲ့ ဓာတ္ေျမဩဇာေတြေကြၽးၿပီး ပြင့္သီးတဲ့ ေဖာ့စဖိတ္နဲ႕ အဓိကျဖစ္တဲ့ ပိုတက္စီယမ္ေတြမေကြၽးရင္ အပင္ကဟုန္ၿပီးႀကီးမယ္။ အပြင့္အသီးနည္းမယ္။

ယူရီးယားက စိုက္ခ်ိန္မွာ ၅၀ ကီလို တစ္အိပ္ထည့္သလို စိုက္ၿပီး တစ္လ ႏွစ္လ ၾကာရင္ တစ္အိပ္ထပ္ထည့္ရမယ္။ တီစူပါနဲ႕ ပိုတက္စီယမ္က ေျမျပင္တုန္း ႏွစ္အိပ္ထည့္ရမယ္။

စိုက္ရာမွာ စိုက္ေဘာင္နဲ႕ (တန္းၾကား ၃ ေပ ပင္ၾကား ၂ ေပ )ကိုယ္စိုက္မယ့္ ခရမ္းမ်ိဳးလိုက္ၿပီးစိုက္ပါ။ သိသိသာသာေအးတဲ့ရာသီ ၁၃° C ထက္ နည္းရင္ျဖစ္ေစ၊ ညအပူခ်ိန္ ၂၁°C ေအာက္ေရာက္ရင္ျဖစ္ေစ၊ အသီးမတင္နိုင္ပါ။

အသင့္ေတာ္ဆုံးက ၂၁ မွ ၂၈°C ျဖစ္ပါတယ္။ေက်ာ္ရင္ အသီးျဖစ္မႈနည္းတယ္။ အပင္နဲ႕ ကိုင္းေတြမ်ားၿပီး အသီးမသီးရင္ ကိုင္းေတြျဖတ္ေတာက္လုပ္ရပါတယ္။ ေပါင္းရွင္း၊ ေျမဆြ၊ ေျမႀကီး အစိုဓာတ္ရေအာင္ တစ္ပတ္တစ္ႀကိမ္ေရဖ်န္းေပးရပါမယ္။

အပင္ေ႐ႊ႕စိုက္ခ်ိန္ အပင္ငယ္ဘဝ အပူဒဏ္ခံရရင္ အပင္ႀကီးမႈ၊ အသီးအရွိန္က်သြားနိုင္တယ္။ စိုက္တာကို ညေနေ႐ႊ႕စိုက္ရတာ၊ အပင္ငယ္စဥ္ ပူျပင္းမႈမ်ားရင္ ‌ေနဒဏ္ကာေပးရတယ္။ အျမစ္စြဲ အပင္လန္းခ်ိန္မွ အရိပ္ဖယ္ေပးရတယ္။ ‌ေခါင္ၫႊန႔္ထိုးပိုးနဲ႕ ပင္ညွိုးေရာဂါက်ရင္လဲ အသီးနည္းသြားမယ္။

စိုက္ၿပီး ၁၅ ရက္ေလာက္မွာ ေပါင္းရွင္း၊ ေျမဆြ၊ အစိုဓာတ္ရွိေအာင္လုပ္ၿပီး ပုလဲဓာတ္ေျမဩဇာ ဟက္းစားဇြန္း တစ္ဇြန္းေလာက္ တစ္ပင္ထည့္ပါ။

အပင္နဲ႕ တစ္ထြာခြါၿပီး အပင္ပတ္လည္ထည့္ပါ။ အကိုင္းေတြ ေထာင္မထြက္ပဲ ခြထြက္ေအာင္ ထိပ္ၫႊန႔္ေတြ ခ်ိဳးျဖတ္ေပးပါ။ ပန္းပြင့္ခ်ိန္ ‌ေျမဆြ ေျမဩဇာထပ္ေကြၽး၊ တစ္ပင္တစ္ဇြန္းပဲ။ ပဲဖတ္၊ ႏွမ္းဖတ္ေရ ေလာင္းထည့္ရတယ္။ တစ္ပင္ကို နို႔ဆီဗူး တစ္ဝက္ပဲ။ အသီးကင္းေတြကိုအသီးစထြက္ခ်ိန္မွာ ေခါင္ၫႊန႔္ထိုးပိုးနဲ႕ သီးလုံးေဖာက္ပိုးက်မယ္။ အသီးကင္းေလးေတြ အိပ္စြတ္ေပးရင္ရတယ္။

ကိုင္းေတြ အၫြန႔္ေတြျဖတ္ၿပီးရင္ ေျမဩဇာေတာ့ ေကြၽးရပါမယ္။ေျမဩဇာေကြၽးရင္ ေရလဲ နည္းနည္းစိုေအာင္ေပးရမယ္။ အပင္က ေကြၽးလိုက္တဲ့ ေျမ‌ဩဇာကို အရည္ေပ်ာ္မွ စားနိုင္တာျဖစ္ပါတယ္။ သဘာဝေျမေဆြး ေနာက္ေခ်းေရာထည့္ပါ။ ေျမသန္ရင္ ေဖာ့စဖိတ္နဲ႕ ပိုတက္စီယမ္ေတာ့ ထည့္‌ရပါမယ္။

ေတာင္သူဦးႀကီးမ်ား အဆင္ေျပေအာင္ျမင္ၾကပါေစ။

Credit