ဗဟုသုတ အလှအပ

လူသိနည်းတဲ့ ငှက်ပျောသီးအခွံရဲ့ အသုံးဝင်ပုံများ

လူသိနည်းတဲ့ ငှက်ပျောသီးအခွံရဲ့ အသုံးဝင်ပုံများ

ငှက်ပျောသီးစားတဲ့အခါ များသောအားဖြင့် အခွံကိုအမှိုက်ပုံးထဲပစ်လိုက်ကြတာများပါတယ်။ တကယ်တော့ ငှက်ပျောသီးအခွံတွေဟာ လူတွေရဲ့နေ့စဉ်ဘဝအတွက် အလွန်အသုံးတည့်တဲ့ ပစ္စည်းတစ်ခုပါ။ ဒီနေ့မှာတော့ လူသိနည်းတဲ့ ငှက်ပျောသီးအခွံရဲ့ အသုံးဝင်ပုံတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) ဝက်ခြံပျောက်ကင်းစေတယ်

ငှက်ပျောသီးအခွံတွေမှာ ဗီတာမင်စီ ဗီတာမင်အီး ပိုတက်ဆီယမ် ဇင့်ဓာတ် နှင့် မဂ္ဂနီဆီယမ်ဓာတ်များကြွယ်ဝစွာပါတာကြောင့် အသားအရေရောင်ရမ်းခြင်းနှင့် ဝက်ခြခံများကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးအခွံရဲ့ အတွင်းဘက်အသားနှင့် မျက်နှာအရေပြားကို ညှင်သာစွာပွတ်ပေးပြီး ၁၅ မိနစ်လောက်နေရင် ရေဆေးလိုက်လို့ရပါပြီ။

(၂) အရေးအကြောင်းတွေလျော့ပါးစေတယ်

ငှက်ပျောသီးအခွံမှာပါဝင်တဲ့ Antioxidants နှင့် ဗီတာမင် C ဓာတ်ကမျက်နှာပေါ်ရှိအရေးအကြောင်းများဖြစ်ပေါ်ခြင်း လျော့ကျသက်သာစေပါတယ်။ ငှက်ပျောသီးအခွံကိုမျက်နှာအရေပြားပေါ် ညှင်သာစွာပွတ်ပေးပြီး မိနစ် ၃၀ ခန့်လောက်ထားပေးပါ။ ပြီးရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။ တစ်ပတ်ကို ၃ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်ကအရေးအကြောင်းတွေကိုလျော့ကျစေမှာပါ။

၃) ငွေထည်ပစ္စည်းတွေကိုအရောင်တင်ပေးတယ်

အိမ်မှာရှိတဲ့ ငွေထည်ပစ္စည်းတွေအရောင်မှိန်လာတဲ့အခါက ငှက်သီးခွံကိုအသုံးပြုနိုင်ပါတယ်။ ငှက်ပျောသီးအခွံမှာပါဝင်ပိုတက်ဆီယမ်ဓာတ်က ငွေထည်ပစ္စည်းများအရောင်တောက်ပြောင်သစ်လွင်စေပါတယ်။ အသုံးပြုနည်းကတော့ ငှက်ပျောသီးအခွံကို ကြိတ်စက်တွင်းရေအနည်းငယ်ထည့်ကာ ကြေညက်တဲ့အထိကြိတ်ပေးပါ။ရလာတဲ့အရည်ကို ငွေထည်ပစ္စည်းတွေပေါ်တင်ပြီး အဝတ်စဖြင့်ပွတ်ပေးနိုင်ပါတယ်။

(၄) သဘာဝမြေသြဇာအဖြစ်သုံးနိုင်တယ်

ငှက်ပျောသီးအခွံမှာပါဝင်တဲ့ ကယ်လစီယမ် မဂ္ဂနီစီယမ် ဆာလ်ဖာ ပိုတက်စီယမ် နှင့် ဖော့စဖိတ်ဓာတ်တွေက အပင်တွေကျန်းမာရှင်သန်ဖို့ တွန်းအားပေးတာကြောင့် သဘာဝမြေသြဇာအဖြစ်အသုံးပြုနိုင်ပါတယ်။ ငှက်ပျောသီးအခွံကို ခပ်သေးသေးအရွယ်လေးဖြစ်အောင် လှီးဖြတ်ပြီး အပင်ရဲ့အမြစ်မှာအုံထားပေးလိုက်ပါ။ အပင်များကျန်းမာစွာရှင်သန်ကြီးထွားလာမှာဖြစ်ပါတယ်။

(၅) သွားဖြူစေတယ်

ငှက်ပျောသီးအခွံက အစွန်းအထင်းနဲ့အညစ်အကြေးတွေကိုဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ငှက်ပျောသီးအခွံနဲ့သွားကိုပွတ်ပေးမယ်ဆိုရင် သွားကြွေပေါ်မှာ စွန်းထင်းနေတဲ့ အညစ်အကြေးတွေကိုဖယ်ရှားသန့်စင်ပြီး သွားများကိုဖြူဝင်းတောက်ပစေနိုင်မှာဖြစ်ပါတယ်။

၆) ခေါင်းကိုက်သက်သာစေတယ်

ခေါင်းတစ်ခြမ်းကိုက်ခြင်း နှင့် ခေါင်းကိုက်ခြင်းဝေဒနာတို့အတွက် ငှက်ပျောသီးအခွံကိုအသုံးပြုပြီး သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။ အရင်ဆုံးငှက်ပျောသီးအခွံကို ရေခဲသေတ္တာထဲ ၁ နာရီလောက်ထည့်ထားပါ။ပြီးရင်နဖူးနဲ့ ဇက်ကြောတစ်ဝိုက်ကို အအေးခံထားတဲ့ ငှက်ပျောသီးအခွံလေးတွေကပ်ထားပေးလိုက်ပါ။ အအေးဓာတ်ပျောက်ပြီး ငှက်ပျောခွံနွမ်းသွားသည်အထိ ကပ်ထားပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ခေါင်းကိုက်ဝေဒနာကိုသက်သာစေမှာဖြစ်ပါတယ်။

Credit

လူသိနည္းတဲ့ ငွက္ေပ်ာသီးအခြံရဲ႕ အသုံးဝင္ပုံမ်ား

ငွက္ေပ်ာသီးစားတဲ့အခါ မ်ားေသာအားျဖင့္ အခြံကိုအမွိုက္ပုံးထဲပစ္လိုက္ၾကတာမ်ားပါတယ္။ တကယ္ေတာ့ ငွက္ေပ်ာသီးအခြံေတြဟာ လူေတြရဲ႕ေန႕စဥ္ဘဝအတြက္ အလြန္အသုံးတည့္တဲ့ ပစၥည္းတစ္ခုပါ။ ဒီေန႕မွာေတာ့ လူသိနည္းတဲ့ ငွက္ေပ်ာသီးအခြံရဲ႕ အသုံးဝင္ပုံေတြအေၾကာင္းေျပာျပေပးခ်င္ပါတယ္။

(၁) ဝက္ၿခံေပ်ာက္ကင္းေစတယ္

ငွက္ေပ်ာသီးအခြံေတြမွာ ဗီတာမင္စီ ဗီတာမင္အီး ပိုတက္ဆီယမ္ ဇင့္ဓာတ္ ႏွင့္ မဂၢနီဆီယမ္ဓာတ္မ်ားႂကြယ္ဝစြာပါတာေၾကာင့္ အသားအေရေရာင္ရမ္းျခင္းႏွင့္ ဝက္ျခခံမ်ားကိုေပ်ာက္ကင္းသက္သာေစနိုင္ပါတယ္။ ငွက္ေပ်ာသီးအခြံရဲ႕ အတြင္းဘက္အသားႏွင့္ မ်က္ႏွာအေရျပားကို ညွင္သာစြာပြတ္ေပးၿပီး ၁၅ မိနစ္ေလာက္ေနရင္ ေရေဆးလိုက္လို႔ရပါၿပီ။

(၂) အေရးအေၾကာင္းေတြေလ်ာ့ပါးေစတယ္

ငွက္ေပ်ာသီးအခြံမွာပါဝင္တဲ့ Antioxidants ႏွင့္ ဗီတာမင္ C ဓာတ္ကမ်က္ႏွာေပၚရွိအေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္း ေလ်ာ့က်သက္သာေစပါတယ္။ ငွက္ေပ်ာသီးအခြံကိုမ်က္ႏွာအေရျပားေပၚ ညွင္သာစြာပြတ္ေပးၿပီး မိနစ္ ၃၀ ခန႔္ေလာက္ထားေပးပါ။ ၿပီးရင္ေတာ့ ေရေဆးခ်လိဳက္လို႔ရပါၿပီ။ တစ္ပတ္ကို ၃ ႀကိမ္ျပဳလုပ္ေပးျခင္းျဖင့္ မ်က္ႏွာေပၚကအေရးအေၾကာင္းေတြကိုေလ်ာ့က်ေစမွာပါ။

၃) ေငြထည္ပစၥည္းေတြကိုအေရာင္တင္ေပးတယ္

အိမ္မွာရွိတဲ့ ေငြထည္ပစၥည္းေတြအေရာင္မွိန္လာတဲ့အခါက ငွက္သီးခြံကိုအသုံးျပဳနိုင္ပါတယ္။ ငွက္ေပ်ာသီးအခြံမွာပါဝင္ပိုတက္ဆီယမ္ဓာတ္က ေငြထည္ပစၥည္းမ်ားအေရာင္ေတာက္ေျပာင္သစ္လြင္ေစပါတယ္။ အသုံးျပဳနည္းကေတာ့ ငွက္ေပ်ာသီးအခြံကို ႀကိတ္စက္တြင္းေရအနည္းငယ္ထည့္ကာ ေၾကညက္တဲ့အထိႀကိတ္ေပးပါ။ရလာတဲ့အရည္ကို ေငြထည္ပစၥည္းေတြေပၚတင္ၿပီး အဝတ္စျဖင့္ပြတ္ေပးနိုင္ပါတယ္။

(၄) သဘာဝေျမၾသဇာအျဖစ္သုံးနိုင္တယ္

ငွက္ေပ်ာသီးအခြံမွာပါဝင္တဲ့ ကယ္လစီယမ္ မဂၢနီစီယမ္ ဆာလ္ဖာ ပိုတက္စီယမ္ ႏွင့္ ေဖာ့စဖိတ္ဓာတ္ေတြက အပင္ေတြက်န္းမာရွင္သန္ဖို႔ တြန္းအားေပးတာေၾကာင့္ သဘာဝေျမၾသဇာအျဖစ္အသုံးျပဳနိုင္ပါတယ္။ ငွက္ေပ်ာသီးအခြံကို ခပ္ေသးေသးအ႐ြယ္ေလးျဖစ္ေအာင္ လွီးျဖတ္ၿပီး အပင္ရဲ႕အျမစ္မွာအုံထားေပးလိုက္ပါ။ အပင္မ်ားက်န္းမာစြာရွင္သန္ႀကီးထြားလာမွာျဖစ္ပါတယ္။

(၅) သြားျဖဴေစတယ္

ငွက္ေပ်ာသီးအခြံက အစြန္းအထင္းနဲ႕အညစ္အေၾကးေတြကိုဖယ္ရွားသန႔္စင္ေပးနိုင္တဲ့ အစြမ္းသတၱိေတြရွိပါတယ္။ ငွက္ေပ်ာသီးအခြံနဲ႕သြားကိုပြတ္ေပးမယ္ဆိုရင္ သြားေႂကြေပၚမွာ စြန္းထင္းေနတဲ့ အညစ္အေၾကးေတြကိုဖယ္ရွားသန႔္စင္ၿပီး သြားမ်ားကိုျဖဴဝင္းေတာက္ပေစနိုင္မွာျဖစ္ပါတယ္။

၆) ေခါင္းကိုက္သက္သာေစတယ္

ေခါင္းတစ္ျခမ္းကိုက္ျခင္း ႏွင့္ ေခါင္းကိုက္ျခင္းေဝဒနာတို႔အတြက္ ငွက္ေပ်ာသီးအခြံကိုအသုံးျပဳၿပီး သက္သာေအာင္ျပဳလုပ္ေပးနိုင္ပါတယ္။ အရင္ဆုံးငွက္ေပ်ာသီးအခြံကို ေရခဲေသတၱာထဲ ၁ နာရီေလာက္ထည့္ထားပါ။ၿပီးရင္နဖူးနဲ႕ ဇက္ေၾကာတစ္ဝိုက္ကို အေအးခံထားတဲ့ ငွက္ေပ်ာသီးအခြံေလးေတြကပ္ထားေပးလိုက္ပါ။ အေအးဓာတ္ေပ်ာက္ၿပီး ငွက္ေပ်ာခြံႏြမ္းသြားသည္အထိ ကပ္ထားေပးလို႔ရပါတယ္။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ ေခါင္းကိုက္ေဝဒနာကိုသက္သာေစမွာျဖစ္ပါတယ္။

Credit