ဗဟုသုတ အလှအပ

မနက်ခင်းတိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေး ရဲ့ အသုံးဝင်ပုံများ

မနက်ခင်းတိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေး ရဲ့ အသုံးဝင်ပုံများ

ကိုယ်တွေ နေ့တိုင်းသုံးနေတဲ့သွားတိုက်ဆေးဒီလိုအစွမ်း ထက်မှန်း အခုမှသိရလို့ ကျေးဇူးပါ သွားတိုက်ဆေးကို မနက်တိုင်း။

သွားသန့်ရှင်း တောက်ပြောင်ဖို့နဲ့ ခံတွင်း နံ့ကင်းစင်ဖို့ အတွက်ပဲ အသုံးပြုလို့ ရတာမဟုတ်ဖူးနော်သွားတိုက်ဆေးနဲ့ အခြားဖြေရှင်း လို့ရမယ့်နည်းလမ်း အချို့လည်း ရှိပါသေးတယ် ။

(၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ

သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အမဲစက်နှင့်အမဲကွက်များပေါ်သို့ပွတ်လိမ်းပေးပြီး၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချ လိုက်ပါ။

(၂) ဝက်ခြံပြသာနာများ

သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ဝက်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။

နာရီအနည်းငယ် သို့ တစ်ညလုံးနီးပါး လိမ်းထားပြီး ရေနဲ့ဆေးချ လိုက်မယ် ဆိုရင် ဝက်ခြံတွေ ချပ်သွားတာကို တွေ့နိုင် မှာပါ။

ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့ အဆင်မပြေ နိုင်ပါဘူး၊အသားအရေ sensitive ဖြစ်တဲ့ သူတွေ ဆိုရင်တော့ မလုပ်သင့်ပါဘူး။

(၃) အသားအရေချောမွေ့ဖြူနိုင်ခြင်း

သွားတိုက်ဆေး ၁ ဇွန်း နှင့် ခရမ်းချဉ်သီးအရည် ၁ ဇွန်းတို့ကို ရောပြီးသုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။

(၄) ဆားဝက်ခြံပြသာနာများ

သွားတိုက်ဆေးနဲ့ ဆားနဲ့ Rose Water အရည်တို့ကို ရောမွေပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေမှာခပ်ပါးပါးလေးလိမ်းပြီး ၁၀ မိနစ်ခန့် စက်ဝိုင်းပုံဖြင့် ညင်သာစွာ ပွတ်လိမ်းပေးပါ။ပြီးလျှင် ရေအေးနဲ့ ဆေးချလိုက်တာနဲ့ ဆားဝက်ခြံတွေ သိသိသာသာ လျော့ကျသွားတာပါ တွေ့နိုင်မှာပါ။

(၅) မလိုချင်တဲ့ အမွှေးအမျှင်တွေဖယ်ရှားနိုင်ခြင်း …

သွားတိုက်ဆေး၊ သံပုရာရည် နှင့် သကြားတို့ကို ရောမွှေပြီး လိမ်းပေးပါ။ ခြောက်လျှင် ရေအေးနဲ့ ဆေးချလိုက်ပါ။

(၆) အနံ့အသက်စွဲခြင်းများကို ဖယ်ရှားနိုင်ခြင်း

အကယ်၍ လက်မှာ အနံ့အသက်ပြင်းတာတွေ ကိုင်မိလို့ စွဲနေမယ် ဆိုရင်လည်း သွားတိုက်ဆေးနဲ့ဆေးကြောသန့်စင်လိုက်တာနဲ့ အနံ့အသက် ကင်းစင် နိုင်မှာ ဖြစ်ပါတယ်။

(၇) လက်သည်း၊ ခြေသည်းများအား သန့်ရှင်းနိုင်ခြင်း

လူတစ်ယောက်မှာ မျက်နှာပြီးရင် လက်သည်း၊ ခြေသည်းတွေ ဟာလည်း လှပနေဖို့ အရေးကြီးဆုံးထဲမှာ ပါပါတယ်။

သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီးရေဆေးချ လိုက်မယ် ဆိုရင် ပိုမိုလှပ တောက်ပြောင် တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

(၈) မျက်နှာအဆီပြန်ခြင်းကို လျှော့နည်းစေခြင်း

သွားတိုက်ဆေးနဲ့ ဆားနဲ့ကို ရေနဲ့ဖျော်ပြီး မနက်တိုင်း မျက်နှာသစ်ရင်းသစ်ပေးရင် တစ်နေ့လုံးအဆီပြန်တာကို လျှော့နည်းလာတာကို တွေ့ရမှာပါ။

(၉) နှုတ်ခမ်းသားလေးတွေ နူးညံ့အောင်ပြုလုပ်နိုင်ခြင်း

သွားတိုက်ဆေးကို နှုတ်ခမ်းသားလေးတွေ နူးညံ့ အိစက် နိုင်အောင်လည်း ဆဲလ်သေတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုနိုင် မှာဖြစ်ပါတယ်။

သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ရောပြီးနှုတ်ခမ်းသားကို သွားတိုက်တံသို့မဟုတ် ဂွမ်းစလေးနဲ့ညင်ညင်သာသာလေး ပွတ်တိုက်ပေး ရမှာပါ။သွားတိုက်ဆေးကို အများကြီးတော့ မသုံးရပါဘူး။

အဲလိုလေး ပြုလုပ်ပေးမယ်ဆိုရင် သင့်နှုတ်ခမ်းသားမှ ဆဲလ်သေတွေကင်းစင်ပြီး နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာနော်။

ဒီပို့လေးကို နှစ်သက်တယ်ဆိုရင် share သွားလိုက်ပါသင်သိသလို သူများတွေလဲ သိသွားတော့ ကုသိုလ်ရတာပေါ့။

Credit