ဗဟုသုတ

ငယ်ငယ်က ဆိုခဲ့တဲ့ကဗျာလေးက တဘောင်ဖြစ်နေမှန်းခုမှသိတော့တယ်ဗျာ…

ငယ်ငယ်က ဆိုခဲ့တဲ့ကဗျာလေးက တဘောင်ဖြစ်နေမှန်းခုမှသိတော့တယ်ဗျာ…

ဤ တဘောင်ကို အဓိပ္ပါယ်ကောက်လွဲသူများသို့

အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး

ရှေးနှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါ အုံး။

သိသူဖော်စား မသိသူ ကျော်သွား တဘောင်များ

 

အဖိုးကြီးအို ခါးကုန်းကုန်း ဆိုသည်မှာ တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း အဖိုးကြီး အမေကြီး ဘဝနဲ့ အသက်အရွယ်ကြီးကြီးနဲ့သေရတဲ့ ဘဝတွေ များခဲ့လှပါပြီ

လူဖြစ်တော့ လည်း လူအဖိုးကြီး လူအဘွားကြီး

ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး

နွားဖြစ်တော့ လည်း နွားအဖိုးကြီး နွားအဖွားကြီး

ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး

သူဌေးကြီး ဖြစ်တော့လည်း.သူဌေးအဖိုးကြီး သူဌေးအဖွားကြီး

ဘုရင် ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး

ဘဝ များစွာမှာ အရိယာ ဘဝက လွဲ၍ မဖြစ်ဖူးတဲ့ဘဝဆိုတာ မရှိပါဘူး

သူဌေးကြီး ဘုရင်ကြီး တွေလည်းဖြစ်ခဲ့ဖူးတယ်တိရိစ္ဆာန်မျိုးစုံ ဘဝလည်း ဖြစ်ဖူးခဲ့ပြီနတ်တွေ ဗြဟ္မာတွေလည်း ဖြစ်ခဲ့ဖူး ပြီး၃၁ ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲဘဝတိုင်း ဘဝတိုင်း အသက်ကြီး ပြီးသေ သေ ခဲ့ရတာချည်းပဲတစ်ချို့ဆိုရင် အသက်တောင်မကြီးလိုက်ရသေနေကြရတာပဲ။

ဒါပေမဲ့မသေပါနဲ့အုံး

ရှေးနှစ်ခါ တန်ဆောင်မုန်း ဆိုတာကတစ်ချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့ဆိုကြတယ်။

အမှန်ကရှေးနှစ်ခါတန်ဆောင်မုန်း ပါရှေးနှစ်ခါ ဆိုတာကလာမဲ့နှစ်လို့ ထင်တတ်ကြတယ် မဟုတ်ပါဘူး

သာသနာတော် ၂၅၆၅ နှစ်ရှိခဲ့ပြီဘုရားရှင်ထားခဲ့တော်မူသော..သာသနာတော်နှစ်၅၀၀၀ကို..တစ်ခေတ်လျှင်အနှစ်၅၀၀ စီဖြင့် ခေတ်(၅)ခေတ်ပိုင်းခြားကာ..၅ခေတ်ပြည့်လျှင် တစ်ဖန်ပြန်ကျော့သည်။

၁) ဝိမုတ္တိယုဂခေတ် (အနှစ် ၅၀၀)…ဘုရားပွင့်တော်မူပြီးနှစ်ပေါင်း၅၀၀အတွင်းသည်ဂိမုတ္တိယုဂခေတ်ဖြစ်ရာ..ထိုခေတ်အတွင်းဈာန်မဂ်ဖိုလ်ရရှိသူများအလွန်ပေါများသည်။

၂) သမာဓိယုဂခေတ် (အနှစ်၅၀၀)..ထိုခေတ်ကာလအတွင်း သမာဓိတည်ရုံမျှသာဖြစ်ပေသည်။

၃) သီလယုဂခေတ် (အနှစ်၅၀၀)…ထိုခေတ်ကာလသည် သီလကိုသာဦးစားပေးသောခေတ်ဖြစ်သည်။

၄) သုတယုဂခေတ် (အနှစ်၅၀၀)…ထိုခေတ် ကာလအတွင်း စာပေဗဟုသုတကို ဦးစားပေးသောခေတ်မျှသာဖြစ်သည်။

၅) ဒါနယုဂခေတ် (အနှစ်၅၀၀)…ထိုခေတ်ကာလသည်ဒါနပြုမှုကိုသာအားသန်ကြသောခေတ်ဖြစ်သှ်။

ထို ၅ခေတ်မှလွန်သော်..ဝိမုတ္တိယုဂခေတ်သို့ပြန်လည်ရောက်ရှိလာသည်။

သို့ဖြစ်ရာ..သာသနာတော်နှစ်၂၅၀ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ် ပြည့်ပြီးသည်မှစ၍ ဝိမုတ္တိယုဂခေတ် သို့ပြန်လည်ဆိုက်ရောက်လာသည်၊ထို့ကြောင့်ကောဇာသက္ကရာဇ် ၁၃၁၉ မှ ၁၈၁၉ခုနှစ် အတွင်းသည်ဝိမုတ္တိယုဂခေတ်ဖြစ်ပြီး၊ ထိုခေတ်မှလွဲ၍ ကျန်ခေတ်များတွင်မဂ်ဖိုလ်တရားထူးများရရန်မလွယ်ကူတော့ပါ။ဒါကို သိထားရမယ်။

ပွဲကြည့်ပါအုံး ဆိုတာက…

ဝိမုတ္တိယုဂ ခေတ် အနတ္တသာသနာတစ်ပတ်ပြန်လည်လာတော့ပွဲ ကြည့်ကြရ အုံးမယ် ဘာပွဲ ကြည့်ရလည်းဆိုတော့ခန္ဓာက ပြတဲ့ ပွဲ ကိုကြည့်ချင်လည်း ကြည့် မကြည့်ချင်လည်းကြည့်ကြရမယ့်ပွဲရုပ်ပွဲ နာမ်ပွဲ ဝေဒနါပွဲ ပရမတ်ပွဲဓာတ်ပွဲ အာယတနပွဲ သစ္စာပွဲတွေ ကိုကြည့်ကြရမယ်တခြား သွားကြည့်ရမှာ မဟုတ်ဘူး

မိမိ ခန္ဓာက ပြတဲ့ပွဲကို ကြည့်ရမပဲပွဲလေးပွဲ ကြည့်ကြပါကာယသတိပဋ္ဌာန်ပွဲ၊ဝေဒနါသတိပဋ္ဌာန်ပွဲ၊စိတ္တသတိပဋ္ဌာန်ပွဲ၊ဓမ္မသတိပဋ္ဌာန်ပွဲ၊ကိုသတိ သမာဓိ ပညာ မျက်လုံး နဲ့ ကြည့်ရမယ်။ဒါမှ အမှန်ကို အမှန်အတိုင်း မြင်လိုက်မယ်။

တို့တတွေ အားလုံးယခုဝိမုတ္တိယုဂခေတ်အတွင်းလူ ဖြစ်လာရသည်မှာပင်ထူးကဲသော ဒုလ္လဘတရားပင်ဖြစ်တယ်။

ဒါ့အပြင်…ဘဒ္ဒကမ္ဘာတွင်လူဖြစ်ရခြင်း၊မြတ်စွာဘုရား၏ သာသနာတော်နှင့်ကြုံတွေ့ရခြင်း၊ဗုဒ္ဓဘါသာဝင် မိဘများ ၏သားသမီးများဖြစ်ရခြင်းမှာအင်မတန်ကြီးမား သော ဘုန်းကံကြောင့်မြတ်စွာဘုရမြတ်စွာဘုရားပွင့်ထွန်းတော်မူရခြင်း၏အကြောင်း ရင်းတစ်ခုမှာသံသရာဝဋ်ဆင်းရဲအပေါင်းမှကင်း လွတ်ရာအမှန်မြတ်နိဗ္ဗာန်သို့ရစေခြင်းငှာပွင့်တော်မူခဲ့သဖြင့်နိဗ္ဗာန်ရောက်ရာရကြောင်းအကျင့်တရားများကိုကျင့်ကြံအားထုတ်ရပါမည်။

ဘုရားရှင်သည်.. ပိဋကတ်သုံးပုံဟုဆိုအပ်သောဓမ္မက္ခန္ဓာပေါင်း ၈၄,၀၀၀ ကိုဟောကြားခဲ့သော်လည်း.အဓိကရည် ရွယ်ချက်မှာ.ဆင်းရဲခပ်သိမ်းကင်းငြိမ်းရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်တရားကို ကျင့်ကြံအားထုတ်ရန်သာဖြစ်ပါသည်။

ထိုနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားများသည်..

လူ့ဘုံဘဝကသာလျှင်ကျင့်ကြံအားထုတ်ပြီးရရှိနိူင်ပါသည်။ သို့ကြောင့်သာမြတ်စွာဘုရားရှင်တိုင်းသည် လူ့ပြည်ကသာလျှင် ပွင့်တော်မူခြင်းဖြစ်ပေသည်။

လူ့ဘုံမှ..နိဗ္ဗာန်ကိုရရန်ကျင့်ကြံသည့်နည်း၃နည်းရှိရာ၊ယင်းတို့မှာ-#ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဟူ၍ ဖြစ်သည်။

ကံလမ်းသည် ဒါန၊ သီလဆောက် တည်၍ကျင့်ကြံအားထုတ်သည့်လမ်းဖြစ်သည်။

သမထကျင့်ကြံအားထုတ်သည့်လမ်းကို ဈာန်လမ်းဟုခေါ်ကြပြီး၊ဝိပဿနာပွား၍ကျင့်ကြံအားထုတ်သည့်လမ်းကို ဉာဏ်လမ်းဟုခေါ်ပါသည်။

ဉာဏ်လမ်းသည်သာ လျှင် အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်ပေသည်။

သစ္စာတရားကိုပြသတတ်သော ဆရာသမားကောင်း နှင့်တွေ့၍ ကိလေသာကြားမခိုပဲကျင့်ကြံအားထုတ်ပါကနေ့ချင်းပေါက်ပင်ရနိူင်ပါသည်။

ကိလေသာကြားခို၍မရနိူင်ပါက..၇ရက်၊ ၇လ၊ ၇နှစ်အတွင်းရနိူင်သည်။ သို့မဟုတ်ပါက..ယခုဘဝသေခါနီးအချိန်တွင် ဝိပဿနာတရာနှလုံးသွင်းပြီးသေဆုံးမည်ဆိုပါက နောက်ဘဝနတ်ဘုံမရောက်ခင် (ပထမအဆင့်)သောတာပတ္တိမဂ်ဖိုလ်ကိုရနိူင်သည်။

ကံလမ်းနှင့်ဈာန်လမ်းသည်နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိူင်။ နိဗ္ဗာန်ရောက်အထောက်အပံ့ကောင်းသာဖြစ်စေပြီး၊ ဝိပဿနာဘက်ပြောင်း၍ကျင့်ကြံအား ထုတ်မှသာ..နိဗ္ဗာန်ကိုရနိူင်ပါသည်။

ယခုကာလ ဝိမုတ္တိယုဂခေတ်အတွင်းသစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍..

မှန်ကန်သောအကျင့်ပဋိပတ်ဖြင့်လျင်မြန်စွာကျင့်ကြံအားထုတ်ရောက်ရှိနိူင်ကြပါစေကုန်သတည်း.။

(ဝိဇ္ဇောဒယ ပြည်သဲအင်းဆရာတော် ကြီးတရားကို နာယူ၍ရေးသားသည်)

Credit

ဤ တေဘာင္ကို အဓိပၸါယ္ေကာက္လြဲသူမ်ားသို႔

အဖိုးႀကီးအို ခါးကုန္းကုန္း မေသပါနဲ႕အုံး

ေရွးႏွစ္ခါ တန္ေဆာင္မုန္းပြဲၾကည့္ပါ အုံး။

သိသူေဖာ္စား မသိသူ ေက်ာ္သြား တေဘာင္မ်ား

အဖိုးႀကီးအို ခါးကုန္းကုန္း ဆိုသည္မွာ တို႔တေတြဟာ ဘဝတိုင္း ဘဝတိုင္း အဖိုးႀကီး အေမႀကီး ဘဝနဲ႕ အသက္အ႐ြယ္ႀကီးႀကီးနဲ႕ေသရတဲ့ ဘဝေတြ မ်ားခဲ့လွပါၿပီ

လူျဖစ္ေတာ့ လည္း လူအဖိုးႀကီး လူအဘြားႀကီး

ငွက္ျဖစ္ေတာ့လည္း ငွက္အဖိုးႀကီး ငွက္အဖြားႀကီး

ႏြားျဖစ္ေတာ့ လည္း ႏြားအဖိုးႀကီး ႏြားအဖြားႀကီး

ၾကက္ျဖစ္ေတာ့လည္း ၾကက္အဖိုးႀကီး ၾကက္အဖြားႀကီး

သူေဌးႀကီး ျဖစ္ေတာ့လည္း.သူေဌးအဖိုးႀကီး သူေဌးအဖြားႀကီး

ဘုရင္ ျဖစ္ေတာ့လည္း ဘုရင္အဖိုးႀကီး ဘုရင္အဖြားႀကီး

ဘဝ မ်ားစြာမွာ အရိယာ ဘဝက လြဲ၍ မျဖစ္ဖူးတဲ့ဘဝဆိုတာ မရွိပါဘူး

သူေဌးႀကီး ဘုရင္ႀကီး ေတြလည္းျဖစ္ခဲ့ဖူးတယ္တိရိစာၦန္မ်ိဳးစုံ ဘဝလည္း ျဖစ္ဖူးခဲ့ၿပီနတ္ေတြ ျဗဟၼာေတြလည္း ျဖစ္ခဲ့ဖူး ၿပီး၃၁ ဘုံမွာ မျဖစ္ဖူးတာ မရွိသေလာက္ပဲဘဝတိုင္း ဘဝတိုင္း အသက္ႀကီး ၿပီးေသ ေသ ခဲ့ရတာခ်ည္းပဲတစ္ခ်ိဳ႕ဆိုရင္ အသက္ေတာင္မႀကီးလိုက္ရေသေနၾကရတာပဲ။

ဒါေပမဲ့မေသပါနဲ႕အုံး

ေရွးႏွစ္ခါ တန္ေဆာင္မုန္း ဆိုတာကတစ္ခ်ိဳ႕က ေနာက္ႏွစ္ခါ တန္ေဆာင္မုန္းလို႔ဆိုၾကတယ္။

အမွန္ကေရွးႏွစ္ခါတန္ေဆာင္မုန္း ပါေရွးႏွစ္ခါ ဆိုတာကလာမဲ့ႏွစ္လို႔ ထင္တတ္ၾကတယ္ မဟုတ္ပါဘူး

သာသနာေတာ္ ၂၅၆၅ ႏွစ္ရွိခဲ့ၿပီဘုရားရွင္ထားခဲ့ေတာ္မူေသာ..သာသနာေတာ္ႏွစ္၅၀၀၀ကို..တစ္ေခတ္လွ်င္အႏွစ္၅၀၀ စီျဖင့္ ေခတ္(၅)ေခတ္ပိုင္းျခားကာ..၅ေခတ္ျပည့္လွ်င္ တစ္ဖန္ျပန္ေက်ာ့သည္။

၁) ဝိမုတၱိယုဂေခတ္ (အႏွစ္ ၅၀၀)…ဘုရားပြင့္ေတာ္မူၿပီးႏွစ္ေပါင္း၅၀၀အတြင္းသည္ဂိမုတၱိယုဂေခတ္ျဖစ္ရာ..ထိုေခတ္အတြင္းဈာန္မဂ္ဖိုလ္ရရွိသူမ်ားအလြန္ေပါမ်ားသည္။

၂) သမာဓိယုဂေခတ္ (အႏွစ္၅၀၀)..ထိုေခတ္ကာလအတြင္း သမာဓိတည္႐ုံမွ်သာျဖစ္ေပသည္။

၃) သီလယုဂေခတ္ (အႏွစ္၅၀၀)…ထိုေခတ္ကာလသည္ သီလကိုသာဦးစားေပးေသာေခတ္ျဖစ္သည္။

၄) သုတယုဂေခတ္ (အႏွစ္၅၀၀)…ထိုေခတ္ ကာလအတြင္း စာေပဗဟုသုတကို ဦးစားေပးေသာေခတ္မွ်သာျဖစ္သည္။

၅) ဒါနယုဂေခတ္ (အႏွစ္၅၀၀)…ထိုေခတ္ကာလသည္ဒါနျပဳမႈကိုသာအားသန္ၾကေသာေခတ္ျဖစ္သွ္။

ထို ၅ေခတ္မွလြန္ေသာ္..ဝိမုတၱိယုဂေခတ္သို႔ျပန္လည္ေရာက္ရွိလာသည္။

သို႔ျဖစ္ရာ..သာသနာေတာ္ႏွစ္၂၅၀ေကာဇာသကၠရာဇ္ ၁၃၁၈ ခုႏွစ္ ျပည့္ၿပီးသည္မွစ၍ ဝိမုတၱိယုဂေခတ္ သို႔ျပန္လည္ဆိုက္ေရာက္လာသည္၊ထို႔ေၾကာင့္ေကာဇာသကၠရာဇ္ ၁၃၁၉ မွ ၁၈၁၉ခုႏွစ္ အတြင္းသည္ဝိမုတၱိယုဂေခတ္ျဖစ္ၿပီး၊ ထိုေခတ္မွလြဲ၍ က်န္ေခတ္မ်ားတြင္မဂ္ဖိုလ္တရားထူးမ်ားရရန္မလြယ္ကူေတာ့ပါ။ဒါကို သိထားရမယ္။

ပြဲၾကည့္ပါအုံး ဆိုတာက…

ဝိမုတၱိယုဂ ေခတ္ အနတၱသာသနာတစ္ပတ္ျပန္လည္လာေတာ့ပြဲ ၾကည့္ၾကရ အုံးမယ္ ဘာပြဲ ၾကည့္ရလည္းဆိုေတာ့ခႏၶာက ျပတဲ့ ပြဲ ကိုၾကည့္ခ်င္လည္း ၾကည့္ မၾကည့္ခ်င္လည္းၾကည့္ၾကရမယ့္ပြဲ႐ုပ္ပြဲ နာမ္ပြဲ ေဝဒနါပြဲ ပရမတ္ပြဲဓာတ္ပြဲ အာယတနပြဲ သစၥာပြဲေတြ ကိုၾကည့္ၾကရမယ္တျခား သြားၾကည့္ရမွာ မဟုတ္ဘူး

မိမိ ခႏၶာက ျပတဲ့ပြဲကို ၾကည့္ရမပဲပြဲေလးပြဲ ၾကည့္ၾကပါကာယသတိပ႒ာန္ပြဲ၊ေဝဒနါသတိပ႒ာန္ပြဲ၊စိတၱသတိပ႒ာန္ပြဲ၊ဓမၼသတိပ႒ာန္ပြဲ၊ကိုသတိ သမာဓိ ပညာ မ်က္လုံး နဲ႕ ၾကည့္ရမယ္။ဒါမွ အမွန္ကို အမွန္အတိုင္း ျမင္လိုက္မယ္။

တို႔တေတြ အားလုံးယခုဝိမုတၱိယုဂေခတ္အတြင္းလူ ျဖစ္လာရသည္မွာပင္ထူးကဲေသာ ဒုလႅဘတရားပင္ျဖစ္တယ္။

ဒါ့အျပင္…ဘဒၵကမာၻတြင္လူျဖစ္ရျခင္း၊ျမတ္စြာဘုရား၏ သာသနာေတာ္ႏွင့္ႀကဳံေတြ႕ရျခင္း၊ဗုဒၶဘါသာဝင္ မိဘမ်ား ၏သားသမီးမ်ားျဖစ္ရျခင္းမွာအင္မတန္ႀကီးမား ေသာ ဘုန္းကံေၾကာင့္ျမတ္စြာဘုရျမတ္စြာဘုရားပြင့္ထြန္းေတာ္မူရျခင္း၏အေၾကာင္း ရင္းတစ္ခုမွာသံသရာဝဋ္ဆင္းရဲအေပါင္းမွကင္း လြတ္ရာအမွန္ျမတ္နိဗၺာန္သို႔ရေစျခင္းငွာပြင့္ေတာ္မူခဲ့သျဖင့္နိဗၺာန္ေရာက္ရာရေၾကာင္းအက်င့္တရားမ်ားကိုက်င့္ႀကံအားထုတ္ရပါမည္။

ဘုရားရွင္သည္.. ပိဋကတ္သုံးပုံဟုဆိုအပ္ေသာဓမၼကၡႏၶာေပါင္း ၈၄,၀၀၀ ကိုေဟာၾကားခဲ့ေသာ္လည္း.အဓိကရည္ ႐ြယ္ခ်က္မွာ.ဆင္းရဲခပ္သိမ္းကင္းၿငိမ္းရာအမွန္ျမတ္နိဗၺာန္သို႔ေရာက္ေၾကာင္းအက်င့္တရားကို က်င့္ႀကံအားထုတ္ရန္သာျဖစ္ပါသည္။

ထိုနိဗၺာန္ေရာက္ေၾကာင္းအက်င့္တရားမ်ားသည္..

လူ႕ဘုံဘဝကသာလွ်င္က်င့္ႀကံအားထုတ္ၿပီးရရွိနိူင္ပါသည္။ သို႔ေၾကာင့္သာျမတ္စြာဘုရားရွင္တိုင္းသည္ လူ႕ျပည္ကသာလွ်င္ ပြင့္ေတာ္မူျခင္းျဖစ္ေပသည္။

လူ႕ဘုံမွ..နိဗၺာန္ကိုရရန္က်င့္ႀကံသည့္နည္း၃နည္းရွိရာ၊ယင္းတို႔မွာ-#ကံလမ္း၊ ဈာန္လမ္း၊ ဉာဏ္လမ္းဟူ၍ ျဖစ္သည္။

ကံလမ္းသည္ ဒါန၊ သီလေဆာက္ တည္၍က်င့္ႀကံအားထုတ္သည့္လမ္းျဖစ္သည္။

သမထက်င့္ႀကံအားထုတ္သည့္လမ္းကို ဈာန္လမ္းဟုေခၚၾကၿပီး၊ဝိပႆနာပြား၍က်င့္ႀကံအားထုတ္သည့္လမ္းကို ဉာဏ္လမ္းဟုေခၚပါသည္။

ဉာဏ္လမ္းသည္သာ လွ်င္ အျမန္ဆုံးႏွင့္အေကာင္းဆုံးျဖစ္ေပသည္။

သစၥာတရားကိုျပသတတ္ေသာ ဆရာသမားေကာင္း ႏွင့္ေတြ႕၍ ကိေလသာၾကားမခိုပဲက်င့္ႀကံအားထုတ္ပါကေန႕ခ်င္းေပါက္ပင္ရနိူင္ပါသည္။

ကိေလသာၾကားခို၍မရနိူင္ပါက..၇ရက္၊ ၇လ၊ ၇ႏွစ္အတြင္းရနိူင္သည္။ သို႔မဟုတ္ပါက..ယခုဘဝေသခါနီးအခ်ိန္တြင္ ဝိပႆနာတရာႏွလုံးသြင္းၿပီးေသဆုံးမည္ဆိုပါက ေနာက္ဘဝနတ္ဘုံမေရာက္ခင္ (ပထမအဆင့္)ေသာတာပတၱိမဂ္ဖိုလ္ကိုရနိူင္သည္။

ကံလမ္းႏွင့္ဈာန္လမ္းသည္နိဗၺာန္ကိုတိုက္ရိုက္မေရာက္နိူင္။ နိဗၺာန္ေရာက္အေထာက္အပံ့ေကာင္းသာျဖစ္ေစၿပီး၊ ဝိပႆနာဘက္ေျပာင္း၍က်င့္ႀကံအား ထုတ္မွသာ..နိဗၺာန္ကိုရနိူင္ပါသည္။

ယခုကာလ ဝိမုတၱိယုဂေခတ္အတြင္းသစၥာေလးပါးျမတ္တရားကိုေကာင္းစြာသိျမင္၍..

မွန္ကန္ေသာအက်င့္ပဋိပတ္ျဖင့္လ်င္ျမန္စြာက်င့္ႀကံအားထုတ္ေရာက္ရွိနိူင္ၾကပါေစကုန္သတည္း.။

(ဝိေဇၨာဒယ ျပည္သဲအင္းဆရာေတာ္ ႀကီးတရားကို နာယူ၍ေရးသားသည္)

Credit