မြန်မာနိုင်ငံရဲ့တစ်ဦးတည်းသော အိန္ဒိယနိုင်ငံရဲ့သမ္မတ ကတော်ဖြစ်ခဲ့တဲ့အမျိုးသမီး
ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံမှာမွေးထားတဲ့ မြန်မာအမျိုးသမီးလေးတစ်ဦးဟာ အိန္ဒိယနိုင်ငံ သမ္မတကတောာ် Firsr Lady of India ဖြစ်ခဲ့ဖူးပါတယ်။ သူမကတော့ ရမည်းသင်းမြို့သူတစ်ဦးဖြစ်တဲ့ ဒေါ်တင့်တင့်ပဲဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတစ်ဦးက အခြားနိုင်ငံတစ်ခုရဲ့ သမ္မတကတော် ဖြစ်ခဲ့ဖူးတာကတော့ ထူးခြားလှပါတယ်။
မတင့်တင့်ကိုတော့ ၁၉၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရမည်းသင်းဒေသတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ မတင့်တင့် ကတော့ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရရှိပြီး မြန်မာစာပေနှင့် ဘာသာစကားဌာနတွင် နည်းပြဆရာမလုပ်ဆောင်နေစဉ် ရန်ကုန်ကိုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးအရာထမ်း K.R Narayanan နှင့်ရင်းနှီးကျွမ်းဝင်ခဲ့တယ်လို့သိရပါတယ်။
ထို့နောက်မှာတော့ မတင့်တင့်ဟာ အိန္ဒိယနိုင်ငံ Delhi School of Social work တွင် ပညာတော်သင်တစ်ဦးအနေနဲ့ မဟာဘွဲ့ကို ရယူခဲ့ပြီး ၁၉၅၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် K.R Narayanan နှင့်ဒေလီတရားရုံးမှာ လက်ထပ်ခဲ့တယ်လို့သိရပါတယ်။
Narayanan မှာ ရန်ကုန် အိန္ဒိယ သံတမန်ဝန်ထမ်းဖြစ်ပြီး မတင့်တင့်ကတော့ နိုင်ငံခြားသူဖြစ်နေတဲ့အတွက် လက်ထပ်မှုတရားဝင်ဖြစ်စေရန် ဝန်ကြီးချုပ် ဂျဝါဟလာနေရူးကိုယ်တိုင် ဥပဒေကိုပြင်ဆင်ပေးခဲ့ရတယ်လို့လဲသိရပါတယ်။
မတင့်တင့်ကတော့ ခင်ပွန်းသေဆုံးပြီးသုံးနှစ်အကြာ အသက် ၈၆ နှစ် ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ညနေတွင် အိန္ဒိယနိုင်ငံ ဒေလီမြို့မှာပဲကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်နှင့်
အတူ အုတ်ဂူအတူမြှုပ်ခဲ့ပြီး မြန်မာနာမည် မတင့်တင့်ကို ၎င်း၏သဘောဆန္ဒအရ ရေးထိုးစေခဲ့တယ်လို့လဲသိရပါတယ်။
Chitra Narayanan နှင့် AmritaNarayanan သမီးနှစ်ယောက်ထွန်းကားခဲ့ပြီး သမီးကြီး Chitra Narayanan မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွင်သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး
၂၀၀၄ ခုနှစ်တွင်ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသောအိန္ဒိယသံအမတ်ကြီး ဖြစ်လာခဲ့တယ်လို့လဲသိရပါတယ်။ ပရိတ်သတ်တွေ သိရှိနိုင်စေဖို့အတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
source – ဒေါက်တာတင့်ဆွေ
ျမန္မာနိုင္ငံရဲ႕တစ္ဦးတည္းေသာ အိႏၵိယနိုင္ငံရဲ႕သမၼတ ကေတာ္ျဖစ္ခဲ့တဲ့အမ်ိဳးသမီး
ပရိတ္သတ္ႀကီးေရ ျမန္မာနိုင္ငံမွာေမြးထားတဲ့ ျမန္မာအမ်ိဳးသမီးေလးတစ္ဦးဟာ အိႏၵိယနိုင္ငံ သမၼတကေတာာ္ Firsr Lady of India ျဖစ္ခဲ့ဖူးပါတယ္။ သူမကေတာ့ ရမည္းသင္းၿမိဳ႕သူတစ္ဦးျဖစ္တဲ့ ေဒၚတင့္တင့္ပဲျဖစ္ပါတယ္။ ျမန္မာအမ်ိဳးသမီးတစ္ဦးက အျခားနိုင္ငံတစ္ခုရဲ႕ သမၼတကေတာ္ ျဖစ္ခဲ့ဖူးတာကေတာ့ ထူးျခားလွပါတယ္။
မတင့္တင့္ကိုေတာ့ ၁၉၂၃ ခုႏွစ္တြင္ ျမန္မာနိုင္ငံအလယ္ပိုင္း ရမည္းသင္းေဒသတြင္ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ မတင့္တင့္ ကေတာ့ ရန္ကုန္တကၠသိုလ္မွ B.A ဘြဲ႕ရရွိၿပီး ျမန္မာစာေပႏွင့္ ဘာသာစကားဌာနတြင္ နည္းျပဆရာမလုပ္ေဆာင္ေနစဥ္ ရန္ကုန္ကိုေရာက္ရွိေနတဲ့ အိႏၵိယနိုင္ငံျခားေရးအရာထမ္း K.R Narayanan ႏွင့္ရင္းႏွီးကြၽမ္းဝင္ခဲ့တယ္လို႔သိရပါတယ္။
ထို႔ေနာက္မွာေတာ့ မတင့္တင့္ဟာ အိႏၵိယနိုင္ငံ Delhi School of Social work တြင္ ပညာေတာ္သင္တစ္ဦးအေနနဲ႕ မဟာဘြဲ႕ကို ရယူခဲ့ၿပီး ၁၉၅၁ ခုႏွစ္ ဇြန္လ ၈ ရက္ေန႕တြင္ K.R Narayanan ႏွင့္ေဒလီတရား႐ုံးမွာ လက္ထပ္ခဲ့တယ္လို႔သိရပါတယ္။
Narayanan မွာ ရန္ကုန္ အိႏၵိယ သံတမန္ဝန္ထမ္းျဖစ္ၿပီး မတင့္တင့္ကေတာ့ နိုင္ငံျခားသူျဖစ္ေနတဲ့အတြက္ လက္ထပ္မႈတရားဝင္ျဖစ္ေစရန္ ဝန္ႀကီးခ်ဳပ္ ဂ်ဝါဟလာေန႐ူးကိုယ္တိုင္ ဥပေဒကိုျပင္ဆင္ေပးခဲ့ရတယ္လို႔လဲသိရပါတယ္။
မတင့္တင့္ကေတာ့ ခင္ပြန္းေသဆုံးၿပီးသုံးႏွစ္အၾကာ အသက္ ၈၆ ႏွစ္ ၂၀၀၈ ခုႏွစ္ ဇန္နဝါရီလ ၂၄ ရက္ေန႕ညေနတြင္ အိႏၵိယနိုင္ငံ ေဒလီၿမိဳ႕မွာပဲကြယ္လြန္ခဲ့တယ္လို႔သိရပါတယ္။ ကြယ္လြန္ခ်ိန္တြင္ ခင္ပြန္းသည္ႏွင့္
အတူ အုတ္ဂူအတူျမႇုပ္ခဲ့ၿပီး ျမန္မာနာမည္ မတင့္တင့္ကို ၎၏သေဘာဆႏၵအရ ေရးထိုးေစခဲ့တယ္လို႔လဲသိရပါတယ္။
Chitra Narayanan ႏွင့္ AmritaNarayanan သမီးႏွစ္ေယာက္ထြန္းကားခဲ့ၿပီး သမီးႀကီး Chitra Narayanan မွာ အိႏၵိယနိုင္ငံျခားေရးဝန္ႀကီးဌာနတြင္သံတမန္တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး
၂၀၀၄ ခုႏွစ္တြင္ဆြစ္ဇာလန္နိုင္ငံဆိုင္ရာ အထူးအာဏာကုန္လႊဲအပ္ျခင္းခံရေသာအိႏၵိယသံအမတ္ႀကီး ျဖစ္လာခဲ့တယ္လို႔လဲသိရပါတယ္။ ပရိတ္သတ္ေတြ သိရွိနိုင္ေစဖို႔အတြက္ ဒီသတင္းေလးကိုတင္ဆက္ေပးလိုက္ပါတယ္။
source – ေဒါက္တာတင့္ေဆြ