ဗဟုသုတ

ရေအိုင်ထဲက အဆိပ်ပြင်းမြွေတွေကို ဖယ်ရှားတဲ့ လူကို စိုရိမ်ပူပန်တာကြောင့် သူ့ရဲ့လက်ကို ကမ်းခဲ့တဲ့ တောရိုင်းမျောက်ဝံတစ်ကောင်

ရေအိုင်ထဲက အဆိပ်ပြင်းမြွေတွေကို ဖယ်ရှားတဲ့ လူကို စိုရိမ်ပူပန်တာကြောင့် သူ့ရဲ့လက်ကို ကမ်းခဲ့တဲ့ တောရိုင်းမျောက်ဝံတစ်ကောင်ရဲ့ ဓာတ်ပုံကြောင့် တောရိုင်းတိရိစ္ဆာန်တစ်ကောင်က ဒီလိုပြုမှုတက်တယ်ဆိုတာကို လူအများ အံ့အားသင့်စေခဲ့ပါတယ် ။

ထိုမြင်ကွင်းမှ ရိုက်ထားတဲ့ ပုံတွေက အင်ဒိုနီးရှားနိုင်ငံမှ အပျော်တမ်းဓာတ်ပုံဆရာ Anil Prabhakar က Safari ရေကြောင်းခရီးသည် အမျိုးသားကို နဲ့ မျောက်ဝံတို့ရဲ့ အဖြစ်ကို ရိုက်မိခဲ့တာပါ ။

ရေထဲကအမျိုးသားဟာ အန္တရာယ်ရှိတဲ့ မျိုးစိတ်များကို ကာကွယ်ရန် ရည်ရွယ်တဲ့ အကျိုးအမြတ်မယူတဲ့ Borneo Orangutan Survival Foundation အဖွဲ့အစည်းမှတစ်ဦး ဖြစ်ပါတယ် ။

ထိုနေရာမှာ မြွေတွေတွေ့တယ်ဆိုတဲ့ သတင်းထွက်နေတာကြောင့် ထိုလူက ၎င်းကို ဖယ်ရှားပစ်ရန် ထိုနေရာကို သွားခဲ့ပါတယ် ။

ဒါပေမယ့် အဲဒီနေရာကို စူးစမ်းကြည့်ပြီး ထိုလူရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေပုံရတဲ့ မျောက်ဝံတစ်ကောင်ကို တွေ့ခဲ့ပါတယ် ။

မျောက်ဝံက ထိုလူဘာလုပ်နေလဲဆိုတာကို စုံစမ်းရန်သွားပြီး အဆိပ်ပြင်းတဲ့ မြွေကိုက်ခံရမာကို စိုးရိမ်တာကြောင့် ထိုလူကို ကယ်ဆယ်ရန် သူ့ရဲ့အကူအညီလိုလိမ့်မယ်လို့ ထင်ပုံရပါတယ် ။

ဒါ့ကြောင့် သူ့ရဲ့လက်တွေကို ကမ်းလမ်းခဲ့လိုက်ပါတယ် ။ ဒါပေမယ့် Safari ခရီးသည်ယောက်ျားက မျောက်ဝံရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေမဲ့ သူက ရိုးရိုးရှင်းရှင်းပဲ ထွက်သွားခဲ့ပါတယ် ။ ချစ်စရာကောင်းတဲ့ မျောက်ဝံလို့ဆိုရမာပါဘဲ ။

Credit








Credit