Knowledge Sharing ဗဟုသုတ

ပင်စင်စားတစ်ဦးကို နိုင်ငံတော်မှ ပေးအပ်ထားသော အခွင့်အရေးများ သိရှိစေရန် အတွက် ပြန်တင်ပေးလိုက်ပါတယ်

ပင်စင်စားတစ်ဦးကို နိုင်ငံတော်မှ ပေးအပ်ထားသော အခွင့်အရေးများ သိရှိစေရန် အတွက် ပြန်တင်ပေးတာပါ။

၁။ ပင်စင်စားတစ်ဦး အနေဖြင့်အောက်ပါအခွင့်အရေးများကို ခံစားခွင့်ရရှိပါသည်-

(က) ပင်စင်စားတစ်ဦး၌ တင်ရှိနေသော ကြွေးမြီများအတွက် ပင်စင်လစာကို တရားရုံးမှ သိမ်းဆည်းခြင်း၊ ၀ရမ်းကပ်ခြင်း မပြုရ။

( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပ‌ေဒအပိုဒ် – ၉၄၃ (၅)

( ခ) ပင်စင်စားတစ်ဦးအား ၀န်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရအရေးယူ အပြစ် ပေးခြင်း မပြုရ။

( မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေ အပိုဒ် -၂၀၉ )

( ဂ) ပင်စင်လစာကို ပင်စင်စားနှစ်သက်ရာဒေသတွင် ထုတ်ယူခွင့်ရှိသည်။

( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒ အပိုဒ် – ၉၃၃ )

(ဃ) တစ်နှစ်ထက်ကျော်လွန်ပြီးပင်စင်ထုတ်ယူခြင်း မပြုပါက ပင်စင်လစာကို ဆက်လက်ထုတ်ပေးခြင်း မပြုရပါ။ ပင်စင်စားမှ ရပ်ဆိုင်းထားခဲ့သည့် ပင်စင်လစာကိုတောင်းခံလာပါက ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်ခွင့်ပြုခဲ့သူအာဏာပိုင်ထံ အမိန့်သစ်တစ်ရပ်တောင်းခံပြီး သီးခြားအမိန့်စာဖြင့် ငွေပေးမိန့် ထုတ်ပေးရပါသည်။

( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပ‌ေဒအပိုဒ် – ၉၅၆ နှင့် ၉၅၇ )

( င) ပင်စင်စားကွယ်လွန်သဖြင့် မထုတ်ယူနိုင်ခဲ့သော ပင်စင်လစာ ကျန်များကို ပင်စင်စား၏ တရား၀င်အမွေစားအမွေခံများအား ထုတ်ပေးနိုင်သည်။

( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပ‌ေဒအပိုဒ် – ၉၅၉ နှင့် ၉၆၀ )

( စ) ပင်စင်စားတစ်ဦးသည်ကြီးလေးသော ပြစ်မှုတစ်ရပ်ရပ်ကြောင့် တရားရုံး၏ ပြစ်ဒဏ် ချမှတ်ခြင်းကို ခံရလျှင်ဖြစ်စေ ဆိုးရွားသော မလျော်ကန်သည့် အပြုအမူ တစ်ရပ်ရပ်ကို ကျူးလွန်လျှင်ဖြစ်စေ၊ ယင်း၏ ပင်စင်လစာကို ( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပ‌ေဒအပိုဒ်- ၃၅၁ ) အရ ပင်စင်စားသည် ပြစ်ဒဏ်ကျခံခြင်းမှ လွတ်မြောက်လာပါက ရပ်ဆိုင်းထားသော ပင်စင်လစာကို ပြန်လည်တောင်းခံနိုင်ပါသည်။

( မြန်မာပြည်ထပ်ဆင့်ထုတ် ၀န်ထမ်းစည်းမျဉ်းဥပဒေ အပိုဒ် – ၄၃ )

စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန Pension Rules & Regulation

Credit !

Zawgyi

ပင္စင္စားတစ္ဦးကို နိုင္ငံေတာ္မွ ေပးအပ္ထားေသာ အခြင့္အေရးမ်ားသိရွိေစရန္ အတြက္ ျပန္တင္ေပးတာပါ။

၁။ ပင္စင္စားတစ္ဦး အေနျဖင့္
ေအာက္ပါ အခြင့္အေရးမ်ားကို
ခံစားခြင့္ရရွိပါသည္-

(က) ပင္စင္စားတစ္ဦး၌ တင္ရွိေနေသာ ေႂကြးၿမီမ်ားအတြက္ ပင္စင္လစာကို တရား႐ုံးမွ သိမ္းဆည္းျခင္း၊ ၀ရမ္းကပ္ျခင္း မျပဳရ။

( ၿမိဳ႕ျပ၀န္ထမ္း စည္းမ်ဥ္းဥပ‌ေဒအပိုဒ္ – ၉၄၃ (၅)

( ခ) ပင္စင္စားတစ္ဦးအား ၀န္ထမ္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းအရအေရးယူ အျပစ္ ေပးျခင္း မျပဳရ။

( ျမန္မာျပည္ထပ္ဆင့္ထုတ္ ၿမိဳ႕ျပ၀န္ထမ္း စည္းမ်ဥ္းဥပေဒ အပိုဒ္ -၂၀၉ )

( ဂ) ပင္စင္လစာကို ပင္စင္စားႏွစ္သက္ရာေဒသတြင္ ထုတ္ယူခြင့္ရွိသည္။

( ၿမိဳ႕ျပ၀န္ထမ္း စည္းမ်ဥ္းဥပဒ အပိုဒ္ – ၉၃၃ )

(ဃ) တစ္ႏွစ္ထက္ေက်ာ္လြန္ၿပီးပင္စင္ထုတ္ယူျခင္း မျပဳပါက ပင္စင္လစာကို ဆက္လက္ထုတ္ေပးျခင္း မျပဳရပါ။ ပင္စင္စားမွ ရပ္ဆိုင္းထားခဲ့သည့္ ပင္စင္လစာကိုေတာင္းခံလာပါက ပင္စင္ဦးစီးဌာနအေနျဖင့္ ပင္စင္ခြင့္ျပဳခဲ့သူအာဏာပိုင္ထံ အမိန့္သစ္တစ္ရပ္ေတာင္းခံၿပီး သီးျခားအမိန့္စာျဖင့္ ေငြေပးမိန့္ ထုတ္ေပးရပါသည္။

( ၿမိဳ႕ျပ၀န္ထမ္း စည္းမ်ဥ္းဥပ‌ေဒအပိုဒ္ – ၉၅၆ ႏွင့္ ၉၅၇ )

( င) ပင္စင္စားကြယ္လြန္သျဖင့္ မထုတ္ယူနိုင္ခဲ့ေသာ ပင္စင္လစာ က်န္မ်ားကို ပင္စင္စား၏ တရား၀င္အေမြစားအေမြခံမ်ားအား ထုတ္ေပးနိုင္သည္။

( ၿမိဳ႕ျပ၀န္ထမ္း စည္းမ်ဥ္းဥပ‌ေဒအပိုဒ္ – ၉၅၉ ႏွင့္ ၉၆၀ )

( စ) ပင္စင္စားတစ္ဦးသည္ႀကီးေလးေသာ ျပစ္မႈတစ္ရပ္ရပ္ေၾကာင့္ တရား႐ုံး၏ ျပစ္ဒဏ္ ခ်မွတ္ျခင္းကို ခံရလွ်င္ျဖစ္ေစ ဆိုး႐ြားေသာ မေလ်ာ္ကန္သည့္ အျပဳအမူ တစ္ရပ္ရပ္ကို က်ဴးလြန္လွ်င္ျဖစ္ေစ၊ ယင္း၏ ပင္စင္လစာကို ( ၿမိဳ႕ျပ၀န္ထမ္း စည္းမ်ဥ္းဥပ‌ေဒအပိုဒ္- ၃၅၁ ) အရ ပင္စင္စားသည္ ျပစ္ဒဏ္က်ခံျခင္းမွ လြတ္ေျမာက္လာပါက ရပ္ဆိုင္းထားေသာ ပင္စင္လစာကို ျပန္လည္ေတာင္းခံနိုင္ပါသည္။

( ျမန္မာျပည္ထပ္ဆင့္ထုတ္ ၀န္ထမ္းစည္းမ်ဥ္းဥပေဒ အပိုဒ္ – ၄၃ )

စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန Pension Rules & Regulation

Credit !