ဗဟုသုတ

ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၈) မျိုး

ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၈) မျိုး

လူတော်တော်များများဟာ စားစရာပစ္စည်းတစ်ခုခုဝယ်လာသည့်အခါမျိုးတွင် ရက်ကြာကြာအထားခံချင်တာတွေ၊ ကြိုတင်ဝယ်ထားတဲ့ ပစ္စည်းတွေကို များသောအားဖြင့် ရေခဲသေတ္တာထဲ ထည့်တတ်ကြပါတယ်။ သို့ရာတွင် ရေခဲသေတ္တာထဲသို့ ထည့်သင့်သည့်ပစ္စည်းနှင့် မထည့်သင့်သည့်ပစ္စည်းတွေဆိုပြီး ရှိပါတယ်။ အေးခဲလာတဲ့အခါ ပြောင်းလဲတတ်တဲ့ ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အစားအစာများ ကတော့ အောက်မှာပြောပြထားတဲ့ အရာတွေဘဲ ဖြစ်ပါတယ်။

၁။ ခရမ်းချဉ်သီးများ

ချက်ပြုတ်ထားသောခရမ်းချဉ်သီးများသည် များသောအားဖြင့်အေးခဲစေရန်ကောင်းမွန်သော်လည်း၊ လတ်ဆတ်တဲ့ ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲထားမယ်ဆိုရင်တော့ အချိန်ကြာမြင့်လာသည်နှင့်အမျှ ချွဲကျိခြင်းကို ဖြစ်ပေါ်စေပါတယ်။

၂။ဥများ

ကြက်ဥများသည် အေးခဲသောအခါ ၎င်းတို့၏အခွံများ ပေါက်ကွဲထွက်တတ်ပါသည်။ ဒါ့ကြောင့် ဥတွေကို ရေခဲသေတ္တာထဲထည့်ဖို့ မသင့်တော်ပါဘူး။ 

၃။ ဆီကြော်အစားအစာများ

ဆီကြော်အစားအစာများကို အအေးခန်းထဲထားခြင်းဟာ ၎င်းတို့ကို ပျော့အိစေပါတယ်။ ပြန်ကြော်ပြီးစားသုံးမယ်ဆိုရင်တောင် အစားအစာ၏မူလအရသာအတိုင်း မဖြစ်တော့ဘဲအရသာကို ပြောင်းလဲစေမှာဖြစ်ပါတယ်။

၄။ဆေးဖက်ဝင်အပင်များ

ဆေးဖက်ဝင်အပင်တွေကို အေးခဲစေတဲ့အစာမှာတော့ အညိုရောင်အနည်အနှစ်တွေအဖြစ်ပြောင်းပြီး စေးကပ်စေပါတယ်။ ဆေးဖက်ဝင်အပင်တွေကို အပြင်မှာဘဲ ကြိုးဖြင့်ဇောက်ထိုးချိတ်ဆွဲထားခြင်းက ရေခဲသေတ္တာထဲထားတာထက် ပိုကောင်းမွန်တဲ့ နည်းလမ်းဖြစ်စေမှာပါ။ 

၅။ သခွားသီး

အချို့သောဟင်းသီးဟင်းရွက်များသည် အေးခဲပြီးနောက်အလွန်အရသာရှိသော်လည်း သခွားသီးများသည် ၎င်းတို့ထဲမှတစ်ခုမျှမဟုတ်ပါ။

၆။ အာလူး

အာလူးကို ရေခဲသေတ္တာထဲ ထားမယ်ဆိုရင်တော့ အာလူးအရောင်တွေကျဆင်းလာမည့်အပြင် အစက်အပြောက်များလည်း ပေါ်လာတတ်ပါတယ်။ တကယ်လို့ ရေခဲသေတ္တာထဲ ထားချင်တယ်ဆိုရင်လည်း ချက်ပြုတ်ပြီးထားခြင်းကသာ ပိုမိုကောင်းမွန်စေမှာပါ။

၇။ ငရုပ်ဆီများ

ငရုပ်သီးပါဝင်တဲ့ဆော့ အချဉ်တွေကိုရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင်တော့ သူ့မှာပါဝင်တဲ့ အပူအစပ် ဂုဏ်သတ္တိတွေလျော့ကျသွားပါလိမ့်မယ်။ ရက်ပေါင်းကြာရှည်ထားသိုမယ်ဆိုရင် ဘက်တီးရီးယားတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်းသိရပါတယ်။

၈။ ပျားရည်

ပျားရည်ကိုရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားမယ်ဆိုရင် ပျားရည်ဟာ အခဲဖြစ်သွားနိုင်ပါတယ်။ ပျားရည်ဆိုတာပ သဘာဝအရခပ်ပျစ်ပျစ်အရည် အရည်ဖြစ်ပြီး မပူလွန်းမအေးလွန်းတဲ့ အခန်းအပူချိန်မှာ သိမ်းဆည်းထားမှသာ မူလအာနိဿင်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပျားရည်ကိုလည်း ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့မသင့်တော်ဘူး လို့အကြံပြုချင်ပါတယ်။

ဒီစာလေးကို ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော် …credit

Zawgyi

ေရခဲေသတၱာထဲကို လုံးဝမထည့္ထားသင့္သည့္ ပစၥည္း (၈) မ်ိဳး

လူေတာ္ေတာ္မ်ားမ်ားဟာ စားစရာပစၥည္းတစ္ခုခုဝယ္လာသည့္အခါမ်ိဳးတြင္ ရက္ၾကာၾကာအထားခံခ်င္တာေတြ၊ ႀကိဳတင္ဝယ္ထားတဲ့ ပစၥည္းေတြကို မ်ားေသာအားျဖင့္ ေရခဲေသတၱာထဲ ထည့္တတ္ၾကပါတယ္။ သို႔ရာတြင္ ေရခဲေသတၱာထဲသို႔ ထည့္သင့္သည့္ပစၥည္းႏွင့္ မထည့္သင့္သည့္ပစၥည္းေတြဆိုၿပီး ရွိပါတယ္။ ေအးခဲလာတဲ့အခါ ေျပာင္းလဲတတ္တဲ့ ေရခဲေသတၱာထဲ မထည့္သင့္တဲ့ အစားအစာမ်ား ကေတာ့ ေအာက္မွာေျပာျပထားတဲ့ အရာေတြဘဲ ျဖစ္ပါတယ္။

၁။ ခရမ္းခ်ဥ္သီးမ်ား

ခ်က္ျပဳတ္ထားေသာခရမ္းခ်ဥ္သီးမ်ားသည္ မ်ားေသာအားျဖင့္ေအးခဲေစရန္ေကာင္းမြန္ေသာ္လည္း၊ လတ္ဆတ္တဲ့ ခရမ္းခ်ဥ္သီးေတြကို ေရခဲေသတၱာထဲထားမယ္ဆိုရင္ေတာ့ အခ်ိန္ၾကာျမင့္လာသည္ႏွင့္အမွ် ခြၽဲက်ိျခင္းကို ျဖစ္ေပၚေစပါတယ္။

၂။ဥမ်ား

ၾကက္ဥမ်ားသည္ ေအးခဲေသာအခါ ၎တို႔၏အခြံမ်ား ေပါက္ကြဲထြက္တတ္ပါသည္။ ဒါ့ေၾကာင့္ ဥေတြကို ေရခဲေသတၱာထဲထည့္ဖို႔ မသင့္ေတာ္ပါဘူး။ 

၃။ ဆီေၾကာ္အစားအစာမ်ား

ဆီေၾကာ္အစားအစာမ်ားကို အေအးခန္းထဲထားျခင္းဟာ ၎တို႔ကို ေပ်ာ့အိေစပါတယ္။ ျပန္ေၾကာ္ၿပီးစားသုံးမယ္ဆိုရင္ေတာင္ အစားအစာ၏မူလအရသာအတိုင္း မျဖစ္ေတာ့ဘဲအရသာကို ေျပာင္းလဲေစမွာျဖစ္ပါတယ္။

၄။ေဆးဖက္ဝင္အပင္မ်ား

ေဆးဖက္ဝင္အပင္ေတြကို ေအးခဲေစတဲ့အစာမွာေတာ့ အညိုေရာင္အနည္အႏွစ္ေတြအျဖစ္ေျပာင္းၿပီး ေစးကပ္ေစပါတယ္။ ေဆးဖက္ဝင္အပင္ေတြကို အျပင္မွာဘဲ ႀကိဳးျဖင့္ေဇာက္ထိုးခ်ိတ္ဆြဲထားျခင္းက ေရခဲေသတၱာထဲထားတာထက္ ပိုေကာင္းမြန္တဲ့ နည္းလမ္းျဖစ္ေစမွာပါ။

၅။ သခြားသီး

အခ်ိဳ႕ေသာဟင္းသီးဟင္း႐ြက္မ်ားသည္ ေအးခဲၿပီးေနာက္အလြန္အရသာရွိေသာ္လည္း သခြားသီးမ်ားသည္ ၎တို႔ထဲမွတစ္ခုမွ်မဟုတ္ပါ။

၆။ အာလူး

အာလူးကို ေရခဲေသတၱာထဲ ထားမယ္ဆိုရင္ေတာ့ အာလူးအေရာင္ေတြက်ဆင္းလာမည့္အျပင္ အစက္အေျပာက္မ်ားလည္း ေပၚလာတတ္ပါတယ္။ တကယ္လို႔ ေရခဲေသတၱာထဲ ထားခ်င္တယ္ဆိုရင္လည္း ခ်က္ျပဳတ္ၿပီးထားျခင္းကသာ ပိုမိုေကာင္းမြန္ေစမွာပါ။

၇။ င႐ုပ္ဆီမ်ား

င႐ုပ္သီးပါဝင္တဲ့ေဆာ့ အခ်ဥ္ေတြကိုေရခဲေသတၱာထဲမွာ ထားမယ္ဆိုရင္ေတာ့ သူ႕မွာပါဝင္တဲ့ အပူအစပ္ ဂုဏ္သတၱိေတြေလ်ာ့က်သြားပါလိမ့္မယ္။ ရက္ေပါင္းၾကာရွည္ထားသိုမယ္ဆိုရင္ ဘက္တီးရီးယားေတြကို ျဖစ္ေပၚေစနိုင္တယ္လို႔လည္းသိရပါတယ္။

၈။ ပ်ားရည္

ပ်ားရည္ကိုေရခဲေသတၱာထဲမွာ သိမ္းဆည္းထားမယ္ဆိုရင္ ပ်ားရည္ဟာ အခဲျဖစ္သြားနိုင္ပါတယ္။ ပ်ားရည္ဆိုတာပ သဘာဝအရခပ္ပ်စ္ပ်စ္အရည္ အရည္ျဖစ္ၿပီး မပူလြန္းမေအးလြန္းတဲ့ အခန္းအပူခ်ိန္မွာ သိမ္းဆည္းထားမွသာ မူလအာနိႆင္ေတြကို ရရွိနိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ပ်ားရည္ကိုလည္း ေရခဲေသတၱာထဲမွာ သိမ္းဆည္းဖို႔မသင့္ေတာ္ဘူး လို႔အႀကံျပဳခ်င္ပါတယ္။

ဒီစာေလးကို ဖတ္ရႈေပးခဲ့ၾကတဲ့အတြက္ ေက်းဇူးအထူးတင္ပါတယ္ေနာ္ …credit