Knowledge Sharing ဗဟုသုတ

မြန်မာနိုင်ငံမှာခြံစည်းရိုးကာတဲ့သံပြားတွေထုတ်လုပ်ထားခြင်းရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ?

မြန်မာနိုင်ငံမှာခြံစည်းရိုးကာတဲ့သံပြားတွေထုတ်လုပ်ထားခြင်းရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ?

အရေးပေါ်လေယာဉ်ကွင်းတွေမှာ ပြေးလမ်းကို အမြန်ခင်းနိုင်အောင် သုံးတဲ့ အပြားတွေဖြစ်ပါတယ်။

M8 PSP (pierced steel planking) ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အမေရိကန်အင်ဂျင်နီယာတွေက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။

မြေသားပြေးလမ်းပေါ်မှာ အတက်အဆင်း လုပ်တဲ့အခါ မြေသား မညီညာတာတွေ၊ ပျော့၀င် ကျွံ၀င်တာတွေဖြစ်တတ်တဲ့အတွက် ပြေးလမ်းကို ညီညာမာကျောအောင် အမြန်ဆုံးလုပ်နိုင်မဲ့နည်းကို တီထွင်ရင်း M8 landing mat ကို တွေ့ရှိထုတ်လုပ်နိုင်ခဲ့ပါတယ်။

M8 landing mat အပြားတစ်ပြားဟာ ၁၀ ပေ ရှည်ပြီး ၁၅ လက်မ ကျယ်ပါတယ်။ အပေါက် ၂၉ ပေါက်ပါ အတန်း ၃ တန်း ပါ၀င်လို့စုစုပေါင်း ၈၇ ပေါက် ပါ၀င်ပါတယ်။

ဘေးပါတ်လည်မှာ တပြားနဲ့ တပြားချိတ်ဆက်လို့ရအောင် အဖို အမငုတ်တွေ ပါ၀င်ပါတယ်။ အပေါက်တွေဖောက်ထားတာက အလေးချိန်နည်းအောင်နဲ့ အပေါက်တွေရဲ့ တဖက်ကို အနားစ ရှည်ထွက်ထားခြင်းအားဖြင့် မြေပြင်မှာ ထိတဲ့အခါ မြေကြီးနဲ့ ငုတ်သဖွယ် ချိတ်မိနေအောင် ဖြစ်ပါတယ်။

ပေ ၅၀၀၀ ပြေးလမ်းတစ်ခုကို အင်ဂျင်နီယာအနည်းငယ်နဲ့ ၂ ရက်အတွင်း ခင်းနိုင်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်းမှာ M8 landing mat တန်ချိန် ၂ သန်းခန့် ထုတ်လုပ်ခဲ့ပါတ.်။

ပစိဖိတ်စစ်မျက်နှာ၊ နော်မန်ဒီကမ်းတက်ပြီးချိန်မှာ ဥရောပ စစ်မျက်နှာ တွေမှာ သုံးခဲ့ပါတယ်။ ဗီယက်နမ်စစ်မှာတော့ အမေရိကန်တွေဟာ ဖုန်တွေသဲတွေ လေယာဉ်အင်ဂျင်ထဲ မ၀င်အောင် M8A1 landing mat ကို အပေါက်တွေမပါဘဲ ထုတ်လုပ်ခဲ့ပါတယ်။

စစ်ပြီးကာလမှာတော့ လေယာဉ်ပြေးလမ်းမသုံးတော့တဲ့အတွက် လူနေအိမ်ခြံစည်းရိုးတွေ၊ အကာတွေ အဖြစ် သုံးခဲ့ကြပါတယ်။ မြန်မာနိုင်ငံနေရာတော်တော်များများမှာ ခြံစည်းရိုးအဖြစ်သုံးနေကြတာ တွေ့ရပါတယ်။

မူရင်းတင်သူအား လေးစားစွာ Credit ပေးပါသည် .

Zawgyi

ျမန္မာနိုင္ငံမွာၿခံစည္းရိုးကာတဲ့သံျပားေတြထုတ္လုပ္ထားျခင္းရဲ႕တကယ့္ရည္႐ြယ္ခ်က္ကဘာလဲ?

အေရးေပၚေလယာဥ္ကြင္းေတြမွာ ေျပးလမ္းကို အျမန္ခင္းနိုင္ေအာင္ သုံးတဲ့ အျပားေတြျဖစ္ပါတယ္။

M8 PSP (pierced steel planking) ဒုတိယကမာၻစစ္ႀကီးအတြင္းမွာ အေမရိကန္အင္ဂ်င္နီယာေတြက စတင္တီထြင္ခဲ့တာ ျဖစ္ပါတယ္။

ေျမသားေျပးလမ္းေပၚမွာ အတက္အဆင္း လုပ္တဲ့အခါ ေျမသား မညီညာတာေတြ၊ ေပ်ာ့၀င္ ကြၽံ၀င္တာေတြျဖစ္တတ္တဲ့အတြက္ ေျပးလမ္းကို ညီညာမာေက်ာေအာင္ အျမန္ဆုံးလုပ္နိုင္မဲ့နည္းကို တီထြင္ရင္း M8 landing mat ကို ေတြ႕ရွိထုတ္လုပ္နိုင္ခဲ့ပါတယ္။

M8 landing mat အျပားတစ္ျပားဟာ ၁၀ ေပ ရွည္ၿပီး ၁၅ လက္မ က်ယ္ပါတယ္။ အေပါက္ ၂၉ ေပါက္ပါ အတန္း ၃ တန္း ပါ၀င္လို႔စုစုေပါင္း ၈၇ ေပါက္ ပါ၀င္ပါတယ္။

ေဘးပါတ္လည္မွာ တျပားနဲ႕ တျပားခ်ိတ္ဆက္လို႔ရေအာင္ အဖို အမငုတ္ေတြ ပါ၀င္ပါတယ္။ အေပါက္ေတြေဖာက္ထားတာက အေလးခ်ိန္နည္းေအာင္နဲ႕ အေပါက္ေတြရဲ႕ တဖက္ကို အနားစ ရွည္ထြက္ထားျခင္းအားျဖင့္ ေျမျပင္မွာ ထိတဲ့အခါ ေျမႀကီးနဲ႕ ငုတ္သဖြယ္ ခ်ိတ္မိေနေအာင္ ျဖစ္ပါတယ္။

ေပ ၅၀၀၀ ေျပးလမ္းတစ္ခုကို အင္ဂ်င္နီယာအနည္းငယ္နဲ႕ ၂ ရက္အတြင္း ခင္းနိုင္ပါတယ္။ ဒုတိယကမာၻစစ္အတြင္းမွာ M8 landing mat တန္ခ်ိန္ ၂ သန္းခန့္ ထုတ္လုပ္ခဲ့ပါတ.္။

ပစိဖိတ္စစ္မ်က္ႏွာ၊ ေနာ္မန္ဒီကမ္းတက္ၿပီးခ်ိန္မွာ ဥေရာပ စစ္မ်က္ႏွာ ေတြမွာ သုံးခဲ့ပါတယ္။ ဗီယက္နမ္စစ္မွာေတာ့ အေမရိကန္ေတြဟာ ဖုန္ေတြသဲေတြ ေလယာဥ္အင္ဂ်င္ထဲ မ၀င္ေအာင္ M8A1 landing mat ကို အေပါက္ေတြမပါဘဲ ထုတ္လုပ္ခဲ့ပါတယ္။

စစ္ၿပီးကာလမွာေတာ့ ေလယာဥ္ေျပးလမ္းမသုံးေတာ့တဲ့အတြက္ လူေနအိမ္ၿခံစည္းရိုးေတြ၊ အကာေတြ အျဖစ္ သုံးခဲ့ၾကပါတယ္။ ျမန္မာနိုင္ငံေနရာေတာ္ေတာ္မ်ားမ်ားမွာ ၿခံစည္းရိုးအျဖစ္သုံးေနၾကတာ ေတြ႕ရပါတယ္။

မူရင္းတင္သူအား ေလးစားစြာ Credit ေပးပါသည္ .