ဗဟုသုတ

တောင်သူတွေအတွက် လွယ်ကူသည့် ကောက်ရိုးမြေဆွေး ပြုလုပ်နည်း

တောင်သူတွေအတွက် လွယ်ကူသည့် ကောက်ရိုးမြေဆွေး ပြုလုပ်နည်း

ယခုပို့စ်သည် ကောက်ရိုးများပေါများသည့် ဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ရည်ရွယ်၍ မျှဝေပေးခြင်း ဖြစ်ပါသည်။ အကယ်၍ ကောက်ရိုးရရှိရန် အဆင်မပြေပါက ဗေဒါရွက်၊ ငှက်ပျောရွက် စသည်တို့ကို အသုံးပြုနိုင်ပါသည်။

ကောက်ရိုးမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်..

မြေဆွေးပုံ အရွယ်အစားအနေဖြင့် အလျား ၆ ပေ၊ အနံ ၄ ပေ ၊ အမြင့် ၃ ပေ ရှိရပါမည်။ ကောက်ရိုးမြေဆွေး ပြုလုပ်မည့်နေရာအတွက် ရေမဝပ်နိုင်သည့်နေရာကို ရွေးချယ်ရပါမည်။

ပထမဆုံးကောက်ရိုးအလွှာအဖြစ် ၆ လက်မအမြင့်ရသည်အထိ ကောက်ရိုးကို ညီညီညာညာ ဖြန့်ကျက်လိုက်ရပါမည်။ ကောက်ရိုးများ ခြောက်သွေ့လွန်းနေပါက ရေဖျန်းပေးပြီး ခပ်သိပ်သိပ်ဖြစ်စေရန် ဖိသိပ်ပေးရပါမည်။ ထိုကောက်ရိုးပေါ်သို့ အီးအမ်ဖျော်ရည် အနည်းငယ်ပက်ဖျန်းပေးရပါမည်။ (အီးအမ်ဖျော်ရည်လုပ်နည်းကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်)

ထိုသို့ပုံစံအတိုင်း ၆ လွှာ အမြင့်အားဖြင့် ၃ ပေရသည်အထိ ထပ်ဆင့် ဖြည့်သွားပေးရမည်ဖြစ်သည်။ ၆ လွှာ စလုံးအတွက် ကောက်ရိုးချည်းသက်သက် အသုံးမပြုလိုပါက ဗေဒါရွက်ခြောက်များ သို့မဟုတ် အခြားသစ်ရွက်ခြောက်များကိုလည်း အသုံးပြုနိုင်သည်။

သတိထားရန်မှာ အလွှာ တစ်ခုပြီးတိုင်း အီးအမ်ဖျော်ရည်ကိုနှံ့စပ်စွာ ပက်ဖျန်းပေးရမည်ဖြစ်ပြီး အီးအမ်ပမာဏမများစေရန် သတိပြုရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်အနေဖြင့် ကောက်ရိုးမြေဆွေးပုံကို ပလတ်စတစ်ဖြင့် ဖုံးအုပ်ရပါမည်။

မြေသြဇာပုံကို မကြာခဏ စစ်ပေးပါ။ အကယ်၍ ခြောက်သွေ့နေလျှင် ရေဖျန်းပေးပါ။ တစ်လခွဲကြာလျှင် မြေသြဇာပုံကို ဘေးဘယ်ညာ အထက်အောက်ပြောင်းပေးပါ။ ၃ လ မှ ၅ လ ကြာလျှင် အသုံးပြုရန် အသင့်အနေအထား ရရှိမည်ဖြစ်သည်။ ၁ ဧကတွင်ရရှိသော ကောက်ရိုးများကို မြေဆွေးပြုလုပ်မည်ဆိုပါက မြေဆွေး ၁ တန်ခွဲရရှိမည်ဖြစ်သည်။

အသုံးပြုနည်းကတော့.. စိုက်ပျိုးရန်အတွက် လယ်ယာမြေပြင်ဆင်နေစဉ်အတွင်း တစ်ဧကလျှင် ကီလို ၂၀၀၀ မှ ၅၀၀၀ = တစ်ဧကလျှင် အိတ် ၅၀ မှ ၁၂၅ ထိ ဖြစ်ပါတယ်။

“အီးအမ်ဖျော်ရည် လုပ်နည်း”

မူလအီးအမ်နည်းပညာကို ဂျပန်နိုင်ငံမှ ပါမောက္ခဒေါက်တာဟီဂါက တီထွင်ခဲ့ပြီး (၁၉၈၀)ခုနှစ်မှာ စတင် အသုံးပြုခဲ့ကြပါတယ်။ မူလနည်းပညာအတိုင်းဖျော်စပ်နှုန်းမဟုတ်သော်လည်း အနီးစပ်ဆုံး ပြန်လည်ပြုလုပ်ကြပုံများ ကို ဖော်ပြပေးပါမယ်။

အီးအမ်အရည်ထဲတွင် အဓိကအားဖြင့် အကျိုးပြုအဏုဇီဝမျိုးများပါဝင်တာ ဖြစ်တဲ့အတွက်ကြောင့် ပွါးများလာအောင် မွေးမြူယူတာဘဲ ဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်မွေးမြူကြမလဲ..

ပါဝင်ပစ္စည်းများကတော့.. ရေသန့်ဘူး တဘူးခွဲစာ (1.5 L) အတွက် ဆန်အညို ၁၅၀ ဂရမ်၊ ပင်လယ်ဆား ၁၅ ဂရမ်၊ သကြားညို ၄၅ ဂရမ်၊ သန့်စင်သော ရေ ရေသန့်တဘူးခွဲ (1.5 L) တို့ဖြစ်ပါတယ်။ (၁၀၀ ဂရမ် = ၆ ကျပ်သား)

ဆား သကြားညို ရေတို့ကို ရော၍မွှေပါ ပြီးလျှင် ဆန်ညို လောင်းထည့်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများအားလုံးကို အပေါ်အောက် ဘေးတိုက် လှုပ်ခါပေးပါ။ သမသွားအောင် လှုပ်ခါပြီးသွားလျှင် အဖုံးပိတ်၍ အေးမြခြောက်သွေ့သောနေရာတွင် ၇ ရက်ထားပါ။

နေ့စဉ် ကိုယ်ပြုလုပ်ထားသော ပုံးအားစစ်ပေးပါ လေပူဖောင်းလေးများ ပလုံစီအောင်တက်လာပါက လေလျှော့ပေးရန်အတွက် အဖုံးကို ညင်သာစွာဖွင့်၍ လေထုတ်ပေးပါ။

တစ်ပတ် သို့မဟုတ် ၁၀ ရက်ကြာသောအခါ အချဉ်အနံ မွှေးမွှေးလေးရရှိလာပါက ဆန်နှင့် အရည်ကို သပ်သပ်စီ စစ်၍ခွဲထုတ်ပေးပါ။ ရရှိလာသော အရည်ကို ၁:၅၀၀ အဖြစ်ရော၍ ပက်ဖြန်းပေးနိုင်ပါတယ်။

Credit

ယခုပို႔စ္သည္ ေကာက္ရိုးမ်ားေပါမ်ားသည့္ ေဒသရွိ စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္သူမ်ားအတြက္ ရည္႐ြယ္၍ မွ်ေဝေပးျခင္း ျဖစ္ပါသည္။ အကယ္၍ ေကာက္ရိုးရရွိရန္ အဆင္မေျပပါက ေဗဒါ႐ြက္၊ ငွက္ေပ်ာ႐ြက္ စသည္တို႔ကို အသုံးျပဳနိုင္ပါသည္။

ေကာက္ရိုးေျမေဆြး ျပဳလုပ္ပုံအဆင့္ဆင့္..

ေျမေဆြးပုံ အ႐ြယ္အစားအေနျဖင့္ အလ်ား ၆ ေပ၊ အနံ ၄ ေပ ၊ အျမင့္ ၃ ေပ ရွိရပါမည္။ ေကာက္ရိုးေျမေဆြး ျပဳလုပ္မည့္ေနရာအတြက္ ေရမဝပ္နိုင္သည့္ေနရာကို ေ႐ြးခ်ယ္ရပါမည္။

ပထမဆုံးေကာက္ရိုးအလႊာအျဖစ္ ၆ လက္မအျမင့္ရသည္အထိ ေကာက္ရိုးကို ညီညီညာညာ ျဖန့္က်က္လိုက္ရပါမည္။ ေကာက္ရိုးမ်ား ေျခာက္ေသြ႕လြန္းေနပါက ေရဖ်န္းေပးၿပီး ခပ္သိပ္သိပ္ျဖစ္ေစရန္ ဖိသိပ္ေပးရပါမည္။ ထိုေကာက္ရိုးေပၚသို႔ အီးအမ္ေဖ်ာ္ရည္ အနည္းငယ္ပက္ဖ်န္းေပးရပါမည္။ (အီးအမ္ေဖ်ာ္ရည္လုပ္နည္းကို ေအာက္ဆုံးမွာ ေဖာ္ျပေပးထားပါတယ္)

ထိုသို႔ပုံစံအတိုင္း ၆ လႊာ အျမင့္အားျဖင့္ ၃ ေပရသည္အထိ ထပ္ဆင့္ ျဖည့္သြားေပးရမည္ျဖစ္သည္။ ၆ လႊာ စလုံးအတြက္ ေကာက္ရိုးခ်ည္းသက္သက္ အသုံးမျပဳလိုပါက ေဗဒါ႐ြက္ေျခာက္မ်ား သို႔မဟုတ္ အျခားသစ္႐ြက္ေျခာက္မ်ားကိုလည္း အသုံးျပဳနိုင္သည္။

သတိထားရန္မွာ အလႊာ တစ္ခုၿပီးတိုင္း အီးအမ္ေဖ်ာ္ရည္ကိုႏွံ႕စပ္စြာ ပက္ဖ်န္းေပးရမည္ျဖစ္ၿပီး အီးအမ္ပမာဏမမ်ားေစရန္ သတိျပဳရမည္ျဖစ္သည္။ ေနာက္ဆုံးအဆင့္အေနျဖင့္ ေကာက္ရိုးေျမေဆြးပုံကို ပလတ္စတစ္ျဖင့္ ဖုံးအုပ္ရပါမည္။

ေျမၾသဇာပုံကို မၾကာခဏ စစ္ေပးပါ။ အကယ္၍ ေျခာက္ေသြ႕ေနလွ်င္ ေရဖ်န္းေပးပါ။ တစ္လခြဲၾကာလွ်င္ ေျမၾသဇာပုံကို ေဘးဘယ္ညာ အထက္ေအာက္ေျပာင္းေပးပါ။ ၃ လ မွ ၅ လ ၾကာလွ်င္ အသုံးျပဳရန္ အသင့္အေနအထား ရရွိမည္ျဖစ္သည္။ ၁ ဧကတြင္ရရွိေသာ ေကာက္ရိုးမ်ားကို ေျမေဆြးျပဳလုပ္မည္ဆိုပါက ေျမေဆြး ၁ တန္ခြဲရရွိမည္ျဖစ္သည္။

အသုံးျပဳနည္းကေတာ့.. စိုက္ပ်ိဳးရန္အတြက္ လယ္ယာေျမျပင္ဆင္ေနစဥ္အတြင္း တစ္ဧကလွ်င္ ကီလို ၂၀၀၀ မွ ၅၀၀၀ = တစ္ဧကလွ်င္ အိတ္ ၅၀ မွ ၁၂၅ ထိ ျဖစ္ပါတယ္။

“အီးအမ္ေဖ်ာ္ရည္ လုပ္နည္း”

မူလအီးအမ္နည္းပညာကို ဂ်ပန္နိုင္ငံမွ ပါေမာကၡေဒါက္တာဟီဂါက တီထြင္ခဲ့ၿပီး (၁၉၈၀)ခုႏွစ္မွာ စတင္ အသုံးျပဳခဲ့ၾကပါတယ္။ မူလနည္းပညာအတိုင္းေဖ်ာ္စပ္ႏႈန္းမဟုတ္ေသာ္လည္း အနီးစပ္ဆုံး ျပန္လည္ျပဳလုပ္ၾကပုံမ်ား ကို ေဖာ္ျပေပးပါမယ္။

အီးအမ္အရည္ထဲတြင္ အဓိကအားျဖင့္ အက်ိဳးျပဳအဏုဇီဝမ်ိဳးမ်ားပါဝင္တာ ျဖစ္တဲ့အတြက္ေၾကာင့္ ပြါးမ်ားလာေအာင္ ေမြးျမဴယူတာဘဲ ျဖစ္ပါတယ္။ ဘယ္လိုျပဳလုပ္ေမြးျမဴၾကမလဲ..

ပါဝင္ပစၥည္းမ်ားကေတာ့.. ေရသန႔္ဘူး တဘူးခြဲစာ (1.5 L) အတြက္ ဆန္အညို ၁၅၀ ဂရမ္၊ ပင္လယ္ဆား ၁၅ ဂရမ္၊ သၾကားညို ၄၅ ဂရမ္၊ သန့္စင္ေသာ ေရ ေရသန႔္တဘူးခြဲ (1.5 L) တို႔ျဖစ္ပါတယ္။ (၁၀၀ ဂရမ္ = ၆ က်ပ္သား)

ဆား သၾကားညို ေရတို႔ကို ေရာ၍ေမႊပါ ၿပီးလွ်င္ ဆန္ညို ေလာင္းထည့္ပါ။ ထို႔ေနာက္ ပါဝင္ပစၥည္းမ်ားအားလုံးကို အေပၚေအာက္ ေဘးတိုက္ လႈပ္ခါေပးပါ။ သမသြားေအာင္ လႈပ္ခါၿပီးသြားလွ်င္ အဖုံးပိတ္၍ ေအးျမေျခာက္ေသြ႕ေသာေနရာတြင္ ၇ ရက္ထားပါ။

ေန႕စဥ္ ကိုယ္ျပဳလုပ္ထားေသာ ပုံးအားစစ္ေပးပါ ေလပူေဖာင္းေလးမ်ား ပလုံစီေအာင္တက္လာပါက ေလေလွ်ာ့ေပးရန္အတြက္ အဖုံးကို ညင္သာစြာဖြင့္၍ ေလထုတ္ေပးပါ။

တစ္ပတ္ သို႔မဟုတ္ ၁၀ ရက္ၾကာေသာအခါ အခ်ဥ္အနံ ေမႊးေမႊးေလးရရွိလာပါက ဆန္ႏွင့္ အရည္ကို သပ္သပ္စီ စစ္၍ခြဲထုတ္ေပးပါ။ ရရွိလာေသာ အရည္ကို ၁:၅၀၀ အျဖစ္ေရာ၍ ပက္ျဖန္းေပးနိုင္ပါတယ္။

Credit