ဗဟုသုတ

အီစတာကျွန်းပေါ်ကအီစတာကျွန်းပေါ်က အဖြေမသိ မျိုးနွယ်စု (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သောအံ့ဖွယ် အီစတာကျွန်း (သို့) ကမ္ဘာမြေကြီး၏ ချက်

အီစတာကျွန်းပေါ်ကအီစတာကျွန်းပေါ်က အဖြေမသိ မျိုးနွယ်စု (သို့) ပညာရှင်များ အဖြေရှာ၍မရနိုင်သောအံ့ဖွယ် အီစတာကျွန်း (သို့) ကမ္ဘာမြေကြီး၏ ချက်

အီစတာကျွန်းလေးပေါ်မှာ ရှေးပဝေသဏီကတည်းက အဖြေမရှိ အသိရခက်သော မျိုးနွယ်စုတစ်စုသည် တန် ၉၀ ကျော်လေးသောကျောက်သားကြီးများကို ထူးဆန်းသော ပုံပန်းသဏ္ဍန်ရှိသော ရုပ်ထုကြီးများထုဆစ်ကာ နှောင်းလူသားတို့အတွက် ပဟေဠိဆန်ဆန် ထားရှိခဲ့ပါတယ်။

တည်နေရာ

ချီလီနိုင်ငံရဲ့ Concepcion မြို့၊ တောင်ဘက်ပိုင်းမှာရှိပြီး ချီလီနိုင်ငံနှင့် တီဟီတီရဲ့ အလယ်လောက်မှာရှိတဲ့ တြိဂံပုံသဏ္ဍာန်ရှိ မီးတောင်ကျွန်းလေးပါ။

ထိုနေရာလေးသည် ကမ္ဘာပါ်တွင် အခြားနေရာများနှင့် အလွန်ကွာဝေးကာ အလွန်ပင် အထီးကျန်ဆန်လှသော နေရာတစ်ခုဖြစ်ပါတယ်။

ထူးခြားမှုများမှာ

ထိုကျွန်းလေးပေါ်တွင် ရှေးပဝေသဏီက အသိရခက်သော မျိုးနွယ်စုတစ်စုသည် တန် ၉၀ ကျော်လေးသော ကျောက်သားကြီးများကို ထူးဆန်းသော ပုံပန်းသဏ္ဍန်ရှိသော ရုပ်ထုကြီးများထုဆစ်ကာ နှောင်းလူသားတို့အတွက် ပဟေဋ္ဌိများကို ထားရှိခဲ့ကြပါတယ်။

မွိုင် (Moai)

အီစတာကျွန်း၏ အဓိကထူးခြားချက်မှာ ၈၈၇ ခုသော ဧရာမမီးတောင်ချော်ရုပ်ထု ခေါ် မွိုင်တွေပါပဲ။ ထိုမွိုင်များသည် ၁၂ ပေမှ ၁၅ ပေအထိ အမြင့်ရှိကာ ပျမ်းမျအလေးချိန်သည် တန် ၂၀ ခန့် အထိရှိကြောင်း တွေ့ရှိရသည်။

ဤ ကျွန်းလေးကို ရှေးယခင်က ‘Te Pito o te Henua’ လို့ခေါ်ဆိုခဲ့ ပြီး ကမ္ဘာကြီးရဲ့ ချက် လို့ အမည်တွင်ခဲ့တာကလည်း ပိုမိုထူးခြားဆန်းကြယ်စေတဲ့ အချက်တစ်ချက်ပါ။

ပင်လယ်ကို မျက်နှာလွှဲထားတဲ့ မွိုင် (Moai) ရုပ်ထုများကို တွေ့ရစဥ် ကျွန်း အနှံ့အပြားမှာ ပလက်ဖောင်းတွေ ထုဆစ်ခဲ့ကြပြီး ထိုအပေါ်မှာ

မွိုင်တွေဟာ ပင်လယ်ဘက်ကို မျက်နှာလွှဲပြီး ရပ်တည်နေခဲ့ကြတာပါ။ မွိုင် အများစု ကို အဝါရောင် မီးတောင်ကျောက်သား နဲ့ ထုဆစ်ခဲ့ကြပြီး လက်ရာကလည်း အင်မတန် ညက်ညောပြေပြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ ဘေးအန္တရာယ် တစ်ခုခုကြုံတွေ့ခဲ့ရပြီး ကျွန်းပေါ်မှာ မပြီးပြတ်သေးသော ထုဆစ်လက်စ မွိုင် ရုပ်ထုတွေကိုလည်း တွေ့မြင်နေရ တာပါ။

ကျောက်တုံး အစအနတွေကိုကြည့်ခြင်းအားဖြင့် ကျွန်းသူကျွန်းသားတွေ ဟာ ဘေးအန္တရာယ် တစ်ခုခုကြောင့် ထုဆစ် လက်စ မွိုင် တွေကို စွန့်ပစ် ထွက်ပြေးခဲ့ကြတယ်လို့ ယူဆစရာရှိနေခဲ့ပါတယ်။

Rongorongo အရေးအသား

အီစတာကျွန်းပေါ်က Rongorongo အမည်ရသော အရေးအသားဟာလည်း သမုဒ္ဒရာဒေသပိုင်းမှာ တွေ့ခဲ့ရတဲ့ တစ်ခုတည်းသောရှေးဟောင်းစာအရေးအသားဖြစ်ပြီး ယခုထက်ထိ ဘာသာပြန်ပုံဖော်နိုင်ခြင်းမရှိသေးတာကလည်း အီစတာကျွန်းကို ပိုမို ထူးဆန်းလေးနက် စေခဲ့တာပါ။

အီစတာကျွန်းမှာ ဘယ်လူမျိုးစုတွေ ကြီးစိုး နေထိုင်ခဲ့လဲ……

ကမ္ဘာ့လူမှုဂေဟစနစ်နှင့် အဝေးကွာအထီးအကျန်ဆုံးဖြစ်သော အီစတာကျွန်းကို အေဒီ ၇၀၀ မှ ၁၁၀၀ ကြားကာလများတွင် ပိုလီနီးရှန်းမျိုးနွယ်စုမှ မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး လက်မှုပညာ အလွန်ခေတ်မှီ ထွန်းကားခဲ့ဟန်ရှိသည်ကို မွိုင်ရုပ်ထုများကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။

အစပိုင်းမှာ လူဦးရေ ၁၅၀၀၀ ခန့်ရှိတယ်လို့ ခန့်မှန်းရပြီး နောက်ပိုင်းတွင် ပိုလီနီးရှန်း ကြွက်များ Outbreak ဖြစ်လာခြင်း၊ လူဦးရေအဆမတန် ထူထပ်လာခြင်း နှင့် သဘာဝအရင်းအမြစ်များ နှင့် သစ်တောများ ပြုန်းတီးလာခြင်း တို့ကြောင့် အေဒီ ၁၇၂၂ ခုနှစ် တွင် လူဦးရေသည် ၂၀၀၀ မှ ၃၀၀၀ ကြား အထိ ကျဆင်းလာခဲ့တယ်လို့ သိရှိရပါတယ်။

အေဒီ ၁၈၆၀ မှ စတင် ၍ ရောဂါဘယများ ဆိုးရွားလာခြင်း နှင့် ကျွန်ပြုခိုင်းစေခံရမှုတို့ကြောင့် အေဒီ ၁၈၇၇ ခုနှစ်တွင် ကျွန်းသူ ကျွန်းသား ဦးရေ ၁၁၁ ယောက်သာ ကျန်ရှိသည်အထိ လူဦးရေ လျော့ကျ ခဲ့ရပါတယ်။

လေ့လာသူ အများစုသည် ကျွန်းသူ ကျွန်းသားတို့ ၏ ရာဇဝင်သမိုင်း ကြောင်း ကို ခြေရာခံ လေ့လာနိုင်ခဲ့ကြသော်လည်း ယင်း ကျောက်ရုပ်ထုကြီးများကို မည်သည့် ရည်ရွယ်ချက် နှင့် ထုဆစ်ခဲ့လည်း ဆိုတာ မသိကြပါဘူး။

ထုဆစ်ခဲ့ ကြသော ပညာရှင်များကလည်း ဘာကြောင့် သဲလွန်စမချန်ဘဲ ပျောက်ကွယ်သွားတာပါလိမ့်….အထက်ပါမေးခွန်းများ၏ အဖြေကိုလည်း ရှာဖွေလေ့လာနိုင်ခဲ့ခြင်း မရှိ ခဲ့ပါဘူး။ ထို့အပြင် ရေဒီယိုကာဗွန်နည်းအရ ကျောက်ရုပ်ထုများကိုစမ်းသပ် စစ် ဆေးရာတွင် ကျွန်းသူကျွန်းသားတို့၏ ကျောက် ဆစ် ထုဆစ်ခြင်းမှာ အေဒီ ၁၆၅၀ ခုနှစ် တွင် လုံးဝရပ်ဆိုင်းသွားခဲ့တယ်လို့ အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရ ပါတယ်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်းသူကျွန်းသားတို့၏ ကျောက်ဆစ်ထွင်းထုခြင်းအတတ်မှာ လွန်စွာခေတ်လွန်နေကြောင်းကို သိရှိရမည်ဖြစ် သည်။

ဤကြီးမားသော ကျောက်ဆစ်ရုပ်ကြီးများကို မည်သည့်နည်းဖြင့် ထွင်းထု၍ တစ်နေရာမှ တစ်နေရာ ရွေ့ပြောင်းကာ ကျွန်းအနှံ့ စိုက်ထူခဲ့သနည်းဟူသော မေးခွန်းမှာ ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့မှာပါ။

အသစ်တွေ့ရှိမှုများ

လွန်ခဲ့တဲ့ မကြာမီနှစ်များအတွင်းက အသစ်ရှာဖွေ တွေ့ရှိမှုများကလည်း အီစတာ ကျွန်းပေါ် မှ သံသယမေးခွန်းများကို ထပ်ဆင့် တိုးပွားစေမည် ဖြစ်ပါတယ်။

အသစ်ရှာဖွေတွေ့ရှိမှုများအရ အီစတာကျွန်းပေါ်မှ မွိုင်ရုပ်ထုကြီးများသည် မြေပြင်ပေါ်တွင် ထိုးထွက်နေသော ရုပ်ထုအစိတ်အပိုင်းမျှသာဖြစ်ပြီး တူးဖော်လိုက်ပါက အောက်ဘက်ပိုင်းတွင် ဧရာမကိုယ်ထည်တစ်ခုပါ ထွက်ပေါ်လာကြောင်း အံ့ဖွယ်တွေ့ ရှိရမည် ဖြစ်သည်။

‘Art within Art’ ဆိုတဲ့ အတိုင်း ထိုကိုယ်ထည်ပိုင်း၏ ကျောဘက်တွင် မူ အသေးစိတ် ထွင်းထုထားသော ကျောက်ဆစ်ကနုတ်များကို ထင်ရှားစွာ ရှာဖွေတွေ့ ရှိခဲ့ရပါတယ်။

အီစတာကျွန်းကို လေ့လာနေသူပညာရှင်များအဖို့ ယခင်မေးခွန်း၏ အဖြေများကို ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ အသစ် အသစ်သော ပဟေဠိများ သာ ဆက်လက်ရှာဖွေတွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။

credit မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi

အီစတာကြၽန္းေပၚကအီစတာကြၽန္းေပၚက အေျဖမသိ မ်ိဳးႏြယ္စု (သို႔) ပညာရွင္မ်ား အေျဖရွာ၍မရနိုင္ေသာအံ့ဖြယ္ အီစတာကြၽန္း (သို႔) ကမာၻေျမႀကီး၏ ခ်က္

အီစတာကြၽန္းေလးေပၚမွာ ေရွးပေဝသဏီကတည္းက အေျဖမရွိ အသိရခက္ေသာ မ်ိဳးႏြယ္စုတစ္စုသည္ တန္ ၉၀ ေက်ာ္ေလးေသာေက်ာက္သားႀကီးမ်ားကို ထူးဆန္းေသာ ပုံပန္းသ႑န္ရွိေသာ ႐ုပ္ထုႀကီးမ်ားထုဆစ္ကာ ေႏွာင္းလူသားတို႔အတြက္ ပေဟဠိဆန္ဆန္ ထားရွိခဲ့ပါတယ္။

တည္ေနရာ

ခ်ီလီနိုင္ငံရဲ႕ Concepcion ၿမိဳ႕၊ ေတာင္ဘက္ပိုင္းမွာရွိၿပီး ခ်ီလီနိုင္ငံႏွင့္ တီဟီတီရဲ႕ အလယ္ေလာက္မွာရွိတဲ့ ႀတိဂံပုံသ႑ာန္ရွိ မီးေတာင္ကြၽန္းေလးပါ။

ထိုေနရာေလးသည္ ကမာၻပၚတြင္ အျခားေနရာမ်ားႏွင့္ အလြန္ကြာေဝးကာ အလြန္ပင္ အထီးက်န္ဆန္လွေသာ ေနရာတစ္ခုျဖစ္ပါတယ္။

ထူးျခားမႈမ်ားမွာ

ထိုကြၽန္းေလးေပၚတြင္ ေရွးပေဝသဏီက အသိရခက္ေသာ မ်ိဳးႏြယ္စုတစ္စုသည္ တန္ ၉၀ ေက်ာ္ေလးေသာ ေက်ာက္သားႀကီးမ်ားကို ထူးဆန္းေသာ ပုံပန္းသ႑န္ရွိေသာ ႐ုပ္ထုႀကီးမ်ားထုဆစ္ကာ ေႏွာင္းလူသားတို႔အတြက္ ပေဟ႒ိမ်ားကို ထားရွိခဲ့ၾကပါတယ္။

မြိုင္ (Moai)

အီစတာကြၽန္း၏ အဓိကထူးျခားခ်က္မွာ ၈၈၇ ခုေသာ ဧရာမမီးေတာင္ေခ်ာ္႐ုပ္ထု ေခၚ မြိုင္ေတြပါပဲ။ ထိုမြိုင္မ်ားသည္ ၁၂ ေပမွ ၁၅ ေပအထိ အျမင့္ရွိကာ ပ်မ္းမ်အေလးခ်ိန္သည္ တန္ ၂၀ ခန႔္ အထိရွိေၾကာင္း ေတြ႕ရွိရသည္။

ဤ ကြၽန္းေလးကို ေရွးယခင္က ‘Te Pito o te Henua’ လို႔ေခၚဆိုခဲ့ ၿပီး ကမာၻႀကီးရဲ႕ ခ်က္ လို႔ အမည္တြင္ခဲ့တာကလည္း ပိုမိုထူးျခားဆန္းၾကယ္ေစတဲ့ အခ်က္တစ္ခ်က္ပါ။

ပင္လယ္ကို မ်က္ႏွာလႊဲထားတဲ့ မြိုင္ (Moai) ႐ုပ္ထုမ်ားကို ေတြ႕ရစဥ္ ကြၽန္း အႏွံ႕အျပားမွာ ပလက္ေဖာင္းေတြ ထုဆစ္ခဲ့ၾကၿပီး ထိုအေပၚမွာ

မြိုင္ေတြဟာ ပင္လယ္ဘက္ကို မ်က္ႏွာလႊဲၿပီး ရပ္တည္ေနခဲ့ၾကတာပါ။ မြိုင္ အမ်ားစု ကို အဝါေရာင္ မီးေတာင္ေက်ာက္သား နဲ႕ ထုဆစ္ခဲ့ၾကၿပီး လက္ရာကလည္း အင္မတန္ ညက္ေညာေျပျပစ္တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ထူးျခားတာကေတာ့ ေဘးအႏၲရာယ္ တစ္ခုခုႀကဳံေတြ႕ခဲ့ရၿပီး ကြၽန္းေပၚမွာ မၿပီးျပတ္ေသးေသာ ထုဆစ္လက္စ မြိုင္ ႐ုပ္ထုေတြကိုလည္း ေတြ႕ျမင္ေနရ တာပါ။

ေက်ာက္တုံး အစအနေတြကိုၾကည့္ျခင္းအားျဖင့္ ကြၽန္းသူကြၽန္းသားေတြ ဟာ ေဘးအႏၲရာယ္ တစ္ခုခုေၾကာင့္ ထုဆစ္ လက္စ မြိုင္ ေတြကို စြန႔္ပစ္ ထြက္ေျပးခဲ့ၾကတယ္လို႔ ယူဆစရာရွိေနခဲ့ပါတယ္။

Rongorongo အေရးအသား

အီစတာကြၽန္းေပၚက Rongorongo အမည္ရေသာ အေရးအသားဟာလည္း သမုဒၵရာေဒသပိုင္းမွာ ေတြ႕ခဲ့ရတဲ့ တစ္ခုတည္းေသာေရွးေဟာင္းစာအေရးအသားျဖစ္ၿပီး ယခုထက္ထိ ဘာသာျပန္ပုံေဖာ္နိုင္ျခင္းမရွိေသးတာကလည္း အီစတာကြၽန္းကို ပိုမို ထူးဆန္းေလးနက္ ေစခဲ့တာပါ။

အီစတာကြၽန္းမွာ ဘယ္လူမ်ိဳးစုေတြ ႀကီးစိုး ေနထိုင္ခဲ့လဲ……

ကမာၻ႔လူမႈေဂဟစနစ္ႏွင့္ အေဝးကြာအထီးအက်န္ဆုံးျဖစ္ေသာ အီစတာကြၽန္းကို ေအဒီ ၇၀၀ မွ ၁၁၀၀ ၾကားကာလမ်ားတြင္ ပိုလီနီးရွန္းမ်ိဳးႏြယ္စုမွ မေတာ္တဆ ရွာေဖြေတြ႕ရွိခဲ့ၿပီး လက္မႈပညာ အလြန္ေခတ္မွီ ထြန္းကားခဲ့ဟန္ရွိသည္ကို မြိုင္႐ုပ္ထုမ်ားကို ၾကည့္ျခင္းျဖင့္ သိရွိနိုင္ပါတယ္။

အစပိုင္းမွာ လူဦးေရ ၁၅၀၀၀ ခန႔္ရွိတယ္လို႔ ခန႔္မွန္းရၿပီး ေနာက္ပိုင္းတြင္ ပိုလီနီးရွန္း ႂကြက္မ်ား Outbreak ျဖစ္လာျခင္း၊ လူဦးေရအဆမတန္ ထူထပ္လာျခင္း ႏွင့္ သဘာဝအရင္းအျမစ္မ်ား ႏွင့္ သစ္ေတာမ်ား ျပဳန္းတီးလာျခင္း တို႔ေၾကာင့္ ေအဒီ ၁၇၂၂ ခုႏွစ္ တြင္ လူဦးေရသည္ ၂၀၀၀ မွ ၃၀၀၀ ၾကား အထိ က်ဆင္းလာခဲ့တယ္လို႔ သိရွိရပါတယ္။

ေအဒီ ၁၈၆၀ မွ စတင္ ၍ ေရာဂါဘယမ်ား ဆိုး႐ြားလာျခင္း ႏွင့္ ကြၽန္ျပဳခိုင္းေစခံရမႈတို႔ေၾကာင့္ ေအဒီ ၁၈၇၇ ခုႏွစ္တြင္ ကြၽန္းသူ ကြၽန္းသား ဦးေရ ၁၁၁ ေယာက္သာ က်န္ရွိသည္အထိ လူဦးေရ ေလ်ာ့က် ခဲ့ရပါတယ္။

ေလ့လာသူ အမ်ားစုသည္ ကြၽန္းသူ ကြၽန္းသားတို႔ ၏ ရာဇဝင္သမိုင္း ေၾကာင္း ကို ေျခရာခံ ေလ့လာနိုင္ခဲ့ၾကေသာ္လည္း ယင္း ေက်ာက္႐ုပ္ထုႀကီးမ်ားကို မည္သည့္ ရည္႐ြယ္ခ်က္ ႏွင့္ ထုဆစ္ခဲ့လည္း ဆိုတာ မသိၾကပါဘူး။

ထုဆစ္ခဲ့ ၾကေသာ ပညာရွင္မ်ားကလည္း ဘာေၾကာင့္ သဲလြန္စမခ်န္ဘဲ ေပ်ာက္ကြယ္သြားတာပါလိမ့္….အထက္ပါေမးခြန္းမ်ား၏ အေျဖကိုလည္း ရွာေဖြေလ့လာနိုင္ခဲ့ျခင္း မရွိ ခဲ့ပါဘူး။ ထို႔အျပင္ ေရဒီယိုကာဗြန္နည္းအရ ေက်ာက္႐ုပ္ထုမ်ားကိုစမ္းသပ္ စစ္ ေဆးရာတြင္ ကြၽန္းသူကြၽန္းသားတို႔၏ ေက်ာက္ ဆစ္ ထုဆစ္ျခင္းမွာ ေအဒီ ၁၆၅၀ ခုႏွစ္ တြင္ လုံးဝရပ္ဆိုင္းသြားခဲ့တယ္လို႔ အံ့အားသင့္ဖြယ္ရာ ေတြ႕ရွိခဲ့ရ ပါတယ္။

ဤအခ်က္ကို ၾကည့္ျခင္းအားျဖင့္ ကြၽန္းသူကြၽန္းသားတို႔၏ ေက်ာက္ဆစ္ထြင္းထုျခင္းအတတ္မွာ လြန္စြာေခတ္လြန္ေနေၾကာင္းကို သိရွိရမည္ျဖစ္ သည္။

ဤႀကီးမားေသာ ေက်ာက္ဆစ္႐ုပ္ႀကီးမ်ားကို မည္သည့္နည္းျဖင့္ ထြင္းထု၍ တစ္ေနရာမွ တစ္ေနရာ ေ႐ြ႕ေျပာင္းကာ ကြၽန္းအႏွံ႕ စိုက္ထူခဲ့သနည္းဟူေသာ ေမးခြန္းမွာ ဒ႑ာရီတစ္ခုအျဖစ္သာ က်န္ရစ္ခဲ့မွာပါ။

အသစ္ေတြ႕ရွိမႈမ်ား

လြန္ခဲ့တဲ့ မၾကာမီႏွစ္မ်ားအတြင္းက အသစ္ရွာေဖြ ေတြ႕ရွိမႈမ်ားကလည္း အီစတာ ကြၽန္းေပၚ မွ သံသယေမးခြန္းမ်ားကို ထပ္ဆင့္ တိုးပြားေစမည္ ျဖစ္ပါတယ္။

အသစ္ရွာေဖြေတြ႕ရွိမႈမ်ားအရ အီစတာကြၽန္းေပၚမွ မြိုင္႐ုပ္ထုႀကီးမ်ားသည္ ေျမျပင္ေပၚတြင္ ထိုးထြက္ေနေသာ ႐ုပ္ထုအစိတ္အပိုင္းမွ်သာျဖစ္ၿပီး တူးေဖာ္လိုက္ပါက ေအာက္ဘက္ပိုင္းတြင္ ဧရာမကိုယ္ထည္တစ္ခုပါ ထြက္ေပၚလာေၾကာင္း အံ့ဖြယ္ေတြ႕ ရွိရမည္ ျဖစ္သည္။

‘Art within Art’ ဆိုတဲ့ အတိုင္း ထိုကိုယ္ထည္ပိုင္း၏ ေက်ာဘက္တြင္ မူ အေသးစိတ္ ထြင္းထုထားေသာ ေက်ာက္ဆစ္ကႏုတ္မ်ားကို ထင္ရွားစြာ ရွာေဖြေတြ႕ ရွိခဲ့ရပါတယ္။

အီစတာကြၽန္းကို ေလ့လာေနသူပညာရွင္မ်ားအဖို႔ ယခင္ေမးခြန္း၏ အေျဖမ်ားကို ရွာေဖြေတြ႕ရွိျခင္း မရွိေသးဘဲ အသစ္ အသစ္ေသာ ပေဟဠိမ်ား သာ ဆက္လက္ရွာေဖြေတြ႕ ရွိခဲ့တာ ျဖစ္ပါတယ္။

credit မူရင္းေရးသားသူအားေလးစားစြာျဖင့္