ဗဟုသုတ

ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ (ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ)

ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ

(ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ)

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာအစားအသောက် စားသုံးရာမှာ အခန့်မသင့် ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။

အခုအချိန်မှာ ရာသီစာဖြစ်တဲ့ဒူးရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူးရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။

ဒူးရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။

ဒူးရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူးရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသောဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူးရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဒူးရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန် အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ်ချက်များအရသိရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူးရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့တိုက်တွန်းထားပါတယ်။

ထို့အပြင် ဒူးရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့်လိုင်ချီးသီးများဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဗဟုသုတ ရအောင်ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူးရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမကသွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက်ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။
.
၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများလေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။

၃။ ဒူးရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူးရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကို ၀မ်းအေးစေ ရန်သောက်သုံးပေးသင့်ပါတယ်။

၄။ ဒူးရင်းသီးမှာ အပူဓာတ်နှင့်သကြားဓာတ်ကြွယ်၀စွာပါ၀င်တာမို့အ၀လွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။

၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါ၀င်တာကြောင့် နာတာရှည်ကျောက်ကပ် မကောင်းသူများ နှင့်နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။

၆။ ဒူးရင်းသီးကိုတစ်ကြိမ်စားတိုင်းအများအပြားမစားသုံးသင့်သည့်အပြင် ဒူးရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။

၇။ ဒူးရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မ၀ယ်ယူသင့်ပါဘူး။

၈။ ဒူးရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများ သောက်သုံးပေးသင့်ပါတယ်။

ဒူးရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်၀စွာပါ၀င်တာကြောင့်အမြောက်အများ စားသုံးခြင်းဟာခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ၀မ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်းစားသုံးသင့်ပါတယ်။ ဒူးရင်းသီးအမြောက်အများစားသုံးမိပါကမင်းကွတ်သီးစားသုံးပေး ခြင်းဖြင့်အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ဒုးရင်းသီးကြိုက်နှစ်သက်သူများ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်း အက်ျိုးငှာတင်ဆက်ပေးလိုက်ပါတယ်။Credit

Zawgyi

ဒူးရင္းသီး ႀကိဳက္သူမ်ား သတိျပဳစရာ

(ဒူးရင္းသီးေပၚခ်ိန္မို႔ ဖတ္ထားသင့္တဲ့ပိုစ့္ပါ)

အသြားမေတာ္တစ္လွမ္း အစားမေတာ္တစ္လုတ္’ ဆိုတဲ့စကားပုံဟာအစားအေသာက္ စားသုံးရာမွာ အခန့္မသင့္ ရင္ဒုကၡေရာက္တတ္တာကိုေဖာ္ျပေနတာပဲျဖစ္ပါတယ္။

အခုအခ်ိန္မွာ ရာသီစာျဖစ္တဲ့ဒူးရင္းသီးဟာ အစားမတတ္ရင္ေဘးျဖစ္တတ္ပါတယ္။ ဒူးရင္းသီးဆိုတာက အသီးတကာတို႔ရဲ႕ဘုရင္လို႔တင္စားရေလာက္ေအာင္ အနံ႕အရသာ ျပည့္စုံ႐ုံမွ်မက အားအင္ျဖစ္ေစနိုင္ေသာ သစ္သီးတစ္မ်ိဳးလည္းျဖစ္ပါတယ္။

ဒူးရင္းသီးဟာ ျမန္မာနိုင္ငံတြင္သာမက ထိုင္းနိုင္ငံ၊မေလးရွားနိုင္ငံ တို႔မွေနၿပီးအမ်ားဆုံးထြက္ရွိကာ လူႀကိဳက္မ်ားေသာ သစ္သီးလည္းျဖစ္ပါတယ္။

ဒူးရင္းသီးဟာ စားတတ္ရင္အားအင္ျဖစ္ထြန္းသလို မစားတတ္ရင္ ေႁမြထက္ေတာင္ အဆိပ္ျပင္းတဲ့ အသီးလို႔လည္းေျပာလို႔ရပါတယ္။

ထိုင္းနိုင္ငံသို႔ အလည္အပတ္သြားေရာက္ေသာ နိုင္ငံျခားသားတစ္ဦး ဒူးရင္းသီးအစားမတတ္တာေၾကာင့္ အသက္ဆုံးရႉံးသြားရေသာျဖစ္ရပ္တစ္ခုလည္းျဖစ္ပြားခဲ့ပါတယ္။ အဆိုပါ ကမာၻလွည့္ ခရီးသည္ဟာ အသက္ ၂၉ ႏွစ္သာရွိေသးၿပီး ဒူးရင္းသီးကိုႀကိဳက္ႏွစ္သက္ တာေၾကာင့္ အမ်ားႀကီးစားသုံးခဲ့ကာ ႏြားနို႔ ႏွင့္ ေကာ္ဖီကိုလည္း ေသာက္သုံးခဲ့ေသာေၾကာင့္ အသက္ဆုံးရႈံးခဲ့ရပါတယ္။

ဘာေၾကာင့္လည္းဆိုေတာ့ ဒူးရင္းသီးႏွင့္ ႏြားနို႔ေပါင္းစပ္လိုက္ ပါကေသြးေပါင္ခ်ိန္ အလြန္တက္သြားၿပီး ေရွာ့ခ္ျဖစ္ကာေသဆုံးရျခင္းျဖစ္တယ္လို႔ ေဆးစစ္ခ်က္မ်ားအရသိရပါတယ္။

ဒါေၾကာင့္ ထိုင္းနိုင္ငံမွာ ဒူးရင္းသီးကို စားသုံးၿပီး ၈-နာရီအတြင္း နို႔ထြက္အစားအေသာက္မ်ားကို မစားသုံးဖို႔တိုက္တြန္းထားပါတယ္။

ထို႔အျပင္ ဒူးရင္းသီးႏွင့္အတူ တြဲဖက္မစားသင့္တဲ့ အစားအေသာက္မ်ားကေတာ့ အရက္၊ ကိုကာကိုလာ ႏွင့္လိုင္ခ်ီးသီးမ်ားျဖစ္ၿပီး စားသုံးမိပါက အသက္အႏၲရာယ္ျဖစ္ေစနိုင္တယ္ လို႔ဆိုပါတယ္။

ဘာေၾကာင့္ဒီလိုျဖစ္ရတာလဲဗဟုသုတ ရေအာင္ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဒူးရင္းသီးႏွင့္အရက္တြဲဖက္မစားသုံးသင့္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ ႏွစ္ခုစလုံး အပူစာေတြျဖစ္တာေၾကာင့္ သာမန္လူမ်ားသာမကေသြးတိုးႏွင့္ ဆီးခ်ိဳရွိသူမ်ားဆိုရင္ ဦးေႏွာက္ ေသြးေၾကာျပတ္ျခင္း၊ႏွလုံးေသြးေၾကာေပါက္ျခင္း၊ ေသြးေၾကာမ်ား႐ုတ္တရက္ေပါက္ျခင္း ႏွင့္ ေလျဖတ္နိုင္ျခင္းတို႔ေၾကာင့္ တြဲဖက္စားသုံးျခင္း မျပဳဖို႔တိုက္တြန္း လိုပါတယ္။
.
၂။ အပူမ်ားတဲ့ခႏၶာကိုယ္အဖြဲ႕အစည္းရွိသူမ်ား၊ လည္ေခ်ာင္းနာေခ်ာင္းဆိုးသူမ်ား၊ ဖ်ားနာသူမ်ားေလႁပြန္ေရာင္ေရာဂါရွိသူမ်ားအေနျဖင့္ ဒူးရင္းသီးစားသုံးပါက ေရာဂါ အေျခအေန ပိုမိုဆိုး႐ြားတတ္တာေၾကာင့္ မစားသုံးသင့္ပါဘူး။

၃။ ဒူးရင္းသီးစားသုံးျခင္းဟာ အပူမ်ားတတ္ျခင္းေၾကာင့္ ဒူးရင္းသီးစားၿပီးပါက ပဲစိမ္းသာကူက်ိဴကို ၀မ္းေအးေစ ရန္ေသာက္သုံးေပးသင့္ပါတယ္။

၄။ ဒူးရင္းသီးမွာ အပူဓာတ္ႏွင့္သၾကားဓာတ္ႂကြယ္၀စြာပါ၀င္တာမို႔အ၀လြန္ေရာဂါရွိသူမ်ား ႏွင့္ ကိုယ္အေလးခ်ိန္မ်ားသူမ်ား စားသုံးရန္မသင့္ပါဘူး။

၅။ ပိုတက္စီယမ္ဓာတ္အလြန္ျမင့္မားစြာပါ၀င္တာေၾကာင့္ နာတာရွည္ေက်ာက္ကပ္ မေကာင္းသူမ်ား ႏွင့္ႏွလုံးေရာဂါရွိသူမ်ားအတြက္ မသင့္ေလ်ာ္ပါဘူး။

၆။ ဒူးရင္းသီးကိုတစ္ႀကိမ္စားတိုင္းအမ်ားအျပားမစားသုံးသင့္သည့္အျပင္ ဒူးရင္းသီးအနံ႕မွာ အရက္နံ႕ထြက္ေနၿပီဆိုရင္လည္း စားသုံးဖို႔မသင့္ေတာ့ပါဘူး။

၇။ ဒူးရင္းသီးထိပ္ပြင့္ေနရင္ အၾကာႀကီးထားရန္မသင့္သည့္အျပင္ အနံ႕လည္း ေျပာင္းလဲေတာ့မွာျဖစ္တာေၾကာင့္ မ၀ယ္ယူသင့္ပါဘူး။

၈။ ဒူးရင္းသီး စားသုံးၿပီးခ်ိန္မွာ ေရအေျမာက္အမ်ား ေသာက္သုံးေပးသင့္ပါတယ္။

ဒူးရင္းသီးအတြင္း အာဟာရဓာတ္အလြန္ႂကြယ္၀စြာပါ၀င္တာေၾကာင့္အေျမာက္အမ်ား စားသုံးျခင္းဟာခႏၶာကိုယ္ကိုဒုကၡျဖစ္ေစ႐ုံသာမက ၀မ္းခ်ဳပ္နိုင္တာေၾကာင့္ ထိန္းသိမ္းစားသုံးသင့္ပါတယ္။ ဒူးရင္းသီးအေျမာက္အမ်ားစားသုံးမိပါကမင္းကြတ္သီးစားသုံးေပး ျခင္းျဖင့္အပူဓာတ္ကိုေလ်ာ့ခ်ေပးနိုင္ပါတယ္။

ဒါေၾကာင့္ ဒုးရင္းသီးႀကိဳက္ႏွစ္သက္သူမ်ား ဆင္ျခင္စားေသာက္နိုင္ဖို႔ အႏၲရာယ္ကင္းေစျခင္း အက္်ိဳးငွာတင္ဆက္ေပးလိုက္ပါတယ္။

Credit