ဗဟုသုတ

ကီလိုမီတာ ၃၀၀နီးပါးခရီးကို ခြေကျင်လျှောက်သွားနေခဲ့တဲ့အမေအိုကြီးရဲ့ အကြောင်းရင်းအမှန်က…

ကီလိုမီတာ ၃၀၀နီးပါးခရီးကို ခြေကျင်လျှောက်သွားနေခဲ့တဲ့အမေအိုကြီးရဲ့ အကြောင်းရင်းအမှန်က…

မိဘတွေအတွက်အရေးအကြီးဆုံးက သားသမီးတွေပါ။သားသမီးပျောက်သွားတဲ့မိဘတွေရဲ့ရင်ထဲမှာ အမြဲတမ်းငိုနေမယ်ဆိုတာလည်း အလောင်းအစားလုပ်စရာမလိုတဲ့ကိစ္စတစ်ခုပါ။Rachfeed မီဒီယာရဲ့ဖော်ပြချက်အရ အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့အဘွားတစ်ယောက်က သူမရဲ့ပျောက်ဆုံးနေတဲ့ကလေးကိုရှာဖို့ကီလိုမီတာ ၃၀၀ ခန့်ခရီးကို လမ်းတကာလျှောက်သွားပြီးလိုက်ရှာနေတယ်လို့သိရပါတယ်။

ဒီခရီးက လူငယ်တွေ ခြေကျင်လျှောက်ဖို့တောင်မစဉ်းစားပါဘူး။ဒါပေမဲ့အမေအိုကြီးကတော့ လျှောက်ခဲ့ပါတယ်။ထိုအမေအိုကြီးက သူမရဲ့ခွေးလေးကိုခေါ်ဆောင်ပြီးလမ်းတကာလျှောက်သွားပြီးလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။ခွေးလေးကို ချစ်စရာအကျီလေးဝတ်ပေးထားပြီးအမေအိုကလည်းအကျီတွေအထပ်ထပ်ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။ပူအိုက်နေတဲ့ရာသီဥတုကြီးမှာ ပစ္စည်းပစ္စယအစုံအလင်၊အကျီတွေအများကြီးဝတ်ဆင်ထားပြီးလမ်းတကာလျှောက်သွားနေတဲ့အမေအိုကြီးကိုတွေ့တဲ့သူတွေက စိတ်မနှံ့သူတစ်ယောက်လို့ယူဆထားကြပါတယ်။

ဒါပေမဲ့ ထိုအမေအိုကြီးက သူမရဲ့ပျောက်ဆုံးသွားတဲ့ကလေးကိုရှာနေတဲ့အကြောင်းကို Sheena Cordova Buquiran ဆိုသူအမျိုးသမီးက ပြန်ပြီးမျှဝေပြောပြခဲ့တာဖြစ်ပါတယ်။Sheena ဟာ ကားမောင်းနေရင်း ထိုအမေအိုကြီးကိုတွေ့တော့ တစ်ခြားသူတွေလိုပဲ စိတ်မနံှ့သူလို့ထင်ခဲ့တာပါ။နောက်တစ်နေ့မှာလည်း ထိုအမေအိုကြီးကိုမြင်တွေ့ခဲ့တဲ့နေရာကနေ ၁၀ကီလိုမီတာလောက်အကွာအဝေးမှာ သူမရဲ့ခွေးလေးနဲ့အတူထပ်ပြီးမြင်တွေ့ခဲ့ရပါတယ်တဲ့။

အဲ့ဒါနဲ့ သူမဟာ အိမ်ရောက်တော့ သူမရဲ့အဖေကိုပြောပြခဲ့ပြီး သူမနေထိုင်တဲ့အိမ်နားကိုတောင် ရောက်ရင်ရောက်လာမလားမသိဘူးဆိုပြီးရယ်စရာပြောခဲ့ပါသေးတယ်။တကယ်လည်း နောက်ထပ် ရက်အနည်းငယ်အကြာမှာ ထိုအမေအိုကြီးကို သူမနေထိုင်တဲ့ Tanjay မြို့မှာတေ့ွခဲ့ပါတယ်။သူမတို့မိသားစုကလည်း ထိုအမေအိုကြီးက စိတ်မနှံ့သူမဟုတ်ဘူးဆိုတာသိခဲ့ပြီး ပျောက်ဆုံးသွားတဲ့ကလေးကိုလိုက်ရှာနေတာဖြစ်ကြောင်းသိခဲ့ရပါတယ်။

Sheena က အဲ့ဒီအကြောင်းကိုအွန်လိုင်းမှာတင်ခဲ့တာပါ။ကောမန့်တွေအရ အမေအိုကြီးကိုစတွေ့တဲ့နေရာကနေ Sheena တွေ့တဲ့အချိန်ထိပြန်တွက်ကြည့်တဲ့အခါမှာကီလိုမီတာ ၃၀၀ နီးပါးရှိနေပါပြီ။နောက်ထပ်ဘယ်လောက်ထိရှည်တဲ့ခရီးကိုလျေျာက်ရဦးမလဲမသိသေးပါဘူး။တစ်ခြားသူတွေကလည်း ထိုအမေအိုကြီး ကလေးကိုမြန်မြန်ရှာတွေ့ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။

Credit

ကီလိုမီတာ ၃၀၀နီးပါးခရီးကို ေျခက်င္ေလွ်ာက္သြားေနခဲ့တဲ့အေမအိုႀကီးရဲ႕ အေၾကာင္းရင္းအမွန္က…

မိဘေတြအတြက္အေရးအႀကီးဆုံးက သားသမီးေတြပါ။သားသမီးေပ်ာက္သြားတဲ့မိဘေတြရဲ႕ရင္ထဲမွာ အၿမဲတမ္းငိုေနမယ္ဆိုတာလည္း အေလာင္းအစားလုပ္စရာမလိုတဲ့ကိစၥတစ္ခုပါ။Rachfeed မီဒီယာရဲ႕ေဖာ္ျပခ်က္အရ အသက္အ႐ြယ္အိုမင္းေနၿပီျဖစ္တဲ့အဘြားတစ္ေယာက္က သူမရဲ႕ေပ်ာက္ဆုံးေနတဲ့ကေလးကိုရွာဖို႔ကီလိုမီတာ ၃၀၀ ခန႔္ခရီးကို လမ္းတကာေလွ်ာက္သြားၿပီးလိုက္ရွာေနတယ္လို႔သိရပါတယ္။

ဒီခရီးက လူငယ္ေတြ ေျခက်င္ေလွ်ာက္ဖို႔ေတာင္မစဥ္းစားပါဘူး။ဒါေပမဲ့အေမအိုႀကီးကေတာ့ ေလွ်ာက္ခဲ့ပါတယ္။ထိုအေမအိုႀကီးက သူမရဲ႕ေခြးေလးကိုေခၚေဆာင္ၿပီးလမ္းတကာေလွ်ာက္သြားၿပီးလိုက္ရွာေနခဲ့တာျဖစ္ပါတယ္။ေခြးေလးကို ခ်စ္စရာအက်ီေလးဝတ္ေပးထားၿပီးအေမအိုကလည္းအက်ီေတြအထပ္ထပ္ဝတ္ဆင္ထားတာကိုေတြ႕ရပါတယ္။ပူအိုက္ေနတဲ့ရာသီဥတုႀကီးမွာ ပစၥည္းပစၥယအစုံအလင္၊အက်ီေတြအမ်ားႀကီးဝတ္ဆင္ထားၿပီးလမ္းတကာေလွ်ာက္သြားေနတဲ့အေမအိုႀကီးကိုေတြ႕တဲ့သူေတြက စိတ္မႏွံ႕သူတစ္ေယာက္လို႔ယူဆထားၾကပါတယ္။

ဒါေပမဲ့ ထိုအေမအိုႀကီးက သူမရဲ႕ေပ်ာက္ဆုံးသြားတဲ့ကေလးကိုရွာေနတဲ့အေၾကာင္းကို Sheena Cordova Buquiran ဆိုသူအမ်ိဳးသမီးက ျပန္ၿပီးမွ်ေဝေျပာျပခဲ့တာျဖစ္ပါတယ္။Sheena ဟာ ကားေမာင္းေနရင္း ထိုအေမအိုႀကီးကိုေတြ႕ေတာ့ တစ္ျခားသူေတြလိုပဲ စိတ္မနံွ႕သူလို႔ထင္ခဲ့တာပါ။ေနာက္တစ္ေန႕မွာလည္း ထိုအေမအိုႀကီးကိုျမင္ေတြ႕ခဲ့တဲ့ေနရာကေန ၁၀ကီလိုမီတာေလာက္အကြာအေဝးမွာ သူမရဲ႕ေခြးေလးနဲ႕အတူထပ္ၿပီးျမင္ေတြ႕ခဲ့ရပါတယ္တဲ့။

အဲ့ဒါနဲ႕ သူမဟာ အိမ္ေရာက္ေတာ့ သူမရဲ႕အေဖကိုေျပာျပခဲ့ၿပီး သူမေနထိုင္တဲ့အိမ္နားကိုေတာင္ ေရာက္ရင္ေရာက္လာမလားမသိဘူးဆိုၿပီးရယ္စရာေျပာခဲ့ပါေသးတယ္။တကယ္လည္း ေနာက္ထပ္ ရက္အနည္းငယ္အၾကာမွာ ထိုအေမအိုႀကီးကို သူမေနထိုင္တဲ့ Tanjay ၿမိဳ႕မွာေတ့ြခဲ့ပါတယ္။သူမတို႔မိသားစုကလည္း ထိုအေမအိုႀကီးက စိတ္မႏွံ႕သူမဟုတ္ဘူးဆိုတာသိခဲ့ၿပီး ေပ်ာက္ဆုံးသြားတဲ့ကေလးကိုလိုက္ရွာေနတာျဖစ္ေၾကာင္းသိခဲ့ရပါတယ္။

Sheena က အဲ့ဒီအေၾကာင္းကိုအြန္လိုင္းမွာတင္ခဲ့တာပါ။ေကာမန႔္ေတြအရ အေမအိုႀကီးကိုစေတြ႕တဲ့ေနရာကေန Sheena ေတြ႕တဲ့အခ်ိန္ထိျပန္တြက္ၾကည့္တဲ့အခါမွာကီလိုမီတာ ၃၀၀ နီးပါးရွိေနပါၿပီ။ေနာက္ထပ္ဘယ္ေလာက္ထိရွည္တဲ့ခရီးကိုေလ််ာက္ရဦးမလဲမသိေသးပါဘူး။တစ္ျခားသူေတြကလည္း ထိုအေမအိုႀကီး ကေလးကိုျမန္ျမန္ရွာေတြ႕ပါေစလို႔ ဆုေတာင္းေပးခဲ့ၾကပါတယ္။

Credit