ဗဟုသုတ

မထု မိလိုက်တဲ့ နောက်ဆုံးတူတစ်ချက်ကြောင့် သူဌေးဖြစ်မယ့်ဘဝကို ဆုံးရှုံးခဲ့ရသူ

မထု မိလိုက်တဲ့ နောက်ဆုံးတူတစ်ချက်ကြောင့် သူဌေးဖြစ်မယ့်ဘဝကို ဆုံးရှုံးခဲ့ရသူ

တူတစ်ချက်

တစ်ခါတုန်းက လူသွားလူလာများတဲ့ တောလမ်း တစ်နေရာမှာ ကျောက်တုံးကြီး တစ်တုံး ရှိသတဲ့။အဲဒီ ကျောက်တုံး ပေါ်မှာလည်း စာတစ်ချို့ရေးထွင်းထားပါတယ်။ကျောက်တုံး ပေါ်မှာ ရေးထားတဲ့ စာကတော့ဤ ကျောက်တုံးကြီး ကို ဆယ်ပေါင်တူ နှင့်အချက် တစ်ထောင်ပြည့်အောင် ထုခွဲလျင်တစ်သက်စာ ချမ်းသာသော ရတနာ များ ရမည်တဲ့။

လမ်းသွားလမ်းလာတွေက အဲဒီစာကိုမြင်တော့ပြုံးကြတာပေါ့။အရူးတစ်ယောက် လက်ဆော့သွားတာနေမယ်လို့ထင်ကြေးပေးတဲ့သူတွေလည်း ရှိပါတယ်။ဟုတ်တော့လည်း ဟုတ်တယ်။

ကျောက်တုံးကြီး ထုခွဲရုံနဲ့ တစ်သက်စာ ချမ်းသာ ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းတယ်လေ။နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တစ်ထောင်ထုဖို့ဆိုတာတော်ရုံ ဇွဲသတ္တိနဲ့လည်း မဖြစ်ဘူး မဟုတ်လား။ဒီလိုနဲ့ ခရီးသွား တွေဟာ အဲဒီ ကျောက်တုံးကြီး ကို ခဏတစ်ဖြုတ် နားစရာအနေနဲ့ပဲထိုင်ကြ မှီကြပြီး ထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြဘူးတဲ့။

တစ်နေ့မှာတော့လူတစ်ယောက်ဟာ ဆယ်ပေါင်တူ နဲ့ သောက်ရေ ဗူးနဲ့ရောက်လာပြီးအဲဒီ ကျောက်တုံးကြီး ကို ထုခွဲပါတော့တယ်။ဖြတ်သွားဖြတ်လာတွေကတော့သူ့ကို လှောင်တဲ့ သူကလှောင်။ပြုံးတဲ့သူကပြုံး။ချီးမွမ်းတဲ့သူက ချီးမွမ်း။ အရူးလို့ ပြောတဲ့သူက ပြောပေါ့လေ။

ဒါပေမဲ့ သူကတော့ ဇွဲမလျှော့ပဲ ဆယ်ပေါင်တူကြီး နဲ့ထုလိုက်၊ ရေသောက်လိုက်နဲ့ ကြိုးစားနေဆဲပဲ။လူတွေကလည်း တစ်ယောက်ပြီး တစ်ယောက်လာပြီးတော့မဖြစ်နိုင်တဲ့အတွက် ဆက်မလုပ်ဖို့ ပြောသူက ပြော၊တကယ်ချမ်းသာမယ်ဆို ရှေးလူတွေက ထုခွဲ ခဲ့ကြမှာပေါ့။

တကယ်မဟုတ်လို့သာ အရင်လူတွေက ဒီအတိုင်းပစ်ထားခဲ့ကြတာလို့ မှတ်ချက် ပေးသူက ပေးစသည်ဖြင့် အမျိုးမျိုး လာဖြောင့်ဖျကြတယ်။

အချက်( ၅၀၀ )ကျော်လာတဲ့အခါသူလည်း တဖြည်းဖြည်း ပင်ပန်း လာသလိုတစ်ယောက်ပြီး တစ်ယောက် လာတားကြတဲ့ စကား တွေကြောင့်အားနည်းနည်း လျော့ချင်သလို ဖြစ်လာပါတယ်။ကြာလာတော့ သူ့မှာ ဒွိဟ ဖြစ်လာတော့တယ်။

တစ်ဖက်က အချက်ပေါင်း ငါးရာ တောင် ကျော်လာခဲ့ပြီပဲ၊ ဒီကျောက်တုံးကို ဆက်ခွဲမယ်လို့ တွေးမိသလိုတစ်ဖက်ကလည်း ကျောက်တုံးကြီး ကွဲလို့ အထဲမှာ ဘာမှမရှိရင်ရော ဆိုတာမျိုးလည်း တွေးနေမိတယ်တဲ့။

အဲဒီလို ဇဝေဇဝါ စဉ်းစားရင်းနဲ့ ကျောက်တုံးကြီး ကိုဆက်ခွဲလာလိုက်တာဘယ်နှစ်ချက်ရှိသွားပြီ ဆိုတာကို သူမေ့သွားခဲ့တယ်။အချက်( ၇၀၀ )လား၊( ၈၀၀ )လား သူမသိတော့ဘူး။အဲဒီအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်ရောက်လာခဲ့ပါတယ်။

လာသမျှလူတွေလို ဆက်မလုပ်ဖို့ တားမယ်လို့ထင်ခဲ့ပေမယ့်ဒီလူကတော့ ပူးပေါင်းဖို့ လာတာဖြစ်ပါတယ်။ကျွန်တော် ပါဝင်ပါရစေ။တစ်ကယ်လို့ ရလာလျှင် ခင်ဗျားက အရင်အားစိုက်ထုတ်ပြီးဖြစ်တဲ့အတွက်ဝေစုရဲ့ နှစ်ပုံကို ယူပါ။ကျွန်တော်က နောက်မှ လာပူးပေါင်းတဲ့အတွက်ကျွန်တော့်ကို ဝေစုတစ်ပုံပဲ ပေးပါ လို့ တောင်းဆိုသတဲ့။

အဲဒီမှာ ပထမလူ ခဏတော့ တွေဝေသွားတယ်ပေါ့။ဟုတ်တယ်လေ။သူကြိုးစားလာတာ အချက်တစ်ထောင်ပြည့်ခါနီးနေမှလာပူးပေါင်းတာကိုး။ပြီးတော့ သူ့ကို ရလာတဲ့ ရတနာရဲ့ သုံးပုံတစ်ပုံပေးပါတဲ့။

နောက်တော့ အို ကိုယ်က အပင်ပန်းခံထားတာပဲ၊မပေးနိုင်ပါဘူးလို့ တွေးလိုက်ပြီးဒုတိယလူရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ်တဲ့။ ပြီးတော့ ကျောက်တုံးကြီးကို ဆက်ခွဲနေတယ်။

ဒုတိယလူကတော့ ထွက်မသွားသေးပဲ ဘေးနာမှာပဲ ထိုင်စောင့်နေခဲ့တယ်။သူအချက်ပေါင်းများစွာ ကြိုးစားခွဲပေမယ့် ကျောက်တုံးကြီး ကတော့ တုတ်တုတ်မှ မလှုပ်သေးဘူးတဲ့။နောက်ဆုံးတော့ သူလည်း စိတ်ပျက်သွားပြီးလက်လျှော့လိုက်ပါတော့တယ်။

ပြီးတော့ ဒုတိယလူကိုလည်း ကျွန်တော် ဒီကျောက်တုံးကြီးကို ထုခွဲလာတာအချက်ပေါင်း တစ်ထောင်ကျော်လောက်ပြီဗျ၊။ဒါပေမယ့် အခုထိ ဘာမှ မဖြစ်ဘူး။အမှန်က ကျွန်တော် ရူးတာပါဗျာ။အစကတည်းက မလုပ်ပဲနေခဲ့ရမှာ ဆိုပြီးပြောပါတယ်။ဒုတိယလူက ခင်ဗျား ဒီအလုပ်ကို စွန့်လွှတ်မယ်ဆိုရင်ကျွန်တော် ဆက်ထုခွဲပါရစေလို့ ခွင့်တောင်းသတဲ့။

ပထမလူက ခင်ဗျားလည်း အပင်ပန်းခံမနေပါနဲ့ဗျာ။ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။ကျွန်တော်ကတော့ စွန့်လွှတ်လိုက်ပြီလို့ ပြောပြီးထွက်သွားလေသတဲ့။

သူထွက်သွားလို့ ခပ်လှမ်းလှမ်းအရောက်မှာပဲဝုန်းဆိုတဲ့ အသံကြီးကို ကြားလိုက်ရလို့ လှည့်ကြည့်မိလိုက်တော့ ကျောက်တုံးကြီးကွဲနေတာကို အံ့သြဖွယ်ရာ မြင်လိုက်ရပါတော့တယ်။

ကျောက်တုံးကြီး အတွင်းမှာတော့ ဝင်းလက်တောက်ပနေတဲ့ ရတနာ တွေပေါ့။

ဒုတိယလူ က ရတနာ တွေရှေ့မှာ ပြုံးပျော်လို့ ဝမ်းသာနေတဲ့ပုံနဲ့။သူဟာ…အံ့လည်း အံ့သြသလို နောင်တလည်း ရသွားပါတယ်။အမှန်တော့ သူကြိုးစားပြီး ကျောက်တုံးကြီး ကို ဆယ်ပေါင်တူ နဲ့ထုခဲ့တဲ့ အချက်ပေါင်းဟာ( ၉၉၉ )ချက်ပဲရှိသေးတာကို သူ မသိခဲ့တာလေ။ဒီတော့ ဒုတိယလူ ဟာ ကျောက်တုံးကြီးကို ခွဲဖို့အတွက်တစ်ချက်ပဲ ထုလိုက်ရတော့တာပေါ့။တစ်ခါတစ်လေ ကိုယ်တို့ ဘဝ တွေမှာလည်း သူများတွေ ကြိုးစားနေချိန်ပူးပေါင်းပါဝင်ဖို့ရော ကြိုးစားဘူးပါသလား?ဘေးကနေ ဖြတ်သွားဖြတ်လာလုပ်ပြီး ကြိုးစားနေသူကိုမဖြစ်နိုင်ဘူးလို့ တားမြစ်ဘူးပါသလား?

ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပြီးမှ ဘေးစကားကြောင့်အားလျော့ စိတ်ပျက်သွားတာမျိုး ဖြစ်ဘူးပါသလား-?တွေဝေမိတဲ့ ဒွိဟ စိတ်တွေကြောင့် ထားလက်စရည်မှန်းချက် ပျောက်သွားတာမျိုးရော ဖြစ်ဘူးပါသလား?ကြိုးစားလက်စကို ရပ်တန့်ဖို့များ စဉ်းစားမိရင် မထုမိလိုက်တဲ့ တူ တစ်ချက်ကြောင့်ဘဝ ကိုပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်တာကို မမေ့ပါနဲ့နော်။လူတွေက ကိုယ့်လုပ်ရပ်ကို ချီးမွမ်းသည် ဖြစ်စေကဲ့ရဲ့သည် ဖြစ်စေ။လှောင်ပြောင်ရှုံ့ချသည် ဖြစ်စေ။

စိတ်ဆန္ဒပြင်းပြတဲ့ ယုံကြည်မှု နဲ့ ကြိုးစားအားထုတ်မှုကိုတော့ ဘယ်တော့မှ မဖျက်ဆီးလိုက်ပါနဲ့။

Credit:xyznews

မထု မိလိုက္တဲ့ ေနာက္ဆုံးတူတစ္ခ်က္ေၾကာင့္ သူေဌးျဖစ္မယ့္ဘဝကို ဆုံးရႈံးခဲ့ရသူ

တူတစ္ခ်က္

တစ္ခါတုန္းက လူသြားလူလာမ်ားတဲ့ ေတာလမ္း တစ္ေနရာမွာ ေက်ာက္တုံးႀကီး တစ္တုံး ရွိသတဲ့။အဲဒီ ေက်ာက္တုံး ေပၚမွာလည္း စာတစ္ခ်ိဳ႕ေရးထြင္းထားပါတယ္။ေက်ာက္တုံး ေပၚမွာ ေရးထားတဲ့ စာကေတာ့ဤ ေက်ာက္တုံးႀကီး ကို ဆယ္ေပါင္တူ ႏွင့္အခ်က္ တစ္ေထာင္ျပည့္ေအာင္ ထုခြဲလ်င္တစ္သက္စာ ခ်မ္းသာေသာ ရတနာ မ်ား ရမည္တဲ့။

လမ္းသြားလမ္းလာေတြက အဲဒီစာကိုျမင္ေတာ့ၿပဳံးၾကတာေပါ့။အ႐ူးတစ္ေယာက္ လက္ေဆာ့သြားတာေနမယ္လို႔ထင္ေၾကးေပးတဲ့သူေတြလည္း ရွိပါတယ္။ဟုတ္ေတာ့လည္း ဟုတ္တယ္။

ေက်ာက္တုံးႀကီး ထုခြဲ႐ုံနဲ႕ တစ္သက္စာ ခ်မ္းသာ ဖို႔ဆိုတာ စိတ္ကူးယဥ္ဆန္လြန္းတယ္ေလ။ေနာက္ၿပီး ဆယ္ေပါင္တူနဲ႕ အခ်က္တစ္ေထာင္ထုဖို႔ဆိုတာေတာ္႐ုံ ဇြဲသတၱိနဲ႕လည္း မျဖစ္ဘူး မဟုတ္လား။ဒီလိုနဲ႕ ခရီးသြား ေတြဟာ အဲဒီ ေက်ာက္တုံးႀကီး ကို ခဏတစ္ျဖဳတ္ နားစရာအေနနဲ႕ပဲထိုင္ၾက မွီၾကၿပီး ထုခြဲဖို႔ကို ဘယ္သူမွ စိတ္မဝင္စားၾကဘူးတဲ့။

တစ္ေန႕မွာေတာ့လူတစ္ေယာက္ဟာ ဆယ္ေပါင္တူ နဲ႕ ေသာက္ေရ ဗူးနဲ႕ေရာက္လာၿပီးအဲဒီ ေက်ာက္တုံးႀကီး ကို ထုခြဲပါေတာ့တယ္။ျဖတ္သြားျဖတ္လာေတြကေတာ့သူ႕ကို ေလွာင္တဲ့ သူကေလွာင္။ၿပဳံးတဲ့သူကၿပဳံး။ခ်ီးမြမ္းတဲ့သူက ခ်ီးမြမ္း။ အ႐ူးလို႔ ေျပာတဲ့သူက ေျပာေပါ့ေလ။

ဒါေပမဲ့ သူကေတာ့ ဇြဲမေလွ်ာ့ပဲ ဆယ္ေပါင္တူႀကီး နဲ႕ထုလိုက္၊ ေရေသာက္လိုက္နဲ႕ ႀကိဳးစားေနဆဲပဲ။လူေတြကလည္း တစ္ေယာက္ၿပီး တစ္ေယာက္လာၿပီးေတာ့မျဖစ္နိုင္တဲ့အတြက္ ဆက္မလုပ္ဖို႔ ေျပာသူက ေျပာ၊တကယ္ခ်မ္းသာမယ္ဆို ေရွးလူေတြက ထုခြဲ ခဲ့ၾကမွာေပါ့။

တကယ္မဟုတ္လို႔သာ အရင္လူေတြက ဒီအတိုင္းပစ္ထားခဲ့ၾကတာလို႔ မွတ္ခ်က္ ေပးသူက ေပးစသည္ျဖင့္ အမ်ိဳးမ်ိဳး လာေျဖာင့္ဖ်ၾကတယ္။

အခ်က္( ၅၀၀ )ေက်ာ္လာတဲ့အခါသူလည္း တျဖည္းျဖည္း ပင္ပန္း လာသလိုတစ္ေယာက္ၿပီး တစ္ေယာက္ လာတားၾကတဲ့ စကား ေတြေၾကာင့္အားနည္းနည္း ေလ်ာ့ခ်င္သလို ျဖစ္လာပါတယ္။ၾကာလာေတာ့ သူ႕မွာ ဒြိဟ ျဖစ္လာေတာ့တယ္။

တစ္ဖက္က အခ်က္ေပါင္း ငါးရာ ေတာင္ ေက်ာ္လာခဲ့ၿပီပဲ၊ ဒီေက်ာက္တုံးကို ဆက္ခြဲမယ္လို႔ ေတြးမိသလိုတစ္ဖက္ကလည္း ေက်ာက္တုံးႀကီး ကြဲလို႔ အထဲမွာ ဘာမွမရွိရင္ေရာ ဆိုတာမ်ိဳးလည္း ေတြးေနမိတယ္တဲ့။

အဲဒီလို ဇေဝဇဝါ စဥ္းစားရင္းနဲ႕ ေက်ာက္တုံးႀကီး ကိုဆက္ခြဲလာလိုက္တာဘယ္ႏွစ္ခ်က္ရွိသြားၿပီ ဆိုတာကို သူေမ့သြားခဲ့တယ္။အခ်က္( ၇၀၀ )လား၊( ၈၀၀ )လား သူမသိေတာ့ဘူး။အဲဒီအခ်ိန္မွာပဲ ေနာက္ထပ္ လူတစ္ေယာက္ေရာက္လာခဲ့ပါတယ္။

လာသမွ်လူေတြလို ဆက္မလုပ္ဖို႔ တားမယ္လို႔ထင္ခဲ့ေပမယ့္ဒီလူကေတာ့ ပူးေပါင္းဖို႔ လာတာျဖစ္ပါတယ္။ကြၽန္ေတာ္ ပါဝင္ပါရေစ။တစ္ကယ္လို႔ ရလာလွ်င္ ခင္ဗ်ားက အရင္အားစိုက္ထုတ္ၿပီးျဖစ္တဲ့အတြက္ေဝစုရဲ႕ ႏွစ္ပုံကို ယူပါ။ကြၽန္ေတာ္က ေနာက္မွ လာပူးေပါင္းတဲ့အတြက္ကြၽန္ေတာ့္ကို ေဝစုတစ္ပုံပဲ ေပးပါ လို႔ ေတာင္းဆိုသတဲ့။

အဲဒီမွာ ပထမလူ ခဏေတာ့ ေတြေဝသြားတယ္ေပါ့။ဟုတ္တယ္ေလ။သူႀကိဳးစားလာတာ အခ်က္တစ္ေထာင္ျပည့္ခါနီးေနမွလာပူးေပါင္းတာကိုး။ၿပီးေတာ့ သူ႕ကို ရလာတဲ့ ရတနာရဲ႕ သုံးပုံတစ္ပုံေပးပါတဲ့။

ေနာက္ေတာ့ အို ကိုယ္က အပင္ပန္းခံထားတာပဲ၊မေပးနိုင္ပါဘူးလို႔ ေတြးလိုက္ၿပီးဒုတိယလူရဲ႕ ေတာင္းဆိုမႈကို ျငင္းလိုက္တယ္တဲ့။ ၿပီးေတာ့ ေက်ာက္တုံးႀကီးကို ဆက္ခြဲေနတယ္။

ဒုတိယလူကေတာ့ ထြက္မသြားေသးပဲ ေဘးနာမွာပဲ ထိုင္ေစာင့္ေနခဲ့တယ္။သူအခ်က္ေပါင္းမ်ားစြာ ႀကိဳးစားခြဲေပမယ့္ ေက်ာက္တုံးႀကီး ကေတာ့ တုတ္တုတ္မွ မလႈပ္ေသးဘူးတဲ့။ေနာက္ဆုံးေတာ့ သူလည္း စိတ္ပ်က္သြားၿပီးလက္ေလွ်ာ့လိုက္ပါေတာ့တယ္။

ၿပီးေတာ့ ဒုတိယလူကိုလည္း ကြၽန္ေတာ္ ဒီေက်ာက္တုံးႀကီးကို ထုခြဲလာတာအခ်က္ေပါင္း တစ္ေထာင္ေက်ာ္ေလာက္ၿပီဗ်၊။ဒါေပမယ့္ အခုထိ ဘာမွ မျဖစ္ဘူး။အမွန္က ကြၽန္ေတာ္ ႐ူးတာပါဗ်ာ။အစကတည္းက မလုပ္ပဲေနခဲ့ရမွာ ဆိုၿပီးေျပာပါတယ္။ဒုတိယလူက ခင္ဗ်ား ဒီအလုပ္ကို စြန႔္လႊတ္မယ္ဆိုရင္ကြၽန္ေတာ္ ဆက္ထုခြဲပါရေစလို႔ ခြင့္ေတာင္းသတဲ့။

ပထမလူက ခင္ဗ်ားလည္း အပင္ပန္းခံမေနပါနဲ႕ဗ်ာ။ဘာအက်ိဳးမွ ထူးမွာ မဟုတ္ပါဘူး။ကြၽန္ေတာ္ကေတာ့ စြန႔္လႊတ္လိုက္ၿပီလို႔ ေျပာၿပီးထြက္သြားေလသတဲ့။

သူထြက္သြားလို႔ ခပ္လွမ္းလွမ္းအေရာက္မွာပဲဝုန္းဆိုတဲ့ အသံႀကီးကို ၾကားလိုက္ရလို႔ လွည့္ၾကည့္မိလိုက္ေတာ့ ေက်ာက္တုံးႀကီးကြဲေနတာကို အံ့ၾသဖြယ္ရာ ျမင္လိုက္ရပါေတာ့တယ္။

ေက်ာက္တုံးႀကီး အတြင္းမွာေတာ့ ဝင္းလက္ေတာက္ပေနတဲ့ ရတနာ ေတြေပါ့။

ဒုတိယလူ က ရတနာ ေတြေရွ႕မွာ ၿပဳံးေပ်ာ္လို႔ ဝမ္းသာေနတဲ့ပုံနဲ႕။သူဟာ…အံ့လည္း အံ့ၾသသလို ေနာင္တလည္း ရသြားပါတယ္။အမွန္ေတာ့ သူႀကိဳးစားၿပီး ေက်ာက္တုံးႀကီး ကို ဆယ္ေပါင္တူ နဲ႕ထုခဲ့တဲ့ အခ်က္ေပါင္းဟာ( ၉၉၉ )ခ်က္ပဲရွိေသးတာကို သူ မသိခဲ့တာေလ။ဒီေတာ့ ဒုတိယလူ ဟာ ေက်ာက္တုံးႀကီးကို ခြဲဖို႔အတြက္တစ္ခ်က္ပဲ ထုလိုက္ရေတာ့တာေပါ့။တစ္ခါတစ္ေလ ကိုယ္တို႔ ဘဝ ေတြမွာလည္း သူမ်ားေတြ ႀကိဳးစားေနခ်ိန္ပူးေပါင္းပါဝင္ဖို႔ေရာ ႀကိဳးစားဘူးပါသလား?ေဘးကေန ျဖတ္သြားျဖတ္လာလုပ္ၿပီး ႀကိဳးစားေနသူကိုမျဖစ္နိုင္ဘူးလို႔ တားျမစ္ဘူးပါသလား?

ယုံၾကည္မႈ အျပည့္နဲ႕ စတင္ခဲ့ၿပီးမွ ေဘးစကားေၾကာင့္အားေလ်ာ့ စိတ္ပ်က္သြားတာမ်ိဳး ျဖစ္ဘူးပါသလား-?ေတြေဝမိတဲ့ ဒြိဟ စိတ္ေတြေၾကာင့္ ထားလက္စရည္မွန္းခ်က္ ေပ်ာက္သြားတာမ်ိဳးေရာ ျဖစ္ဘူးပါသလား?ႀကိဳးစားလက္စကို ရပ္တန႔္ဖို႔မ်ား စဥ္းစားမိရင္ မထုမိလိုက္တဲ့ တူ တစ္ခ်က္ေၾကာင့္ဘဝ ကိုေျပာင္းလဲပစ္နိုင္တဲ့ အခြင့္အေရးေတြ ဆုံးရႈံးသြားတတ္တာကို မေမ့ပါနဲ႕ေနာ္။လူေတြက ကိုယ့္လုပ္ရပ္ကို ခ်ီးမြမ္းသည္ ျဖစ္ေစကဲ့ရဲ႕သည္ ျဖစ္ေစ။ေလွာင္ေျပာင္ရႈံ႕ခ်သည္ ျဖစ္ေစ။

စိတ္ဆႏၵျပင္းျပတဲ့ ယုံၾကည္မႈ နဲ႕ ႀကိဳးစားအားထုတ္မႈကိုေတာ့ ဘယ္ေတာ့မွ မဖ်က္ဆီးလိုက္ပါနဲ႕။

Credit:xyznews