စိုက်ပျိုးရေး ဗဟုသုတ

စီးပွားဖြစ် ပဲတောင့်ရှည် စိုက်ပျိုးနည်းစနစ်အပြည့်အစုံ

စီးပွားဖြစ် ပဲတောင့်ရှည် စိုက်ပျိုးနည်းစနစ်အပြည့်အစုံ

တိုင်ထောင်ပဲ ပဲတောင့်ရှည်တွင် အပင်ရှည်မျိုးကို တိုင်ထောင်ပြီးအ စိုက်များကြပါတယ်။ အတောင့်အရောင်က အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဆိုပြီး အမျိုးမျိုးကွဲပြား ပါတယ်။ အစေ့အရောင်က အဖြူ၊ အနက်၊ အနီရောင်နဲ့ အဖြူအနီရောတဲ့ အရောင်ဆိုပြီးတော့လည်း အမျိုးမျိုး ရှိပါတယ်။

ကြိုက်နှစ်သက်သော ရေ၊ မြေ၊ရာသီဥတု

တိုင်ထောင်ပဲဟာ သဲမြေမှ မြေစေးအထိ မြေအမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပါတယ်။ အလွန်ချဉ်တဲ့မြေတွေမှာ ကောင်း ကောင်းမဖြစ်ထွန်းနိုင်ပါ။စိုက်ပျိုးဖို့ အကောင်းဆုံး မြေချဉ်ငန်ဓာတ်ကတော့ (၆-၇)အတွင်းဖြစ်ပါတယ်။

အပူချိန် (၁၀)ဒီဂရီစင်တီဂရိတ်အောက်မှာ သီးပွင့်မှုကို လျော့နည်းစေပြီး ရာသီဥတုအရမ်းပူ ဒါမှမဟုတ် မိုး အရမ်းများရင်လည်း အပွင့်အသီးကို ကြွေစေပါတယ်။ အသင့်တော်ဆုံးအပူချိန်ကတော့ (၁၅-၂၂)ဒီ ဂရီ စင်တီဂရိတ်အတွင်းဖြစ်ပါတယ်။

မျိုးစေ့နှုန်းထား

ချုံပုတ်မျိုး (၄၀-၄၅)ကီလိုဂရမ်/ဧက

တိုင်ထောင်မျိုး (၁၂-၁၅)ကီလိုဂရမ်/ဧက

မြေပြုပြင်ခြင်း

ထယ် (၂) စပ်၊ ထွန်(၂)စပ်နဲ့ ထွန်းရေးအသင့်အတင့်ကောင်းရင် စိုက်ပျိုးနိုင်ပါတယ်။ ရေမဝပ်တဲ့မြေကိုရွေးချယ်စိုက်ပျိုးရမှာ ဖြစ်ပါတယ်။

မြေသြဇာထည့်သွင်းအသုံးပြုခြင်း

တစ်ဧကအတွက် နွားချေးလှည်း (၅-၁၀)စီး၊ ယူရီးယား (၁၀၀)ကီလို၊ တီစူပါ (၅၀)ကီလို၊ ပိုတက်ရှ် (၂၅)ကီလို ထည့်ရမှာဖြစ်ပါတယ်။နွားချေး၊ တီစူပါ၊ ပိုတက်ရ်ှနဲ့ယူရီးယား(၅၀)ကီလိုကို မစိုက်ခင်မြေခံထည့်ပြီး ကျန်တဲ့ ယူရီးယား (၅၀)ကီလိုကိုတော့ ပေါင်းလိုက်၊ မြေဆွချိန်မှာ ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ လုပ်အားတတ်နိုင်ရင် မျိုးစေ့ချချိန်မှာ ဓာတ်မြေသြဇာတွေကိုအစေ့ပတ်ပတ်လည်(၃)လက်အကွာမှာ ချပေးရမှာဖြစ်ပါတယ်။

မဂ္ဂနီစီ ယမ်နဲ့ သွပ်ဓာတ်ချို့တဲ့ရင်အသီးမှာ ပရိုတင်းပါဝင်မှုကိုလျော့နည်းစေနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ် လိုအပ်ရင် အပင်ရဲ့အောက်ပိုင်းအရွက်ရဲ့နှုတ်ခမ်းပတ်ပတ်လည်မှာ အဝါရောင်ပြောင်းလာတာကို တွေ့ရနိုင်ပါတယ်။

မျိုးစေ့ချခြင်း

မျိုးစေ့ချတဲ့အခါ အစိုဓာတ်များလွန်းရင် အစေ့ပုပ်သွားတတ်ပါတယ်။ တိုင်ထောင်ပဲကို အများအားဖြင့်တစ်တန်းနဲ့ တစ်တန်း (၃)ပေခြားပြီး တစ်ပင်နဲ့တစ်ပင် (၉-၁၂)လက်မခွာပြီး စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီး အပင် (၂)ပတ် သားမှာ (၇)ပေခန့်ရှည်တဲ့ ဝါးတိုင်ဒါမှမဟုတ် ကိုင်းတန်တွေကို အပင်ခြေမှာ နွယ်တိုင်တက်နိုင်ဖို့ ထောင်ပေး ရပါတယ်။

ဝါးရှားတဲ့ဒေသမှာ တိုင်ထောင်ပဲကို သက်ကြီးပြောင်းဖူးမျိုးနဲ့ ရောပြီး စိုက်ပျိုးကြပါတယ်။ ချုံပုပ်မျိုးကို တစ်တန်းနဲ့တစ်တန်း (၁)ပေခွဲမှ (၂)ပေထိခြားပြီး တစ်ပင်နဲ့တစ်ပင် (၁)ပေခွာပြီး စိုက်ပျိုးရပါတယ်။ရာသီဥတုသင့်တင့်တဲ့ ဒေသမှာ ရေရှိရင် ပဲ(၂)မျိုးလုံးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။

အပင်ပြုစုစောင့်ရှောက်ခြင်း

အပင်ပေါက်စုံတာနဲ့ ပေါင်းမြက်တွေကို နှိမ်နင်းပေးရပါမယ်။ အထူးသဖြင့် တိုင်ထောင်ပဲဟာ သက်တမ်းပိုရှည်တဲ့ အတွက်ပေါင်းကို ကြိုတင်ပြီး မနှိမ်နင်းထားနိုင်ရင် နောက်ပိုင်းတိုင်ထောင်ပြီးရင် ပေါင်းနှိမ်ရခက်ခဲနိုင်ပါတယ်။ ပဲပင်ရဲ့အမြစ်မှာ နိုက်ထရိုဂျင်ဖမ်းယူနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတာကြောင့် အမြစ်တွေကို မထိခိုက်အောင် သတိပြုဖို့လိုပါတယ်။

ရေသွင်းခြင်း

ပဲပင်ဟာ ခြောက်သွေ့တဲ့ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပေမယ့် ရက်အတော်ကြာခြောက်သွေ့ရင် ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ မိုးရာသီမှာ စိုက်ရင် ရေနုတ်မြောင်းလုပ်ထားပေးဖို့လိုပါတယ်။

ခူးဆွတ်ခြင်း

ပန်းပွင့်ပြီး (၇-၁၀)ရက်ခန့်ကြာတဲ့အခါ ပဲသီးတွေကို စတင်ခူးဆွတ်နိုင်ပါတယ်။ တစ်ဧကမှ သီးတောင့် (၁၅၀၀၀၀-၂၀၀၀၀၀) အထိ ထွက်နိုင်ပါတယ်။

မျိုးစေ့ထုတ်လုပ်ခြင်း

မျိုးစေ့ထုတ်လုပ်ဖို့အတွက် ရိတ်သိမ်းချိန် မိုးလွတ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အပင်ပေါ်မှာ အသီးတွေ ခြောက်လာမှ ခူးရမှာဖြစ်ပါတယ်။ မိုးရာသီမှာ မျိုးစေ့ထုတ်မယ် ဆိုရင် အစေ့ကို ကြိုတင်ခြွေပြီး ခြောက်သွေ့အောင် နေပူလှန်းပြီးမှထုပ်ပိုးသိုလှောင်သင့်ပါတယ်။ ပဲမျိုးစေ့တွေကို သိုလှောင်တဲ့အခါပိုးထိုးတတ်တဲ့အတွက် ထုံးနဲ့ရောမွှေပြီး သိမ်းဆည်းသင့်ပါတယ်။

Credit

စီးပြားျဖစ္ ပဲေတာင့္ရွည္ စိုက္ပ်ိဳးနည္းစနစ္ အျပည့္အစုံ

တိုင္ေထာင္ပဲ ပဲေတာင့္ရွည္တြင္ အပင္ရွည္မ်ိဳးကို တိုင္ေထာင္ၿပီးအ စိုက္မ်ားၾကပါတယ္။ အေတာင့္အေရာင္က အစိမ္းႏု၊ အစိမ္းရင့္၊ အနီေရာင္ဆိုၿပီး အမ်ိဳးမ်ိဳးကြဲျပား ပါတယ္။ အေစ့အေရာင္က အျဖဴ၊ အနက္၊ အနီေရာင္နဲ႕ အျဖဴအနီေရာတဲ့ အေရာင္ဆိုၿပီးေတာ့လည္း အမ်ိဳးမ်ိဳး ရွိပါတယ္။

ႀကိဳက္ႏွစ္သက္ေသာ ေရ၊ ေျမ၊ရာသီဥတု

တိုင္ေထာင္ပဲဟာ သဲေျမမွ ေျမေစးအထိ ေျမအမ်ိဳးမ်ိဳးမွာ စိုက္ပ်ိဳးနိုင္ပါတယ္။ အလြန္ခ်ဥ္တဲ့ေျမေတြမွာ ေကာင္း ေကာင္းမျဖစ္ထြန္းနိုင္ပါ။စိုက္ပ်ိဳးဖို႔ အေကာင္းဆုံး ေျမခ်ဥ္ငန္ဓာတ္ကေတာ့ (၆-၇)အတြင္းျဖစ္ပါတယ္။

အပူခ်ိန္ (၁၀)ဒီဂရီစင္တီဂရိတ္ေအာက္မွာ သီးပြင့္မႈကို ေလ်ာ့နည္းေစၿပီး ရာသီဥတုအရမ္းပူ ဒါမွမဟုတ္ မိုး အရမ္းမ်ားရင္လည္း အပြင့္အသီးကို ေႂကြေစပါတယ္။ အသင့္ေတာ္ဆုံးအပူခ်ိန္ကေတာ့ (၁၅-၂၂)ဒီ ဂရီ စင္တီဂရိတ္အတြင္းျဖစ္ပါတယ္။

မ်ိဳးေစ့ႏႈန္းထား

ခ်ဳံပုတ္မ်ိဳး (၄၀-၄၅)ကီလိုဂရမ္/ဧက

တိုင္ေထာင္မ်ိဳး (၁၂-၁၅)ကီလိုဂရမ္/ဧက

ေျမျပဳျပင္ျခင္း

ထယ္ (၂) စပ္၊ ထြန္(၂)စပ္နဲ႕ ထြန္းေရးအသင့္အတင့္ေကာင္းရင္ စိုက္ပ်ိဳးနိုင္ပါတယ္။ ေရမဝပ္တဲ့ေျမကိုေ႐ြးခ်ယ္စိုက္ပ်ိဳးရမွာ ျဖစ္ပါတယ္။

ေျမၾသဇာထည့္သြင္းအသုံးျပဳျခင္း

တစ္ဧကအတြက္ ႏြားေခ်းလွည္း (၅-၁၀)စီး၊ ယူရီးယား (၁၀၀)ကီလို၊ တီစူပါ (၅၀)ကီလို၊ ပိုတက္ရွ္ (၂၅)ကီလို ထည့္ရမွာျဖစ္ပါတယ္။ႏြားေခ်း၊ တီစူပါ၊ ပိုတက္ရ္ွနဲ႕ယူရီးယား(၅၀)ကီလိုကို မစိုက္ခင္ေျမခံထည့္ၿပီး က်န္တဲ့ ယူရီးယား (၅၀)ကီလိုကိုေတာ့ ေပါင္းလိုက္၊ ေျမဆြခ်ိန္မွာ ထည့္သြင္းေပးရမွာျဖစ္ပါတယ္။ လုပ္အားတတ္နိုင္ရင္ မ်ိဳးေစ့ခ်ခ်ိန္မွာ ဓာတ္ေျမၾသဇာေတြကိုအေစ့ပတ္ပတ္လည္(၃)လက္အကြာမွာ ခ်ေပးရမွာျဖစ္ပါတယ္။

မဂၢနီစီ ယမ္နဲ႕ သြပ္ဓာတ္ခ်ိဳ႕တဲ့ရင္အသီးမွာ ပရိုတင္းပါဝင္မႈကိုေလ်ာ့နည္းေစနိုင္ပါတယ္။ မဂၢနီစီယမ္ဓာတ္ လိုအပ္ရင္ အပင္ရဲ႕ေအာက္ပိုင္းအ႐ြက္ရဲ႕ႏႈတ္ခမ္းပတ္ပတ္လည္မွာ အဝါေရာင္ေျပာင္းလာတာကို ေတြ႕ရနိုင္ပါတယ္။

မ်ိဳးေစ့ခ်ျခင္း

မ်ိဳးေစ့ခ်တဲ့အခါ အစိုဓာတ္မ်ားလြန္းရင္ အေစ့ပုပ္သြားတတ္ပါတယ္။ တိုင္ေထာင္ပဲကို အမ်ားအားျဖင့္တစ္တန္းနဲ႕ တစ္တန္း (၃)ေပျခားၿပီး တစ္ပင္နဲ႕တစ္ပင္ (၉-၁၂)လက္မခြာၿပီး စိုက္ပ်ိဳးရပါတယ္။ စိုက္ပ်ိဳးၿပီး အပင္ (၂)ပတ္ သားမွာ (၇)ေပခန့္ရွည္တဲ့ ဝါးတိုင္ဒါမွမဟုတ္ ကိုင္းတန္ေတြကို အပင္ေျခမွာ ႏြယ္တိုင္တက္နိုင္ဖို႔ ေထာင္ေပး ရပါတယ္။

ဝါးရွားတဲ့ေဒသမွာ တိုင္ေထာင္ပဲကို သက္ႀကီးေျပာင္းဖူးမ်ိဳးနဲ႕ ေရာၿပီး စိုက္ပ်ိဳးၾကပါတယ္။ ခ်ဳံပုပ္မ်ိဳးကို တစ္တန္းနဲ႕တစ္တန္း (၁)ေပခြဲမွ (၂)ေပထိျခားၿပီး တစ္ပင္နဲ႕တစ္ပင္ (၁)ေပခြာၿပီး စိုက္ပ်ိဳးရပါတယ္။ရာသီဥတုသင့္တင့္တဲ့ ေဒသမွာ ေရရွိရင္ ပဲ(၂)မ်ိဳးလုံးကို တစ္ႏွစ္ပတ္လုံး စိုက္ပ်ိဳးနိုင္ပါတယ္။

အပင္ျပဳစုေစာင့္ေရွာက္ျခင္း

အပင္ေပါက္စုံတာနဲ႕ ေပါင္းျမက္ေတြကို ႏွိမ္နင္းေပးရပါမယ္။ အထူးသျဖင့္ တိုင္ေထာင္ပဲဟာ သက္တမ္းပိုရွည္တဲ့ အတြက္ေပါင္းကို ႀကိဳတင္ၿပီး မႏွိမ္နင္းထားနိုင္ရင္ ေနာက္ပိုင္းတိုင္ေထာင္ၿပီးရင္ ေပါင္းႏွိမ္ရခက္ခဲနိုင္ပါတယ္။ ပဲပင္ရဲ႕အျမစ္မွာ နိုက္ထရိုဂ်င္ဖမ္းယူနိုင္တဲ့ ဘက္တီးရီးယားေတြရွိေနတာေၾကာင့္ အျမစ္ေတြကို မထိခိုက္ေအာင္ သတိျပဳဖို႔လိုပါတယ္။

ေရသြင္းျခင္း

ပဲပင္ဟာ ေျခာက္ေသြ႕တဲ့ရာသီဥတုဒဏ္ခံနိုင္ရည္ရွိေပမယ့္ ရက္အေတာ္ၾကာေျခာက္ေသြ႕ရင္ ေရသြင္းေပးဖို႔ လိုအပ္ပါတယ္။ မိုးရာသီမွာ စိုက္ရင္ ေရႏုတ္ေျမာင္းလုပ္ထားေပးဖို႔လိုပါတယ္။

ခူးဆြတ္ျခင္း

ပန္းပြင့္ၿပီး (၇-၁၀)ရက္ခန့္ၾကာတဲ့အခါ ပဲသီးေတြကို စတင္ခူးဆြတ္နိုင္ပါတယ္။ တစ္ဧကမွ သီးေတာင့္ (၁၅၀၀၀၀-၂၀၀၀၀၀) အထိ ထြက္နိုင္ပါတယ္။

မ်ိဳးေစ့ထုတ္လုပ္ျခင္း

မ်ိဳးေစ့ထုတ္လုပ္ဖို႔အတြက္ ရိတ္သိမ္းခ်ိန္ မိုးလြတ္ရင္ အေကာင္းဆုံးျဖစ္ပါတယ္။ အပင္ေပၚမွာ အသီးေတြ ေျခာက္လာမွ ခူးရမွာျဖစ္ပါတယ္။ မိုးရာသီမွာ မ်ိဳးေစ့ထုတ္မယ္ ဆိုရင္ အေစ့ကို ႀကိဳတင္ေႁခြၿပီး ေျခာက္ေသြ႕ေအာင္ ေနပူလွန္းၿပီးမွထုပ္ပိုးသိုေလွာင္သင့္ပါတယ္။ ပဲမ်ိဳးေစ့ေတြကို သိုေလွာင္တဲ့အခါပိုးထိုးတတ္တဲ့အတြက္ ထုံးနဲ႕ေရာေမႊၿပီး သိမ္းဆည္းသင့္ပါတယ္။

Credit