ဗဟုသုတ

ငွေသုံးကြမ်း တဲ့သူတောင် ပိုက်ဆံစုမိစေမယ့် နည်းလမ်းများ

ငွေသုံးကြမ်း တဲ့သူတောင် ပိုက်ဆံစုမိစေမယ့် နည်းလမ်းများ

ငွေသုံးကြမ်းတဲ့သူတွေအတွက်တော့ ပိုက်ဆံစုရတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့တွေက လက်ထဲ ပိုက်ဆံရှိရင် သုံးချင်စိတ်က ထိန်းမရကြဘူးလေ။

လက်ထဲက ငွေယားလေးတွေ ကုန်သွားမှ နေသာထိုင်သာရှိသူတွေတောင် ရှိကြပါတယ်။ အဲဒီတော့ တစ်ဆင့်ချင်းသွားပြီး တစ်နှစ်အတွင်း ပိုက်ဆံ များများစားစား စုမိစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ဆင့်ချင်းစုနည်း

ဒီနည်းလမ်းကတော့ သီတင်းပတ်တစ်ပတ်ချင်းစီ ပိုက်ဆံစုရမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို သီတင်းပတ် ၅၂ ပတ်ရှိတော့ ၅၂ ခါ စုရမှာပေါ့။

ပထမဆုံး စစုတဲ့အပတ်မှာ ၅၀၀ ဒါမှမဟုတ် ၁၀၀၀ နဲ့ စတင်နိုင်ပါတယ်။ဒါပေမဲ့ တစ်ပတ်ထက် တစ်ပတ် ဆတိုးစုသွားရမှာဖြစ်ပါတယ်။

ပထမဆုံး အပတ်မှာ ၁၀၀၀ စုရင် နောက်တစ်ပတ် ၂၀၀၀၊နောက်တစ်ပတ်ကျ ၃၀၀၀ အစရှိသလို ဆတိုး တိုးသွားရမှာပါ။အဲဒီလိုဆိုရင် တစ်နှစ်ကုန်တာနဲ့ ၁၃၇၈၀၀၀ စုမိမှာဖြစ်ပါတယ်။

ဒီနည်းလမ်းကတော့ ပိုက်ဆံမသုံးဘဲ ပုံမှန်စုသွားမှ အဆင်ပြေမှာပါ။တကယ်လို့ အပတ်တိုင်း ပိုက်ဆံမစုနိုင်ဘူးဆိုရင်လည်း စုမယ့်ပိုက်ဆံ ပမာဏကို တိုးပြီး လတိုင်း စုသွားတာမျိုး လုပ်နိုင်ပါတယ်။

သုံးတဲ့ပိုက်ဆံရဲ့ ရာခိုင်နှုန်းအလိုက် ပြန်စုတာ

ဒီနည်းလမ်းကတော့ ပိုက်ဆံ စုမိစေရုံတင်မကဘဲ ကိုယ့်ရဲ့အသုံးစရိတ် ဘယ်လောက်ရှိလဲဆိုတဲ့အချက်ကိုပါ တိတိကျကျ သိစေနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ်ဝယ်ယူမယ့် ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ကိုယ့်စားမယ့် စားစရာတစ်ခုခုရဲ့ ၁၀ ပုံ၊ ၁ ပုံ(၁၀ ရာခိုင်နှုန်း)ကို စုထားဖို့ပါပဲ။ဥပမာ ၃၀၀၀၀ တန် လက်ဆွဲအိတ်တစ်လုံး ဝယ်ပြီဆိုတာနဲ့ ၃၀၀၀၀ ရဲ့ ၁၀ ပုံ၊ ၁ ပုံဖြစ်တဲ့ ငွေ ၃၀၀၀ စုဖို့ပါပဲ။

အဲဒီနည်းလမ်းအရ တစ်လကို တစ်သိန်း သုံးတယ်ဆိုရင် တစ်နှစ်ကို ၁၂၀၀၀၀ စုမိမှာပါ။ တကယ်လို့ စုမိတဲ့ငွေကနည်းတယ်လို့ ထင်ရင်တော့ ပိုက်ဆံစုတဲ့ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း တိုးတာမျိုး လုပ်နိုင်ပါတယ်။

ဥပမာ ၃၀၀၀၀ တန် လက်ဆွဲအိတ် ဝယ်မယ်ဆိုရင် ၆၀၀၀(၂၀ ရာခိုင်နှုနး်)၊ ၉၀၀၀(၃၀ ရာခိုင်နှုန်း) စုနိုင်ပါတယ်။ အဲဒါဆိုရင်တော့ ပိုက်ဆံ ပိုစုမိမှာပါ။

မကောင်းတဲ့အကျင့်အလိုက် ပိုက်ဆံစုမယ်

ခေါင်းစဉ်ဖတ်လိုက်ရင် နည်းနည်းရှုပ်သွားနိုင်ပါတယ်။ တကယ်တော့ မကောင်းတဲ့အကျင့် များလေလေ ပိုက်ဆံစုမိလေလေ ဖြစ်အောင် (ကိုယ့်စိတ်ကိုယ်ထိန်း)လုပ်တဲ့ နည်းလမ်းပါပဲ။

တကယ်လို့ စာဖတ်သူက အလုပ်အမြဲနောက်ကျတတ်တယ်၊ ဒါမှမဟုတ် အိပ်ယာထတာ အမြဲနောက်ကျတယ်ဆိုရင် အဲဒီဖြစ်ရပ် တစ်ခုချင်းစီအတွက် ပိုက်ဆံစုရမှာပါ။

တစ်ခါ အိပ်ယာထနောက်ကျရင် ၁၀၀၀ ဒါမှမဟုတ် ၂၀၀၀၊ ၃၀၀၀ စုရမှာပါ။ စစချင်းမှာ ပိုက်ဆံနည်းနည်းနဲ့ စစုလို့ ရပေမယ့် နောက်ပိုင်းမှာ စုတဲ့ပိုက်ဆံပမာဏကို မလျှော့မိဖို့တော့ လိုပါတယ်။

ဒီနည်းလမ်းအရ မကောင်းတဲ့ အကျင့်တွေကို သတိပြုမိပြီးသား ဖြစ်သွားသလို မကောင်းတဲ့ အကျင့်တွေ မပြင်နိုင်သေးခင် ပိုက်ဆံစုမိပြီးသားလည်း ဖြစ်သွားမှာပါ။

အလုပ်နောက်ကျတိုင်း ပိုက်ဆံ ၁၀၀၀ စုမယ်ဆိုရင် တစ်နှစ်အတွင်း အလုပ်နောက်ကျတဲ့အကြိမ် (၅၀)ရှိမယ်ဆိုရင် ၅၀၀၀၀ စုမိပြီးသား ဖြစ်သွားမှာပါ။

မူရင်းရေးသားသူများကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။