Knowledge Sharing ဗဟုသုတ

ကလေးတွေကို ဘယ်အသက်အရွယ်မှာ အိမ်မှုကိစ္စတွေ ကူလုပ်ခိုင်းသင့်ပြီလဲ

အိမ်မှုကိစ္စလုပ်ရတဲ့ ကလေးတွေဟာ အရွယ်ရောက်ပြီးတဲ့အခါမှာ ဘဝကို ပိုပြီး ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းနိုင်တယ်လို့သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အိမ်အလုပ်တွေကို ကူလုပ်ပေးရတာကြောင့် သူတို့ကိုယ် သူတို့ အရေးပါတယ်လို့ သတ်မှတ်လာပြီးတော့ စိတ်ကျန်းမာရေး အခြေအနေလည်း ပိုကောင်းမွန်လာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အလုပ်တွေကို အလွန်အကျွံ မခိုင်းသင့်ဘဲ သူတို့အရွယ်နဲ့ နိုင်သလောက်သာ လုပ်ခိုင်းသင့်ပါတယ်။ ကလေးတွေကို အလုပ်တစ်ခုတည်း ပြီးမြောက်စေဖို့အတွက် မခိုင်းသင့်ပါဘူး။ လုပ်နိုင်သလောက် လုပ်ခိုင်းပြီး သင်ခန်းစာတွေလည်း ယူတတ်အောင် မိဘက သွန်သင်ပေးရမှာပါ။ ဒါဆို ဘယ်လိုအသက်အရွယ်မှာ။


ဘယ်လိုအလုပ်တွေကို လုပ်ခိုင်းသင့်လဲ ဆိုတာကို ကြည့်လိုက်ရအောင်။

2 နှစ်မှ 5 နှစ် ( သင်ယူတတ်အောင် လေ့ကျင့်ပေးခြင်း)

ကလေးတွေအတွက် အိမ်မှုကိစ္စတွေ နားလည်သွားဖို့နဲ့ ကျွမ်းကျင်မှု အသစ်တွေကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ အရင်ဆုံး သူတို့ကို သင်ပေးသင့်ပါတယ်။ အလုပ်တိုင်းမှာ အစ၊ အလယ်၊ အဆုံးရှိပါတယ်။ ဒါကြောင့် အခြေခံကနေ နားလည်သွားအောင် ရှင်းပြသင့်ပါတယ်။ ဥပမာ ဝတ်ပြီးသားအဝတ်တွေကို အဝတ်လျှော်ခြင်းထဲ ထည့်ဖို့အတွက် သင်ပေးခြင်းပါ။ ဒါမှသာ သူတို့ဝတ်နေတဲ့ အဝတ်တွေက ဘယ်လိုတွေ သန့်ရှင်းအောင် လုပ်နေလဲဆိုတာကို သိမှာဖြစ်ပါတယ်။

အလွယ်ဆုံး အိမ်တွင်းအလုပ်တွေဟာ အနာဂတ်မှာ အလုပ်တွေကို ဘယ်ကနေဘယ်လိုစတင်ရလဲဆိုတာကို သိလာစေပါတယ်။ ဥပမာ အရုပ်နှင့် စာအုပ်တွေကို သန့်ရှင်းရေးလုပ်ခိုင်းခြင်း၊ အဝတ်လျှော်စက်ထဲကို အဝတ်တွေ ကိုယ်တိုင်ထည့်စေခြင်း၊ အိပ်ယာတွေ ကိုယ်တိုင်ခင်းခိုင်းခြင်း၊ အစာစားပြီးနောက် ပန်းကန်ပြားတွေကို သန့်ရှင်းရေးလုပ်ခြင်း စတဲ့ သေးငယ်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

6 နှစ်မှ 7 နှစ် (ကူညီတတ်ဖို့နှင့် အဖွဲ့လိုက်လုပ်ဆောင်တတ်ဖို့ သင်ယူခြင်း)

ဒီအသက်အရွယ်မှာ ကလေးတွေဟာ အိမ်ထဲမှာ တအားဆော့ကစား တတ်ကြပါတယ်။ အဖွဲ့လိုက် လုပ်ဆောင်မှုနှင့် အခြားသူတွေကို ကူညီပေးတာရဲ့ အရေးပါပုံတွေကို သိစေမယ့်အချိန်ကောင်း ဖြစ်ပါတယ်။ ကလေးတွေနဲ့ တူတူချက်ပြုတ်ခြင်း၊ စားပွဲတစ်ခုထဲမှာ ထမင်းတူတူစားခြင်း၊ လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းတွေ ပြုလုပ်တာနှင့် စတိုးဆိုင်ကနေ လိုအပ်တဲ့ပစ္စည်းတွေကို တူတူသွားဝယ်တာတို့ပဲ ဖြစ်ပါတယ်။

အိမ်မှာရှိတဲ့ ခွေးလေး၊ ကြောင်လေးတွေကို ထိန်းခိုင်းတာကလည်း သူတို့ကို ပျော်ရွှင်စေပါတယ်။ ဒီလိုလုပ်ပေးတဲ့အခါ ကလေးတွေဟာ မိသားစုဝင်တွေနှင့်သာမက တခြား သူစိမ်းတွေနဲ့ပါ ပိုမိုကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံ နိုင်လာပါလိမ့်မယ်။

8 နှစ်မှ 9 နှစ် (အရာရာတိုင်းဟာ သူ့နေရာနဲ့သူ ရှိတယ်ဆိုတာကို နားလည်လာပြီ)

ကလေးတွေဟာ အသက်အရွယ် ကြီးပြင်းလာတာနှင့်အမျှ သူတို့ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို နားလည်လာပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ အရာအားလုံးဟာ သူ့နေရာနဲ့သူ သတ်မှတ်ထားတဲ့ စနစ်တစ်ခုရှိတယ် ဆိုတာကို သိလာပါတယ်။

အသုံးအဆောင်တွေ၊ ကျောင်းသုံးပစ္စည်းတွေ၊ အရုပ်တွေနှင့် အဝတ်အစားတွေ အားလုံး သူ့နေရာနှင့်သူ ရှိနေစေဖို့အတွက် ဘယ်နားဘယ်လိုရှိရမလဲ ဆိုတာကို သူတို့အလိုလို သဘောပေါက်လာပါတယ်။

ကြာလာတဲ့အခါမှာ သူတို့ရဲ့ အဝတ်တွေကို သူတို့ကိုယ်တိုင် လျှော်ဖွတ်ခြင်း၊ ပန်းကန်တွေကို ဆေးခြင်း၊ အမှိုက်အိတ်တွေကို သွားသွန်ပေးခြင်း စတဲ့အလုပ်တွေကို ကူလုပ်ပေးလာပါလိမ့်မယ်။

10 နှစ်မှ 11 နှစ် (မိမိကိုယ်ကိုယ် ပိုအားကိုးတတ်လာတယ်)

အခုအချိန်ကတော့ ကလေးဘောင်းဘီ အကြီးကြီးတွေ ဝယ်ထားသင့်ပါပြီ။ သူတို့ကျောင်းကို ထုပ်သွားမယ့်နေ့လည်စာကို ကိုယ်တိုင်ပြင်ဆင်ခိုင်းခြင်း ဒါမှမဟုတ် မနက်စာကို ကိုယ်တိုင်လုပ်ခိုင်းခြင်းစတဲ့ အရာတွေကို လုပ်ခိုင်းသင့်ပါတယ်။

မနက်စာလုပ်တယ် ဆိုတာက အရမ်းကို အလုပ်ရှုပ်တာကြောင့် တခြားကိစ္ စသေးသေးလေးတွေမှာလည်း လွယ်လွယ်ကူကူ ဖြေရှင်းတတ်လာပါလိမ့်မယ်။ ဒီလိုလုပ်ခိုင်းတာဟာ ကလေးတွေကို အချိန်စီမံခန့်ခွဲမှုနှင့် ပြဿနာ ဖြေရှင်းနိုင်မှုစွမ်းရည်တို့ကို တိုးတက်စေပါတယ်။

ဥပမာ မနက်စာ ချက်ပြုတ်ခိုင်းခြင်း၊ ကျောင်းအတွက် နေ့လည်စာထုပ်ပိုးခြင်း၊ အမှိုက်ပုံးတွေ ရှင်းလင်းခိုင်းခြင်း၊ အမှိုက်ပစ်ခြင်းနှင့် ဖုန်စုပ်ခိုင်းခြင်း။

12 နှစ်မှ 15 နှစ် (အရာရာကို ခွဲခြားတတ်လာတယ်)

ဆယ်ကျော်သက်တွေအတွက် သူတို့ကိုယ်သူတို့ အိမ်မှုကိစ္စတွေကို ပိုင်နိုင်လာပြီလို့ ယုံကြည်စေတာက သူတို့ကိုယ်သူတို့ လေးစားမှု တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒီလို အိမ်မှုကိစ္စတွေကို လုပ်ခိုင်းတာက ဆယ်ကျော်သက်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲလာနိုင်ပြီးအဆိုးအကောင်းကိုလည်း ခွဲခြားတတ်လာပါတယ်။

ဥပမာ ကားရေဆေးခြင်း၊ အဝတ်လျှော်ခြင်း၊ ခြံဝင်းသန့်ရှင်းရေးလုပ်ခြင်း၊ မြက်ရိတ်ခြင်း၊ မီးပူတိုက်ခြင်းနှင့် ပြူတင်းပေါက်များကို သန့်ရှင်းရေးလုပ်ခြင်း

16 နှစ်နှင့် အထက် (ရှေ့အနာဂတ်အတွက် အဆင်သင့်ဖြစ်နေပြီ)

ကလေးတွေဟာ အရွယ်ရောက်လာပြီ ဖြစ်တာကြောင့် ငယ်ငယ်တုန်းကနှင့် မတူတော့ဘဲ အရာရာတိုင်းမှာ သင့်ကို အကူအညီ ပေးနေနိုင်ပါပြီ။ သူတို့ကို ငွေကြေးကိစ္စစီမံခန့်ခွဲခိုင်းတာနှင့် အရေးပေါ် အခြေအနေတွေမှာပါ အားကိုးရလာနိုင်ပါပြီ။

အရာရာတိုင်းမှာ ကလေးကို ခိုင်းနေတာမဟုတ်ပဲ သူတို့ကိုယ်သူတို့ အားကိုးတတ်လာအောင် သင်ပေးတာပဲ ဖြစ်ပါတယ်။ ကလေးကို တတ်စေချင်လို့ဆိုပြီး အလွန်အကျွံကြီးခိုင်းလို့ မဖြစ်ပါဘူး။ သူတို့ဟာ သင့်သားသမီးတွေ ဖြစ်သလို လူသားတစ်ဦးလည်း ဖြစ်ပါတယ်။

သင် ဘယ်လိုနေရာတွေမှာ အားကိုးလို့ ရလာနိုင်မလဲ ဆိုတော့ ကားပြုပြင်တာတွေ၊ မီးဖိုချောင်ထဲမှာ တူတူချက်ပြုတ်တာတွေ၊ စျေးဝယ်ထွက်တာတွေ စတဲ့နေရာတွေပါပဲ။

credit