ဗဟုသုတ

ဥမ္မာဒန္ဒီ ဘာလှူခဲ့လို့ လှတာလဲ (ဖတ်ကြည့်ပါ)

ဥမ္မာဒန္ဒီ ဘာလှူခဲ့လို့ လှတာလဲ

ဗာရာနသီပြည် ဆင်းရဲမိသားစုမှ မွေးဖွားလာသောဆင်းရဲသူမလေးတစ်ယောက်သည်တစ်နေ့ပွဲသဘင်နေ့မှာချမ်းသာကြွယ်ဝသော အမျိုးသမီး တွေ ဝတ်ဆင်တဲ့ဝတ်ပန်းဖြင့် ဆိုးအပ်သော အဝတ် ကိုဝတ်ဆင်သည်ကိုမြင်သောအခါ

သူဆင်းရဲမလေးလည်းသူရဲ့မိဘ များကို ထို အဝတ် မျိုး ဝတ်ချင်ကြောင်းကို မိဘ တို့အားပြောသောအခါမိဘတွေက”သမီး အမေတို့အဖေတို့က ဆင်းရဲ ပါတယ်ကွယ်ဒီလို တန်ဖိုးကြီးတဲ့ အဝတ် တွေကို ဘယ်လိုလုပ်ပြီးဝယ်ပေးနှိုင်ပါ့မလဲကွယ် ” လို့ပြောလိုက်တယ်

ဆင်းရဲသူမလေးက” ဒီလိုဆိုရင် သမီး ကို ချမ်းသာတဲ့ အိမ်ကိုပို့ပေးပါအလုပ်လုပ်ပါရစေ သမီး ကို ခွင့်ပြုပါပေးပါ ” လို့ခွင့်တာင်းတဲ့အခါမိဘတွေက ခွင့်ပြုပေးလိုက်တယ်မိဘတွေခွင့်ပြုလိုက်တော့ ချမ်းသာတဲ့

သူကြွယ်အိမ် တစ်အိမ်ကိုသွားပြီး အလုပ်တောင်းတယ်လုပ်ခကိုတော့ သူလိုချင်တဲ့ ဝတ်ပန်းဖြင့်ဆိုးအပ်တဲ့ အဝတ် ပေးဖိုးတောင်းတဲ့အခါ အိမ်ရှင်သူဌေးက” သုံးနှစ်တိတိ ငါတို့အိမ်မှာ အလုပ်လုပ်မယ်ဆိုရင်တော့

သင်လိုချင်တဲ့ အဝတ်ကိုပေးပါ့မယ်ဘယ်လိုလဲ လုပ်နှိုင်ပါ့မလား ”လို့မေးတဲ့အခါဆင်ရဲသူမလေးကကောင်းပါပြီး ကျွန်မလုပ်ပါ့မယ်လို့ပြောလိုက်တယ်အလုပ်ကို ကြိုးစားရိုးသားစွာနဲ့ တာဝန်ကျေအောင်လုပ်တဲ့အခါ အိမ်ရှင် သူဌေးကြီး က သုံးနှစ်မပြည့်ခင် သူအရမ်းလိုချင်

တ်ချင်နေတဲ့ အဝတ်ထည် နဲ့ အခြားအဝတ်တွေကိုပေးပြီးသူဌေးကြီးက”သူငယ်မ သင့်ရဲ့သူငယ်ချင်း အဖော်တွေနဲ့အတူရေချိုးပြီး ဝတ်ဆင်လေလော” လို့ ပြောပြီးထိုအမျိုးသမီးလေးကို လွှတ်လိုက်တယိုဆင်းရဲသူမလေးလဲ အဖော်တွေကို ခေါ်သွားပြီးနီသောအဝတ်ပုဆိုးကိုမြစ်ကမ်းနားမှာ ထားပြီး ရေချိုးနေစဉ်မှာပဲကဿပဘုရားရှင်၏ တပည့်ဖြစ်သောရဟန်းတစ်ပါးကြွလာတယ်

သူ့ရဲ့သင်္ကန်း တွေကို ဓါးပြတွေလုယူသွားတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကို သစ်ခက် သစ်ရွက်ကို ပတ်ပြီးအမျိုးသမီးလေးရေချိုးနေတဲ့အနားရောက်လာတဲ့အခါဆင်းရဲသူမလေးက ရဟန်းကိုမြင်ပြီးဒီ အရှင်းကောင်း ရဲ့ သင်္ကန်း ကို သူခိုးဓါးပြတွေ လုယူသွားတာဖြစ်မယ်လို့ တွေးပြီး အတွေးတစ်ခုပေါ်လာတယ်

” ငါဟာ ရှေ့ဘဝက မလှူခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာ အဝတ်ကို သူဌေးအိမ်မှာ ပင်ပန်းကြီးစွာနဲ့ခဲခဲယဉ်းယဉ်းရခဲ့တယ် ” လို့တွေးမိပြီးငါ့ အဝတ် ကို နှစ်ပိုင်းဖြတ်ပြီး တစ်ပိုင်းကို အရှင်ကောင်းအားလှူမယ်လို့ ကြံတွေးပြီး ကမ်းပေါ်တက်လာပြီး

အဝတ်ဝတ်ပြီ,,အရှင်ဘုရား ရပ်တော်မူပါအုံး ဘုရား ,,လို့လျောက်ရင်းရဟန်းကို ရှိခိုးလိုက်တယ် ဝတ်ပန်းဆိုး အဝတ်ကို အလယ်ကနေ

နှစ်ပိုင်းပိုင်းပြီး ထိုရဟန်းကို တပိုင်း လှူလိုက်တယ်

ရဟန်းလဲ သင့်တင့်လျှောက်ပတ်တဲ့ မမြင်တဲ့နေရာအရပ်ကို

သွားပြီး ခန္ဓာကိုယ် မှာ ပတ်ထားတဲ့သစ်ရွက်သစ်ခက်တို့ကို စွန့်ပစ်ပြီးတစ်ပိုင်းသော ဝတ်ပုဆိုးသင်္ကန်း၏ အစွန်းတဖက်ကို ဝတ်၍တစွန်းကို ရုံပြီးထွက်လာခဲ့တဲ့အခါ

ရဟန်းတော် ရဲ့ ဝတ်ပန်းပုဆိုးထည်သင်္ကန်းအရောင်ဟာကိုယ်ခန္ဓာတစ်ခုလုံး ထွက်သစ်စနေဗိမာန်အရောင်လို

တင့်တယ်နေတာကိုမြင်လိုက်ရတော့ ဆင်းရဲသူမလေးဟာ

,,ငါ့ရဲ့အရှင်ကောင်းဟာ အစက တင့်တယ်တော်မမှုယခုအခါ ထွက်သစ်စ နေမင်းကြီး လို တင့်တယ်တော်မူလိုက်တာ

ဒီဝတ်ပန်းထည်တပိုင်းကိုလဲ ထိုရှင်မြတ်အားသာလျှင် လှူအံ့ ”အကြံပေါ်လာပြီး ကျန်တဲ့ တပိုင်းကိုလူပြီးဆုတောင်းလိုက်တယ်

,,အရှင်ဘုရား တပည့်တော် သည် ဖြစ်လေရာဖြစ်လေရာ ဘဝတိုင်း၌ကျင်လည်သည်ရှိသော် မြတ်သောအဆင်းကိုဆာင်နိုင်သည်ဖြစ်ရပါလို၏ ကျွနုပ်ကို မြင်၍ တစ်စုံတစ်ယောက်သောယောကျ်ားသည်မိမိသဘောအားဖြင့် ကောင်းစွာတည်ခြင်းငှါ မစွမ်းနိုင်ပါစေတပါးသေားမိန်းမသည် အကျွနုပ်ထက်လွန်ကဲ၍ လှသည် မည်သူမှမဖြစ်စေသတည်း ”ဟု ဆုတောင်းလိုက်တယ်

မထေရ်မြတ်သည်လည်း ဝမ်းမြှောက်ခြင်းအနုမောဒနာကိုပြု၍ကြွတော်မူပြီ အခြားကိုကြွသွားတယ်ဆင်းရဲသူမလေးလည်း ကံအားလျော်စွာဒီဘဝမှာသေလွန်၍ နတ်ပြည်၌ ကျင်လည်ပြီးအရိဋ္ဌပုရပြည်၌ ကုဋေ ၈၀ ချမ်းသာသောတိရိဋိဝစ္ဆ မည်ရှိသောသူဌေးကြီး၏ သမီးမြင်သူတိုင်း ရူးမလောက်ခံစားရတဲ့ အလှဘုရင်ဥမ္မာဒန္တီ ဖြစ်လာခဲ့လေးသည် ;

Credit-Machit Mg

ဥမၼာဒႏၵီ ဘာလႉခဲ့လို႔ လွတာလဲ

ဗာရာနသီျပည္ ဆင္းရဲမိသားစုမွ ေမြးဖြားလာေသာဆင္းရဲသူမေလးတစ္ေယာက္သည္တစ္ေန႕ပြဲသဘင္ေန႕မွာခ်မ္းသာႂကြယ္ဝေသာ အမ်ိဳးသမီး ေတြ ဝတ္ဆင္တဲ့ဝတ္ပန္းျဖင့္ ဆိုးအပ္ေသာ အဝတ္ ကိုဝတ္ဆင္သည္ကိုျမင္ေသာအခါ

သူဆင္းရဲမေလးလည္းသူရဲ႕မိဘ မ်ားကို ထို အဝတ္ မ်ိဳး ဝတ္ခ်င္ေၾကာင္းကို မိဘ တို႔အားေျပာေသာအခါမိဘေတြက”သမီး အေမတို႔အေဖတို႔က ဆင္းရဲ ပါတယ္ကြယ္ဒီလို တန္ဖိုးႀကီးတဲ့ အဝတ္ ေတြကို ဘယ္လိုလုပ္ၿပီးဝယ္ေပးႏွိုင္ပါ့မလဲကြယ္ ” လို႔ေျပာလိုက္တယ္

ဆင္းရဲသူမေလးက” ဒီလိုဆိုရင္ သမီး ကို ခ်မ္းသာတဲ့ အိမ္ကိုပို႔ေပးပါအလုပ္လုပ္ပါရေစ သမီး ကို ခြင့္ျပဳပါေပးပါ ” လို႔ခြင့္တာင္းတဲ့အခါမိဘေတြက ခြင့္ျပဳေပးလိုက္တယ္မိဘေတြခြင့္ျပဳလိုက္ေတာ့ ခ်မ္းသာတဲ့

သူႂကြယ္အိမ္ တစ္အိမ္ကိုသြားၿပီး အလုပ္ေတာင္းတယ္လုပ္ခကိုေတာ့ သူလိုခ်င္တဲ့ ဝတ္ပန္းျဖင့္ဆိုးအပ္တဲ့ အဝတ္ ေပးဖိုးေတာင္းတဲ့အခါ အိမ္ရွင္သူေဌးက” သုံးႏွစ္တိတိ ငါတို႔အိမ္မွာ အလုပ္လုပ္မယ္ဆိုရင္ေတာ့

သင္လိုခ်င္တဲ့ အဝတ္ကိုေပးပါ့မယ္ဘယ္လိုလဲ လုပ္ႏွိုင္ပါ့မလား ”လို႔ေမးတဲ့အခါဆင္ရဲသူမေလးကေကာင္းပါၿပီး ကြၽန္မလုပ္ပါ့မယ္လို႔ေျပာလိုက္တယ္အလုပ္ကို ႀကိဳးစားရိုးသားစြာနဲ႕ တာဝန္ေက်ေအာင္လုပ္တဲ့အခါ အိမ္ရွင္ သူေဌးႀကီး က သုံးႏွစ္မျပည့္ခင္ သူအရမ္းလိုခ်င္

တ္ခ်င္ေနတဲ့ အဝတ္ထည္ နဲ႕ အျခားအဝတ္ေတြကိုေပးၿပီးသူေဌးႀကီးက”သူငယ္မ သင့္ရဲ႕သူငယ္ခ်င္း အေဖာ္ေတြနဲ႕အတူေရခ်ိဳးၿပီး ဝတ္ဆင္ေလေလာ” လို႔ ေျပာၿပီးထိုအမ်ိဳးသမီးေလးကို လႊတ္လိုက္တယိုဆင္းရဲသူမေလးလဲ အေဖာ္ေတြကို ေခၚသြားၿပီးနီေသာအဝတ္ပုဆိုးကိုျမစ္ကမ္းနားမွာ ထားၿပီး ေရခ်ိဳးေနစဥ္မွာပဲကႆပဘုရားရွင္၏ တပည့္ျဖစ္ေသာရဟန္းတစ္ပါးႂကြလာတယ္

သူ႕ရဲ႕သကၤန္း ေတြကို ဓါးျပေတြလုယူသြားတဲ့အတြက္သူ႕ရဲ႕ခႏၶာကိုယ္ကို သစ္ခက္ သစ္႐ြက္ကို ပတ္ၿပီးအမ်ိဳးသမီးေလးေရခ်ိဳးေနတဲ့အနားေရာက္လာတဲ့အခါဆင္းရဲသူမေလးက ရဟန္းကိုျမင္ၿပီးဒီ အရွင္းေကာင္း ရဲ႕ သကၤန္း ကို သူခိုးဓါးျပေတြ လုယူသြားတာျဖစ္မယ္လို႔ ေတြးၿပီး အေတြးတစ္ခုေပၚလာတယ္

” ငါဟာ ေရွ႕ဘဝက မလႉခဲ့တဲ့အတြက္ေၾကာင့္ဒီဘဝမွာ အဝတ္ကို သူေဌးအိမ္မွာ ပင္ပန္းႀကီးစြာနဲ႕ခဲခဲယဥ္းယဥ္းရခဲ့တယ္ ” လို႔ေတြးမိၿပီးငါ့ အဝတ္ ကို ႏွစ္ပိုင္းျဖတ္ၿပီး တစ္ပိုင္းကို အရွင္ေကာင္းအားလႉမယ္လို႔ ႀကံေတြးၿပီး ကမ္းေပၚတက္လာၿပီး

အဝတ္ဝတ္ၿပီ,,အရွင္ဘုရား ရပ္ေတာ္မူပါအုံး ဘုရား ,,လို႔ေလ်ာက္ရင္းရဟန္းကို ရွိခိုးလိုက္တယ္ ဝတ္ပန္းဆိုး အဝတ္ကို အလယ္ကေန

ႏွစ္ပိုင္းပိုင္းၿပီး ထိုရဟန္းကို တပိုင္း လႉလိုက္တယ္

ရဟန္းလဲ သင့္တင့္ေလွ်ာက္ပတ္တဲ့ မျမင္တဲ့ေနရာအရပ္ကို

သြားၿပီး ခႏၶာကိုယ္ မွာ ပတ္ထားတဲ့သစ္႐ြက္သစ္ခက္တို႔ကို စြန့္ပစ္ၿပီးတစ္ပိုင္းေသာ ဝတ္ပုဆိုးသကၤန္း၏ အစြန္းတဖက္ကို ဝတ္၍တစြန္းကို ႐ုံၿပီးထြက္လာခဲ့တဲ့အခါ

ရဟန္းေတာ္ ရဲ႕ ဝတ္ပန္းပုဆိုးထည္သကၤန္းအေရာင္ဟာကိုယ္ခႏၶာတစ္ခုလုံး ထြက္သစ္စေနဗိမာန္အေရာင္လို

တင့္တယ္ေနတာကိုျမင္လိုက္ရေတာ့ ဆင္းရဲသူမေလးဟာ

,,ငါ့ရဲ႕အရွင္ေကာင္းဟာ အစက တင့္တယ္ေတာ္မမႈယခုအခါ ထြက္သစ္စ ေနမင္းႀကီး လို တင့္တယ္ေတာ္မူလိုက္တာ

ဒီဝတ္ပန္းထည္တပိုင္းကိုလဲ ထိုရွင္ျမတ္အားသာလွ်င္ လႉအံ့ ”အႀကံေပၚလာၿပီး က်န္တဲ့ တပိုင္းကိုလူၿပီးဆုေတာင္းလိုက္တယ္

,,အရွင္ဘုရား တပည့္ေတာ္ သည္ ျဖစ္ေလရာျဖစ္ေလရာ ဘဝတိုင္း၌က်င္လည္သည္ရွိေသာ္ ျမတ္ေသာအဆင္းကိုဆာင္နိုင္သည္ျဖစ္ရပါလို၏ ကြၽႏုပ္ကို ျမင္၍ တစ္စုံတစ္ေယာက္ေသာေယာက်္ားသည္မိမိသေဘာအားျဖင့္ ေကာင္းစြာတည္ျခင္းငွါ မစြမ္းနိုင္ပါေစတပါးေသားမိန္းမသည္ အကြၽႏုပ္ထက္လြန္ကဲ၍ လွသည္ မည္သူမွမျဖစ္ေစသတည္း ”ဟု ဆုေတာင္းလိုက္တယ္

မေထရ္ျမတ္သည္လည္း ဝမ္းျမႇောက္ျခင္းအႏုေမာဒနာကိုျပဳ၍ႂကြေတာ္မူၿပီ အျခားကိုႂကြသြားတယ္ဆင္းရဲသူမေလးလည္း ကံအားေလ်ာ္စြာဒီဘဝမွာေသလြန္၍ နတ္ျပည္၌ က်င္လည္ၿပီးအရိ႒ပုရျပည္၌ ကုေဋ ၈၀ ခ်မ္းသာေသာတိရိဋိဝစၦ မည္ရွိေသာသူေဌးႀကီး၏ သမီးျမင္သူတိုင္း ႐ူးမေလာက္ခံစားရတဲ့ အလွဘုရင္ဥမၼာဒႏၲီ ျဖစ္လာခဲ့ေလးသည္ ;

Credit-Machit Mg