ဗဟုသုတ

သူ့ခန္ဓာကိုယ်ပေါ်မှာ တက်စီးခါနီးတိုင်း သေချင်ယောင်ဆောင်တတ်တဲ့ ငပျင်း မြင်းလေး

သူ့ခန္ဓာကိုယ်ပေါ်မှာ တက်စီးခါနီးတိုင်း သေချင်ယောင်ဆောင်တတ်တဲ့ ငပျင်း မြင်းလေး

Jingang ဆိုတဲ့ မြင်းတစ်ကောင်ကတော့ ပျင်းတဲ့နေရာမှာ level တစ်ခုကို ရောက်နေခဲ့ပါပြီ။ ဒါပေမယ့် သူဟာ အရမ်းကို ချစ်စရာကောင်းကြောင်း သူ့ပိုင်ရှင်က ပြောပါတယ်။ ဘာလို့လဲဆိုတော့ Jingang က သူ့သခင် သူ့ပေါ် တက်စီးတော့မယ်ဆိုရင် သေချင်ယောင်ဆောင် လိုက်လို့ပါပဲ။

မြင်းတွေက အလုပ်အရမ်း လုပ်ကြပါတယ်။ ဒါပေမယ့် အဲဒီမြင်းတွေထဲမှာ Jingang တော့ မပါခဲ့ပါဘူး။ သူက အရမ်းကို ဟန်ဆောင်ကောင်းတဲ့ မြင်းတစ်ကောင်ပါ။

သူ့အပေါ် သခင်က တက်မှ သေချင်ယောင်ဆောင်တာ မဟုတ်ပါဘူး။ တခြားသူတွေက သူ့အပေါ်တက်စီးဖို့ ကုန်းနှီးကို ကိုင်လိုက်တာနဲ့ သူက ချက်ချင်းကို ပစ်လဲပြီး သေချင်ယောင် ဆောင်လိုက်တာပါ။ မြင်းစီးမယ့်သူ ထွက်သွားပြီဆိုမှ ထလာပါတော့တယ်။

သူ့အပေါ် တက်စီးနေရင်းနဲ့လည်း တစ်ခါတလေ သေချင်ယောင်ဆောင်ပြီး လဲချလိုက်တာလည်း ရှိပါတယ်။ Jingang က ဘာ့ကြောင့် ဒီလိုလုပ်လဲ ဆိုရင် သူ့ပေါ်တက်စီးတာကို မကြိုက်လို့ပါ။ သူ့ပေါ် တက်စီးမယ့် သူ့မြင်ကွင်းထဲကနေ ပျောက်သွားမှ ပြန်ထလာပါတယ်။

Jingang က အလုပ်အရမ်း လုပ်ရတာကို မုန်းပါတယ်။ သူ့ရဲ့ ဟန်ဆောင်ကောင်းတဲ့ အမူအရာကြောင့် အင်တာနက်မှာတော့ Jingang က နာမည်ကြီးပါပဲ။ သူ့ရဲ့ အမူအရာတွေကြောင့် တခြားမြင်းတွေကတော့ စိတ်ရှုပ်စရာပါပဲ။

သူဟန်ဆောင် ကောင်းတာကိုလည်း သူကိုယ့်သူ သိပါတယ်။ အဲဒီလို ဟန်ဆောင်နေရတာကိုပဲ Jingang က သဘောကျနေတာပါ။ တခြားမြင်းတွေက အစားအစားရဖို့ အလုပ်ကြိုးစားရနေချိန်မှာ Jingang ကတော့ သေချင်ယောင် ဆောင်နေပါတယ်။

သူ့ရဲ့လှောင်ပြုံးကတော့ လုံးဝကို ပီပြင်ပါတယ်။ Jingang ရဲ့ video လေးကို မြင်သူတွေကတော့ ငပျင်းလေးဆိုပြီး ချစ်နေကြပါတယ်။

Credit

သူ႕ခႏၶာကိုယ္ေပၚမွာ တက္စီးခါနီးတိုင္း ေသခ်င္ေယာင္ေဆာင္တတ္တဲ့ ငပ်င္း ျျမင္းေလး

Jingang ဆိုတဲ့ ျမင္းတစ္ေကာင္ကေတာ့ ပ်င္းတဲ့ေနရာမွာ level တစ္ခုကို ေရာက္ေနခဲ့ပါၿပီ။ ဒါေပမယ့္ သူဟာ အရမ္းကို ခ်စ္စရာေကာင္းေၾကာင္း သူ႕ပိုင္ရွင္က ေျပာပါတယ္။ ဘာလို႔လဲဆိုေတာ့ Jingang က သူ႕သခင္ သူ႕ေပၚ တက္စီးေတာ့မယ္ဆိုရင္ ေသခ်င္ေယာင္ေဆာင္ လိုက္လို႔ပါပဲ။

ျမင္းေတြက အလုပ္အရမ္း လုပ္ၾကပါတယ္။ ဒါေပမယ့္ အဲဒီျမင္းေတြထဲမွာ Jingang ေတာ့ မပါခဲ့ပါဘူး။ သူက အရမ္းကို ဟန္ေဆာင္ေကာင္းတဲ့ ျမင္းတစ္ေကာင္ပါ။

သူ႕အေပၚ သခင္က တက္မွ ေသခ်င္ေယာင္ေဆာင္တာ မဟုတ္ပါဘူး။ တျခားသူေတြက သူ႕အေပၚတက္စီးဖို႔ ကုန္းႏွီးကို ကိုင္လိုက္တာနဲ႕ သူက ခ်က္ခ်င္းကို ပစ္လဲၿပီး ေသခ်င္ေယာင္ ေဆာင္လိုက္တာပါ။ ျမင္းစီးမယ့္သူ ထြက္သြားၿပီဆိုမွ ထလာပါေတာ့တယ္။

သူ႕အေပၚ တက္စီးေနရင္းနဲ႕လည္း တစ္ခါတေလ ေသခ်င္ေယာင္ေဆာင္ၿပီး လဲခ်လိဳက္တာလည္း ရွိပါတယ္။ Jingang က ဘာ့ေၾကာင့္ ဒီလိုလုပ္လဲ ဆိုရင္ သူ႕ေပၚတက္စီးတာကို မႀကိဳက္လို႔ပါ။ သူ႕ေပၚ တက္စီးမယ့္ သူ႕ျမင္ကြင္းထဲကေန ေပ်ာက္သြားမွ ျပန္ထလာပါတယ္။

Jingang က အလုပ္အရမ္း လုပ္ရတာကို မုန္းပါတယ္။ သူ႕ရဲ႕ ဟန္ေဆာင္ေကာင္းတဲ့ အမူအရာေၾကာင့္ အင္တာနက္မွာေတာ့ Jingang က နာမည္ႀကီးပါပဲ။ သူ႕ရဲ႕ အမူအရာေတြေၾကာင့္ တျခားျမင္းေတြကေတာ့ စိတ္ရႈပ္စရာပါပဲ။

သူဟန္ေဆာင္ ေကာင္းတာကိုလည္း သူကိုယ့္သူ သိပါတယ္။ အဲဒီလို ဟန္ေဆာင္ေနရတာကိုပဲ Jingang က သေဘာက်ေနတာပါ။ တျခားျမင္းေတြက အစားအစားရဖို႔ အလုပ္ႀကိဳးစားရေနခ်ိန္မွာ Jingang ကေတာ့ ေသခ်င္ေယာင္ ေဆာင္ေနပါတယ္။

သူ႕ရဲ႕ေလွာင္ၿပဳံးကေတာ့ လုံးဝကို ပီျပင္ပါတယ္။ Jingang ရဲ႕ video ေလးကို ျမင္သူေတြကေတာ့ ငပ်င္းေလးဆိုၿပီး ခ်စ္ေနၾကပါတယ္။

Credit