ကမ္ဘာ့အလှဆုံး အသက် ၅ နှစ်အရွယ် ကလေးမလေး
သင်ဟာဘယ်မိဘကိုမဆိုကမ္ဘာပေါ်မှာအလှဆုံးကလေးကဘယ်သူလဲလို့မေးရင်ကျွန်တော်/ကျွန်မတို့ရဲ့ကလေးကအလှဆုံးပါ လို့ ချက်ချင်းပြန်ဖြေပါလိမ့်မယ်။မိဘတွေရဲ့ချစ်ခြင်းမေတ္တာကြောင့်ကျွန်တော်တို့ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့်ကမ္ဘာပေါ်ကလူတွေရဲ့နှလုံးခုန်သံတွေရပ်တန့်သွားလောက်အောင်လှတဲ့ကလေးတွေလည်းများစွာရှိပါတယ်။
တချို့ကလေးတွေရဲ့မိဘတွေကထင်ပေါ်ကျော်ကြားသူတွေဖြစ်ကြပြီးသူတို့ကလေးတွေကိုလည်းထင်ပေါ်ကျော်ကြားလာအောင်တွန်းအားပေးကြပါတယ်။ဒါပေမယ့်တချို့ကလေးတွေကတော့အချောလွန်၊အလှလွန်လို့ကိုထင်ပေါ်လာရတာပါ။
ဓာတ်ပုံဆရာမ Mofe Bamuyiwaကနိုင်ဂျီးရီးယားနိုင်ငံက ဖုံးကွယ်နေတဲ့ရတနာတစ်ပါးကိုမကြာသေးခင်က တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံဆရာမက မယုံနိုင်လောက်အောင်လှပတဲ့ငါးနှစ်အရွယ်မိန်းကလေး Jare ရဲ့ ဓာတ်ပုံကို သူမရဲ့ Instagram မှာတင်ခဲ့ပါတယ်။ ဂျဲရဲ့ဓာတ်ပုံဟာ လူမှုစာမျက်နှာတွေပေါ်မှာအလျင်အမြန် ထင်ရှားလာခဲ့ပါတယ်။
ကလေးဘဝနဲ့လူကြီးဘဝရဲ့ ဆုံမှတ်ကို ဖော်ပြချင်လို့ Jare ကို ဓာတ်ပုံရိုက်ကူးရခြင်းဖြစ်ကြောင်း ပြောပါတယ်။ လူထောင်ပေါင်းများစွာက ဒီပို့စ်ကို သဘောကျခဲ့ကြပါတယ်။ Jare ကို ဘာဘီရုပ်လေးနဲ့ တူတယ်လို့ပြောကြပြီး ကမ္ဘာ့အလှဆုံး မိန်းကလေးလို့ အမည်ပေးလိုက်ကြပါတယ်။
Bamuyawi က Yahoo Lifestyle မှာ Jare က ပရော်ဖက်ရှက်နယ်မော်ဒယ် မဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။ Jare မှာ ခုနှစ်အရွယ်အစ်မ Jomi နဲ့ ဆယ်နှစ်အရွယ်အစ်မ Joba ရှိပါတယ်။ သူတို့မှာလည်း ထင်ရှားတဲ့ ရုပ်ရည်လေးတွေ ရှိကြပါတယ်။ Bamuyawi ရိုက်ခဲ့တဲ့ဓာတ်ပုံက Jare ရဲ့ အမေကို စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့ပါတယ်။
Jare ရဲ့ အမေက Instagram မှာ The J3 Sisters ဆိုတဲ့ အကောင့်ကို ဖွင်ခဲ့ပါတယ်။ ဂျဲက ကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ် ပထမဆုံး သတ်မှတ်ခံရတာ မဟုတ်ပါဘူး။ မကြာသေးခင်ကပဲ အမြွာနှစ်ယောက်ဖြစ်တဲံ Last Rose နဲ့ Age Marie Clements May တို့ကိုလည်း ကမ္ဘာ့အလှဆုံး မိန်းကလေးများလို့ ခေါ်ခဲ့ကြပါသေးတယ်။ ” Jare က လူသားလည်းဟုတ်တယ်။ နတ်သမီးလည်း ဟုတ်တယ်” လို့ အများက ပြောနေကြပါတယ် ။
Credit Myat
ကမာၻ႔အလွဆုံး အသက္ ၅ ႏွစ္အ႐ြယ္ ကေလးမေလး
သင္ဟာဘယ္မိဘကိုမဆိုကမာၻေပၚမွာအလွဆုံးကေလးကဘယ္သူလဲလို႔ေမးရင္ကြၽန္ေတာ္/ကြၽန္မတို႔ရဲ႕ကေလးကအလွဆုံးပါ လို႔ ခ်က္ခ်င္းျပန္ေျဖပါလိမ့္မယ္။မိဘေတြရဲ႕ခ်စ္ျခင္းေမတၱာေၾကာင့္ကြၽန္ေတာ္တို႔ ၿပိဳင္ျငင္းနိုင္မွာမဟုတ္ပါဘူး။ဒါေပမယ့္ကမာၻေပၚကလူေတြရဲ႕ႏွလုံးခုန္သံေတြရပ္တန႔္သြားေလာက္ေအာင္လွတဲ့ကေလးေတြလည္းမ်ားစြာရွိပါတယ္။
တခ်ိဳ႕ကေလးေတြရဲ႕မိဘေတြကထင္ေပၚေက်ာ္ၾကားသူေတြျဖစ္ၾကၿပီးသူတို႔ကေလးေတြကိုလည္းထင္ေပၚေက်ာ္ၾကားလာေအာင္တြန္းအားေပးၾကပါတယ္။ဒါေပမယ့္တခ်ိဳ႕ကေလးေတြကေတာ့အေခ်ာလြန္၊အလွလြန္လို႔ကိုထင္ေပၚလာရတာပါ။
ဓာတ္ပုံဆရာမ Mofe Bamuyiwaကနိုင္ဂ်ီးရီးယားနိုင္ငံက ဖုံးကြယ္ေနတဲ့ရတနာတစ္ပါးကိုမၾကာေသးခင္က ေတြ႕ရွိခဲ့ပါတယ္။ ဓာတ္ပုံဆရာမက မယုံနိုင္ေလာက္ေအာင္လွပတဲ့ငါးႏွစ္အ႐ြယ္မိန္းကေလး Jare ရဲ႕ ဓာတ္ပုံကို သူမရဲ႕ Instagram မွာတင္ခဲ့ပါတယ္။ ဂ်ဲရဲ႕ဓာတ္ပုံဟာ လူမႈစာမ်က္ႏွာေတြေပၚမွာအလ်င္အျမန္ ထင္ရွားလာခဲ့ပါတယ္။
ကေလးဘဝနဲ႕လူႀကီးဘဝရဲ႕ ဆုံမွတ္ကို ေဖာ္ျပခ်င္လို႔ Jare ကို ဓာတ္ပုံရိုက္ကူးရျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။ လူေထာင္ေပါင္းမ်ားစြာက ဒီပို႔စ္ကို သေဘာက်ခဲ့ၾကပါတယ္။ Jare ကို ဘာဘီ႐ုပ္ေလးနဲ႕ တူတယ္လို႔ေျပာၾကၿပီး ကမာၻ႔အလွဆုံး မိန္းကေလးလို႔ အမည္ေပးလိုက္ၾကပါတယ္။
Bamuyawi က Yahoo Lifestyle မွာ Jare က ပေရာ္ဖက္ရွက္နယ္ေမာ္ဒယ္ မဟုတ္ေၾကာင္း ေရးသားခဲ့ပါတယ္။ Jare မွာ ခုႏွစ္အ႐ြယ္အစ္မ Jomi နဲ႕ ဆယ္ႏွစ္အ႐ြယ္အစ္မ Joba ရွိပါတယ္။ သူတို႔မွာလည္း ထင္ရွားတဲ့ ႐ုပ္ရည္ေလးေတြ ရွိၾကပါတယ္။ Bamuyawi ရိုက္ခဲ့တဲ့ဓာတ္ပုံက Jare ရဲ႕ အေမကို စိတ္ဝင္စားေအာင္ လုပ္နိုင္ခဲ့ပါတယ္။
Jare ရဲ႕ အေမက Instagram မွာ The J3 Sisters ဆိုတဲ့ အေကာင့္ကို ဖြင္ခဲ့ပါတယ္။ ဂ်ဲက ကမာၻ႔အလွဆုံးမိန္းကေလးအျဖစ္ ပထမဆုံး သတ္မွတ္ခံရတာ မဟုတ္ပါဘူး။ မၾကာေသးခင္ကပဲ အႁမြာႏွစ္ေယာက္ျဖစ္တဲံ Last Rose နဲ႕ Age Marie Clements May တို႔ကိုလည္း ကမာၻ႔အလွဆုံး မိန္းကေလးမ်ားလို႔ ေခၚခဲ့ၾကပါေသးတယ္။ ” Jare က လူသားလည္းဟုတ္တယ္။ နတ္သမီးလည္း ဟုတ္တယ္” လို႔ အမ်ားက ေျပာေနၾကပါတယ္ ။
Credit Myat