ဘယ်သူမဆို အဝတ်အစားအသစ်တွေဝယ်တဲ့အခါ လက်ကိုင်အိတ်အသစ်တွေဝယ်တဲ့အခါအရည်အသွေးကောင်းတာကိုပဲ လိုချင်ကြတာပေါ့။
တကယ့်တကယ်ကျတော့ အဝတ်အစားတွေက တစ်ခါပဲဝတ်ရသေးတယ် လျှော်လိုက်တော့ ပြဲသွားတာတွေဖြစ်တတ်ပါသေးတယ်။
အဲ့ဒီအခါကျ အဝတ်အစားဝယ်ဖို့ ကုန်သွားတဲ့ပိုက်ဆံက နှမြောစရာဖြစ်ကုန်တာပေါ့။
အဲ့ဒီလိုအရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို မဝယ် ဖို့ကို အခုဖော်ပြမယ့် နည်းလမ်းတွေကို လိုက်နာကြရအောင်။
၁။ ချုပ်ရိုးကို ဆွဲဆန့်ကြည့်ပါ
အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေက ချုပ်ရိုးချုပ်သား ထူထူထဲထဲရှိပါတယ်။ ဒါ့ကြောင့် အရည်အသွေးကောင်းတဲ့ ပစ္စည်းဆို အပ်ပေါက်ရာတွေ မြင်ရမှာမဟုတ်ပါဘူး။
ဒါပေမဲ့ အားကြီးနဲ့ ဆွဲမဆန့်ဖို့ သတိထားပါနော်။ တော်ကြာနေ နဂိုကတည်းက အရည်အသွေးမကောင်းတဲ့ အင်္ကျီက ကိုယ်လုပ်လိုက်မှ ပြဲသွားတယ်ဆိုပြီး ပြန်လျော်နေရပါဦးမယ်။
၂။ ဇစ်ပွင့်နေသော အဝတ်အစားနဲ့ အသုံးအဆောင်များ
ဇစ်ပွင့်နေတဲ့ အဝတ်အစားက ဇစ်ပျက်နေတာပဲဖြစ်ဖြစ် ဝယ်ပြီးမှ ဇစ်ပျက်သွားတာတွေ ဖြစ်နိုင်တာမို့ တွေရှောင်ကြဉ်ပါ။
၃။ ချည်သား စစ် မစစ် လက်နဲ့ ဆုပ်ကြည့်ပါ
လက်နဲ့ စက္ကန့်အနည်းငယ်ခန့် ဆုပ်ကြည့်လိုက်တဲ့အခါ ပုံပျက်ပြီး ကြေမွသွားတယ်ဆိုရင် မဝယ်ပါနဲ့။
ဝယ်ပြီးလို့ တစ်ခေါက်လျှော်ပြီးတာနဲ့ ခြေသုတ်ခုံလို ဖြစ်သွားတတ်လို့ပါပဲ။
၄။ ချုပ်ရိုးချုပ်သားနဲ့ Pattern က အမျိုးအစားတူရဲ့လား စစ်ဆေးပါ
၅။ ချုပ်ရိုးအနားသားကျယ်တဲ့ အဝတ်အစားကို ရွေးချယ်ပါ
ဘောင်းဘီနဲ့ စကပ်တွေက ချုပ်ရိုးအနားစ ၄ စင်တီမီတာခန့်ရှိသင့်ပြီး ဘလောက်အင်္ကျီ၊ ရှပ်အင်္ကျီတွေကတော့ အနားစ ၂ စင်တီခန့် ရှိသင့်ပါတယ်။
ဘယ်ဘက်ကပုံအမှားလိုမျိုး အနားစလုံးဝမရှိတဲ့ အဝတ်စားဆိုရင်တော့ အနားတောင် အကပ်မခံပါနဲ့တော့။
၆။ ကြယ်သီးပေါက်များကို စစ်ဆေးပါ
၇။ ဇစ်ရဲ့အလျားနဲ့ အဝတ်စရဲ့အလျား တစ်ထပ်တည်းကျပါစေ
ဂါဝန်၊ စကပ်တွေမှာ တပ်ထားတဲ့ ဇစ်က အဝတ်စရဲ့ အလျားနဲ့ ထပ်တူကျရမှာဖြစ်သလို အရောင်ကလည်း တစ်ထပ်တည်း ကျရမှာပါ။
၈။ အားစိုက်ဆွဲပါ
အရည်အသွေးကောင်းတဲ့ ပစ္စည်းကတော့ ဘယ်လောက်ပဲ အားစိုက်ဆွဲဆွဲ ပုံမပျက်ဘဲ တည်ရှိနေမှာပါ။
၉။ ခေါက်ထားတဲ့ နေရာက အရောင်နဲ့ အိတ်ရဲ့အရောင် တူမတူစစ်ပါ။
ခေါက်ထားတဲ့ နေရာက အရောင် ဖျော့နေတာတို့ အရောင်ပိုရင့်နေတာတို့ဆို အရည်အသွေး မကောင်းတဲ့ပစ္စည်းဖြစ်လို့ မဝယ်ပါနဲ့။
၁၀။ အညွှန်းသေချာဖတ်ပါ
ချည်ထည်၊ ပိုးထည်နဲ့ သိုးမွေးထည်တွေကဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေထက် အရည်အသွေး ပိုမိုကောင်းမွန်တာကတော့ ပြောနေစရာလိုမှာမဟုတ်ပါဘူး။
ဒါပေမဲ့လည်း ၁၀၀ ရာခိုင်နှုန်း ချည်သားစစ်စစ်ကတော့ ရေလျှော်ပြီးတာနဲ့ ကျုံ့သွားတော့တာပါပဲ။
ဒါ့ကြောင့် Polyster တို့ နိုင်လွန်တို့ ၃၀ ရာခိုင်နှုန်းခန့် ရောပါတာကို ရွေးချယ်ဝယ်ယူပါ။