ဗဟုသုတ

မွေးကင်းစအရွယ်၌ ဘူတာရုံတစ်ခုမှာ ထားခဲ့ခံရပြီးနောက် ၁၃ နှစ်အကြာမှာတော့ ပြည်ပ၌ လူအများချစ်ခင်တဲ့စူပါစတားတစ်ဦးဖြစ်လာခဲ့တဲ့ မိန်းကလေး

မွေးကင်းစအရွယ်၌ ဘူတာရုံတစ်ခုမှာ ထားခဲ့ခံရပြီးနောက် ၁၃ နှစ်အကြာမှာတော့ ပြည်ပ၌ လူအများချစ်ခင်တဲ့စူပါစတားတစ်ဦးဖြစ်လာခဲ့တဲ့ မိန်းကလေး

လွန်ခဲ့တဲ့ ၁၃ နှစ်က တရုတ်နိုင်ငံ၊ ဟူနန်မြို့ရှိ ရထားဘူတာတစ်ခုမှာ မွေးမိခင်တစ်ဦးက တစ်လသားအရွယ်သာရှိသေးတဲ့ သူမရဲ့မွေးကင်းစသမီးလေးတစ်ဦးကို ကတ်ထူပုံးထဲထည့်ပြီး ချန်ထားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သူစိမ်းတစ်ဦးက ထိုသနားစရာကောင်းတဲ့ ကလေးငယ်လေးကိုတွေ့ရှိခဲ့ပြီး မိဘမဲ့ဂေဟာသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

သနားစရာကောင်းတဲ့ ကလေးငယ်က သူမရဲ့မွေးစားမိဘများဖြစ်ကြတဲ့ Chuck အမည်ရှိအမျိုးသား နှင့် Kim အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံနှင့်အတူ အမေရိကသို့ မပြောင်းရွှေ့မီ မိဘမဲ့ဂေဟာမှာ တစ်နှစ်ကြာနေထိုင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ထိုသနားစရာကောင်းတဲ့ မိန်းကလေးငယ်က နာမည်ကျော် အဆိုတော်မလေး McKenzie Grace Walker အဖြစ် လူသိများနေပါပြီ။

မိဘအသစ်များရဲ့ကျေးဇူးကြောင့် ယခုအခါ သူမဟာ စူပါစတားတစ်ဦးဖြစ်နေပြီဖြစ်သလို McKenzie ဟာ သီချင်းဆိုရာမှာ မယုံနိုင်လောက်အောင်ပင် အရည်အချင်းရှိနေတာကို ၎င်းတို့နေအိမ်သို့ ခေါ်ဆောင်သွားပြီးနောက် မကြာမီမှာ McKenzie ရဲ့မိဘများက ရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။ “ အဲ့တာက ကျွန်မတို့ တရုတ်ပြည်ကနေ ပြန်ရောက်လာတဲ့အချိန်က စသိခဲ့တာပါ။

McKenzie က နှိုးစက်သံကိုကြားတော့ နာရီဆီသို့လျှောက်သွားပြီး အချက်ပေးသံကကြက်တွန်သံကို သူမက မှန်ကန်တဲ့အသံထွက်တွေနဲ့ အတုလိုက်လုပ်တော့ ကျွန်မ တကယ်ကို အံ့ဩမိသွားခဲ့ရတယ် ” လို့ မိခင် Kim က ဆိုခဲ့ပါတယ်။

နောက်ပိုင်း McKenzie ရဲ့မိဘများက သူမဟာ သီချင်းဆိုခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ အလားအလာရှိကြောင်းကို သိခဲ့ကြပြီး သူမကို အဆိုသင်တန်းများသို့ ပို့ပေးခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ McKenzie ရဲ့ပုန်းကွယ်နေတဲ့အရည်အချင်းတွေက ထွက်ပေါ်လာပြီး မကြာခင်မှာပဲ သူမ ဟာ အဆိုတော်အဖြစ် ဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

ယခုအခါ သူမဟာ နိုင်ငံအနှံ့အားကစားကွင်းကြီးများကဲ့သို့ သီးသန့်နေရာများမှာ ဖျော်ဖြေပွဲများ ပြုလုပ်နေပါပြီ။ 2015 ခုနှစ်မှာ McKenzie က Mansion Entertainment နှင့်စာချုပ် ချုပ်ဆိုခဲ့ပြီး သူမဟာ ဘုရားကျောင်းအတွက် ဧဝံဂေလိသီချင်းများ သီဆိုခွင့်ရခဲ့ပါတယ်။ McKenzie ဟာ နာမည်ကြီးအနုပညာရှင်တစ်ဦးဖြစ်လာပေမဲ့လည်း သူမရဲ့ငယ်ဘဝကို ဘယ်တော့မှမမေ့ထားခဲ့ပါဘူး။

McKenzie ဟာ ယခင်သူမကဲ့သို့ ကံမကောင်းတဲ့ကလေးများအတွက် မိဘမဲ့ဂေဟာများထူထောင်ရာမှာ ကူညီရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းပြီး သူမရဲ့သီချင်းများဖြင့် မွေးစားခြင်းအကြောင်းကို အသိပညာပေးခဲ့ပါတယ်။

Kim နှင့် Chuck တို့ကလည်း အရာရာတိုင်းမှာ အကြောင်းပြချက်ရှိကြောင်း ယုံကြည်ထားခဲ့ကြပြီး McKenzie ဟာ သူမရဲ့အရည်အချင်းဖြင့် ကံမကောင်းဖြစ်နေတဲ့အခြားသူများကို ကူညီခဲ့တဲ့အပြင် သူမရဲ့ရည်မှန်းချက်များကလည်း လိုအပ်နေသူများအပြင် ကျွန်တော်တို့အားလုံးကိုလည်း လုံးဝစိတ်အားထက်သန်စေခဲ့ပါတယ်။ ဒါ့ကြောင့် ဘဝမမေ့တတ်တဲ့ McKenzie လေးရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်း နောက်တစ်ဆင့်သို့တက်လှမ်းမဲ့အချိန်ကိုလည်း မျှော်လင့်စွာနဲ့ စောင့်ဆိုင်းနေမိပါတယ်ဗျာ။

Mia (Mckzone daily)

Reference : gtgoodtimes






Mia (Mckzone daily)
