ဗဟုသုတ
ကိုယ်ဝန်ရှိနေတာကြောင့် ၎င်းရဲ့အသက်ကို ချမ်းသာပေးဖို့ သားသတ်ရုံက အလုပ်သမားကို ဒူးထောက်တောင်းပန်ရင်း မျက်ရည်များကျနေခဲ့တဲ့ ကျွဲမကြီး
ကိုယ်ဝန်ရှိနေတာကြောင့် ၎င်းရဲ့အသက်ကို ချမ်းသာပေးဖို့ သားသတ်ရုံက အလုပ်သမားကို ဒူးထောက်တောင်းပန်ရင်း မျက်ရည်များကျနေခဲ့တဲ့ ကျွဲမကြီး
လူတွေက တိရိစ်ဆာန်တွေမှာလည်း နှလုံးရှိတယ်လို့ ပြောကြတဲ့အခါ၊ လူသားတို့ဟာ ၎ကို အလေးအနက်ထားခဲကြပါတယ်။ ဒါပေမယ့် ကျွဲတစ်ကောင်က သူ့အသက်အတွက် တောင်းပန်နေတာကို ပြသထားတဲ့ ဗီဒီယိုအတိုလေးတစ်ခုက လူသားတို့ဟာ စိတ်ခံစားမှုရှိတဲ့သူမဟုတ်ကြောင်း သက်သေပြခဲ့ပါတယ်။
၎အျဖစ္က တရုတ်နိုင်ငံရှိ သားသတ်ရုံတစ်ခုတွင် ကိုယ်ဝန်ဆောင်ကျွဲတစ်ကောင်ကို ရွေးချယ်ခံရချိန်မှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ သားသတ်ရုံက လူတွေက ၎င်းကျွဲရဲ့ကိုယ်ဝန်အကြောင်း သိလားဆိုတာက မသေချာပေမယ့် ၎င်းကျွဲကတော့ ရောင်းဖို့ ကံမကောင်းစွာနဲ့ ဆုံးဖြတ်ခံခဲ့ရပါတယ်။
၎င်းကျွဲဟာ သားသတ်ရုံသို့ ဆွဲခေါ်ခံခဲ့ရပြီး တရုတ်နိုင်ငံတောင်ပိုင်း၊ Guangdong ပြည်နယ် Shantou မြို့မှာ ရွိတဲ့ သားသတ်ရုံ၌ လူတွေရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးဟာ အွန်လိုင်းမှာ ကြည့်ရှုသူ သန်းချီပြီး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗီဒီယိုအတိုလေးထဲမှာတော့ သားသတ်ရုံက အလုပ်သမားလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးဟာ ကျွဲကို ကြိုးနဲ့ဆွဲနေတာကို မြင်တွေ့ခဲ့ရပါတယ်။
သို့သော် ကျွဲက သတိပြုမိသွားပုံရပြီး အဆိုပါအလုပ်သမားနောက်ကို လိုက်ရန် ငြင်းဆန်နေခဲ့ပါတယ်။ ထို့နောက် ရုန်းကန်ရင်းနဲ့ ကျွဲက သူ့အသက်အတွက် အသနားခံနေသလိုမျိုး ရုတ်တရက် ဒူးထောက်လိုက်ပါတယ်။
သို့ပေမဲ့ ဆက်ပြီး ဆွဲသွားခံရတဲ့အချိန်မှာ ၎င်းကျွဲက ကြောက်လန့်တကြားနဲ့ မျက်ရည်တွေ ကျလာခဲ့ပါတယ်။ အဲ့ကျွဲကို သားသတ်ရုံကို ဆွဲခေါ်လာတုန်းက ကျွဲက ပထမဆုံး ဒူးထောက်ခဲ့တယ် ၊ အဲ့တာနဲ့ အထဲရောက်တော့လည်း ကျွဲက နောက်တစ်ကြိမ် ဒူးထောက်ရင်း မျက်ရည်ကျပြီး ငိုနေခဲ့တယ် ဟု အဆိုပါဒေသ၌ နေထိုင်သူ Lin Wangbo က ပြောကြားခဲ့ပါတယ်။
ထို့နောက် ၎ဗီဒီယိုက ပျံ့နှံ့သွားခဲ့တာကြောင့် တိရိစ္ဆာန္ခ်စ္သူမ်ားက စည်းလုံးပြီး ကိုယ်ဝန်ဆောင်ကျွဲကို ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၎င်းတို့ဟာ အဆိုပါကျွဲကိုဝယ်ယူရန် ဒေါ်လာ 3,600 တန်တဲ့ ရန်ပုံငွေကို စုဆောင်းခဲ့ကြပြီး သနားစရာကောင်းတဲ့ တိရိစ်ဆာန်လေးကို အသက်ရှင်ဖို့ ဒုတိယအကြိမ် အခွင့်အရေးပေးခဲ့ကြပါတယ်။
၎င်းရဲ့သားပေါက်လေးကို မွေးဖွားခွင့်ပေးရန်အတွက် နောက်ဆုံးမှာ အဆိုပါကိုယ်ဝန်ဆောင်ကျွဲကို Huilai Jinshi ဘုရားကျောင်းသို့ ခေါ်ဆောင်သွားခဲ့ကြပါတယ်။
Crd
Crd