ဗဟုသုတ

အပြင်ထွက်တာကိုခေါ်မသွားလို့ဆိုပြီး စိတ်ကောက်ကာ တစ်အိမ်လုံး ဗြောင်းဆန်အောင်လုပ်ပစ်ပြီး သခင်ဖြစ်သူအား ကလဲ့စားချေခဲ့သော ခွေးလေး

ခွေးလေးများသည် အိမ်မွေးတိရစ္ဆာန်အဖြစ် အများဆုံးမွေးမြူခံရကာ လူသားတို့နှင့်တရင်းတနှီးနေရသည့်အတွက် အလိုက်လည်းအရမ်းသိကာ သခင်ဖြစ်သူပြောသောစကားကိုပင် နားလည်ဟန်ရှိတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အိမ်မွေးခွေးလေးတစ်ကောင်သည် သခင်ဖြစ်သူနှင့် အနီးကပ်နေရပြီး သွားလေရာခေါ်သွားလေ့ရှိသည့်အတွက် အကျင့်ဖြစ်နေပြီး သခင်ဘယ်သွားသွား အလိုက်ရရင်မနေနိုင်ဖြစ်နေခဲ့သည်။

သခင်ဖြစ်သူသည် တစ်နေ့တွင် အလုပ်ကိစ္စနှင့်အပြင်ထွက်ရကာ ခွေးလေးမှာ အတင်းတွေလိုက်ချင်လွန်း၍ အငြိမ်မနေနိုင်ဖြစ်နေခဲ့စဥ် သခင်မှချော့မြူကာ နေမှာပဲနေရန်ပြောဆိုခဲ့ရင်း စိတ်ချလက်ချ ထားပစ်ခဲ့သည်။

ခွေးလေးသည် သူ့ကိုမခေါ်ရမလားဆိုပြီး သခင်ဖြစ်သူအပေါ် စိတ်တွေကောက်ကာ အိမ်မှာရှိသည့် အသုံးအဆောင်ပစ္စည်းအားလုံးကို ကိုက်ဖြတ်နင်းချေဖျတ်စီးခဲ့ပြီး တစ်အိမ်လုံးရှုပ်ပွ ဗြောင်းဆန်နေအောင် ပြုလုပ်ခဲ့သည်။

သခင်ဖြစ်သူလည်း အလုပ်ပြီး၍အိမ်ပြန်လာစဥ် အခန်းတံခါးဖွင့်ကြည့်ချိန်မှာတော့ ညစ်ပေရှုပ်ပွပြီး သူအကြိုက်ဆုံး ထိုင်ခုံလေးမှာလည်း ဖျတ်စီးခံလိုက်သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ရသော်လည်း သူ၏ခွေးလေးကိုအပြစ်မမြင်ရက်ပဲ ပြန်လိုက်ချော့ရင်း ရယ်မောနေခဲ့သည်။

Credit

Zawgyi

ေခြးေလးမ်ားသည္ အိမ္ေမြးတိရစာၦန္အျဖစ္ အမ်ားဆုံးေမြးျမဴခံရကာ လူသားတို႔ႏွင့္တရင္းတႏွီးေနရသည့္အတြက္ အလိုက္လည္းအရမ္းသိကာ သခင္ျဖစ္သူေျပာေသာစကားကိုပင္ နားလည္ဟန္ရွိတတ္ၾကသည္။

သို႔ျဖစ္၍ တ႐ုတ္နိုင္ငံမွ အိမ္ေမြးေခြးေလးတစ္ေကာင္သည္ သခင္ျဖစ္သူႏွင့္ အနီးကပ္ေနရၿပီး သြားေလရာေခၚသြားေလ့ရွိသည့္အတြက္ အက်င့္ျဖစ္ေနၿပီး သခင္ဘယ္သြားသြား အလိုက္ရရင္မေနနိုင္ျဖစ္ေနခဲ့သည္။

သခင္ျဖစ္သူသည္ တစ္ေန႕တြင္ အလုပ္ကိစၥႏွင့္အျပင္ထြက္ရကာ ေခြးေလးမွာ အတင္းေတြလိုက္ခ်င္လြန္း၍ အၿငိမ္မေနနိုင္ျဖစ္ေနခဲ့စဥ္ သခင္မွေခ်ာ့ျမဴကာ ေနမွာပဲေနရန္ေျပာဆိုခဲ့ရင္း စိတ္ခ်လက္ခ် ထားပစ္ခဲ့သည္။

ေခြးေလးသည္ သူ႕ကိုမေခၚရမလားဆိုၿပီး သခင္ျဖစ္သူအေပၚ စိတ္ေတြေကာက္ကာ အိမ္မွာရွိသည့္ အသုံးအေဆာင္ပစၥည္းအားလုံးကို ကိုက္ျဖတ္နင္းေခ်ဖ်တ္စီးခဲ့ၿပီး တစ္အိမ္လုံးရႈပ္ပြ ေျဗာင္းဆန္ေနေအာင္ ျပဳလုပ္ခဲ့သည္။

သခင္ျဖစ္သူလည္း အလုပ္ၿပီး၍အိမ္ျပန္လာစဥ္ အခန္းတံခါးဖြင့္ၾကည့္ခ်ိန္မွာေတာ့ ညစ္ေပရႈပ္ပြၿပီး သူအႀကိဳက္ဆုံး ထိုင္ခုံေလးမွာလည္း ဖ်တ္စီးခံလိုက္သည္ကို ဝမ္းနည္းဖြယ္ေတြ႕ရွိခဲ့ရေသာ္လည္း သူ၏ေခြးေလးကိုအျပစ္မျမင္ရက္ပဲ ျပန္လိုက္ေခ်ာ့ရင္း ရယ္ေမာေနခဲ့သည္။

Credit