ဗဟုသုတ

ကားတစ်စီးရဲ့လောင်စာဆီ သုံးစွဲမှုနှုန်းကို လျှော့ချနိုင်မယ့်နည်းလမ်းများ

ကားတစ်စီးရဲ့ လောင်စာဆီသုံးစွဲမှု အနည်းအများကို သက်ရောက်စေနိုင်တဲ့ ကဏ္ဍတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် လောင်စာဆီသုံးစွဲမှုကို ကိုယ့်ကား တာယာအခြေအနေနဲ့

ကားရဲ့ ချောဆီရေချိန် (Lubricant Level) ပေါ်မူတည်စေပါတယ်။ Filters or Coolant Filter လိုမျိုး အခြားအစိတ်အပိုင်းတွေကလည်း သင့်ကားရဲ့ လောင်စာဆီသုံးစွဲမှုအတွက် အရေးပါပါတယ်။

လေပေါင်ချိန်ကို အမြဲတမ်းချိန်သင့်ပါတယ်။ လေပေါင်ကြောင့် တာယာတွေက ပွတ်တိုက်မှုနှင့် လှည့်ပတ်မှုကို ပိုဖြစ်စေပြီး လောင်စာဆီသုံးစွဲမှုကို

ပိုတိုးလာစေပါတယ်။‌ လေပေါင်အမြဲပြည့်နေတဲ့ ကားတွေက လောင်စာဆီသုံးစွဲမှုကို ၁၀ ရာခိုင်နှုန်းလျော့ချပေးနိုင်ပါတယ်။

ကားနောက်ခန်း မှာ ပစ္စည်း ထားတတ်တဲ့သူတွေ သတိထားရပါမယ်။ ကားရဲ့ သတ်မှတ်အလေးချိန်ထက် ၅၀ ကီလိုဂရမ်ကို သင့်ကားမှာ သယ်ဆောင်ထားတိုင်း လောင်စာဆီစားသုံးမှု ၂ရာခိုင်နှုန်း တိုးစေ ပါတယ်။

AC ဖွင့်ပြီး ကားမောင်းပါ။ ဘာလို့လဲ ဆိုတော့… ပြတင်းပေါက် မှန်ချပြီးမောင်းနှင်တဲ့ ကားက 80km/h ထက်မြန်လာရင် ကားထဲကို လေတိုးပြီး ကားရဲ့ Wind Resistance ကိုဖြစ်စေတာကြောင့် ဆီစားနှုန်းလည်း ပို များလာပါတယ်။

လောင်စာဆီ ကုန်မှာစိုးလို့ နှေးနှေးမောင်းတဲ့သူနဲ့ မြန်မြန်မောင်းတဲ့သူတွေကို မြင်ဖူးကြမှာပါ။ တကယ်တော့ အဲ့တာက လောင်စာဆီပိုကုန်စေတာပါ။ ဥပမာ အဝေးပြေးလမ်းကို ကားမောင်းတဲ့အခါ

100 km/h နဲ့မောင်းတော့ ဆီ ၁၅% ပိုလောင်ကျွမ်းပြီး 110 km/h နဲ့မောင်းတော့ ၂၅% ပိုလောင်ကျွမ်းစေပါတယ်။ ဆိုလိုတာက တစ်နာရီ ကီလိုမီတာ ၅၀ အောက်မောင်းပါက သင့်အင်ဂျင်က ဂီယာကျပြီး လောင်စာဆီ ပိုမိုသုံးစွဲနိုင်ပါတယ်။

ရုတ်တရက် ဘရိတ် ကို စောင့်နင်းတာမျိုး မလုပ်ပါနဲ့။ ဘရိတ်ကို ဆောင့်နင်း လိုက်တဲ့အခါမှာ ကားရဲ့ အရှိန်ကို သတ်လိုက်သလိုဖြစ်ပြီး ပြန်မောင်းတဲ့အခါ အင်ဂျင်ကိုတဖန်လည်ပတ်စေတဲ့ အတွက်ကြောင့် သင့်ရဲ့ လောင်စာကို

ပိုမိုလောင်ကျွမ်းစေပါတယ်။ ဆီစားနှုန်းက ကားရဲ့ အင်ဂျင်ပါဝါ ပေါ်မှာလည်း မူတည်နေတယ်ဆိုပေမယ့် လောင်စာဆီနဲ့ မောင်းနှင်ကြရတာကြောင့် အနည်းငယ် အသုံးဝင်မှာပါ။

ဒီ Tips လေးတွေက ကားမောင်းနေတဲ့ အချိန်မှာ သတိမထားမိတဲ့ အချက်လေးတွေ ဖြစ်နိုင်ပါတယ်။ ဒီ သတိမပြုမိတဲ့ အရာတွေကို ပြင်ပြင်ဆင်ဆင်နဲ့ သေချာ ဂရုစိုက်မယ် ဆိုရင် သင့်ကားရဲ့ လောင်စာဆီ သုံးစွဲမှုကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။Credit

Zawgyi

ကားတစ္စီးရဲ႕ ေလာင္စာဆီသုံးစြဲမႈ အနည္းအမ်ားကို သက္ေရာက္ေစနိုင္တဲ့ က႑ေတြ အမ်ားႀကီးရွိပါတယ္။ ဥပမာအားျဖင့္ ေလာင္စာဆီသုံးစြဲမႈကို ကိုယ့္ကား တာယာအေျခအေနနဲ႕

ကားရဲ႕ ေခ်ာဆီေရခ်ိန္ (Lubricant Level) ေပၚမူတည္ေစပါတယ္။ Filters or Coolant Filter လိုမ်ိဳး အျခားအစိတ္အပိုင္းေတြကလည္း သင့္ကားရဲ႕ ေလာင္စာဆီသုံးစြဲမႈအတြက္ အေရးပါပါတယ္။

ေလေပါင္ခ်ိန္ကို အၿမဲတမ္းခ်ိန္သင့္ပါတယ္။ ေလေပါင္ေၾကာင့္ တာယာေတြက ပြတ္တိုက္မႈႏွင့္ လွည့္ပတ္မႈကို ပိုျဖစ္ေစၿပီး ေလာင္စာဆီသုံးစြဲမႈကို

ပိုတိုးလာေစပါတယ္။‌ ေလေပါင္အၿမဲျပည့္ေနတဲ့ ကားေတြက ေလာင္စာဆီသုံးစြဲမႈကို ၁၀ ရာခိုင္ႏႈန္းေလ်ာ့ခ်ေပးနိုင္ပါတယ္။

ကားေနာက္ခန္း မွာ ပစၥည္း ထားတတ္တဲ့သူေတြ သတိထားရပါမယ္။ ကားရဲ႕ သတ္မွတ္အေလးခ်ိန္ထက္ ၅၀ ကီလိုဂရမ္ကို သင့္ကားမွာ သယ္ေဆာင္ထားတိုင္း ေလာင္စာဆီစားသုံးမႈ ၂ ရာခိုင္ႏႈန္း တိုးေစ ပါတယ္။

AC ဖြင့္ၿပီး ကားေမာင္းပါ။ ဘာလို႔လဲ ဆိုေတာ့… ျပတင္းေပါက္ မွန္ခ်ၿပီးေမာင္းႏွင္တဲ့ ကားက 80km/h ထက္ျမန္လာရင္ ကားထဲကို ေလတိုးၿပီး ကားရဲ႕ Wind Resistance ကိုျဖစ္ေစတာေၾကာင့္ ဆီစားႏႈန္းလည္း ပို မ်ားလာပါတယ္။

ေလာင္စာဆီ ကုန္မွာစိုးလို႔ ေႏွးေႏွးေမာင္းတဲ့သူနဲ႕ ျမန္ျမန္ေမာင္းတဲ့သူေတြကို ျမင္ဖူးၾကမွာပါ။ တကယ္ေတာ့ အဲ့တာက ေလာင္စာဆီပိုကုန္ေစတာပါ။ ဥပမာ အေဝးေျပးလမ္းကို ကားေမာင္းတဲ့အခါ

100 km/h နဲ႕ေမာင္းေတာ့ ဆီ ၁၅% ပိုေလာင္ကြၽမ္းၿပီး 110 km/h နဲ႕ေမာင္းေတာ့ ၂၅% ပိုေလာင္ကြၽမ္းေစပါတယ္။ ဆိုလိုတာက တစ္နာရီ ကီလိုမီတာ ၅၀ ေအာက္ေမာင္းပါက သင့္အင္ဂ်င္က ဂီယာက်ၿပီး ေလာင္စာဆီ ပိုမိုသုံးစြဲနိုင္ပါတယ္။

႐ုတ္တရက္ ဘရိတ္ ကို ေစာင့္နင္းတာမ်ိဳး မလုပ္ပါနဲ႕။ ဘရိတ္ကို ေဆာင့္နင္း လိုက္တဲ့အခါမွာ ကားရဲ႕ အရွိန္ကို သတ္လိုက္သလိုျဖစ္ၿပီး ျပန္ေမာင္းတဲ့အခါ အင္ဂ်င္ကိုတဖန္လည္ပတ္ေစတဲ့ အတြက္ေၾကာင့္ သင့္ရဲ႕ ေလာင္စာကို

ပိုမိုေလာင္ကြၽမ္းေစပါတယ္။ ဆီစားႏႈန္းက ကားရဲ႕ အင္ဂ်င္ပါဝါ ေပၚမွာလည္း မူတည္ေနတယ္ဆိုေပမယ့္ ေလာင္စာဆီနဲ႕ ေမာင္းႏွင္ၾကရတာေၾကာင့္ အနည္းငယ္ အသုံးဝင္မွာပါ။

ဒီ Tips ေလးေတြက ကားေမာင္းေနတဲ့ အခ်ိန္မွာ သတိမထားမိတဲ့ အခ်က္ေလးေတြ ျဖစ္နိုင္ပါတယ္။ ဒီ သတိမျပဳမိတဲ့ အရာေတြကို ျပင္ျပင္ဆင္ဆင္နဲ႕ ေသခ်ာ ဂ႐ုစိုက္မယ္ ဆိုရင္ သင့္ကားရဲ႕ ေလာင္စာဆီ သုံးစြဲမႈကို ထိန္းခ်ဳပ္နိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။Credit