စိုက်ပျိုးရေး ဗဟုသုတ

မည်သည့်အပင်မဆို အလွယ်တကူ ကိုင်းဖြတ်မျိုးပွား စိုက်ပျိုးနည်း

မည်သည့်အပင်မဆို အလွယ်တကူ ကိုင်းဖြတ်မျိုးပွား စိုက်ပျိုးနည်း

အ ပင် ရဲ့ ပင် ပိုင်း အ င်္ဂါ တွေ ဖြစ် တဲ့ ပင် စည် အ ကိုင်း အ ခက်၊ အ ရွက်၊ အ မြစ် အ စ ရှိ တဲ့ ပင် ပိုင်း အ င်္ဂါ တွေ ကို ဖြတ် တောက် ပြီး သင့် တော် တဲ့ ပတ် ဝန်း ကျင် အ ခြေ အ နေ မှာ စိုက် ပျိုး ထား ရင် အ မြစ် သစ်၊ အ ညွန့် သစ်တွေ ထွက် ပေါ် လာ ပါ တယ်။ အောက် ပါ အ ရည် အ ချင်း တွေ နဲ့ ပြည့် စုံ တဲ့ အ ပင် တွေကို

မျိုးပွားနိုင်ပါတယ်။မျိုးရိုးသိတဲ့ အပင်ဖြစ်ရပါမယ်။ (အသီး၊အပွင့်၊ အရည် အသွေးကောင်းမှု၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည် ရှိမှု)၊ အထွက်နှုန်း ကောင်းမွန်ခြင်း၊ သန်စွမ်းမှုရှိခြင်း၊ ရောဂါပိုးမွှားကင်းစင်ခြင်း၊ နေရောင်ခြည် ကောင်း ကောင်းရတဲ့ နေရာမှာ ပေါက်တဲ့ အပင်ဖြစ်ဖို့ လိုပါတယ်။ပင်ပိုင်းဖြတ်မျိုးပွားမယ်ဆိုရင် ရေငတ်ဒဏ်ခံနိုင်

တဲ့ အပင်မျိုးမဖြစ်ရပါ။ ရောဂါဖြစ်ပြီး အရွက်ကြွေတဲ့ အပင်မျိုးမရွေးချယ်ရပါ။ အသီးလွန်ကဲစွာသီးပြီး အပင်ကြီးထွားမှုရပ်တန့်နေတဲ့ အပင်မျိုးမဖြစ်ရပါ။ ဆစ်ကြားရှည်လွန်း၊ စိပ်လွန်းတဲ့ အပင်မျိုးမဖြစ်ရပါ။လွန်ကဲစွာ သန်စွမ်း ယနေတဲ့ အပင်မျိုးမဖြစ်ရပါ။ နှင်းခါးရိုက်ပြီးအရွက်၊ ပင်စည်တွေကို ထိခိုက် ခြင်းမရှိရပါ။အပင်ပိုင်းဖြတ်

မျိုးပွားရာမှာ အကိုင်းဖြတ်တောက်မျိုးပွားခြင်း၊ အရွက်ဖြတ်တောက်မျိုးပွားခြင်း (နာနတ်၊ ရွက် ကျပင်ပေါက်) ၊ အရွက်နဲ့ကြားဖူးဖြတ်တောက်မျိုးပွားနည်း (လက်ဖက်)၊ အမြစ်ဖြတ်တောက်မျိုး ပွားနည်း (ရှောက်၊ မက်မွန်၊ မက်မန်း၊ မာလ ကာ၊ ကြောင်လျှာ) စတဲ့နည်းလမ်းတွေနဲ့ မျိုးပွားနိုင်ပါတယ်။အကိုင်းဖြတ်တောက်မျိုးပွားနည်းနဲ့

မျိုးပွားတဲ့အခါသစ်မာပိုင်းကိုအကိုင်းရဲ့ အရင်းဖက်အကျဆုံး အပိုင်းမှာရှိပြီး အစိမ်းရောင်ပျောက်ပြီး အညိုရောင်ရှိကာ အပွေးတွေတက် နေတဲ့ကိုင်းကိုရွေးပြီးမျိုးပွားနိုင်ပါတယ်။(စပျစ်၊ နှင်းဆီ၊ ပိုးစာ၊ဒန့်သလွန်၊ ပိတောက်)သစ်မပျော့မမာပိုင်းကိုတော့ အစိမ်းရင့်ရောင်ရှိပြီး အပွေးတက်စရှိနေတဲ့ အခြေအနေ (သံပုယို၊ ရှောက်၊

စပျစ်၊ သလဲ၊ ပိုးစာ၊ ဒန့်သလွန်၊ နှင်းဆီ၊ဆူးပုပ်၊ ရွက်လှ၊ ပိတောက်၊ စက္ကူပန်း) မျိုးပွားနိုင်ပါတယ်။သစ်ပျော့ပိုင်းကတော့ အစိမ်းနုရောင်ရှိပြီး အပွေးတက်ခြင်းလုံးဝမရှိသေးတဲ့(စပျစ်၊ စံပယ်၊ ဇွန်ပန်း၊ ရွက်လှ၊ ပုဏ္ဏာရိပ်၊ဗိုလ်ကတော်မျက်ခုံး၊ ခေါင်ရန်း) အပိုင်းကို မျိုးပွားနိုင်ပါတယ်။

Credit

Zawgyi

မည္သည့္အပင္မဆို အလြယ္တကူ ကိုင္းျဖတ္မ်ိဳးပြား စိုက္ပ်ိဳးနည္း

အ ပင္ ရဲ႕ ပင္ ပိုင္း အ ဂၤါ ေတြ ျဖစ္ တဲ့ ပင္ စည္ အ ကိုင္း အ ခက္၊ အ ႐ြက္၊ အ ျမစ္ အ စ ရွိ တဲ့ ပင္ ပိုင္း အ ဂၤါ ေတြ ကို ျဖတ္ ေတာက္ ၿပီး သင့္ ေတာ္ တဲ့ ပတ္ ဝန္း က်င္ အ ေျခ အ ေန မွာ စိုက္ ပ်ိဳး ထား ရင္ အ ျမစ္ သစ္၊ အ ၫြန႔္ သစ္ေတြ ထြက္ ေပၚ လာ ပါ တယ္။ ေအာက္ ပါ အ ရည္ အ ခ်င္း ေတြ နဲ႕ ျပည့္ စုံ တဲ့ အ ပင္ ေတြကို

မ်ိဳးပြားနိုင္ပါတယ္။မ်ိဳးရိုးသိတဲ့ အပင္ျဖစ္ရပါမယ္။ (အသီး၊အပြင့္၊ အရည္ အေသြးေကာင္းမႈ၊ ေရာဂါပိုးမႊားဒဏ္ခံနိုင္ရည္ ရွိမႈ)၊ အထြက္ႏႈန္း ေကာင္းမြန္ျခင္း၊ သန္စြမ္းမႈရွိျခင္း၊ ေရာဂါပိုးမႊားကင္းစင္ျခင္း၊ ေနေရာင္ျခည္ ေကာင္း ေကာင္းရတဲ့ ေနရာမွာ ေပါက္တဲ့ အပင္ျဖစ္ဖို႔ လိုပါတယ္။ပင္ပိုင္းျဖတ္မ်ိဳးပြားမယ္ဆိုရင္ ေရငတ္ဒဏ္ခံနိုင္

တဲ့ အပင္မ်ိဳးမျဖစ္ရပါ။ ေရာဂါျဖစ္ၿပီး အ႐ြက္ေႂကြတဲ့ အပင္မ်ိဳးမေ႐ြးခ်ယ္ရပါ။ အသီးလြန္ကဲစြာသီးၿပီး အပင္ႀကီးထြားမႈရပ္တန႔္ေနတဲ့ အပင္မ်ိဳးမျဖစ္ရပါ။ ဆစ္ၾကားရွည္လြန္း၊ စိပ္လြန္းတဲ့ အပင္မ်ိဳးမျဖစ္ရပါ။လြန္ကဲစြာ သန္စြမ္း ယေနတဲ့ အပင္မ်ိဳးမျဖစ္ရပါ။ ႏွင္းခါးရိုက္ၿပီးအ႐ြက္၊ ပင္စည္ေတြကို ထိခိုက္ ျခင္းမရွိရပါ။အပင္ပိုင္းျဖတ္

မ်ိဳးပြားရာမွာ အကိုင္းျဖတ္ေတာက္မ်ိဳးပြားျခင္း၊ အ႐ြက္ျဖတ္ေတာက္မ်ိဳးပြားျခင္း (နာနတ္၊ ႐ြက္ က်ပင္ေပါက္) ၊ အ႐ြက္နဲ႕ၾကားဖူးျဖတ္ေတာက္မ်ိဳးပြားနည္း (လက္ဖက္)၊ အျမစ္ျဖတ္ေတာက္မ်ိဳး ပြားနည္း (ေရွာက္၊ မက္မြန္၊ မက္မန္း၊ မာလ ကာ၊ ေၾကာင္လွ်ာ) စတဲ့နည္းလမ္းေတြနဲ႕ မ်ိဳးပြားနိုင္ပါတယ္။အကိုင္းျဖတ္ေတာက္မ်ိဳးပြားနည္းနဲ႕

မ်ိဳးပြားတဲ့အခါသစ္မာပိုင္းကိုအကိုင္းရဲ႕ အရင္းဖက္အက်ဆဳံး အပိုင္းမွာရွိၿပီး အစိမ္းေရာင္ေပ်ာက္ၿပီး အညိုေရာင္ရွိကာ အေပြးေတြတက္ ေနတဲ့ကိုင္းကိုေ႐ြးၿပီးမ်ိဳးပြားနိုင္ပါတယ္။(စပ်စ္၊ ႏွင္းဆီ၊ ပိုးစာ၊ဒန႔္သလြန္၊ ပိေတာက္)သစ္မေပ်ာ့မမာပိုင္းကိုေတာ့ အစိမ္းရင့္ေရာင္ရွိၿပီး အေပြးတက္စရွိေနတဲ့ အေျခအေန (သံပုယို၊ ေရွာက္၊

စပ်စ္၊ သလဲ၊ ပိုးစာ၊ ဒန႔္သလြန္၊ ႏွင္းဆီ၊ဆူးပုပ္၊ ႐ြက္လွ၊ ပိေတာက္၊ စကၠဴပန္း) မ်ိဳးပြားနိုင္ပါတယ္။သစ္ေပ်ာ့ပိုင္းကေတာ့ အစိမ္းႏုေရာင္ရွိၿပီး အေပြးတက္ျခင္းလုံးဝမရွိေသးတဲ့(စပ်စ္၊ စံပယ္၊ ဇြန္ပန္း၊ ႐ြက္လွ၊ ပုဏၰာရိပ္၊ဗိုလ္ကေတာ္မ်က္ခုံး၊ ေခါင္ရန္း) အပိုင္းကို မ်ိဳးပြားနိုင္ပါတယ္။

Credit