Knowledge Sharing ဗဟုသုတ

ပျားတူမြေအောင်း (သို့) ကြောက်စရာ အလွန်ကောင်းတဲ့ အသားစားပျားများ အ​ကြောင်း

ပျားတူမြေအောင်း (သို့) ကြောက်စရာ အလွန်ကောင်းတဲ့ အသားစားပျားများ အ​ကြောင်း

၁၉၇၀ ပြည့်နှစ်လောက်က အာရှနဲ့ ဥရောပတစ်ခွင်မှာ သတင်းဆိုးနဲ့ နာမည်ကျော်ကြားခဲ့တဲ့ တောကြီးပျားတူ (ခေါ်) ပျားတူမြေအောင်းကောင်တွေဟာ အရမ်း အန္တရာယ်များတဲ့ အင်းဆက်တွေပဲ ဖြစ်ပါတယ်။

 

သူတို့ရဲ့အတုပ်ခံခဲ့ရသော် လည်းကောင်း၊ အကိုက်ခံရခဲ့ရင်သော် လည်းကောင်း၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်အထိ ဖြစ်နိုင်ချေ ရှိပါတယ်။

 

ဒီအင်းဆက်တွေ ဘယ်လောက်အထိ အန္တရာယ် များသလဲဆိုတာကို ကျနော်တို့ လေ့လာကြည့်လိုက်ရအောင် ။

 

၁ – တကယ်တော့ တောကြီးပျားတူ (ဝါ) ပျားတူ မြေအောင်းကောင်တွေဟာ လူတွေ ထင်ထားသလိုမျိုး ရန်လိုတတ်တဲ့ အင်းဆက်တွေတော့ မဟုတ်ကြပါဘူး။

သူတို့ဟာ အခြားအင်းဆက်တွေလိုပဲ အသိုက်ဆောက် နေထိုင်လေ့ရှိပြီး သူတို့အတွက် ရန်သူလို့ ယူဆရတဲ့အခါမှသာ ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ကြတာပဲ ဖြစ်ပါတယ်။

တောကြီးပျားတူ အသိုက်နဲ့ ၂ မီတာ ၃ မီတာ အကွာအဝေး အတွင်းဟာ အရမ်းကို အန္တရာယ်များတဲ့ နေရာတစ်ခုပေါ့။

 

ဒါကြောင့် တစ်ချို့ ပညာရှင်တွေဟာ တောကြီးပျားတူတွေဟာ အလွန်ရှက်တတ်တဲ့ အင်းဆက်တွေလို့ တင်စားထားကြလေ့ ရှိပါတယ်။

 

တိုက်ခိုက်တာမျိုးကို မလိုလားတဲ့အင်းဆက်တွေဖြစ်ပြီး လိုအပ်တဲ့အခါမှသာ တိုက်ခိုက်တတ်တဲ့ အင်းဆက်တွေ ဖြစ်ပါတယ်။

 

၂ – ပိတုန်းတွေနဲ့ တောကြီးပျားတူတွေဟာ မျိုးစိတ်တစ်ခုထဲပါပဲ။ပျားတူတွေကတော့ အရောင်ရင့်ပြီး ၊ အကောင် ကြီးမားတဲ့အပြင် အုပ်စုကြီးကြီးမားမားဖွဲ့ပြီး နေတဲ့ အင်းဆက်တွေ ဖြစ်ပါတယ်။

 

ပိတုန်းနဲ့ ပျားတူနဲ့ အဓိကကွာခြားတဲ့ အချက်ကတော့ အရွယ်အစားပါပဲ။ ပျားတူဟာ ပိတုန်းထက် အရွယ်ကြီးမားပြီးတော့ ပိတုန်းတွေလို အဝါရောင်နဲ့ အနက်ရောင်အစင်းကြားမဟုတ်ပဲ လိမ္မော်နီရောင် အစင်းကြားရှိလေ့ ရှိပါတယ်။

၃ – ပျားတူမြေအောင်းလို့ ပြောကြတဲ့ ပျားတူတွေဟာလည်း တောကြီးပျားတူတွေပါပဲ။ သူတို့ဟာ များသောအားဖြင့် တောင်ပို့၊ သစ်ပင်ထိပ်ဖျား၊ အမိုးအောက်၊ ခုံအောက်၊ အဖီအောက်၊ သစ်ခေါင်းတွေနဲ့ မြေကြီးထဲမှာ အသိုက်ဆောက်တတ်ကြပါတယ် ။

 

တစ်ခါတစ်လေမှာ ပျားတူသိုက်တွေကို စာဘူးတောင်း အသိုက်တွေလို တွဲလောင်း အနေအထားမျိုးနဲ့လည်း တွေ့ရတတ်ပါတယ်။

 

မြေကြီးထဲမှာ အသိုက်ဖွဲ့နေတဲ့ကောင်တွေဆို အကောင်ရေပေါင်း ရာထောင်ချီပီး ရှိတတ်ပါတယ်။ ( နောက်ပီး သူတို့မှာ ကင်းစောင့်ပျားတွေလည်း ရှိပါတယ်။

 

သူတို့ရဲ့အသိုက်အမြုံနားကို လူတစ်ယောက် (သို့) တိရိစ္ဆာန်တစ်ကောင် ဦးတည်လာနေပီဆိုရင် ကင်းစောင့်ပျားက တခြားပျားတွေကို သွားရောက် သတိပေးထားပါတယ်။

တကယ်လို့ တစုံတယောက်သာ သူတို့မြေတွင်း (သို့) တောင်ပို့ပေါ်ခြေထောက် နင်းမိရင်တော့ ခြေထောက် အနှုတ်အသိမ်း မြန်တဲ့မြင်းလို တိရိစ္ဆာန်တောင် ခြေထောက်ပြန်သိမ်းတဲ့အခါမှာ အရိုးပဲ ပါလာမှာပါ။

တစ်ကိုယ်လုံး ကျသွားရင်တော့ ပြောစရာ မရှိတော့ဘူးပေါ့ဗျာ။ ဒီပျားတူမြေအောင်းကောင်တွေက ပျားလည်တွေလို့ ပြောရင်လည်း မမှားပါဘူး ။

 

ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့အသိုက်ကို ဖျက်မဲ့သူတွေ သူ့တို့ကိုတွေ့ပီး အသိုက်နောက် လိုက်လာမှာ စိုးတဲ့အတွက် မိမိအသိုက်ရှိရာ ပြန်ရင်တောင်မှာ တန်းတန်းမတ်မတ် မပြန်ဘဲ ကောင်းကင်ပေါ်သို့ ဟုန်းခနဲ တက်သွားပီး အချိန်ခဏကြာမှသာ ပြန်ဆင်းလာပီး မိမိအသိုက်သို့ ပြန်တတ်ကြပါတယ်။ )

 

ဒါကတော့ စာရေးသူ ဖတ်ဖူးခဲ့တဲ့စာအုပ်ထဲက ဖြည့်စွက်ချက်ပါ။ တချို့လူတွေကတော့ အသားစားပျားဆိုတာ မရှိဘူးလို့ ပြောကြပါတယ်။ တချို့ကြတော့လည်း ယုံကြည်ကြပါတယ်။

 

ဒီတော့ စာဖတ်သူ ပရိတ်သတ်တို့လည်း အသားစားပျားအကြောင်း မိမိတို့ ကြုံခဲ့ဖူးတာရှိရင် ကွန့်မန့်မှာ မျှဝေသွားခဲ့ပါဦး။

၄ – ပျားတူတွေဟာ ဝတ်မှုန်ကူးခြင်းကို ထိန်းချုပ်ထားတဲ့ အင်းဆက်တွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မွှားကောင်လို အပင်ဖျက်မျိုးတွေကို ရှင်းလင်းပေးတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းအတွက် အလွန်အထောက်အကူပြုတဲ့ အင်းဆက်တွေဆိုလည်း မမှားပါဘူး။

 

ပျားတွေရဲ့ အဓိက အစားအသောက်ကတော့ အချိုဓါတ်နဲ့ ပရိုတိန်းဓါတ်ပါပဲ။ သစ်သီးဝလံတွေမှ ရရှိတဲ့ အချိုရည်မျိုးကို စားသုံးလေ့ရှိပြီး သစ်စေးကိုလည်း နှစ်ခြိုက်စွာ စားသုံးလေ့ ရှိကြပါတယ်။

 

ပရိုတိန်းဓါတ်ကိုတော့ အခြားအင်းဆက်နဲ့ သတ္တဝါတွေမှ ရယူပါတယ်။ (အခြားအင်းဆက်တွေနဲ့ သတ္တဝါတွေကို စားသုံးခြင်းပဲ ဖြစ်ပါတယ်)

 

၅ – ပျားတူတွေရဲ့ အနှစ်ခြိုက်ဆုံးစားစရာတစ်ခုကတော့ ပျားရည်ပါပဲ ။ ပျားရည်ဟာ သူတို့ရဲ့ ဘုရင်မအတွက် အကောင်းဆုံး ပရိုတိန်းဓါတ် ပေးစွမ်းနိုင်မယ့် အရာတစ်ခု ဖြစ်တဲ့အပြင် အချိုဓါတ်ပါဝင်မှု အမြင့်မားဆုံး ဖြစ်တဲ့အတွက်ကြောင့်ပါပဲ ။

 

ပျားတူတွေဟာ ပျားအုံတွေကိုလည်းအလွယ်တကူ ဝင်စီးနိုင်ပါတယ် ။သာမန်ပျားတစ်ကောင်ရဲ့အရွယ်အစားထက် ၅ ဆလောက် ကြီးမားတဲ့အပြင် ပျားတူတစ်ကောင်ဟာ တစ်မိနစ်ကို ပျားကောင်ရေ ၄၀ လောက် သတ်ဖြတ်နိုင်စွမ်း ရှိပါတယ် ။

 

ဒါပေမယ့် ဂျပန်နိုင်ငံက ပျားတွေကတော့ သူတို့အုံကို ပျားတူတစ်ကောင် လာထောက်လှမ်းတာနဲ့ အသိုက်ကို အကြောင်းမကြားနိုင်ခင် ဝိုင်းတုပ်ပြီး အသေသတ်ပစ်လိုက်ကြပါတယ်။

 

အသေသတ်တယ် ဆိုတဲ့နေရာမှာ ပျားတူကို ဝိုင်းတုပ်ပြီး သတ်ကြတာ မဟုတ်ပါဘူး။ ပျားတူတွေဟာ ပျားရဲ့အဆိပ်ကို မဖြုံပါဘူး။ ဒီအတွက် ဝတ်ရည်ပျားတွေဟာ ပျားတူဘေးကို ဝိုင်းအုံလာပြီးတော့ သူတို့ ခန္ဓာကိုယ်ကို မြန်နှုန်းတစ်ခုနဲ့ လှုပ်ခါပစ်ကြပါတယ်။

 

ဒီကြိမ်နှုန်းကြောင့် ပျားတူရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နေတဲ့ အပူချိန်ဟာ ရုတ်ချည်း မြင့်တက်ပြီးးတော့ ပျားတူကို အရှင်လတ်လတ် လောင်ကျွမ်းသွားပါတယ်။

 

ဂျပန်နိုင်ငံက ပျားတွေသာ အခုလိုစွမ်းဆောင်နိုင်ပြီး အခြားကမ္ဘာ အရပ်ရပ်က ပျားတွေကတော့ ပျားတူတွေရဲ့ လက်အောက်မှာ ပြားပြားဝပ်နေရတုန်းပါ။ (ပျားဖိုက်တာပေါ့ဗျာ)

၆ – ပျားတူရဲ့အဆိပ်ဟာ အရမ်းကို အန္တရာယ် များပါတယ်။ သေစေနိုင်လောက်တဲ့ အဆင့်ထိ မပြင်းထန်ပေမယ့်လည်း အခက်မသင့်ရင် အသက် ဆုံးရှုံးသွားနိုင်ပါတယ်။ ပျားတူရဲ့အဆိပ်ဟာ ကြွက်သားတွေကို ရောင်ယမ်းစေလောက်တဲ့ အထိပဲ အန္တရာယ်ရှိတာပါ။

 

သူတို့ရဲ့အဆိပ်ကို လူရဲ့ခန္ဓာကိုယ်က အဆိပ်တစ်ခုလို့ မစဉ်းစားပေမယ့် အကောင်ကြီးလွန်းတဲ့အတွက် အဆိပ်ပမာဏ အများကြီး ထိုးသွင်းတာကြောင့် အန္တရာယ် ရှိရတာပဲ ဖြစ်ပါတယ်။

 

တကယ်လို့ လည်ပင်းကို ပျားတူတွေအများကြီး အတုပ်ခံရရင် လေပြွန်ထိခိုက်ပြီး အသက်အန္တရာယ် ရှိလာနိုင်တာပေါ့။

 

၇ – ဒါပေမယ့် ဂျပန်နိုင်ငံသားတွေကတော့ ပျားတူကို သိပ်မကြောက်တဲ့ပုံပါပဲ။ ဂျပန်နိုင်ငံက ရွာတွေဟာ ပျားတူတွေကို အရသာရှိတဲ့ အစားအသောက် တစ်မျိုးအဖြစ် သတ်မှတ်ပြီး ကြော်လှော်ချက်ပြုတ် စားသုံးကြလေ့ ရှိပါတယ်။

 

သူရဲ့အရသာက တော်တော်ကောင်းတယ် ထင်ပါတယ်။ ထို့အပြင် ပျားတူသားလောင်း ကောင်တွေဟာလည်း အချိုဓါတ် ပါဝင်မှု မြင့်မားပြီး အမိုင်နိုအက်ဆစ် ပါဝင်တဲ့အတွက် ပျားတူသားလောင်းတွေကို အားဖြည့်အချိုရည် ဖော်စပ်တဲ့နေရာမှာ အသုံးပြုကြလေ့ ရှိပါသေးတယ်။

 

တကယ်လို့ သင်သောက်နေတဲ့အားဖြည့် အချိုရည်ဘူးထဲမှာ ပျားတူသားလောင်းတွေ ပါနေခဲ့မယ်ဆိုရင် သင်ဆက်သောက်ဦးမလား။ ပျားတူတွေနဲ့ ပတ်သတ်ပြီး သင်သိတာလေးတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး ။

Writer_Min Thu ( XYZ News )

Zawgyi

ပ်ားတူေျမေအာင္း (သို႔) ေၾကာက္စရာ အလြန္ေကာင္းတဲ့ အသားစားပ်ားမ်ား အ​ေၾကာင္း

၁၉၇၀ ျပည့္ႏွစ္ေလာက္က အာရွနဲ႕ ဥေရာပတစ္ခြင္မွာ သတင္းဆိုးနဲ႕ နာမည္ေက်ာ္ၾကားခဲ့တဲ့ ေတာႀကီးပ်ားတူ (ေခၚ) ပ်ားတူေျမေအာင္းေကာင္ေတြဟာ အရမ္း အႏၲရာယ္မ်ားတဲ့ အင္းဆက္ေတြပဲ ျဖစ္ပါတယ္။

 

သူတို႔ရဲ႕အတုပ္ခံခဲ့ရေသာ္ လည္းေကာင္း၊ အကိုက္ခံရခဲ့ရင္ေသာ္ လည္းေကာင္း၊ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အဆင့္အထိ ျဖစ္နိုင္ေခ် ရွိပါတယ္။

 

ဒီအင္းဆက္ေတြ ဘယ္ေလာက္အထိ အႏၲရာယ္ မ်ားသလဲဆိုတာကို က်ေနာ္တို႔ ေလ့လာၾကည့္လိုက္ရေအာင္ ။

 

၁ – တကယ္ေတာ့ ေတာႀကီးပ်ားတူ (ဝါ) ပ်ားတူ ေျမေအာင္းေကာင္ေတြဟာ လူေတြ ထင္ထားသလိုမ်ိဳး ရန္လိုတတ္တဲ့ အင္းဆက္ေတြေတာ့ မဟုတ္ၾကပါဘူး။

သူတို႔ဟာ အျခားအင္းဆက္ေတြလိုပဲ အသိုက္ေဆာက္ ေနထိုင္ေလ့ရွိၿပီး သူတို႔အတြက္ ရန္သူလို႔ ယူဆရတဲ့အခါမွသာ ကာကြယ္တဲ့အေနနဲ႕ တိုက္ခိုက္ၾကတာပဲ ျဖစ္ပါတယ္။

 

ေတာႀကီးပ်ားတူ အသိုက္နဲ႕ ၂ မီတာ ၃ မီတာ အကြာအေဝး အတြင္းဟာ အရမ္းကို အႏၲရာယ္မ်ားတဲ့ ေနရာတစ္ခုေပါ့။

 

ဒါေၾကာင့္ တစ္ခ်ိဳ႕ ပညာရွင္ေတြဟာ ေတာႀကီးပ်ားတူေတြဟာ အလြန္ရွက္တတ္တဲ့ အင္းဆက္ေတြလို႔ တင္စားထားၾကေလ့ ရွိပါတယ္။

 

တိုက္ခိုက္တာမ်ိဳးကို မလိုလားတဲ့အင္းဆက္ေတြျဖစ္ၿပီး လိုအပ္တဲ့အခါမွသာ တိုက္ခိုက္တတ္တဲ့ အင္းဆက္ေတြ ျဖစ္ပါတယ္။

 

၂ – ပိတုန္းေတြနဲ႕ ေတာႀကီးပ်ားတူေတြဟာ မ်ိဳးစိတ္တစ္ခုထဲပါပဲ။ပ်ားတူေတြကေတာ့ အေရာင္ရင့္ၿပီး ၊ အေကာင္ ႀကီးမားတဲ့အျပင္ အုပ္စုႀကီးႀကီးမားမားဖြဲ႕ၿပီး ေနတဲ့ အင္းဆက္ေတြ ျဖစ္ပါတယ္။

ပိတုန္းနဲ႕ ပ်ားတူနဲ႕ အဓိကကြာျခားတဲ့ အခ်က္ကေတာ့ အ႐ြယ္အစားပါပဲ။ ပ်ားတူဟာ ပိတုန္းထက္ အ႐ြယ္ႀကီးမားၿပီးေတာ့ ပိတုန္းေတြလို အဝါေရာင္နဲ႕ အနက္ေရာင္အစင္းၾကားမဟုတ္ပဲ လိေမၼာ္နီေရာင္ အစင္းၾကားရွိေလ့ ရွိပါတယ္။

၃ – ပ်ားတူေျမေအာင္းလို႔ ေျပာၾကတဲ့ ပ်ားတူေတြဟာလည္း ေတာႀကီးပ်ားတူေတြပါပဲ။ သူတို႔ဟာ မ်ားေသာအားျဖင့္ ေတာင္ပို႔၊ သစ္ပင္ထိပ္ဖ်ား၊ အမိုးေအာက္၊ ခုံေအာက္၊ အဖီေအာက္၊ သစ္ေခါင္းေတြနဲ႕ ေျမႀကီးထဲမွာ အသိုက္ေဆာက္တတ္ၾကပါတယ္ ။

 

တစ္ခါတစ္ေလမွာ ပ်ားတူသိုက္ေတြကို စာဘူးေတာင္း အသိုက္ေတြလို တြဲေလာင္း အေနအထားမ်ိဳးနဲ႕လည္း ေတြ႕ရတတ္ပါတယ္။

 

ေျမႀကီးထဲမွာ အသိုက္ဖြဲ႕ေနတဲ့ေကာင္ေတြဆို အေကာင္ေရေပါင္း ရာေထာင္ခ်ီပီး ရွိတတ္ပါတယ္။ ( ေနာက္ပီး သူတို႔မွာ ကင္းေစာင့္ပ်ားေတြလည္း ရွိပါတယ္။

သူတို႔ရဲ႕အသိုက္အၿမဳံနားကို လူတစ္ေယာက္ (သို႔) တိရိစာၦန္တစ္ေကာင္ ဦးတည္လာေနပီဆိုရင္ ကင္းေစာင့္ပ်ားက တျခားပ်ားေတြကို သြားေရာက္ သတိေပးထားပါတယ္။

 

တကယ္လို႔ တစုံတေယာက္သာ သူတို႔ေျမတြင္း (သို႔) ေတာင္ပို႔ေပၚေျခေထာက္ နင္းမိရင္ေတာ့ ေျခေထာက္ အႏႈတ္အသိမ္း ျမန္တဲ့ျမင္းလို တိရိစာၦန္ေတာင္ ေျခေထာက္ျပန္သိမ္းတဲ့အခါမွာ အရိုးပဲ ပါလာမွာပါ။

တစ္ကိုယ္လုံး က်သြားရင္ေတာ့ ေျပာစရာ မရွိေတာ့ဘူးေပါ့ဗ်ာ။ ဒီပ်ားတူေျမေအာင္းေကာင္ေတြက ပ်ားလည္ေတြလို႔ ေျပာရင္လည္း မမွားပါဘူး ။

 

ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ သူတို႔အသိုက္ကို ဖ်က္မဲ့သူေတြ သူ႕တို႔ကိုေတြ႕ပီး အသိုက္ေနာက္ လိုက္လာမွာ စိုးတဲ့အတြက္ မိမိအသိုက္ရွိရာ ျပန္ရင္ေတာင္မွာ တန္းတန္းမတ္မတ္ မျပန္ဘဲ ေကာင္းကင္ေပၚသို႔ ဟုန္းခနဲ တက္သြားပီး အခ်ိန္ခဏၾကာမွသာ ျပန္ဆင္းလာပီး မိမိအသိုက္သို႔ ျပန္တတ္ၾကပါတယ္။ )

 

ဒါကေတာ့ စာေရးသူ ဖတ္ဖူးခဲ့တဲ့စာအုပ္ထဲက ျဖည့္စြက္ခ်က္ပါ။ တခ်ိဳ႕လူေတြကေတာ့ အသားစားပ်ားဆိုတာ မရွိဘူးလို႔ ေျပာၾကပါတယ္။ တခ်ိဳ႕ၾကေတာ့လည္း ယုံၾကည္ၾကပါတယ္။

 

ဒီေတာ့ စာဖတ္သူ ပရိတ္သတ္တို႔လည္း အသားစားပ်ားအေၾကာင္း မိမိတို႔ ႀကဳံခဲ့ဖူးတာရွိရင္ ကြန႔္မန႔္မွာ မွ်ေဝသြားခဲ့ပါဦး။

၄ – ပ်ားတူေတြဟာ ဝတ္မႈန္ကူးျခင္းကို ထိန္းခ်ဳပ္ထားတဲ့ အင္းဆက္ေတြလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ မႊားေကာင္လို အပင္ဖ်က္မ်ိဳးေတြကို ရွင္းလင္းေပးတဲ့အတြက္ စိုက္ပ်ိဳးေရးလုပ္ငန္းအတြက္ အလြန္အေထာက္အကူျပဳတဲ့ အင္းဆက္ေတြဆိုလည္း မမွားပါဘူး။

 

ပ်ားေတြရဲ႕ အဓိက အစားအေသာက္ကေတာ့ အခ်ိဳဓါတ္နဲ႕ ပရိုတိန္းဓါတ္ပါပဲ။ သစ္သီးဝလံေတြမွ ရရွိတဲ့ အခ်ိဳရည္မ်ိဳးကို စားသုံးေလ့ရွိၿပီး သစ္ေစးကိုလည္း ႏွစ္ၿခိဳက္စြာ စားသုံးေလ့ ရွိၾကပါတယ္။

ပရိုတိန္းဓါတ္ကိုေတာ့ အျခားအင္းဆက္နဲ႕ သတၱဝါေတြမွ ရယူပါတယ္။ (အျခားအင္းဆက္ေတြနဲ႕ သတၱဝါေတြကို စားသုံးျခင္းပဲ ျဖစ္ပါတယ္)

 

၅ – ပ်ားတူေတြရဲ႕ အႏွစ္ၿခိဳက္ဆုံးစားစရာတစ္ခုကေတာ့ ပ်ားရည္ပါပဲ ။ ပ်ားရည္ဟာ သူတို႔ရဲ႕ ဘုရင္မအတြက္ အေကာင္းဆုံး ပရိုတိန္းဓါတ္ ေပးစြမ္းနိုင္မယ့္ အရာတစ္ခု ျဖစ္တဲ့အျပင္ အခ်ိဳဓါတ္ပါဝင္မႈ အျမင့္မားဆုံး ျဖစ္တဲ့အတြက္ေၾကာင့္ပါပဲ ။

 

ပ်ားတူေတြဟာ ပ်ားအုံေတြကိုလည္းအလြယ္တကူ ဝင္စီးနိုင္ပါတယ္ ။သာမန္ပ်ားတစ္ေကာင္ရဲ႕အ႐ြယ္အစားထက္ ၅ ဆေလာက္ ႀကီးမားတဲ့အျပင္ ပ်ားတူတစ္ေကာင္ဟာ တစ္မိနစ္ကို ပ်ားေကာင္ေရ ၄၀ ေလာက္ သတ္ျဖတ္နိုင္စြမ္း ရွိပါတယ္ ။

 

ဒါေပမယ့္ ဂ်ပန္နိုင္ငံက ပ်ားေတြကေတာ့ သူတို႔အုံကို ပ်ားတူတစ္ေကာင္ လာေထာက္လွမ္းတာနဲ႕ အသိုက္ကို အေၾကာင္းမၾကားနိုင္ခင္ ဝိုင္းတုပ္ၿပီး အေသသတ္ပစ္လိုက္ၾကပါတယ္။

 

အေသသတ္တယ္ ဆိုတဲ့ေနရာမွာ ပ်ားတူကို ဝိုင္းတုပ္ၿပီး သတ္ၾကတာ မဟုတ္ပါဘူး။ ပ်ားတူေတြဟာ ပ်ားရဲ႕အဆိပ္ကို မၿဖဳံပါဘူး။ ဒီအတြက္ ဝတ္ရည္ပ်ားေတြဟာ ပ်ားတူေဘးကို ဝိုင္းအုံလာၿပီးေတာ့ သူတို႔ ခႏၶာကိုယ္ကို ျမန္ႏႈန္းတစ္ခုနဲ႕ လႈပ္ခါပစ္ၾကပါတယ္။

 

ဒီႀကိမ္ႏႈန္းေၾကာင့္ ပ်ားတူရဲ႕ ခႏၶာကိုယ္အေပၚ သက္ေရာက္ေနတဲ့ အပူခ်ိန္ဟာ ႐ုတ္ခ်ည္း ျမင့္တက္ၿပီးးေတာ့ ပ်ားတူကို အရွင္လတ္လတ္ ေလာင္ကြၽမ္းသြားပါတယ္။

ဂ်ပန္နိုင္ငံက ပ်ားေတြသာ အခုလိုစြမ္းေဆာင္နိုင္ၿပီး အျခားကမာၻ အရပ္ရပ္က ပ်ားေတြကေတာ့ ပ်ားတူေတြရဲ႕ လက္ေအာက္မွာ ျပားျပားဝပ္ေနရတုန္းပါ။ (ပ်ားဖိုက္တာေပါ့ဗ်ာ)

၆ – ပ်ားတူရဲ႕အဆိပ္ဟာ အရမ္းကို အႏၲရာယ္ မ်ားပါတယ္။ ေသေစနိုင္ေလာက္တဲ့ အဆင့္ထိ မျပင္းထန္ေပမယ့္လည္း အခက္မသင့္ရင္ အသက္ ဆုံးရႈံးသြားနိုင္ပါတယ္။ ပ်ားတူရဲ႕အဆိပ္ဟာ ႂကြက္သားေတြကို ေရာင္ယမ္းေစေလာက္တဲ့ အထိပဲ အႏၲရာယ္ရွိတာပါ။

 

သူတို႔ရဲ႕အဆိပ္ကို လူရဲ႕ခႏၶာကိုယ္က အဆိပ္တစ္ခုလို႔ မစဥ္းစားေပမယ့္ အေကာင္ႀကီးလြန္းတဲ့အတြက္ အဆိပ္ပမာဏ အမ်ားႀကီး ထိုးသြင္းတာေၾကာင့္ အႏၲရာယ္ ရွိရတာပဲ ျဖစ္ပါတယ္။

 

တကယ္လို႔ လည္ပင္းကို ပ်ားတူေတြအမ်ားႀကီး အတုပ္ခံရရင္ ေလႁပြန္ထိခိုက္ၿပီး အသက္အႏၲရာယ္ ရွိလာနိုင္တာေပါ့။

 

၇ – ဒါေပမယ့္ ဂ်ပန္နိုင္ငံသားေတြကေတာ့ ပ်ားတူကို သိပ္မေၾကာက္တဲ့ပုံပါပဲ။ ဂ်ပန္နိုင္ငံက ႐ြာေတြဟာ ပ်ားတူေတြကို အရသာရွိတဲ့ အစားအေသာက္ တစ္မ်ိဳးအျဖစ္ သတ္မွတ္ၿပီး ေၾကာ္ေလွာ္ခ်က္ျပဳတ္ စားသုံးၾကေလ့ ရွိပါတယ္။

 

သူရဲ႕အရသာက ေတာ္ေတာ္ေကာင္းတယ္ ထင္ပါတယ္။ ထို႔အျပင္ ပ်ားတူသားေလာင္း ေကာင္ေတြဟာလည္း အခ်ိဳဓါတ္ ပါဝင္မႈ ျမင့္မားၿပီး အမိုင္နိုအက္ဆစ္ ပါဝင္တဲ့အတြက္ ပ်ားတူသားေလာင္းေတြကို အားျဖည့္အခ်ိဳရည္ ေဖာ္စပ္တဲ့ေနရာမွာ အသုံးျပဳၾကေလ့ ရွိပါေသးတယ္။

 

တကယ္လို႔ သင္ေသာက္ေနတဲ့အားျဖည့္ အခ်ိဳရည္ဘူးထဲမွာ ပ်ားတူသားေလာင္းေတြ ပါေနခဲ့မယ္ဆိုရင္ သင္ဆက္ေသာက္ဦးမလား။ ပ်ားတူေတြနဲ႕ ပတ္သတ္ၿပီး သင္သိတာေလးေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး ။

Writer_Min Thu ( XYZ News )