International News ဗဟုသုတ

စင်ကာပူနဲ့ တောင်ကိုရီးယားတို့မှာ ပထမဆုံးမျောက်ကျောက်ကူးစက်လူနာတွေ စတင်တွေ့ရှိ

စင်ကာပူနဲ့ တောင်ကိုရီးယားတို့မှာ ပထမဆုံးမျောက်ကျောက်ကူးစက်လူနာတွေ စတင်တွေ့ရှိ

အရှေ့တောင်အာရှတွင်း ပထမဆုံးမျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုအဖြစ် စင်ကာပူမှာ သံသယ လူနာတစ်ဦး အတည်ပြုနိုင်ခဲ့တယ်လို့ အစီရင်ခံခဲ့ပြီး

တောင်ကိုရီးယားမှာလည်း နိုင်ငံရဲ့ ပထမဆုံး မျောက်ကျောက်ရောဂါ အတည်ပြု လူနာနှစ်ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရသူမှာ ဇွန်လ ၁၅ ရက်နဲ့ ၁၇ ရက်ကြား မြို့ အတွင်းနေထိုင်သူဖြစ်တဲ့ လေယာဉ်အမှုထမ်း ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။

သူဟာ တနင်္လာ နေ့မှာ အရေပြားတွေ နီမြန်းလာပြီး ခေါင်းကိုက်ခြင်းနဲ့ ဖျားနာခြင်းတို့ စတင်ခံစားရပြီးနောက် နောက်ပိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ နိုင်ငံခြားသားက အဲ့ဒီရက်ပိုင်းတွေအတွင်း အနှိပ်ခန်းကိုသွားရောက်ခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့က စားသောက်ဆိုင် ၃ နေရာမှာ စားတာလွဲလို့ ကျန်တဲ့အချိန်တွေတော့ သူ့ရဲ့ ဟိုတယ်အခန်းထဲမှာပဲ ရှိနေခဲ့တာပါ” လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ရောဂါကူးစက်ခံရသူ အမျိုးသားနဲ့ ဆက်စပ်တဲ့ လူ ၁၃ ဦးတို့ကိုလည်း ခြေရာခံ ဆက်သွယ်နိုင်ခဲ့ပြီး ၂၁ ရက်ကြာ ကွာရန်တင်းထားစောင့်ကြည့်သွားမယ်လု့ ဝန်ကြီးဌာနက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာဆိုရင်လည်း တနင်္လာနေ့တုန်းက နိုင်ငံတွင်းဝင်လာတဲ့ နိုင်ငံခြားသားတစ်ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးတို့မှာ မျောက်ကျောက် သံသယနဲ့ ဘူဆန်၊ ဆိုးလ်တို့က ဆေးကုသ ဆောင်မှာ ထားရှိစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

နိုင်ငံခြားသားမှာ မျောက်ကျောက် ရောဂါ လက္ခဏာနဲ့ ဆင်တူတဲ့ ဝေဒနာတွေကို ခံစားရပြီး အရေပြားယားယံမှုဖြစ်ပေါ်ပြီး နောက် ဘူဆန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

Ref:kesq

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

Zawgyi

စင္ကာပူနဲ႕ ေတာင္ကိုရီးယားတို႔မွာ ပထမဆုံးေမ်ာက္ေက်ာက္ကူးစက္လူနာေတြ စတင္ေတြ႕ရွိ

အေရွ႕ေတာင္အာရွတြင္း ပထမဆုံးေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ျဖစ္ပြားမႈအျဖစ္ စင္ကာပူမွာ သံသယ လူနာတစ္ဦး အတည္ျပဳနိုင္ခဲ့တယ္လို႔ အစီရင္ခံခဲ့ၿပီး

ေတာင္ကိုရီးယားမွာလည္း နိုင္ငံရဲ႕ ပထမဆုံး ေမ်ာက္ေက်ာက္ေရာဂါ အတည္ျပဳ လူနာႏွစ္ဦးကို ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

စင္ကာပူနိုင္ငံက ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ ကူးစက္ခံရသူမွာ ဇြန္လ ၁၅ ရက္နဲ႕ ၁၇ ရက္ၾကား ၿမိဳ႕ အတြင္းေနထိုင္သူျဖစ္တဲ့ ေလယာဥ္အမႈထမ္း ၿဗိတိန္နိုင္ငံသားတစ္ဦးျဖစ္ပါတယ္။

သူဟာ တနလၤာ ေန႕မွာ အေရျပားေတြ နီျမန္းလာၿပီး ေခါင္းကိုက္ျခင္းနဲ႕ ဖ်ားနာျခင္းတို႔ စတင္ခံစားရၿပီးေနာက္ ေနာက္ပိုင္းမွာ ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

“ နိုင္ငံျခားသားက အဲ့ဒီရက္ပိုင္းေတြအတြင္း အႏွိပ္ခန္းကိုသြားေရာက္ခဲ့ၿပီး ဇြန္လ ၁၆ ရက္ေန႕က စားေသာက္ဆိုင္ ၃ ေနရာမွာ စားတာလြဲလို႔ က်န္တဲ့အခ်ိန္ေတြေတာ့ သူ႕ရဲ႕ ဟိုတယ္အခန္းထဲမွာပဲ ရွိေနခဲ့တာပါ” လို႔ စင္ကာပူက်န္းမာေရးဝန္ႀကီးဌာနက အဂၤါေန႕မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ေရာဂါကူးစက္ခံရသူ အမ်ိဳးသားနဲ႕ ဆက္စပ္တဲ့ လူ ၁၃ ဦးတို႔ကိုလည္း ေျခရာခံ ဆက္သြယ္နိုင္ခဲ့ၿပီး ၂၁ ရက္ၾကာ ကြာရန္တင္းထားေစာင့္ၾကည့္သြားမယ္လု႔ ဝန္ႀကီးဌာနက ဆိုပါတယ္။

ေတာင္ကိုရီးယားနိုင္ငံမွာဆိုရင္လည္း တနလၤာေန႕တုန္းက နိုင္ငံတြင္းဝင္လာတဲ့ နိုင္ငံျခားသားတစ္ဦးနဲ႕ ေတာင္ကိုရီးယားနိုင္ငံသားတစ္ဦးတို႔မွာ ေမ်ာက္ေက်ာက္ သံသယနဲ႕ ဘူဆန္၊ ဆိုးလ္တို႔က ေဆးကုသ ေဆာင္မွာ ထားရွိေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

နိုင္ငံျခားသားမွာ ေမ်ာက္ေက်ာက္ ေရာဂါ လကၡဏာနဲ႕ ဆင္တူတဲ့ ေဝဒနာေတြကို ခံစားရၿပီး အေရျပားယားယံမႈျဖစ္ေပၚၿပီး ေနာက္ ဘူဆန္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ပါတယ္။

Ref:kesq

#ဘန္ေကာက္လမ္းၫြန္ကိုစိုင္း