ဗဟုသုတ

အိတ်ပေါက်နဲ့ ဖားကောက်နေရ ရှာတဲ့ မြန်မာလူမျိုးများ (အဆုံးထိ ဖတ်ကြည့်ပေးပါ)

အိတ်ပေါက်နဲ့ ဖားကောက်နေရ ရှာတဲ့ မြန်မာလူမျိုးများ (အဆုံးထိ ဖတ်ကြည့်ပေးပါ)

တရုတ်တွေ၊ ယိုးဒယားတွေ မြန်မာပြည်တွင်းကို ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Hot Pot အနှစ်တွေကို တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချလာတယ်။

အဝစား Hot Pot တွေကို လူကြိုက် များလာတဲ့အခါ Hot Pot ဟင်းရည်တွေကို လုံလောက်စွာ ပြုတ်ဖို့ ဝက်ရိုး၊ ကြက်ရိုးတွေ လုံလုံလောက်လောက် မရှိတော့ အဝစား ဘူဖေးဆိုင်တွေမှာ ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ တရုတ်ပြည်မှာဆို အဲလို အနှစ်တွေကို စားရန်မသင့်အဖြစ် သတ်မှတ်ထားတဲ့ ဟော့ပေါ့အနှစ်တွေကို သုံးလာကြတယ်။

အရင်က တရုတ်ပြည်မကြီး Hot Potစားသောက်ဆိုင်ကြီးတွေက အမှိုက်စွန့်ပစ်တဲ့ မြောင်းတွေက ရေတွေကို ပြန်စုပ်ပြီး အပေါ်ဆီတွေ ပြန်ခပ်ယူကာ ဓာတုဆေးပစ္စည်းတွေနဲ့ ရောပြီး စျေးပေါတဲ့ အရသာထူးတဲ့ ဟော့ပေါ့အနှစ်တွေ ထုတ်လုပ်ရောင်းချကြတယ်။

အဲဒါကို သိရှိပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ကြလို့ အခုဆို သူတို့နိုင်ငံရဲ့ Hotpot ဆိုင်တွေမှာ ဓာတုဆေးတွေနဲ့ လုပ်တဲ့ Hotpot ဆိုင်တွေ တွေ့ရင် ဖမ်းဆီးအရေးယူမှုတွေ လုပ်လာကြတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ Hot Pot ကြိုက်တဲ့ အရှိန်ဟာ မြင့်တက်လာပြီး ရောင်းအားကောင်းလာတဲ့အခါမှာ လတ်ဆတ်တဲ့ ပြုတ်ရည်တွေရဖို့ ဝက်ရိုး၊ ကြက်ရိုး ပြုတ်ရမည့်ကုန်ကျစရိတ်နဲ့ နေရာ၊ ပြုတ်ရမည့်အချိန်တွေက ကြာလာလို့ ယိုးဒယား၊ တရုတ် စားသောက်ဆိုင်တွေက ကျန်တဲ့ Hotpot အရည်တွေကို ပြန်ပြီး အနှစ်လုပ်၊

ကုန်ကြမ်းအဖြစ်သုံးပြီး အနံ့အရသာတွေ ပြည့်ဝအောင် ဓာတုဆေးနဲ့ ပြန်စပ်ကာ အဲဒီအနှစ်ထည့်လိုက်တာနဲ့ အလွန်အရသာရှိတဲ့ ပျစ်နှစ်တဲ့ ပြုတ်ရည်တွေရပြီး မြန်မာပြည်သားတွေ ရောဂါရအောင် တင်သွင်းရောင်းချလာ၊ ကျယ်ကျယ်ပြန့်ပြန့်ရောင်းလာကြတာကို စိတ်မကောင်းစွာတွေ့နေရတယ်။

FDA လူကြီးတွေလည်း အဲဒီ Hotpot ဓာတုဆေးနဲ့လုပ်ထားတဲ့ အနှစ်ပြုတ်ရည်တွေကို စားသုံးရန် သင့်မသင့် စစ်ဆေးပေးကြပါလို့ မေတ္တာရပ်ခံချင်မိတယ်။

မြန်မာပြည်သူတွေဟာ အိတ်ပေါက်နဲ့ ဖားကောက် နေကြတယ်။ ဆင်းရဲလို့ ပညာမတတ် အသိမရှိ၊ အသိမရှိတော့ လုပ်သင့် မလုပ်သင့် မခွဲခြား မဝေဖန်ပဲ ငါဟာ ရိုးရိုးသားသား ရှာစားနေတာပဲ ဆိုပြီး အသိမျိုးနဲ့ တချို့စျေးသည်တွေဟာ မြန်မာပြည်သူအများ ကျန်းမာရေးထိခိုက် နာတာရှည်ရောဂါတွေ ကင်ဆာတွေ အဖြစ်များတဲ့ အရာတွေကို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။သားငါးအစိမ်း၊ ငါးခြောက်တွေအပေါ် ယင်မနားစေရန် ပိုးသတ်ဆေးတွေ စျေးတွေထဲမှာ အတော်များများ ရေထဲမှာထည့်ပြီး သုံးတတ်ကြတယ်။

ငှက်ပျောသီး သရက်သီးများကို သယ်ယူပို့ဆောင်ခါနီးတွင် လမ်းမှာ အထားခံအောင် မမှည့်ဆေးတွေ သုံးထားကြလို့ စျေးတွေထဲရောက်ရင် တော်ရုံမမှည့်တော့ မှည့်ဆေးတွေကို ရေထဲထည့်ပြီး ငှက်ပျောသီး၊ သရက်သီးတွေကို ဝင်းမှည့်ပြီး အရောင်လှစေရန် စိမ်တတ်ကြတယ်။

ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်တွေဆိုတာလည်း ရိတ်သိမ်းတဲ့နေရာကနေ အမှုန်ကြိတ်တဲ့နေရာအထိ သယ်ယူရာလမ်းတလျှောက်မှာ သေချာ ထုတ်ပိုး အခြောက်ခံထားခြင်းမရှိပဲ မိုးမိတဲ့အခါမှာ ကုန်ကြမ်းတွေဟာ မိုးရေကြောင့် မှိုတွေ ပေါက်ဖွားကာ ကုန်ကြမ်းအဆင့်မှာတင် ကင်ဆာဖြစ်စေနိုင်လို့ စားသုံးရန်မသင့်တဲ့ အနေအထားရောက်နေတာတောင် မှိုတွေကို သန့်စင်ခြင်းမရှိတဲ့အပြင် အရောင်တင်မှုန့် ငရူတ်သီးမှုန့်တွေ နီနီရဲရဲနဲ့ လှအောင် အရောင်တင်မှုန့်ကို ငရုတ်သီးမဟုတ်တဲ့ အမှုန့်တွေနဲ့ ဆိုးဆေးမှုန့်တွေရောထည့်ကာ ရောင်းဗန်းလှအောင် လုပ်ကြတော့ မြန်မာပြည်သူအများ ကင်ဆာရောဂါတွေ ငယ်ငယ်နဲ့ အဖြစ်များလာတယ်။

ဘယ်လောက်ကြိုးစားတဲ့ မြန်မာပြည်သူတွေ ဖြစ်နေပါစေ အိတ်ပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။ အလုပ်ကြိုးစားလို့ အသင့်အတင့် စုမိလာရင်ပဲ မိသားစုထဲမှာ နာတာရှည်ရောဂါတွေ ဖြစ်ပြီး စီးပွားပြန်ပျက် ဘဝပျက်ကြရတယ်။

အစိုးရက ကောက်တဲ့ အခွန်တွေထဲမှာလည်း ပြည်သူတွေအတွက် အခမဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက် ကုသဖို့အတွက် အခွင့်အရေးတွေ မြန်မာပြည်သူတွေဆီမှာ အခွန်ထမ်းထားကြပေမဲ့ တိုင်းတပါးလိုမျိုး အကျိုးပြန်ခံစားရတာမျိုး မရှိဘူး။ အလုပ်လုပ်ရင်း အခုလိုနေ့စဉ်စားသောက်နေရတဲ့ အစားအစာတွေကြောင့် ကျန်းမာရေးတွေ ထိခိုက်လာရင် အဲဒီမိသားစု ဘဝပျက်ရတယ်။

FDAက ငရုတ်သီးမှုန့် အရောင်တင်မှုန့်တွေ စစ်ဆေးတယ်။ မစားသင့်တဲ့ အရာတွေ ပါတယ်ဆိုတာ တွေ့ပေမဲ့ စက်ရုံလိုက် ဂိုဒေါင်ထဲမှာ ရှိသမျှ ငရုတ်သီးမှုန့်အရောင်တင်မှုန့်တွေကို ဖမ်းဆီး သိမ်းယူ ဖျက်ဆီးတာမျိုးတွေ မလုပ်ကြတော့ ဖမ်းတုန်းသာ ကြောက်ဟန်ပြုပြီး အဖမ်းအဆီး ငြိမ်တဲ့အခါမှာတော့ အဲဒီ ငရုတ်သီးမှုန့်တွေ စားသုံးရန် မသင့်ပုံစံအတိုင်း ပြန်လည်ရောင်းချကြတော့ နစ်နာတာက စားသုံးသူပြည်သူတွေပဲ ခံကြရတယ်။

ဖမ်းမိလို့ ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေတွေကလည်း သိန်းထောင်ဂဏန်းလောက်ပဲ အမြင့်ဆုံး ချမှတ်ထားတော့ ထောင်မကြောက် ဒဏ်ငွေ မကြောက်ပဲ ထင်တိုင်းကြဲနေကြတော့ နောက်ဆုံး ပြည်သူတွေပဲ နာတာရှည်ရောဂါ၊ ကင်ဆာဝေဒနာတွေ ခံစားပြီး သေပွဲဝင်ရတယ်။ ကျိုချက်ပြီး သဘာဝ နွားနို့စစ်စစ်တွေ ထုတ်ထားတဲ့ အိတ်အောက်ခြေမှာ ဘာအမှုန့်မှန်းမသိတာတွေ အဆီခဲလိုအရာတွေ ဆပ်ပြာဆီလို ကပ်နေတာကိုလည်း ဘာမှ မရောတဲ့ နွားနို့စစ်စစ်ဆိုပြီး တရားဝင်ရောင်းခွင့်ပေးထားတယ်။

ရေခဲချောင်း ၊ မာလကာသီ၊ ရှောက်သီး၊ ဆီးသီး၊ သစ်တော်သီး၊ ဂွေးသီးတွေ စိတ်ရောင်းတဲ့အခါမှာ ပါဝါသကြားအမှုန့်နဲ့ ငရုတ်သီးမှုန့်ဆားမှုန့်တွေကို ဖြူးပေးတတ်တယ်။ ရှမ်းခေါက်ဆွဲဆိုင်၊ ကြေးအိုးဆီချက်၊ မုန့်ဟင်းခါးဆိုင်တွေက အစ ပါဝါသကြားကို သုံးကြလို့ စာဒပြီးရင် ရေအလွန်ငတ်ရခြင်းဖြစ်တယ်။

အခုခေတ်စားနေတဲ့ မာလာရှမ်းကော၊ Hotpot တွေမှာလည်း အရသာပိုထိစေရန် ပါဝါသကြားကို ထည့်သုံးကြတယ်။ ပေါက်စီနဲ့ တခြားဟင်းလျာတွေမှာလည်း အရသာပိုထူးရန် အချိုမှုန့်အပြင် ပါဝါသကြားကို ထည့်သုံးကြတယ် ။ ဘီစကစ် ကိတ်ခြောက် ကိတ်မုန့် ဝေဖာတွေမှာလည်း သုံးတတ်ကြတယ်။ခေါက်ဆွဲသုတ်၊ စမူဆာ ၊ ပေါက်စီ၊ အာလူးချောင်း၊ ပဲပြားချောင်း၊ တုံချိုင်းအကင်၊ အကြော်တွေမှာဆို ပါဝါသကြားတွေ သုံးတဲ့အပြင် အပေါစား အရောင်ဆိုးဆေးနဲ့ လုပ်ထားတဲ့ ငရုတ်ဆီ၊ အချဉ်ခဲတွေနဲ့ စျေးပေါပေါရောင်းနိုင်အောင် လုပ်စားကြတယ်။

ရေခဲချောင်း၊ ရေခဲမုန့်၊ မစ်ရှိတ် ထုတ်လုပ်ရောင်းချသူတချို့က ပါဝါသကြား ဆိုးဆေး အနံ့တုတွေ သုံးတဲ့အပြင် အသီးတု မစ်ရှိတ်ထုတ်တွေကို သုံးကြတယ်။ အခု လူငယ်တွေကြား အကြိုက်များနေတဲ့ ပုလဲဆိုတဲ့ ကောင်ညှင်းအစေ့လုံးတွေဟာ အစာခြေစနစ်ကို ထိခိုက်ပြီး အစာမကြေဖြစ်ကာ လူငယ်တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အစာအိမ်ရောဂါတွေ ဖြစ်လာကြတယ်။ ပိုဆိုးတာက မြန်မာနိုင်ငံမှာ တခုကို သိထားရင် တခြားဆိုးကျိုးကို မမြင်တတ်ကြတော့ဘူး။

ဒီဆိုင်က နေကြာဆီသုံးတိုင်း ဆီသန့်တာ ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးမဟုတ်ဘူး ။ ဆီတိုင်း နှစ်ခါပြန်ကြော်ရင်၊ သတ်မှတ်ထားတဲ့ မီးပြင်းအားထက်ပို ကြော်မိရင် နေကြာဆီ ဘယ်လောက်စစ်စစ် ဆီရဲ့သဘာဝအရ စားသုံးရန် မသင့်တဲ့ အခြေအနေရောက်သွားပြီ။ ဒါကြောင့် မြန်မာဟင်းတွေ ဆီသန့်သန့်နဲ့ ရောင်းတဲ့ဆိုင်တွေမှာ လာစားနေကျ ဖောက်သည်အများစုဟာ အဝလွန်ပြီး ဝဖိုင်းဝဖိုင်းတွေဖြစ်ကာ အသည်းအဆီဖုံး၊ နှလုံးသွေးကြောပိတ်ရောဂါတွေ လူပိန် လူဝ နှစ်မျိုးလုံး အဖြစ်များလာတာတွေ့ရတယ်။

မြန်မာဟင်းတွေ စားကောင်းတယ်။ ဆီသန့်တဲ့ဆိုင် စားတဲ့သူတွေပဲ အဆီပိတ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသဲအဆီဖုံးတာတွေ ဖြစ်တာ များလို့ သတိထားကြပါလို့။

လမ်းဘေးထမင်းဆိုင်တွေမှာတော့ မသန့်ရှင်းလို့ ကူးစက်ရောဂါတွေ ဖြစ်တတ်ပေမဲ့ လမ်းဘေးဆိုင်အများစုဟာ တန်ဖိုးနည်းဖြစ်လို့ မြန်မာဟင်းတော်တော်များများ အပေါ်ဆီလေးသာ မြင်ရပြီး ရေလုံပြုတ် ဆီပြန်ဖြစ်လို့ အဲလိုရောဂါတွေ လူချမ်းသာတွေလောက် မဖြစ်တတ်ကြောင်း ပြောပြရင်းနဲ့ ပြည်သူအပေါင်း ရှောင်နိုင်ပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။

Credit …… မူရင်းရေးသားသူ

အိတ္ေပါက္နဲ႕ ဖားေကာက္ေနရ ရွာတဲ့ ျမန္မာလူမ်ိဳးမ်ား (အဆုံးထိ ဖတ္ၾကည့္ေပးပါ)

တ႐ုတ္ေတြ၊ ယိုးဒယားေတြ ျမန္မာျပည္တြင္းကို ဓာတုပစၥည္းေတြနဲ႕ လုပ္ထားတဲ့ Hot Pot အႏွစ္ေတြကို တြင္တြင္က်ယ္က်ယ္ တင္သြင္းေရာင္းခ်လာတယ္။

အဝစား Hot Pot ေတြကို လူႀကိဳက္ မ်ားလာတဲ့အခါ Hot Pot ဟင္းရည္ေတြကို လုံေလာက္စြာ ျပဳတ္ဖို႔ ဝက္ရိုး၊ ၾကက္ရိုးေတြ လုံလုံေလာက္ေလာက္ မရွိေတာ့ အဝစား ဘူေဖးဆိုင္ေတြမွာ ဓာတုပစၥည္းေတြနဲ႕ လုပ္ထားတဲ့ တ႐ုတ္ျပည္မွာဆို အဲလို အႏွစ္ေတြကို စားရန္မသင့္အျဖစ္ သတ္မွတ္ထားတဲ့ ေဟာ့ေပါ့အႏွစ္ေတြကို သုံးလာၾကတယ္။

အရင္က တ႐ုတ္ျပည္မႀကီး Hot Potစားေသာက္ဆိုင္ႀကီးေတြက အမွိုက္စြန႔္ပစ္တဲ့ ေျမာင္းေတြက ေရေတြကို ျပန္စုပ္ၿပီး အေပၚဆီေတြ ျပန္ခပ္ယူကာ ဓာတုေဆးပစၥည္းေတြနဲ႕ ေရာၿပီး ေစ်းေပါတဲ့ အရသာထူးတဲ့ ေဟာ့ေပါ့အႏွစ္ေတြ ထုတ္လုပ္ေရာင္းခ်ၾကတယ္။

အဲဒါကို သိရွိၿပီး ဖမ္းဆီးအေရးယူမႈေတြ လုပ္ခဲ့ၾကလို႔ အခုဆို သူတို႔နိုင္ငံရဲ႕ Hotpot ဆိုင္ေတြမွာ ဓာတုေဆးေတြနဲ႕ လုပ္တဲ့ Hotpot ဆိုင္ေတြ ေတြ႕ရင္ ဖမ္းဆီးအေရးယူမႈေတြ လုပ္လာၾကတယ္။

ဒါေပမဲ့ ျမန္မာျပည္မွာ Hot Pot ႀကိဳက္တဲ့ အရွိန္ဟာ ျမင့္တက္လာၿပီး ေရာင္းအားေကာင္းလာတဲ့အခါမွာ လတ္ဆတ္တဲ့ ျပဳတ္ရည္ေတြရဖို႔ ဝက္ရိုး၊ ၾကက္ရိုး ျပဳတ္ရမည့္ကုန္က်စရိတ္နဲ႕ ေနရာ၊ ျပဳတ္ရမည့္အခ်ိန္ေတြက ၾကာလာလို႔ ယိုးဒယား၊ တ႐ုတ္ စားေသာက္ဆိုင္ေတြက က်န္တဲ့ Hotpot အရည္ေတြကို ျပန္ၿပီး အႏွစ္လုပ္၊

ကုန္ၾကမ္းအျဖစ္သုံးၿပီး အနံ႕အရသာေတြ ျပည့္ဝေအာင္ ဓာတုေဆးနဲ႕ ျပန္စပ္ကာ အဲဒီအႏွစ္ထည့္လိုက္တာနဲ႕ အလြန္အရသာရွိတဲ့ ပ်စ္ႏွစ္တဲ့ ျပဳတ္ရည္ေတြရၿပီး ျမန္မာျပည္သားေတြ ေရာဂါရေအာင္ တင္သြင္းေရာင္းခ်လာ၊ က်ယ္က်ယ္ျပန႔္ျပန႔္ေရာင္းလာၾကတာကို စိတ္မေကာင္းစြာေတြ႕ေနရတယ္။

FDA လူႀကီးေတြလည္း အဲဒီ Hotpot ဓာတုေဆးနဲ႕လုပ္ထားတဲ့ အႏွစ္ျပဳတ္ရည္ေတြကို စားသုံးရန္ သင့္မသင့္ စစ္ေဆးေပးၾကပါလို႔ ေမတၱာရပ္ခံခ်င္မိတယ္။

ျမန္မာျပည္သူေတြဟာ အိတ္ေပါက္နဲ႕ ဖားေကာက္ ေနၾကတယ္။ ဆင္းရဲလို႔ ပညာမတတ္ အသိမရွိ၊ အသိမရွိေတာ့ လုပ္သင့္ မလုပ္သင့္ မခြဲျခား မေဝဖန္ပဲ ငါဟာ ရိုးရိုးသားသား ရွာစားေနတာပဲ ဆိုၿပီး အသိမ်ိဳးနဲ႕ တခ်ိဳ႕ေစ်းသည္ေတြဟာ ျမန္မာျပည္သူအမ်ား က်န္းမာေရးထိခိုက္ နာတာရွည္ေရာဂါေတြ ကင္ဆာေတြ အျဖစ္မ်ားတဲ့ အရာေတြကို တြင္တြင္က်ယ္က်ယ္ သုံးလာၾကတယ္။သားငါးအစိမ္း၊ ငါးေျခာက္ေတြအေပၚ ယင္မနားေစရန္ ပိုးသတ္ေဆးေတြ ေစ်းေတြထဲမွာ အေတာ္မ်ားမ်ား ေရထဲမွာထည့္ၿပီး သုံးတတ္ၾကတယ္။

ငွက္ေပ်ာသီး သရက္သီးမ်ားကို သယ္ယူပို႔ေဆာင္ခါနီးတြင္ လမ္းမွာ အထားခံေအာင္ မမွည့္ေဆးေတြ သုံးထားၾကလို႔ ေစ်းေတြထဲေရာက္ရင္ ေတာ္႐ုံမမွည့္ေတာ့ မွည့္ေဆးေတြကို ေရထဲထည့္ၿပီး ငွက္ေပ်ာသီး၊ သရက္သီးေတြကို ဝင္းမွည့္ၿပီး အေရာင္လွေစရန္ စိမ္တတ္ၾကတယ္။

င႐ုတ္သီးမႈန႔္၊ င႐ုတ္ေကာင္းမႈန႔္ေတြဆိုတာလည္း ရိတ္သိမ္းတဲ့ေနရာကေန အမႈန္ႀကိတ္တဲ့ေနရာအထိ သယ္ယူရာလမ္းတေလွ်ာက္မွာ ေသခ်ာ ထုတ္ပိုး အေျခာက္ခံထားျခင္းမရွိပဲ မိုးမိတဲ့အခါမွာ ကုန္ၾကမ္းေတြဟာ မိုးေရေၾကာင့္ မွိုေတြ ေပါက္ဖြားကာ ကုန္ၾကမ္းအဆင့္မွာတင္ ကင္ဆာျဖစ္ေစနိုင္လို႔ စားသုံးရန္မသင့္တဲ့ အေနအထားေရာက္ေနတာေတာင္ မွိုေတြကို သန႔္စင္ျခင္းမရွိတဲ့အျပင္ အေရာင္တင္မႈန႔္ င႐ူတ္သီးမႈန႔္ေတြ နီနီရဲရဲနဲ႕ လွေအာင္ အေရာင္တင္မႈန႔္ကို င႐ုတ္သီးမဟုတ္တဲ့ အမႈန႔္ေတြနဲ႕ ဆိုးေဆးမႈန႔္ေတြေရာထည့္ကာ ေရာင္းဗန္းလွေအာင္ လုပ္ၾကေတာ့ ျမန္မာျပည္သူအမ်ား ကင္ဆာေရာဂါေတြ ငယ္ငယ္နဲ႕ အျဖစ္မ်ားလာတယ္။

ဘယ္ေလာက္ႀကိဳးစားတဲ့ ျမန္မာျပည္သူေတြ ျဖစ္ေနပါေစ အိတ္ေပါက္နဲ႕ ဖားေကာက္ေနသလိုပါပဲ။ အလုပ္ႀကိဳးစားလို႔ အသင့္အတင့္ စုမိလာရင္ပဲ မိသားစုထဲမွာ နာတာရွည္ေရာဂါေတြ ျဖစ္ၿပီး စီးပြားျပန္ပ်က္ ဘဝပ်က္ၾကရတယ္။

အစိုးရက ေကာက္တဲ့ အခြန္ေတြထဲမွာလည္း ျပည္သူေတြအတြက္ အခမဲ့ က်န္းမာေရး ျပဳစုေစာင့္ေရွာက္ ကုသဖို႔အတြက္ အခြင့္အေရးေတြ ျမန္မာျပည္သူေတြဆီမွာ အခြန္ထမ္းထားၾကေပမဲ့ တိုင္းတပါးလိုမ်ိဳး အက်ိဳးျပန္ခံစားရတာမ်ိဳး မရွိဘူး။ အလုပ္လုပ္ရင္း အခုလိုေန႕စဥ္စားေသာက္ေနရတဲ့ အစားအစာေတြေၾကာင့္ က်န္းမာေရးေတြ ထိခိုက္လာရင္ အဲဒီမိသားစု ဘဝပ်က္ရတယ္။

FDAက င႐ုတ္သီးမႈန႔္ အေရာင္တင္မႈန႔္ေတြ စစ္ေဆးတယ္။ မစားသင့္တဲ့ အရာေတြ ပါတယ္ဆိုတာ ေတြ႕ေပမဲ့ စက္႐ုံလိုက္ ဂိုေဒါင္ထဲမွာ ရွိသမွ် င႐ုတ္သီးမႈန႔္အေရာင္တင္မႈန႔္ေတြကို ဖမ္းဆီး သိမ္းယူ ဖ်က္ဆီးတာမ်ိဳးေတြ မလုပ္ၾကေတာ့ ဖမ္းတုန္းသာ ေၾကာက္ဟန္ျပဳၿပီး အဖမ္းအဆီး ၿငိမ္တဲ့အခါမွာေတာ့ အဲဒီ င႐ုတ္သီးမႈန႔္ေတြ စားသုံးရန္ မသင့္ပုံစံအတိုင္း ျပန္လည္ေရာင္းခ်ၾကေတာ့ နစ္နာတာက စားသုံးသူျပည္သူေတြပဲ ခံၾကရတယ္။

ဖမ္းမိလို႔ ေပးေဆာင္ရတဲ့ ဒဏ္ေၾကးေငြေတြကလည္း သိန္းေထာင္ဂဏန္းေလာက္ပဲ အျမင့္ဆုံး ခ်မွတ္ထားေတာ့ ေထာင္မေၾကာက္ ဒဏ္ေငြ မေၾကာက္ပဲ ထင္တိုင္းႀကဲေနၾကေတာ့ ေနာက္ဆုံး ျပည္သူေတြပဲ နာတာရွည္ေရာဂါ၊ ကင္ဆာေဝဒနာေတြ ခံစားၿပီး ေသပြဲဝင္ရတယ္။ က်ိဳခ်က္ၿပီး သဘာဝ ႏြားနို႔စစ္စစ္ေတြ ထုတ္ထားတဲ့ အိတ္ေအာက္ေျခမွာ ဘာအမႈန႔္မွန္းမသိတာေတြ အဆီခဲလိုအရာေတြ ဆပ္ျပာဆီလို ကပ္ေနတာကိုလည္း ဘာမွ မေရာတဲ့ ႏြားနို႔စစ္စစ္ဆိုၿပီး တရားဝင္ေရာင္းခြင့္ေပးထားတယ္။

ေရခဲေခ်ာင္း ၊ မာလကာသီ၊ ေရွာက္သီး၊ ဆီးသီး၊ သစ္ေတာ္သီး၊ ေဂြးသီးေတြ စိတ္ေရာင္းတဲ့အခါမွာ ပါဝါသၾကားအမႈန႔္နဲ႕ င႐ုတ္သီးမႈန႔္ဆားမႈန႔္ေတြကို ျဖဴးေပးတတ္တယ္။ ရွမ္းေခါက္ဆြဲဆိုင္၊ ေၾကးအိုးဆီခ်က္၊ မုန႔္ဟင္းခါးဆိုင္ေတြက အစ ပါဝါသၾကားကို သုံးၾကလို႔ စာဒၿပီးရင္ ေရအလြန္ငတ္ရျခင္းျဖစ္တယ္။

အခုေခတ္စားေနတဲ့ မာလာရွမ္းေကာ၊ Hotpot ေတြမွာလည္း အရသာပိုထိေစရန္ ပါဝါသၾကားကို ထည့္သုံးၾကတယ္။ ေပါက္စီနဲ႕ တျခားဟင္းလ်ာေတြမွာလည္း အရသာပိုထူးရန္ အခ်ိဳမႈန႔္အျပင္ ပါဝါသၾကားကို ထည့္သုံးၾကတယ္ ။ ဘီစကစ္ ကိတ္ေျခာက္ ကိတ္မုန႔္ ေဝဖာေတြမွာလည္း သုံးတတ္ၾကတယ္။ေခါက္ဆြဲသုတ္၊ စမူဆာ ၊ ေပါက္စီ၊ အာလူးေခ်ာင္း၊ ပဲျပားေခ်ာင္း၊ တုံခ်ိဳင္းအကင္၊ အေၾကာ္ေတြမွာဆို ပါဝါသၾကားေတြ သုံးတဲ့အျပင္ အေပါစား အေရာင္ဆိုးေဆးနဲ႕ လုပ္ထားတဲ့ င႐ုတ္ဆီ၊ အခ်ဥ္ခဲေတြနဲ႕ ေစ်းေပါေပါေရာင္းနိုင္ေအာင္ လုပ္စားၾကတယ္။

ေရခဲေခ်ာင္း၊ ေရခဲမုန႔္၊ မစ္ရွိတ္ ထုတ္လုပ္ေရာင္းခ်သဴတခ်ိဳ႕က ပါဝါသၾကား ဆိုးေဆး အနံ႕တုေတြ သုံးတဲ့အျပင္ အသီးတု မစ္ရွိတ္ထုတ္ေတြကို သုံးၾကတယ္။ အခု လူငယ္ေတြၾကား အႀကိဳက္မ်ားေနတဲ့ ပုလဲဆိုတဲ့ ေကာင္ညွင္းအေစ့လုံးေတြဟာ အစာေျခစနစ္ကို ထိခိုက္ၿပီး အစာမေၾကျဖစ္ကာ လူငယ္ေတြမွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ အစာအိမ္ေရာဂါေတြ ျဖစ္လာၾကတယ္။ ပိုဆိုးတာက ျမန္မာနိုင္ငံမွာ တခုကို သိထားရင္ တျခားဆိုးက်ိဳးကို မျမင္တတ္ၾကေတာ့ဘူး။

ဒီဆိုင္က ေနၾကာဆီသုံးတိုင္း ဆီသန႔္တာ က်န္းမာေရးနဲ႕ ညီၫြတ္တာမ်ိဳးမဟုတ္ဘူး ။ ဆီတိုင္း ႏွစ္ခါျပန္ေၾကာ္ရင္၊ သတ္မွတ္ထားတဲ့ မီးျပင္းအားထက္ပို ေၾကာ္မိရင္ ေနၾကာဆီ ဘယ္ေလာက္စစ္စစ္ ဆီရဲ႕သဘာဝအရ စားသုံးရန္ မသင့္တဲ့ အေျခအေနေရာက္သြားၿပီ။ ဒါေၾကာင့္ ျမန္မာဟင္းေတြ ဆီသန႔္သန႔္နဲ႕ ေရာင္းတဲ့ဆိုင္ေတြမွာ လာစားေနက် ေဖာက္သည္အမ်ားစုဟာ အဝလြန္ၿပီး ဝဖိုင္းဝဖိုင္းေတြျဖစ္ကာ အသည္းအဆီဖုံး၊ ႏွလုံးေသြးေၾကာပိတ္ေရာဂါေတြ လူပိန္ လူဝ ႏွစ္မ်ိဳးလုံး အျဖစ္မ်ားလာတာေတြ႕ရတယ္။

ျမန္မာဟင္းေတြ စားေကာင္းတယ္။ ဆီသန႔္တဲ့ဆိုင္ စားတဲ့သူေတြပဲ အဆီပိတ္ေရာဂါ၊ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ အသဲအဆီဖုံးတာေတြ ျဖစ္တာ မ်ားလို႔ သတိထားၾကပါလို႔။

လမ္းေဘးထမင္းဆိုင္ေတြမွာေတာ့ မသန႔္ရွင္းလို႔ ကူးစက္ေရာဂါေတြ ျဖစ္တတ္ေပမဲ့ လမ္းေဘးဆိုင္အမ်ားစုဟာ တန္ဖိုးနည္းျဖစ္လို႔ ျမန္မာဟင္းေတာ္ေတာ္မ်ားမ်ား အေပၚဆီေလးသာ ျမင္ရၿပီး ေရလုံျပဳတ္ ဆီျပန္ျဖစ္လို႔ အဲလိုေရာဂါေတြ လူခ်မ္းသာေတြေလာက္ မျဖစ္တတ္ေၾကာင္း ေျပာျပရင္းနဲ႕ ျပည္သူအေပါင္း ေရွာင္နိုင္ၿပီး က်န္းမာခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေပးပါတယ္။

Credit …… မူရင္းေရးသားသူ