ဗဟုသုတ

စတိတ်ရှိုးမင်းသမီးဘဝနဲ့ လမ်းပေါ်မှာ ကပြဖျော်ဖြေရင်း ဘဝကို ခက်ခဲစွာ ရုန်းကန်နေရတဲ့ ကလေး ၃ယောက်မိခင် မစံပယ်

စတိတ်ရှိုးမင်းသမီးဘဝနဲ့ လမ်းပေါ်မှာ ကပြဖျော်ဖြေရင်း ဘဝကို ခက်ခဲစွာ ရုန်းကန်နေရတဲ့ ကလေး ၃ယောက်မိခင် မစံပယ်

ပရိသတ်ကြီးရေ လက်လုပ်လက်စား ပြည်သူတွေဟာမတည်ငြိမ် သေးတဲ့ တိုင်းပြည်အခြေအနေကြားထဲမှာ ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းကို အမှီလိုက်နိုင်ဖို့ ခက်ခဲစွာကြိုးစားရုန်းကန်နေကြရပါတယ်

ထိုသူတွေထဲမှာ မစံပယ်လည်း အပါအဝင်ဖြစ်ပါတယ် သူမဟာ လမ်းမပေါ်မှာ သီချင်းတစ်ပုဒ်တစ်ထောင်နှုန်းနဲ့ ကပြဖျော်ဖြေပြီး ဝမ်းစာကိုရှာဖွေစားသောက်နေရတာဖြစ်ပါတယ်

သူမရဲ့ ခင်ပွန်းကတော့ဆုံးပါးသွားခဲ့ပြီး သားနှစ်ယောက် သမီးတစ်ယောက်ရှိပါတယ် သမီးဖြစ်သူကိုတော့ မိဘမဲ့ဂေဟာကို ပို့ဆောင်ထားရတာဖြစ်ပါတယ်

သားကြီးတစ်ယောက်ကိုကျောင်းတက်စေပြီး သားငယ်ကိုတော့ သူမသွားရာ စက်ဘီလေးနောက်မှာ ခေါ်ဆောင်သွားရပါတယ်

မစံပယ်ကို တစ်ချို့သောစိတ်ဓာတ်အောက်တန်းကျတဲ့ယောကျာ်းတွေဟာ အပျော်မယ်အဖြစ်သဘောထားကာ လာရောက်ပြောဆိုကြပါတယ် တစ်ချို့တွေကလည်း

ရင့်သီးစွာဆဲဆိုကြပါတယ် သို့ပေမဲ့ မစံပယ်ဟာ ပေါက်ကွဲစွာတုံ့ပြန်ခြင်းမရှိဘဲ သားသမီးလေးတွေမျက်နှာကိုငှဲ့ကာ လူမုန်းမများစေဖို့ သည်းခံခဲ့ရပါတယ်

ယခင်ကတော့ တစ်မနက်ကို နှစ်သောင်းကျော်လောက်ရခဲ့ပေမဲ့ ယခုမှာတော့ တစ်နေကုန်မှ တစ်သောင်းလောက်ပဲရတော့တယ်လို့ဆိုပါတယ်

သူမကဲ့သို့ စတိတ်ရှိုးမင်းသမီးကြီးဖြစ်တဲ့ မနှင်းဆီက ဒီလမ်း ကြောင်းကို ဉီးဆောင်လမ်းပြခဲ့ပြီး မိတ်ကပ်ဖီးလိမ်းတာကိုလဲ သင်ယူခဲ့တယ်လို့ဆိုပါတယ်

သူမဟာ မိန်းမသားတစ်ယောက်ထဲ ရုန်းကန်နေရတာဖြစ်တာကြောင့် အားငယ်စိတ်ကြောက်ရွံ့စိတ်တွေရှိခဲ့ပေမဲ့ စိတ်ဓာတ်ကျလို့မဖြစ်တာကြောင့် ဆက်လက်လုပ်ကိုင်နေရတယ်လို့ဆိုပါတယ် အထည်ချုပ်စက်ရုံနဲ့

ကျောက်သယ်အလုပ်ကို လုပ်ကိုင်ခဲ့ပေမဲ့ ဝင်ငွေမလောက်ငှတာကြောင့်ဒီအလုပ်ကိုရွေးချယ်ခဲ့တာလို့ဆိုပါတယ် မရမ်းကုန်းမြို့ နယ်က သမိုင်းဘူတာဈေးမှာနေ့တိုင်းလိုလိုလာရောက်ဖျော်ဖြေတယ်လို့သိရပါတယ်

မစံပယ်လိုမျိုး စိတ်ဓာတ်ခိုင်မာစွာနဲ့ သားသမီးသုံးယောက်ကို ရဲဝင့်စွာ လုပ်ကိုင်ကျွေးမွေးနေတဲ့ မိခင်ကောင်းတစ်ယောက်ဟာ တကယ်ပဲလေးစားဖွယ်ကောင်းလှပါတယ် ပရိသတ်ကြီးလည်း မစံပယ်ရဲ့ ဘဝကိုစာနာသနားတယ်ဆိုရင် စေတနာရှိသမျှ ကူညီထောက်ပံ့ဖို့ တိုက်တွန်းလိုက်ပါရစေနော်

Credit













Credit