ဗဟုသုတ
အခုလို မိုးရာသီမှာ ယင်ကောင်တွေကြောင့် စိတ်ညစ်နေသူတွေအတွက် သိပ္ပံနည်းကျ ယင်ကောင်ပြေးစေတဲ့ နည်းလမ်းကောင်းတစ်ခု
အခုလို မိုးရာသီမှာ ယင်ကောင်တွေကြောင့် စိတ်ညစ်နေသူတွေအတွက် သိပ္ပံနည်းကျ ယင်ကောင်ပြေးစေတဲ့ နည်းလမ်းကောင်းတစ်ခု
ခုလို မိုးရာသီမှာ ယင်ကောင်တွေကြောင့် စိတ်ညစ်နေသူတွေအတွက် ဒီနည်းလမ်းလေးအတိုင်း စမ်းသပ်လုပ်ကြည့်နိုင်ပါတယ်။
ငွေမကုန်ပဲ အရမ်းကိုလွယ်ကူလွန်းလှတာမို့ လိုအပ်နေသူတိုင်းအတွက် ဗဟုသုတအဖြစ်ပြန်လည်မျှဝေလိုက်ရပါတယ်။
ပြုလုပ်နည်းမှာ အကြွေစေ့လေးတွေကို ရေအပြည့်ထည့်ထားတဲ့ အိပ်တစ်လုံးထဲထည့်ထားပြီး အိပ်ကို လုံအောင်ပိတ်ပြီးနောက်
ယင်ကောင်တွေ လာတတ်တဲ့နေရာတွေမှာ ချိတ်ဆွဲထားလိုက်ရုံပဲဖြစ်ပါတယ်။ ခုလိုပြုလုပ်ထားရုံနဲ့ ယင်ကောင်တွေမလာရတဲ့အကြောင်းရင်းကတော့
ရေမော်လီကျူး လေးတွေဟာ အလင်းယိုင်၊ အလင်းပြန်တတ်ပြီး သက်တန့်ရောင်စဉ် ဖြာစေတဲ့ Prism Effectရှိတယ်လို့ဆိုပါတယ်။
ရေမော်လီကျူး သန်းပေါင်းများစွာထည့်ထားတဲ့ အိပ်ထဲကိုအကြွေစေ့တွေထည့်လိုက်တော့ အဲဒီ ရောင်စဉ်တွေဟာ
အကြွေတွေကိုရိုက်ခတ်ပြီး ကြုံရာကျပန်း မျိုးပေါင်းစုံအောင် ရောင်စဉ်ဆန်းတွေဖြစ်ပေါ်လာစေပါတယ်လို့ဆိုပါတယ်။
ယင်ကောင်လို အင်းဆက်တွေရဲ့ မျက်လုံးဟာ မှန်ဘီလူးချပ်ငယ်လေးပေါင်း များစွာနဲ့ဖွဲ့စည်း ထားတာဖြစ်တဲ့အတွက် သူတို့ဟာ ပစ္စည်းတစ်ခုထဲကိုကြည့်ရင်တောင် ပုံရိပ်အမျိုးမျိုးမြင်ရပါတယ်။
အခုချိတ်ထားတဲ့ ရေအိပ်ကို ယင်တွေကြည့်မိရင် လင်းလင်းလက်လက် အရောင်မျိုးစုံတွေထွက်နေတဲ့ Disco Ball များစွာကို ကြည့်ရသလိုမြင်ယောင်မိစေတယ်လို့ဆိုပါတယ်။
ဒီအလင်းဖြာတန်းတွေကြောင့် ယင်တွေမူးနောက်နောက် ဖြစ်လာစေတဲ့အပြင် သူတို့ကိုစားသောက်မယ့် ယင်စားသတ္တဝါတွေ ဒီနားမှာရှိနေသလို ခံစားလာရစေတယ်လို့ဆိုပါတယ်။
ယင်နှင်ဆေး တွေလိုဘေးထွက် ဓာတုဆိုးကျိုးတွေလည်းမရှိ၊ ငွေကုန်ကြေးကျလည်း သက်သာ၊
လုပ်ရ ကိုင်ရလည်း မခက်တာမို့ စမ်းသပ်ကြည့်သင့်တဲ့ ယင်ပြေးနည်းလမ်းကောင်းလေးမို့ စမ်းသပ်ကြည့်နိုင်ပါတယ်။ Credit
Zawgyi