စားစရာရဖို့ ချစ်စရာအကောင်းဆုံးနည်းလမ်းနဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေထံ တောင်ယူလေ့ရှိတဲ့ လေလွင့်ခွေးလေး
လမ်းများပေါ်ကတိရိစ္ဆာန်တွေဟာ အချို့သောအစားအစာများတောင်းစားနေခြင်းကို တွေ့ရတာက အဆန်းမဟုတ်ပါဘူး ။
ဒီချစ်စရာခွေးကလေးက အစားအစာအနည်းငယ်ရရှိရန် ဘာလုပ်ရမယ်ဆိုတာကို သိနေခဲ့ပါတယ် ။
ဒီခွေးကလေးက အကြော်ဆိုင်က မုန့်အနံ့ကိုအနံ့ခံရတာကြောင့် ဆိုင်နားကို သူကိုယ်တိုင်သွားဖို့ ရွေးချယ်ခဲ့လိုက်ပါတယ် ။
သူဟာ မုန့်ဆိုင်ရှေ့ကို ရောက်တာနဲ့ တပြိုင်နက် ပိုင်ရှင်က အလုပ်များနေတာကို ခွေးလေးက သတိပြုမိပုံရပါတယ် ။
စက္ကန့်မျှအကြာမဖြုန်းတီးလိုတာကြောင့် ဆိုင်ပိုင်ရှင်ရဲ့ အာရုံကို ဆွဲယူရန် ချစ်စရာကောင်းတဲ့ အမှုအရာလေးကို ပြုမူခဲ့ပါတယ် ။
ကံကောင်းတာက ဆိုင်ပိုင်ရှင်ဟာ သူ့ရဲ့ချစ်စရာကောင်းတဲ့အမှုအရာကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတာကာ သတိပြုမိပြီး သူတောင်းချင်တဲ့အရာကို နားလည်သွားခဲ့ပါတယ် ။
ခွေးလေးတွေက စမတ်ကျပြီး ကြည်နူးဖွယ်နည်းဗျူဟာကိုသုံးမယ်ဆိုရင် ဘယ်တော့မှ ဆာလောင်မွတ်သိပ်တော့မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ် ။
ခရက်ဒစ်
Zawgyi
ခရက်ဒစ်