တရုတ်ပြည်မှာလူတစ်ယောက်ဟာ နှစ်ပေါင်း (၃၃) နှစ်အကြာမှာသူ့အမေနဲ့ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
သူလေးနှစ်သားတုန်းက လူတစ်ယောက်ကခိုးယူပြီးရောင်းစားတာခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ သူလေးနှစ်သားအထိနေခဲ့တဲ့အမေ့အိမ်ကိုလုံးဝမမေ့ခဲ့ပါဘူး။
အခုနောက်ပိုင်းမှာ တရုတ်ပြည်မှာ ဟိုးအရင်ကခိုးယူခံခဲ့ရတဲ့ကလေးတွေ မိဘနဲ့ပြန်ဆုံတွေ့ရတဲ့ သတင်းတွေကိုဖတ်ရတော့ သူအမြဲသတိရနေခဲ့တဲ့နေရာပုံကို စာရွက်ပေါ်မှာမှတ်မိသလောက်ပုံကြမ်းဆွဲခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က အဲ့ဒီပုံကိုအွန်လိုင်းပေါ်တင်ပြီး သူ့မိဘနေရပ်ကိုမှန်းနိုင်တဲ့သူရှိလားလို့မေးခဲ့ပါတယ်။
အစကမျှော်လင့်ချက်သိပ်မထားခဲ့ပေမယ့် မကြာခင်မှာပဲသိတဲ့သူတွေက ဒါဟာမြန်မာပြည်နဲ့ကပ်လျက်ယူနန်ပြည်ကဝါးတောနေရာလေးတစ်ခုဖြစ်ကြောင်းပြောပြကြပါတယ်။
ရဲကသိသွားပြီး တပတ်လောက်အတွင်းမှာပဲ သူ့အမေနဲ့ပြန်ဆုံတွေ့နိုင်ခဲ့ပါတယ်။ အဲ့ဒီ Li Jingwei ဆိုသူဟာ ငယ်စဉ်က ယူနန်ပြည်နယ် Zhaotong မြို့ကနေ ၁၉၈၉ မှာခိုးယူခံခဲ့ရတာပါ။
သူ့ကို ကီလိုမီတာ ၁၈၀၀ လောက်ဝေးတဲ့နေရာမှာရောင်းစားခဲ့တာပါ။ ဖြစ်ချင်တော့သားပျောက်တဲ့အမေခမျာမှာ သူ့သားကိုရှာရင်း သူ့သားနဲ့ ကီလိုမီတာ ၆၀ လောက်အကွာရှိ မြို့မှာပြောင်းနေနေပေမယ့် သူ့သားအနီးအနားမှာရှိမှန်းမသိခဲ့ပါဘူး။
အခုတော့ DNA စစ်ကြည့်ရာမှာလည်း သူ့အမေဆိုတာသေချာသွားခဲ့ပါတယ်။ သူလေးနှစ်သားကတည်းက အိမ်ကိုပြန်ဖို့အမြဲတွေးနေခဲ့တာပါတဲ့။
အခုခေတ်မှာ ဆိုရှယ်မီဒီယာကိုကောင်းတဲ့ဘက်မှာအသုံးချပြီး ကွဲကွာနေသူတွေပြန်ဆုံတွေ့ဖို့ အခွင့်အလမ်းရှိကြောင်းပြောလိုပါတယ်။
ခရက်ဒစ်
Zawgyi
တ႐ုတ္ျပည္မွာလူတစ္ေယာက္ဟာ ႏွစ္ေပါင္း (၃၃) ႏွစ္အၾကာမွာသူ႕အေမနဲ႕ျပန္ဆုံေတြ႕ခြင့္ရခဲ့ပါတယ္။
သူေလးႏွစ္သားတုန္းက လူတစ္ေယာက္ကခိုးယူၿပီးေရာင္းစားတာခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္သူဟာ သူေလးႏွစ္သားအထိေနခဲ့တဲ့အေမ့အိမ္ကိုလုံးဝမေမ့ခဲ့ပါဘူး။
အခုေနာက္ပိုင္းမွာ တ႐ုတ္ျပည္မွာ ဟိုးအရင္ကခိုးယူခံခဲ့ရတဲ့ကေလးေတြ မိဘနဲ႕ျပန္ဆုံေတြ႕ရတဲ့ သတင္းေတြကိုဖတ္ရေတာ့ သူအၿမဲသတိရေနခဲ့တဲ့ေနရာပုံကို စာ႐ြက္ေပၚမွာမွတ္မိသေလာက္ပုံၾကမ္းဆြဲခဲ့ပါတယ္။
ဒီဇင္ဘာလ ၂၄ ရက္ေန႕က အဲ့ဒီပုံကိုအြန္လိုင္းေပၚတင္ၿပီး သူ႕မိဘေနရပ္ကိုမွန္းနိုင္တဲ့သူရွိလားလို႔ေမးခဲ့ပါတယ္။
အစကေမွ်ာ္လင့္ခ်က္သိပ္မထားခဲ့ေပမယ့္ မၾကာခင္မွာပဲသိတဲ့သူေတြက ဒါဟာျမန္မာျပည္နဲ႕ကပ္လ်က္ယူနန္ျပည္ကဝါးေတာေနရာေလးတစ္ခုျဖစ္ေၾကာင္းေျပာျပၾကပါတယ္။
ရဲကသိသြားၿပီး တပတ္ေလာက္အတြင္းမွာပဲ သူ႕အေမနဲ႕ျပန္ဆုံေတြ႕နိုင္ခဲ့ပါတယ္။ အဲ့ဒီ Li Jingwei ဆိုသူဟာ ငယ္စဥ္က ယူနန္ျပည္နယ္ Zhaotong ၿမိဳ႕ကေန ၁၉၈၉ မွာခိုးယူခံခဲ့ရတာပါ။
သူ႕ကို ကီလိုမီတာ ၁၈၀၀ ေလာက္ေဝးတဲ့ေနရာမွာေရာင္းစားခဲ့တာပါ။ ျဖစ္ခ်င္ေတာ့သားေပ်ာက္တဲ့အေမခမ်ာမွာ သူ႕သားကိုရွာရင္း သူ႕သားနဲ႕ ကီလိုမီတာ ၆၀ ေလာက္အကြာရွိ ၿမိဳ႕မွာေျပာင္းေနေနေပမယ့္ သူ႕သားအနီးအနားမွာရွိမွန္းမသိခဲ့ပါဘူး။
အခုေတာ့ DNA စစ္ၾကည့္ရာမွာလည္း သူ႕အေမဆိုတာေသခ်ာသြားခဲ့ပါတယ္။ သူေလးႏွစ္သားကတည္းက အိမ္ကိုျပန္ဖို႔အၿမဲေတြးေနခဲ့တာပါတဲ့။
အခုေခတ္မွာ ဆိုရွယ္မီဒီယာကိုေကာင္းတဲ့ဘက္မွာအသုံးခ်ၿပီး ကြဲကြာေနသူေတြျပန္ဆုံေတြ႕ဖို႔ အခြင့္အလမ္းရွိေၾကာင္းေျပာလိုပါတယ္။
ခရက္ဒစ္