ဗဟုသုတ အစားအစာ

ရေခဲသေတ္တာလုံးဝမလိုတဲ့ အညာဒေသရဲ့ခရမ်းချဉ်သီးကို ကြာရှည်ခံအောင် ထားသိုနည်း

ရေခဲသေတ္တာလုံးဝမလိုတဲ့ အညာဒေသရဲ့ခရမ်းချဉ်သီးကို ကြာရှည်ခံအောင် ထားသိုနည်း

ကျနော်တို့ ရွာမှာတော့ ခရမ်းချဉ်သီးကို တနွေလုံးစာအတွက် ဒီလိုလေးတွေ အိမ်အောက်ထပ်မျက်နှာကျက်မှာ တွဲထား ချိတ်ထားကြပါတယ်။

ချဉ်ပေါင်ချော်ကိုရေစိမ်ပြီး ကြိုးအဖြစ်သုံးကာ ခရမ်းချဉ်သီးတွဲကြတယ်။ ခုခေတ်ကတော့ အလွယ်ရတဲ့ ပလပ်စတစ်ကြိုးပေါ့…။

ချက်ကာနီးကြမှ အတွဲလေးတွေကနေ မှည့်တဲ့အသီးလေးတွေ စားကုန်သလောက် ရွေးဖြုတ်ပြီးချက်စားကြတယ်။

အမှည့်လွန်ပြီး ကြွေကျတဲ့အသီးကျ အစေ့ထုတ်ညှစ်ယူပြီး အစေ့ကိုအခြောက်လှန်းထားကြတယ်။ မျိုးစေ့ပြန်ယူတာပေါ့။

လုံးဝ ပုတ်မသွားဘူးနော်။ ပုံထဲကလိုပဲ အိမ်အောက်ထပ် နေရောင်ခြည်တိုက်ရိုက်မကျတဲ့နေရာ လေဝင်လေထွက်ရှိတဲ့နေရာမှာ တွဲထား တန်းထားရပါတယ်။ အတွဲမှာ ကြာလို့ ပုတ်နေတဲ့အသီးလေးတွေတော့ ချွေပေးရပါတယ်။ စားချင်ကာမှ အမှည့်လေးတွေ ရွေးပြီး ချက်စားကြပါတယ်။

ဘာရေခဲသေတ္တာမှ မလိုဘူး။

တနွေစာအေးဆေးပဲ။

နွေရာသီကျ ဈေးကြီးလွန်းတဲ့ ခရမ်းချဉ်သီးကို ဝယ်စားရလည်း လွတ်တဲ့နည်းလေးပေါ့။

တွဲနည်းလေးကတော့….တလုံးချင်း အပ်ပေါက်ထိုးသီတာမဟုတ်ဘူးဗျ။ ခရမ်းချဉ်သီး ကို သုံးလုံးတွဲ လေးလုံးတွဲ စသဖြင့် ခူးကတည်းက အခိုင်လိုက် အညှာပါ ပါအောင် ကပ်ကြေးနဲ့ ညှပ်ပြီး ခူးရပါတယ်။

ကြွေသွားတဲ့အလုံးတွေကိုကတော့ စကောနဲ့ကျင်းထားပြီး ချက်သာစားပစ်ပါ။ မှည့်သွားရင်တော့ ခရမ်းချဉ်သီး ငပိလုပ်ပြီး အခြောက်ခံသိမ်းထားလို့ရပါတယ်။

အိမ်ရောက်မှ အိမ်အောက်ထပ်လွတ်လွတ်ကင်းကင်းနေရာမှာ ကြိုးတန်းပြီး တွဲထား ချိတ်ထားကြပါတယ်။

ကိုသက် (ကျောင်းရွာ)

Photos Sredit

Zawgyi

ေရခဲေသတၱာလုံးဝမလိုတဲ့ အညာေဒသရဲ႕ ခရမ္းခ်ဥ္သီးကို ၾကာရွည္ခံေအာင္ ထားသိုနည္း

က်ေနာ္တို႔ ႐ြာမွာေတာ့ ခရမ္းခ်ဥ္သီးကို တေႏြလုံးစာအတြက္ ဒီလိုေလးေတြ အိမ္ေအာက္ထပ္မ်က္ႏွာက်က္မွာ တြဲထား ခ်ိတ္ထားၾကပါတယ္။

ခ်ဥ္ေပါင္ေခ်ာ္ကိုေရစိမ္ၿပီး ႀကိဳးအျဖစ္သုံးကာ ခရမ္းခ်ဥ္သီးတြဲၾကတယ္။ ခုေခတ္ကေတာ့ အလြယ္ရတဲ့ ပလပ္စတစ္ႀကိဳးေပါ့…။

ခ်က္ကာနီးၾကမွ အတြဲေလးေတြကေန မွည့္တဲ့အသီးေလးေတြ စားကုန္သေလာက္ ေ႐ြးျဖဳတ္ၿပီးခ်က္စားၾကတယ္။

အမွည့္လြန္ၿပီး ေႂကြက်တဲ့အသီးက် အေစ့ထုတ္ညွစ္ယူၿပီး အေစ့ကိုအေျခာက္လွန္းထားၾကတယ္။ မ်ိဳးေစ့ျပန္ယူတာေပါ့။

လုံးဝ ပုတ္မသြားဘူးေနာ္။ ပုံထဲကလိုပဲ အိမ္ေအာက္ထပ္ ေနေရာင္ျခည္တိုက္ရိုက္မက်တဲ့ေနရာ ေလဝင္ေလထြက္ရွိတဲ့ေနရာမွာ တြဲထား တန္းထားရပါတယ္။ အတြဲမွာ ၾကာလို႔ ပုတ္ေနတဲ့အသီးေလးေတြေတာ့ ေခြၽေပးရပါတယ္။ စားခ်င္ကာမွ အမွည့္ေလးေတြ ေ႐ြးၿပီး ခ်က္စားၾကပါတယ္။

ဘာေရခဲေသတၱာမွ မလိုဘူး။

တေႏြစာေအးေဆးပဲ။

ေႏြရာသီက် ေဈးႀကီးလြန္းတဲ့ ခရမ္းခ်ဥ္သီးကို ဝယ္စားရလည္း လြတ္တဲ့နည္းေလးေပါ့။

တြဲနည္းေလးကေတာ့….တလုံးခ်င္း အပ္ေပါက္ထိုးသီတာမဟုတ္ဘူးဗ်။ ခရမ္းခ်ဥ္သီး ကို သုံးလုံးတြဲ ေလးလုံးတြဲ စသျဖင့္ ခူးကတည္းက အခိုင္လိုက္ အညွာပါ ပါေအာင္ ကပ္ေၾကးနဲ႕ ညွပ္ၿပီး ခူးရပါတယ္။

ေႂကြသြားတဲ့အလုံးေတြကိုကေတာ့ စေကာနဲ႕က်င္းထားၿပီး ခ်က္သာစားပစ္ပါ။ မွည့္သြားရင္ေတာ့ ခရမ္းခ်ဥ္သီး ငပိလုပ္ၿပီး အေျခာက္ခံသိမ္းထားလို႔ရပါတယ္။

အိမ္ေရာက္မွ အိမ္ေအာက္ထပ္လြတ္လြတ္ကင္းကင္းေနရာမွာ ႀကိဳးတန္းၿပီး တြဲထား ခ်ိတ္ထားၾကပါတယ္။

ကိုသက္ (ေက်ာင္း႐ြာ)

Photos Sredit