ဗဟုသုတ

မိသားစုအတွက် ဒိုင်ခံရုန်းကန်လှုပ်ရှားရင်း တစ်နိုင်ငံလုံးရှိတစ်ဦးတည်းသော ကားပြင်သူအမျိုးသမီးဖြစ်လာခဲ့သူ

မိသားစုအတွက် ဒိုင်ခံရုန်းကန်လှုပ်ရှားရင်း တစ်နိုင်ငံလုံးရှိတစ်ဦးတည်းသော ကားပြင်သူအမျိုးသမီးဖြစ်လာခဲ့သူ

အိန္ဒိယနိုင်ငံရှိ Ram အမည်ရှိအမျိုးသားနှင့် Shanti အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က Madhya Pradesh မှ

ဒေလီသို့ပြောင်းရွေ့လာခဲ့ကြပါတယ်။ Ram ဟာ မိသားစုကိုထောက်ပံ့ရန် သုံးဘီးကားဆွဲခြင်း (သို့) လယ်ယာစတဲ့မတူညီတဲ့အလုပ်များစွာကိုလုပ်ခဲ့ပြီး

နောက်ပိုင်းမှာ Shanti နှင့် Ram တို့ဟာ Sanjay Gandhi Transport Nagar (SGTN) ရှိလက်ဖက်ရည်ဆိုင်တစ်ခုဖွင့်လှစ်ခဲ့ပါတယ်။ သို့ပေမဲ့ ထိုလက်ဖက်ရည်ဆိုင်က

၎င်းတို့ရဲ့စွန့်စားမှုရဲ့အစပဲဖြစ်ခဲ့ပါတယ်။ အာရှရှိအကြီးဆုံးကုန်တင်ကားမှတ်တိုင်များထဲမှတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ SGTN မှာ တစ်ချိန်တည်းပင်

ကုန်တင်ကားအစီးပေါင်း ၇၀၀၀၀ အထိတင်နိုင်ပြီး နေ့တိုင်းလိုလို ကုန်တင်ကား ၂၀၀၀၀ ကျော်အထိအမြဲရှိနေပါတယ်။ ထို့ကြောင့် ၎င်းတို့ဇနီးမောင်နှံက ထိုနေရာမှာ လက်ဖက်ရည်ဆိုင်ကိုဖွင့်ခဲ့ပုံရပါတယ်။

တစ်နေ့မှာ ၎င်းတို့က ၎င်းတို့ရဲ့ဝန်ဆောင်မှုများကိုချဲ့ထွင်ဖို့အတွက် ကားပြင်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ကြပြီး နေ့တိုင်း ထရပ်ကားမောင်းသူထောင်ချီရဲ့

လိုအပ်ချက်များကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ Shanti ဟာ လျင်မြန်တဲ့သင်ယူသူတစ်ဦးဖြစ်လို့ ခင်ပွန်းဖြစ်သူက ထရပ်ကားကြီးများနှင့်အခြားစက်ပြင်မှုများကို

လုပ်ဆောင်ပေးနေစဉ် သူမက အနီးကပ်စောင့်ကြည့်ရင်း သင်ယူခဲ့ပါတယ်။ကမ်းတမ်းတဲ့ဘဝ၌မွေးဖွားလာခဲ့ရတဲ့ Shanti ဟာ

သူမတို့ရဲ့ဆိုင်ရှိအကောင်းဆုံးစက်ပြင်ဆရာတစ်ဦးဖြစ်နေပါပြီ။ Shanti ဟာ ထရပ်ကားကြီးရှိတာယာ ၈လုံးကို အိမ်မှုကိစ္စများကဲ့သို့လွယ်ကူစွာပြုပြင်ပေးနိုင်ပါတယ်။

Shanti ဟာ မိခင်ဖြစ်သူနှင့်သူမမိသားစုကိုထောက်ပံ့ရန်ထူးဆန်းတဲ့အလုပ်များစွာကိုလည်းလုပ်ဆောင်ခဲ့ရတာကြောင့် ထိုအလုပ်က သူမအတွက်ထူးခြားတဲ့အလုပ်ဖြစ်ပုံမပေါ်ပါဘူး။

Shanti ဟာ သူမရဲ့မောင်နှမများကိုထောက်ပံ့နိုင်ရန် သူမရဲ့ပညာရေးကိုစွန့်လွှတ်ခဲ့တဲ့အပြင် မောင်နှမများရဲ့လေ့လာမှုများကိုသာ အမြဲအားပေးခဲ့သူဖြစ်ပါတယ်။ “

တိကျတဲ့ကျွမ်းကျင်မှုတစ်ခုကိုသင်ယူခြင်းက အမြဲတမ်း ကောင်းမွန်ပါတယ် ၊ ငါက ငါ့အတွက်ပေးတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့လို့

ဝမ်းသာတယ် ” လို့ Shanti ကဆိုခဲ့ပါတယ်။ တရားဝင်ပညာရေးနှင့်လေ့ကျင့်မှုတွေမရခဲ့ပေမဲ့လည်း သူမဟာ ငယ်စဉ်ကတည်းက မိသားစုဝင်ငွေကိုပံ့ပိုးပေးသူပါ။

ထို့ကြောင့်လည်း သူမကခက်ခဲတဲ့အချိန်တွေမှာ မိသားစုအတွက်အစာရှာသူဖြစ်လာခဲ့ပါတယ်။ ယခုနှစ်အနည်းငယ်အကြာမှာ သူမရဲ့မောင်ဖြစ်သူက

ရှေ့နေအဖြစ်အလုပ်လုပ်နေပါပြီ။Shanti ဟာ သူမအပါအဝင်မိသားစုအားလုံးရဲ့မင်္ဂလာဆောင်ပွဲတွေမှာလည်း ပါဝင်ကူညီနိုင်ခဲ့သလို သူမဟာ ပညာရေးကိုထောက်ခံသူတစ်ဦးပါ။

“ ဘဝက ကျွန်မကိုဘယ်အခြေအနေမှာမဆို ထိုင်ပြီးမညည်းတွားဖို့သင်ပေးတယ်၊ အဲဒီအစား ငါအဲဒါကိုတိုးတက်အောင်လုပ်တယ် ၊ ငါ့ဘဝရဲ့နိမ့်ကျတဲ့အချိန်တွေမှ

ာ ငါတန်ဖိုးအရှိဆုံးသင်ခန်းစာတွေသင်ယူခဲ့တယ် ၊ မကောင်းတဲ့အချိန်တွေကလည်း ထာဝစဉ်မတည်မြဲနေပါဘူး၊ ဘဝဆိုတာ အမြဲမပြတ်သင်ယူနေရတဲ့ဖြစ်စဉ်တစ်ခုပါ ၊

အောင်မြင်မှုဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်အပေါ်သာမူတည်တယ်လို့ငါခံစားရတယ် ” လို့ Shanti က သူမဘဝအတွေ့အကြုံကိုလည်း မျှဝေပေးခဲ့ပါသေးတယ်။

မူရင်းရေးသားသူများကို‌‌ေလးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။

Zawgyi

မိသားစုအတြက္ ဒိုင္ခံ႐ုန္းကန္လႈပ္ရွားရင္း တစ္နိုင္ငံလုံးရွိတစ္ဦးတည္းေသာ ကားျပင္သူအမ်ိဳးသမီးျဖစ္လာခဲ့သူ

အိႏၵိယနိုင္ငံရွိ Ram အမည္ရွိအမ်ိဳးသားႏွင့္ Shanti အမည္ရွိအမ်ိဳးသမီးတို႔ဇနီးေမာင္ႏွံဟာ လြန္ခဲ့တဲ့အႏွစ္ႏွစ္ဆယ္က Madhya Pradesh မွ

ေဒလီသို႔ေျပာင္းေ႐ြ႕လာခဲ့ၾကပါတယ္။ Ram ဟာ မိသားစုကိုေထာက္ပံ့ရန္ သုံးဘီးကားဆြဲျခင္း (သို႔) လယ္ယာစတဲ့မတူညီတဲ့အလုပ္မ်ားစြာကိုလုပ္ခဲ့ၿပီး

ေနာက္ပိုင္းမွာ Shanti ႏွင့္ Ram တို႔ဟာ Sanjay Gandhi Transport Nagar (SGTN) ရွိလက္ဖက္ရည္ဆိုင္တစ္ခုဖြင့္လွစ္ခဲ့ပါတယ္။ သို႔ေပမဲ့ ထိုလက္ဖက္ရည္ဆိုင္က

၎တို႔ရဲ႕စြန႔္စားမႈရဲ႕အစပဲျဖစ္ခဲ့ပါတယ္။ အာရွရွိအႀကီးဆုံးကုန္တင္ကားမွတ္တိုင္မ်ားထဲမွတစ္ခုအျဖစ္သတ္မွတ္ခံထားရတဲ့ SGTN မွာ တစ္ခ်ိန္တည္းပင္

ကုန္တင္ကားအစီးေပါင္း ၇၀၀၀၀ အထိတင္နိုင္ၿပီး ေန႕တိုင္းလိုလို ကုန္တင္ကား ၂၀၀၀၀ ေက်ာ္အထိအၿမဲရွိေနပါတယ္။ ထို႔ေၾကာင့္ ၎တို႔ဇနီးေမာင္ႏွံက ထိုေနရာမွာ လက္ဖက္ရည္ဆိုင္ကိုဖြင့္ခဲ့ပုံရပါတယ္။

တစ္ေန႕မွာ ၎တို႔က ၎တို႔ရဲ႕ဝန္ေဆာင္မႈမ်ားကိုခ်ဲ့ထြင္ဖို႔အတြက္ ကားျပင္ဆိုင္တစ္ဆိုင္ဖြင့္ခဲ့ၾကၿပီး ေန႕တိုင္း ထရပ္ကားေမာင္းသူေထာင္ခ်ီရဲ႕

လိုအပ္ခ်က္မ်ားကိုျဖည့္ဆည္းေပးခဲ့ပါတယ္။ Shanti ဟာ လ်င္ျမန္တဲ့သင္ယူသူတစ္ဦးျဖစ္လို႔ ခင္ပြန္းျဖစ္သူက ထရပ္ကားႀကီးမ်ားႏွင့္အျခားစက္ျပင္မႈမ်ားကို

လုပ္ေဆာင္ေပးေနစဥ္ သူမက အနီးကပ္ေစာင့္ၾကည့္ရင္း သင္ယူခဲ့ပါတယ္။ကမ္းတမ္းတဲ့ဘဝ၌ေမြးဖြားလာခဲ့ရတဲ့ Shanti ဟာ ယခုအခါ

သူမတို႔ရဲ႕ဆိုင္ရွိအေကာင္းဆုံးစက္ျပင္ဆရာတစ္ဦးျဖစ္ေနပါၿပီ။ Shanti ဟာ ထရပ္ကားႀကီးရွိတာယာ ၈လုံးကို အိမ္မႈကိစၥမ်ားကဲ့သို႔လြယ္ကူစြာျပဳျပင္ေပးနိုင္ပါတယ္။

Shanti ဟာ မိခင္ျဖစ္သူႏွင့္သူမမိသားစုကိုေထာက္ပံ့ရန္ထူးဆန္းတဲ့အလုပ္မ်ားစြာကိုလည္းလုပ္ေဆာင္ခဲ့ရတာေၾကာင့္ ထိုအလုပ္က သူမအတြက္ထူးျခားတဲ့အလုပ္ျဖစ္ပုံမေပၚပါဘူး။

Shanti ဟာ သူမရဲ႕ေမာင္ႏွမမ်ားကိုေထာက္ပံ့နိုင္ရန္ သူမရဲ႕ပညာေရးကိုစြန႔္လႊတ္ခဲ့တဲ့အျပင္ ေမာင္ႏွမမ်ားရဲ႕ေလ့လာမႈမ်ားကိုသာ အၿမဲအားေပးခဲ့သူျဖစ္ပါတယ္။ “

တိက်တဲ့ကြၽမ္းက်င္မႈတစ္ခုကိုသင္ယူျခင္းက အၿမဲတမ္း ေကာင္းမြန္ပါတယ္ ၊ ငါက ငါ့အတြက္ေပးတဲ့အခြင့္အေရးေတြကို အေကာင္းဆုံးအသုံးခ်နိဳင္ခဲ့လို႔

ဝမ္းသာတယ္ ” လို႔ Shanti ကဆိုခဲ့ပါတယ္။ တရားဝင္ပညာေရးႏွင့္ေလ့က်င့္မႈေတြမရခဲ့ေပမဲ့လည္း သူမဟာ ငယ္စဥ္ကတည္းက မိသားစုဝင္ေငြကိုပံ့ပိုးေပးသူပါ။

ထို႔ေၾကာင့္လည္း သူမကခက္ခဲတဲ့အခ်ိန္ေတြမွာ မိသားစုအတြက္အစာရွာသူျဖစ္လာခဲ့ပါတယ္။ ယခုႏွစ္အနည္းငယ္အၾကာမွာ သူမရဲ႕ေမာင္ျဖစ္သူက

ေရွ႕ေနအျဖစ္အလုပ္လုပ္ေနပါၿပီ။Shanti ဟာ သူမအပါအဝင္မိသားစုအားလုံးရဲ႕မဂၤလာေဆာင္ပြဲေတြမွာလည္း ပါဝင္ကူညီနိုင္ခဲ့သလို သူမဟာ ပညာေရးကိုေထာက္ခံသူတစ္ဦးပါ။

“ ဘဝက ကြၽန္မကိုဘယ္အေျခအေနမွာမဆို ထိုင္ၿပီးမညည္းတြားဖို႔သင္ေပးတယ္၊ အဲဒီအစား ငါအဲဒါကိုတိုးတက္ေအာင္လုပ္တယ္ ၊ ငါ့ဘဝရဲ႕နိမ့္က်တဲ့အခ်ိန္ေတြမွ

ာ ငါတန္ဖိုးအရွိဆုံးသင္ခန္းစာေတြသင္ယူခဲ့တယ္ ၊ မေကာင္းတဲ့အခ်ိန္ေတြကလည္း ထာဝစဥ္မတည္ၿမဲေနပါဘူး၊ ဘဝဆိုတာ အၿမဲမျပတ္သင္ယူေနရတဲ့ျဖစ္စဥ္တစ္ခုပါ ၊

ေအာင္ျမင္မႈဆိုတာ လူတစ္ဦးတစ္ေယာက္ရဲ႕ဆုံးျဖတ္ခ်က္အေပၚသာမူတည္တယ္လို႔ငါခံစားရတယ္ ” လို႔ Shanti က သူမဘဝအေတြ႕အႀကဳံကိုလည္း မွ်ေဝေပးခဲ့ပါေသးတယ္။

မူရင္းေရးသားသူမ်ားကို‌‌ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါတယ္။