ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့
သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ကန်အလယ်ကအဆောက်အဦးပေါ်မှာ သူ့ရဲ့မွေးနေ့ပါတီပွဲကျင်းပနေပါတယ်။
လူတွေက သူမွေးထားတဲ့မိချောင်းတွေကိုအဆောက်အဦးပေါ်ကနေ တအံ့တဩ အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့။
အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက်ကြေငြာလိုက်ပါတယ်။
“မိတ်ဆွေများခင်ဗျား ယခုရောက်ရှိနေတဲ့နေရာကနေ ကန်ထဲကိုခုန္ခ်ပီးကန်ဘောင်ပေါ်ကိုရောက်အောင် သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း ပေးမှာဖြစ်ပီး
ကန်ဘောင်ကိုရောက်အောင်မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံးသွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့ မိသားစုကို ထောက်ပံ့ကြေးအဖြစ် ဒေါ်လာတသန်း ပေးအပ်မှာဖြစ်ပါတယ်
စိတ်ဝင်စားသူများအစီအစဉ်မှာပါဝင် စွန့်စားနိုင်ကြပါတယ်ခင်ဗျား..
သူဌေးရဲ့စကားအဆုံးမှာပဲ လူတယောက်ဟာ ရေထဲကို ဝုန်း ကနဲခုန္ခ်ပီး ကန်ဘောင်ကို ရောက်ဖို့ အသဲအသန်ကူးခတ်နေပါတယ်
ကံအားလျော်စွာပဲ အဲဒီလူဟာကန်ဘောင်ပေါ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်
အခမ်းအနားတက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့သတ္တိကို ချီးကျူး ဂုဏ်ပြုဩဘာပေးနေကြသလို သူဌေးကလဲ သူ့ဂတိအတိုင်း ဒေါ်လာ နှစ်သန်းတန် ချက်လက်မှတ်ရေးပီး ဂုဏ်ပြုလိုက်ပါတယ်
အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန်ချက် လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပီး ပရိတ်သတ်ဖက်ကိုကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ်။
“…ကျနော့်ကိုအနောက်ကတွန်းချလိုက်တာ ဘယ်သူလဲ…”
အဲဒီအခါ သူ့လက်ထဲကချက်လက်မှတ်ကို လာယူပီးတော့ ဆလင်းဘတ်အိပ်ထဲထည့်ရင်းအမျိုးသမီးတယောက်ကပြောလိုက်ပါတယ်
ရှင့်ကိုတွန်းချလိုက်တာ ကျမ ပါ။
အဲဒီအမျိုးသမီးဟာအဲဒီလူရဲ့မိန်းမပဲဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ပရိတ်သတ်တွေကတော့…
အောင်မြင်တဲ့ယောင်္ကျားတယောက်ရဲ့နောက်ကွယ်မှာတွန်းအားပေးနိုင်တဲ့မိန်းမ တယောက် ရှိနေဖို့လိုတယ်ဆိုတာကို အကြွင်းမဲ့လက်ခံသွားပါတော့တယ်ဗျာ
လေးစားစွာဖြင့်
Credit:မူရင်းရေးသားသူ
Zawgyi
လေးစားစွာဖြင့်