ကင်ဆာရောဂါနှင့် ဆုံးပါးသွားသော ၄နှစ်အရွယ် သမီးလေးကို မမေ့နိုင်ပဲ လွမ်းဆွတ်သတိရနေသေးသည့် သနားစရာ ကြင်ဖော်မဲ့ဖခင်
ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီး
ကလေးတစ်ယောက်ရသည်နှင့် ဇနီးဖြစ်သူဧ။် ထားသွားခြင်းကို ခံရပြီး သူ့ဘဝကို သမီးလေးနှင့်သာ အဖော်ပြုရင်း ကြင်ဖော်မဲ့ဖခင်အဖြစ် ရပ်တည်ခဲ့သည်။
သို့သော်လည်း အမျိုးသားသည် ကံဆိုးစွာဖြင့် သမီးလေးမှာ ၄နှစ်အရွယ်တွင်
ဆိုးရွားလွန်းသည့် ကင်ဆာရောဂါဝေဒနာကို အရွယ်လေးနှင့် မလိုက်အောင် ခံစားခဲ့ရသည်။
ဖခင်ဖြစ်သူသည် သမီးလေး နေမကောင်းသည့်တစ်လျှောက်လုံး ဘယ်ကိုမှမသွားတော့ပဲ
သမီးလေးအနားတွင်သာ နေရင်းပြုစုစောင့်ရှောက်ပေးခြင်းဖြင့် ရောဂါပျောက်သွားမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
မျှော်လင့်ထားသလိုဖြစ်မလာပဲ ၂နှစ်အကြာတွင် သိပ်ချစ်ရတဲ့ သမီးလေးကို အပြီးပိုင် ဆုံးရှုံးလိုက်ရကာ
သူ့ဘဝတစ်ခုလုံး ပြိုလဲကျသွားသလို ခံစားခဲ့ရကာ သမီးလေးအတွက် ဆောက်လုပ်ပေးခဲ့သော
ပန်းရောင်အိမ်ငယ်လေးတွင် ထိုင်ကာအမြဲလိုလို ဝမ်းနည်း ငိုကြွေးခဲ့သည်။
သမီးလေးသာ ဆုံးပါးပျောက်ကွယ်သွားသော်လည်း သူ့ရင်ထဲမှာတော့ သမီးလေးအငွေ့အသက်လေးတွေက လတ်ဆတ်ပြီး ရှင်သန်နေဆဲဖြစ်ကာ
ဖခင်ဖြစ်သူသည် သမီးလေးကို လွမ်းတဲ့စိတ်ကြောင့် အချို့သော ဒုက္ခရောက်နေသည့်
ကလေးငယ်များကို ကူညီရန်အတွက် စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့တော့သည်။
ခရက်ဒစ်
ခရက်ဒစ်