ကျန်းမာရေး ဗဟုသုတ

ကျောက်ဆို ကြောက်ကိုမကြောက်တော့တာ အခုတော့ သူထွက်ကျလာခဲ့ပါပြီ

ကျောက်ဆို ကြောက်ကိုမကြောက်တော့တာ …

သူရှိနေလို့ ခါးနာခါးအောင့်ဖြစ်နေတာ …

အခုတော့ သူထွက်ကျလာခဲ့ပါပြီ…

အချိန်က…ယနေ့ည ၁၁နာရီ၁၀မိနစ်ခန့်ကဖြစ်သည် …

ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ…

ဆီးကျောက်တည်ရောဂါနဲ့ရင်ပါး‌ေနပြီဖြစ်သောကြောင့်…မကြောက်ရွံ့တော့ပေ…

ဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့…သုံးလေးလခန့်ရှိနေပါပြီ…

ဒီတစ်ခါကျောက်က အသက်ရှုရင်တောင်အောင့်အောင့်လာတယ်…

ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့မရဖြစ်နေပါတယ်…

သူရှိနေရင်…ခါးကတင်ပြီးနာနေတယ်…

ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူး…

တော်တော်နာပါတယ်…ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့..…

သေချာပေါက်သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့ပြောပါသည်…

ကြီးလွန်းလို့သူ့ဘာလို မထွက်ကျနိုင်ကြောင်းပြောပြပါသည်…

နေလို့ရရင် နေနေလိုက်သည်…နေလို့မရအောင်နာလာရင်တော့ လက်သုံးဆေးကိုအသုံးပြုရတော့သည်…

ထိုဆေးက လွယ်လွယ်လေးပါ…

ကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီး…

ရှာလကာရည်…အနည်းငယ်ထည့်၍ …အလယ်တည်ပန်းကန်နဲ့ တစ်ဝက်လောက်ကို…တစ်ရက် နှစ်ရက်နဲ့အကုန်စားပေးလိုက်ရုံပါပဲ…

အဲဒီလို သုံးခါလောက်လုပ်စားလိုက်တာနဲ့အခုမြင်တွေ့ရတဲ့ကျောက်ကြီးလည်း…မနေနိုင်တော့ပဲ ဆီးလမ်းကြောင်းကနေ ဒလိမ့်ခေါက်ကွေး ထွက်ကျခဲ့ရတော့တာပါပဲ…

ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့…လိုပါသည်…

ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်ူသတင်းကောင်းပေးလိုက်ပါတယ်

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်းကျောက်ထွက်ကျလာလို့ ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်

ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ရောစပ်ထားတာပါ

ဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်…

Crd : ပိတောက်အိမ်

Zawgyi






ဆီးကျောက်တည်ရောဂါနဲ့ရင်ပါး‌နေပြီဖြစ်သောကြောင့်…မကြောက်ရွံ့တော့ပေ…



















Crd : ပိတောက်အိမ်