International News ဗဟုသုတ

အစိမ်းရောင်ပြောင်းလဲသွားတဲ့ ကောင်းကင်ကြောင့် အမေရိကန်ပြည်သူတွေ ထိတ်လန့်ခဲ့ရတဲ့ အဖြစ်အပျက်

အစိမ်းရောင်ပြောင်းလဲသွားတဲ့ ကောင်းကင်ကြောင့် အမေရိကန်ပြည်သူတွေ ထိတ်လန့်ခဲ့

အမေရိကန်ပြည်ထောင်စု တောင် ဒါခိုတာပြည်နယ်၊ ဆူးဖောလ်မြို့ နေထိုင်သူတွေဟာ ကောင်းကင်ရဲ့ ထူးဆန်းစွာ အစိမ်းရောင်ပြောင်းလဲသွားမှုကို အံ့အားသင့် ထိတ်လန့်သွားခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့တုန်းက ပြည်နယ်မှာ ပြင်းထန်တဲ့ မုန်တိုင်းမကျမီ လေပြင်းတွေတိုက်ခတ် ချိန်မှာ

ကောင်းကင်တစ်ခုလုံးရဲ့ အရောင်ဟာ လုံးဝ အစိမ်းရောင်တောက်တောက် ဖြစ်သွားခဲ့တာကို တွေ့ရတာဖြစ်ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်နယ်က နေအိမ်ထောင်ချီမှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ရပါတယ်။

အက်ကူ ဝဲသာက မိုးလေဝသပညာရှင် အက်စက် လောင်ဂျ်လေးရဲ့ ဒေးလီးမေးလ်သို့ ပြောကြားချက် ထဲမှာတော့

ဒီလို ကောင်းကင်အရောင် အစိမ်းရောင်ပြောင်းလဲခြင်းက မုန်တိုင်းကြောင့် ဖြစ်ရကာ ဒါဟာ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ သဘာဝဖြစ်စဉ်နဲ့ပုံမှန် ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဆူးဖောလ်မြို့က ကောင်းကင်အစိမ်းရောင်ပြောင်းလဲခြင်းဖြစ်စဉ်ဟာ မုန်တိုင်းမကျမီ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး

ဒီလိုဖြစ်စဉ်မျိုးကို မမြင်ဖူးကြတဲ့သူတွေအတွက် တကယ့်ကို အံ့အားသင့် ထိတ်လန့်ဖို့ ကောင်းခဲ့တယ်လို့သိရပါတယ်။

Ref:unilad

Zawgyi

အစိမ္းေရာင္ေျပာင္းလဲသြားတဲ့ ေကာင္းကင္ေၾကာင့္ အေမရိကန္ျပည္သူေတြ ထိတ္လန႔္ခဲ့

အေမရိကန္ျပည္ေထာင္စု ေတာင္ ဒါခိုတာျပည္နယ္၊ ဆူးေဖာလ္ၿမိဳ႕ ေနထိုင္သူေတြဟာ ေကာင္းကင္ရဲ႕ ထူးဆန္းစြာ အစိမ္းေရာင္ေျပာင္းလဲသြားမႈကို အံ့အားသင့္ ထိတ္လန႔္သြားခဲ့ၾက ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၅ ရက္ေန႕တုန္းက ျပည္နယ္မွာ ျပင္းထန္တဲ့ မုန္တိုင္းမက်မီ ေလျပင္းေတြတိုက္ခတ္ ခ်ိန္မွာ

ေကာင္းကင္တစ္ခုလုံးရဲ႕ အေရာင္ဟာ လုံးဝ အစိမ္းေရာင္ေတာက္ေတာက္ ျဖစ္သြားခဲ့တာကို ေတြ႕ရတာျဖစ္ပါတယ္။

မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ျပည္နယ္က ေနအိမ္ေထာင္ခ်ီမွာလည္း လွ်ပ္စစ္မီးေတြ ျပတ္ေတာက္သြားခဲ့ရပါတယ္။

အက္ကူ ဝဲသာက မိုးေလဝသပညာရွင္ အက္စက္ ေလာင္ဂ်္ေလးရဲ႕ ေဒးလီးေမးလ္သို႔ ေျပာၾကားခ်က္ ထဲမွာေတာ့

ဒီလို ေကာင္းကင္အေရာင္ အစိမ္းေရာင္ေျပာင္းလဲျခင္းက မုန္တိုင္းေၾကာင့္ ျဖစ္ရကာ ဒါဟာ ရာသီဥတုနဲ႕ သက္ဆိုင္တဲ့ သဘာဝျဖစ္စဥ္နဲ႕ပုံမွန္ ျဖစ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

ဆူးေဖာလ္ၿမိဳ႕က ေကာင္းကင္အစိမ္းေရာင္ေျပာင္းလဲျခင္းျဖစ္စဥ္ဟာ မုန္တိုင္းမက်မီ မိနစ္ ၂၀ ခန႔္ျဖစ္ခဲ့ၿပီး

ဒီလိုျဖစ္စဥ္မ်ိဳးကို မျမင္ဖူးၾကတဲ့သူေတြအတြက္ တကယ့္ကို အံ့အားသင့္ ထိတ္လန႔္ဖို႔ ေကာင္းခဲ့တယ္လို႔သိရပါတယ္။

Ref:unilad